Saturday, April 13, 2013

မြန်မာ့လေဒီ သွားရှာပြီလို့ ခုအနေမှာ မတွက်ပါနဲ့

Don't Count Burma's Lady out... Yet ဆောင်းပါးဟာ အမေရိ ကန် နိုင် ငံခြားရေး ဝန်ကြီးဌာန၊ မိန်းခွန်းရေးသားသူ (ယခင်) Rena Pederson (ရေနာ-ပီဒါဆင်) ကနေ ရေးထားတာ ဖြစ်ပါတယ်။
-------------------------------------------------------------------------------------------------------------------
ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမတိုင်းပြည်အဘို့ အင်မတန် ကြမ်း တမ်းခက်ခဲလှတဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုဗယ်ဆုရှင်ဟာ အခုထိ စစ်တုရင် ကစားနည်း လို မြန် မာ့နိုင်ငံရေးပွဲမှာ စောင့်ကြည့်ရမဲ့ ကစားသမားတယောက် ဖြစ်ပါတယ်။

သူမတိုင်းပြည်လူထု သန်းပေါင်းများစွာက “လေဒီ” (အမေစု) လို့ခေါ်တဲ့ (ဒေါ်အောင်ဆန်း) စုကြည်ဟာ စစ် တုရင် ကစားကွက်ပေါ်က ဘုရင်မနဲ့ အလားတူပါတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ကစားရာမှာ (နိုက်)၊ (ဘစ်ရှော့)။ (မန့်ခ်) တွေလိုဘဲ ရွေ့ရှားနိုင်တဲ့ (ပါဝါ) အတူတူ ရှိပါတယ်။ သူမဟာ လေးနက်တဲ့ တွက်ချက်မှု နဲ့ ခေါင်းသုံးပြီး နောက်ဆုံးရလဒ်ကိုတွက်ကာ၊ ခက်ခဲလှတဲ့ကစားပွဲမှာ နွှဲနေရတာပါ။ ဘယ်နည်းနဲ့နိုင် မလည်း ဆိုတာ ဒီ ရွေ့ကွက် (၃) ကွက်အပေါ်မှာ မူတည်ပါတယ်။
၁။ စစ်တပ်က ကြီးစိုးထားတဲ့ လွှတ်တော်ကနေ ဖွဲ့စည်းပုံကို ပိုပြီးဒီမိုကရေစီကျအောင် ပြင်ဆင်ရေး၊
၂။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူမပါတီကနေ နေရာတွေများများရရှိရေး နဲ့
၃။ သူမကိုယ်တိုင် သမ္မတဖြစ်လာရေး ဆိုတာတွေ ဖြစ်ပါတယ်။
ခက်ခဲလှမဲ့အတိုင်းအဆက ကြီးမားလွန်းပါတယ်။ ဒါပေမဲ့ နေ့တဓူဝပြဿနာတွေကိုသာ အာရုံစိုက်နေရ သူတွေ အဖို့တော့ (ဒါကလည်း နည်းလှတာတော့ မဟုတ်ပါ) ဒေါ်စုအနေနဲ့ သူမရဲ့အခြေခံကို အင်အား ကြီး မားလှတဲ့ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်အပါအဝင် ပိုခိုင်မာလာစေအောင် (စမတ်ကျကျ) ကြံဆောင်နေ ရသလည်းဆိုတာကို သဘောပေါက်နိုင်ကြမှာ မဟုတ်ပါ။

တပ်မတော်နေ့မှာ ပေါ်လာတဲ့ (ပရိတ်သတ်နေရာရှေ့တန်းက) သူမရဲ့ဓါတ်ပုံတွေမှာ သူမကိုတချိန် က နေ အိမ်မှာ အကျယ်ချုပ်ချထားခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အတူထိုင်နေတာကို မြင်လိုက်ရတာဟာ လျှပ်စစ်ဓါတ် လိုက် ခံလိုက်ရသလား အောက်မေ့ရပါတယ်။ သူမနဲ့ စစ်ဗိုလ်ချုပ်တွေကနေ လူအများသိအောင်ပေး လိုက် တဲ့ သတင်းစကားကတော့ “ဒို့အတူ တွဲလုပ်လို့ရနေပြီ” ဆိုတာပါဘဲ။

မကြာသေးခင် ရက်သတ္တပါတ်တွေက မြန်မာပြည်ထဲမှာ ကျမရခဲ့တဲ့ အင်တာဗျူးကို အခြေခံပြောရရင် ဟယ် လရီ ကလင်တန် ရဲ့ မှတ်စုစာအုပ်ထဲက သူမ အမေရိကန် ပြည်ထောင်စု ဆီနေတာ ဖြစ်လာတဲ့ စာ မျက်နှာ ကို ဒေါ်စုက ရယူနေသလားလို့ ထင်နိုင်ပါတယ်။ အဲဒါကတော့ “သင့် ကော်မီတီအစုအစည်းမှာ သတိကြီး ကြီးထားပြီးသကာလ၊ သင့် အထက်မှာ ရှိနေသူတွေရဲ့ ရှေ့ကနေလည်း ထွက်မသွားပါနဲ့” ဆိုတာပါဘဲ။

ဒေါ်စုဟာ သူမတချိန်မှာ တကယ်လိုအပ်လာမဲ့ စစ်တပ်ကြီးစိုးမှုကနေ ပြေလျှော့လာအောင် မဲရဘို့ရာ အတွက် လွှတ်တော် အမတ်တွေနဲ့ ကြားကကွာဟချက်တွေကို တံတားခင်းပြီး ကျဉ်းစေဘို့ရာ တာဝန်ကျေကျေ လုပ်ဆောင်နေပါတယ်။ သူမဟာ ကျိကျိတက်အောင် ချမ်းသာနေသူတွေဆီလဲ လက် လှမ်း ဆန့်တမ်းနိုင်နေပါပြီ။ သူတို့ဟာ စစ်တပ်ရဲ့ ခရိုနီတွေ ဖြစ်ကြပြီး၊ ဒီမိုကရေစီအရေးကို အတား အဆီး မလုပ်စေဘဲ ကူညီသူတွေဖြစ်လာစေအာင် ဒေါ်စုကဆွဲယူနေတာပါ။

ဒီလိုလုပ်တာကိုလူတိုင်းကနေ သြဘာပေးကြတာတော့ မဟုတ်ပါ။ ဒေါ်စုက လှည့်ကွက် လုပ် တယ်၊ ရောင်း စားတယ်ဆိုပြီး စွပ်စွဲကြတာတွေလည်း ရှိပါတယ်။ ဒိထက်ဆိုးတာက သူမဟာ တကယ့်နိုင် ငံရေး သမားဖြစ်သွားပြီဆိုတာပါဘဲ။ (လန်ဒန် ဂျွန်ဆင်) ကတော့ သဘောကျနေပါလိမ့်မယ်။ (ဘာသာပြန် သူရဲ့ မှတ်ချက်။ “လန်ဒန် ဂျွန်ဆင်” ဆိုတာ “ဂျွန်-အက်ဖ်၊ ကနေဒီ” လုပ်ကြံခံရပြီးနောက်မှာ တက်လာတဲ့ အမေရိ ကန်သမတဖြစ်ပါတယ်။)

သူမကို ဝေဖန်သမှုပြုလာတဲ့ အကြောင်းရင်းရဲ့ အစိတ်အပိုင်းတခုကတော့ သူမဟာ နေအိမ် အကျယ် ချုပ်ဘဝမှာ မဟုတ်တော့တာပါဘဲ။ သူတော်စင်ဆိုတာ သူတကာမမြင်ရတဲ့ နေရာမျိုးမှာသာ ရှာလို့လွယ် ကူတယ် မဟုတ်ပါလား။ တချိန်တည်းမှာ ပြည်တွင်းမှာ ဂျာနယ်လစ်တွေ ကလည်း နှောင်ကြိုးတွေ ကင်း လာ ကြပါပြီ။ ၁၉၆၄ ကတည်းက ပိတ်ထားခံရတဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာတွေလည်း ခွင့်ပြု ချက်ရ လာပါပြီ။ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေလည်း သတင်းစာထုတ်ပါတော့မယ်။ (အေပီ) သတင်း ဌာနကလည်း ရန်ကုန်မှာ ဗျူရိုရုံးဖွင့်နိုင်လာပါပြီ။ သတင်းပို့တာတွေ များလာခြင်းဟာ စကာ တင်ခံရမှုတွေ ပိုလာမယ်၊ အနုတ်သဘောဆောင်တာတွေလည်း ကဲလာပါမယ်။

သက်သေပြချက်တခုကတော့ ရက်သတ္တပါတ် အနည်းငယ်တုံးက စစ်တပ်ပိုင်ကုမ္ပဏီကနေ လယ်မြေတွေ သိမ်းယူတာ ခံခဲ့ကြရတဲ့ လယ်သမားတစုကနေ ဒေါ်စုကို ဝိုင်းပြီး ကန့်ကွက်တားဆီးမှု လုပ်ခဲ့ကြ ပါ တယ်။ ဒေါ်စုကို အမှုအခင်းဖြေရှင်းရေးမှာ တာဝန်ပေးထားတာပါ။ ဥပဒေအရ လယ် သမားတွေ ရဲ့နေ အိမ်တွေကို ပြန်ပေးလို့ မဖြစ်နိုင်ပါ။ ဒေါ်စုကို မီဒီယာမှာ ဆုံးရှုံးမှုဘဲ၊ ကျဆုံးမှုဘဲလို့ ဝိုင်းဆော်ကြပါတယ်။

သူမရဲ့ လက်ရှိကိုင်တွယ်ရတဲ့ ပေါက်ကွဲလွယ်တဲ့ အရေးအခင်းကတော့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် အဓိက ရုဏ်းဖြစ်ပါတယ်။ မြန်မာပြည်အနောက်ပိုင်းမှာ အကြမ်းဖက်မှုတွေကြောင့် မွတ်ဆလင်တွေ ထောင်နဲ့ချီ ပီး နေအိမ်တွေကနေ ထွက်ပြေးကြ ဒုက္ခသည်စခန်းတွေမှာသာ နေကြရတယ်။ တိုင်းပြည်အလယ်ပိုင်း မှာ လည်း ဘာသာရေး အဓိကရုဏ်းကြောင့် အနည်းဆုံး မွတ်ဆလင် ၄ဝ သေဆုံးကြရပြန်တယ်။ အပိုင်း ပိုင်းဖြတ် တာ၊ မီးတင်ရှို့တာလည်း ခံကြရတယ်။ ခရစ်ယန်အများအပြားနေတဲ့ မြောက်ပိုင်းမှာတော့ တိုက် ပွဲတွေကြောင့် ထောင်ဂဏန်းရှိသူတွေ ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးကြရတယ်။

ဒေါ်စုကို အကြမ်းဖက်မှုတွေနဲ့ လူနည်းစုတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံရေးအတွက် ဒိထက် ကျယ် ကျယ် ပြောလာဘို့ကို ဖိအားပေးတာတွေ တိုးလာနေပါတယ်။ သမတဦးသိန်းစိန်ကတော့ ထူးထူးခြားခြား တီဗွီ ကနေ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မိန့်ခွန်းပြောကြားပါတယ်။ ဒါပေမဲ့ ဒေါ်စုရဲ့ စိတ်ပိုင်း ဆိုင်ရာသြဇာနဲ့ အသံကပိုပြီး ကူညီနိုင်ပါလိမ့်မယ်။

စစ်တပ်နောက်ခံပေးထားတဲ့ လူစု (မမြင်ရတဲ့လက်မည်းကြီး) ကနေ ဒီလိုအကြမ်းဖက်မှုနောက်မှာ ပါနိုင် တယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေကြောင့် အခြေအနေကို ပိုပြီး ရှုတ်ထွေးလာစေပါတယ်။ ချက် ကစား ရာမှာ ဘုရင်ကြီးကနေ သူ့နောက်မှာ တချို့ဟာတွေကို ကွယ်ပေးထားနိုင် တယ်ဆို တာ ဖြစ်နိုင် ပါသလား။

ဒေါ်စုအနေနဲ့ လွှတ်တော်အမတ်အနေနဲ့ ပိုပြီး ခြေကုပ်ရနိုင်ပြီး ငြိမ်းချမ်းရေး ရွက်ဆောင်ပေးသူအဖြစ် အသံပေးနိုင် ပါမယ်။ မြန်မာနိုင်ငံဟာ တရုပ်နဲ့ အိန္ဒိယကြားမှာ မြားပြစ်စက်ဝိုင်းလိုနေရာမှာရှိတဲ့ ဒီလို ပြိုင် ပွဲကြီး မှာ အခယာကျတဲ့နေရာမှာ ရှိနေပါတယ်။

ခုနောက်ဆုံးခရီးစဉ်အတွင်းမှာ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေကြသူ အမြောက်အများကနေ မတူ ညီ တဲ့ စိုးရိမ်ချက်တွေ ပေးခဲ့ကြပါတယ်။

ဇင်မာအောင်ဟာ ကောလိပ်ကျောင်းသူဘဝမှာ နိုင်ငံရေးကဗျာဖြန့်ဝေလို့ ၁၁ နှစ်တာ အကျဉ်းချခံခဲ့ရသူပါ။ သူမ က အခုတော့ မြန်မာနိုင်ငံထဲမှာ အမျိုးသမီးတွေ အသံထွက်လာကြဘို့ စည်းရုံးပြီး ကွန်ဖရင့်ခေါ်ဘို့ရာ မိုဘိုင်း ဖုန်းကို အသုံးပြုနေပါတယ်။ သူမဟာ ပန်းပွင့်ဓါတ်ပုံတွေကို ဖေ့စ်ဘွတ်မှာ တင်ပေးပါတယ်။ သူမရဲ့ ကားမှာလည်း ပန်းပုံတွေ ကပ်ထားတယ်။ ဘာလို့လဲဆိုတော့ ၁၁ နှစ်တာသူမ အဲဒါမျိုးနဲ့ ကင်းဝေးနေ ခဲ့ရ လို့ပါဘဲ။ အခုဟာက ကွဲလွယ်ပဲ့လွယ်တဲ့ အကူးအပြောင်းကာလပါဘဲ။ ကျမတို့က လူ့အသိုင်း အဝိုင်း သစ်တခုကို တည်ဆောက်နေကြတာပါ။ သူမနဲ့အဖေါ်တွေဟာ အမုန်းတရားအခြေခံရာဇဝတ်မှု ဆန့် ကျင်ရေး အတွက် ခရီးလှည့်လည်ပြီး ဒဏ်ခံထားရသူတွေကို အားပေးနေကြပါတယ်။

ဦးဝင်းတင်ကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းဂျာနယ်လစ်တဦးလို့ ယူဆထားပါတယ်။ သူ့ရဲ့ ၈၃ နှစ်မြောက်မွေးနေ့ ကို မကြာသေး ခင်ကမှ ကျင်းပပြီး သူ့ထောင်တွင်းကာလကရခဲ့တဲ့ ကျန်းမာရေးအ တွက် ဆေးရုံလည်း သွားခဲ့ ရပါသေးတယ်။ သူဟာ အပြာရောင် အင်္ကျီကို အမြဲဝတ်ဆင်နေသူပါ။ ဘာလို့လဲဆိုတော့ ပါလီမန်မှာ စစ်တပ် ကကြီးစိုးနေသမျှ တိုင်းပြည်ဟာ လွတ်လပ်သေးဘူး ဆိုတာကို ထောင်ထဲမှာ သူဝတ်ခဲ့ရတဲ့ အရောင်နဲ့ သတိပေးနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်းဆန်းစုကြည် တယောက်တည်းကသာ ပါတီကို ၂ဝ၁၅ အထိချီတက်ဘို့ရာ စုစည်းထားနိုင်သူဖြစ်တယ်လို့ သူကယုံကြည်ပါတယ်။ သူမဟာ စုစည်းနိုင် တဲ့ စွမ်းအားဘဲ။ သြဇာပြည့်တယ်။ လူတိုင်းကသဘောကျပြီး လိုအပ်ချက်လည်း ဖြစ်တယ်။

နေဖုန်းလတ်ဟာ တိုင်းပြည်ထဲက ထိပ်တန်း ဘလော့ကာဖြစ်ပါတယ်။ ဆံပင်ကိုခေတ်ဆန်အောင် ထားပြီး Iowa Writer's Workshop အိုင်အိုဝါ စာရေးဆရာများ ဝပ်ရှော့မှာ သင်ယူဘူးသူလည်း ဖြစ်ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ သတင်းဓါတ်ပုံတွေကို အနောက်တိုင်း သတင်းဌာနတွေ ဆီပို့ပေးခဲ့ လို့ ထောင် ကျထားသူလည်း ဖြစ်ပါတယ်။ အခု အသက် ၃၃ နှစ်ရှိပါပြီ။ သူဟာ နောက်မျိုးဆက်သစ်တွေကို တနေ ကုန်သင်တန်းမျိုး ပေးနေပါတယ်။ လူတိုင်းက ဘာလော့ကာ ဖြစ်ချင်ကြပါတယ်။ ဒါပေမဲ့ ဂျာနယ် လစ်ဆိုတာဘာလဲ မသိကြဘူး။ တချို့ဟာတွေ ပြောင်းနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပြောင်း စရာတွေ က များ လှတယ်ဗျာ။

(ဦး) ခွန်းထွန်းဦးကတော့ ရဲရဲဝံ့ဝံ့နဲ့ ရှမ်းလူမျိုးစုရဲ့အခွင့်အရေးကို ပြောနေသူဖြစ်ပါတယ်။ မနှစ်ကမှ ထော င် က လွတ်လာရသူပါဘဲ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးမရရင် မြန်မာနိုင်ငံဟာ ဘယ်လိုလုပ် ဆက် သွား လို့ရမှာလဲ။ သမတကအပြစ်ရပ်ဘို့ပြောတယ် စစ်တပ်ကဆက်တိုက်နေတယ်။ ကိုယ်ပြောတဲ့စကားကို မလိုက် နာတဲ့အကျင့်က အခုထိ ပါနေကြတယ်။ ဒီလိုလူတွေနဲ့ ဘယ်လိုလုပ်စခန်းသွားမလည်း။ ဘာ ဘဲဖြစ်ဖြစ် ကျွန်တော်တို့ ဆက်ကြိုးစားမှာဘဲ။ အင်တာဗျူးပြီးလို့မှ မကြာခင် မြန်မာစစ်တပ်ဟာ ရှမ်းဒေသ ကို တိုက်ပါတယ်။

ဦးတင်ဦးဟာ ဗိုလ်ချုပ်ကြီးဟောင်းနဲ့ ၁၉၈၈ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲပြီး NLD ကိုထူထောင်ခဲ့သူပါ။ သူ မ အတွက် အနီးကပ်ဆုံး အကြံပေးတွေထဲက တယောက်အဖြစ် ဆက်ရှိနေပါတယ်။ သူဟာ ထောင် ထဲ မှာ နှစ်တွေ အကြာကြီးနေခဲ့ရပြီး အသက်ကလည်း ၈၆ နှစ်ရှိနေပြီဖြစ်ပေမဲ့ အားကျစ ရာကောင်းလောက်အောင် တက်ကြွနေသေးသူဖြစ်ပါတယ်။ ဦးတင်ဦးကတော့ အရေးပါလှတဲ့ ၂ဝ၁၅ မတိုင် ခင် ဖွဲစည်းပုံကိုပြင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အရင်နဲ့စာရင် အခြေအနေတွေက အလင်းရောင်မြင်နေရပါပြီ။ သူတွက်တာက ဒေါ်စုဟာ အသက် ၆၇ နှစ်မို့ နောက်ထပ် ၁ဝ နှစ် တိုင်းပြည်ကို ဦးဆောင်နိုင် ပါသေးတယ်။ အဲဒီအချိန်မှာ နောက်မျိုးဆက်သစ်ကလည်း အဆင်သင့်ဖြစ်နေလောက်ပါပြီ။ ဒီကြား ထဲမှာ ဝန်ထုပ်ကြီးက ဒေါ်စုအပေါ်မှာကျနေတယ်။ ဒေါ်စုက စမတ်ကျတဲ့ အမျိုးသမီးပါ။ သူက တိုင်းပြည် က ဘာလိုတယ်ဆိုတာ ကောင်းကောင်းသိတယ်။

အနောက်တိုင်းသံတမန်တွေကတော့ ဒေါ်စုဟာ ပါလီမန်နဲ့ ၂ဝ၁၅ ကိုအာရုံစိုက်နေရလို့ ပြီးခဲ့တဲ့လတွေမှာ သီးခြားလို ပိုဖြစ်လာတာကို စိုးရိမ်ကြပါတယ်။ နောက်တပါတ်ထဲမှာ ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဘို့ရာ ဂျပန်ကို လည်းသွားလည်ပါမယ်။ ရန်ကုန်မှာ အင်တာဗျူးတွေကို မပေးနိုင်ဘဲ သူမဆီဝင်နိုင်ထွက်နိုင်တဲ့ စက်ဝိုင်း ကိုလည်း ကျဉ်းပြစ်ထားပါတယ်။ နေအိမ်တံတိုင်းကလည်း သူမနေအိမ်ခြံဝ မှာ နေ့တိုင်းဓါ တ်ပုံ လာရိုက်နေကြတဲ့ (တိုးရစ်) တွေဘေးက အေးအောင် ကာရံထားလိုက်ပါတယ်။ “ဂရေ့စ်လင်း” ကို လာ ကြည့် ကြ သလိုပေါ့။ (ဘာသာပြန်သူမှတ်ချက်။ “ဂရေ့စ်လင်း” ဟာ “အဲလ်ဗစ်ပရက်စလေ” ရဲ့နေအိမ်ဖြစ် ပါ တယ်။)

ဘယ်လိုဘဲ ရှုတ်ချတာတွေ ပြစ်တင်ဝေဖန်မှုတွေ ရှိနေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မှာ ချီး မွမ်း အံ့သြစရာ ပုဂ္ဂိုလ်တဦးအဖြစ် ဆက်ရှိနေပါတယ်။ တကယ်လို့များ သူမနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ဆန္ဒမဲ နဲ့ ယှဉ်ရွေးရမယ်သာဆိုရင် ပြိုင်စရာတောင် မလိုတော့ပါ။ ထောင်တွေကို ချုပ်ကိုင်ကြီးကြပ် ခဲ့သူတွေ ထက် ပြော စရာလေး နည်းနည်းတော့ရှိနေမဲ့ ဘုရင်မတပါးဟာ မသာလွန်ပါလား။

ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၃

Don't Count Burma's Lady out... Yet

Posted: 04/09/2013 9:42 pm

The last couple of weeks have been extremely rough ones for Aung San Suu Kyi and her country, but the former Nobel Peace Prize winner is still the chess player to watch in Burma.
Known to millions in her country simply as "The Lady," Suu Kyi remains the equivalent of the Queen on the game board, maneuvering for power with generals as knights and monks as bishops. She is playing a very calculated, hard-nosed game with an endgame in mind. Winning would take three daring moves:
  • Getting the military-rigged Parliament to approve a more democratic constitution
  • Winning more seats in the 2015 general election for her party
  • Gaining the presidency for herself
The degree of difficulty is high. But those who are focusing solely on the day-to-day problems -- which are considerable -- may not realize how shrewdly Suu Kyi is expanding her base to include the all-powerful Army, known as the Tatmadaw. The recent photos of her on the Army Day reviewing stand, sitting sit-by-side with generals who once kept her under house arrest, were electrifying. She and the generals were sending a very public signal that they can work together.
Based on my interviews in Burma in recent weeks, Suu Kyi is taking a page from Hillary Clinton's playbook when she became a U.S. Senator. That is, do your committee chores conscientiously and don't get out front of those who outrank you. Suu Kyi has been dutifully building bridges with members in Parliament to get the votes she ultimately will need to loosen military control. She also has reached out to the ultra-rich business cronies of the ruling generals, giving them the opportunity to help the democracy movement rather than thwart it.
Not everyone has applauded those overtures. Suu Kyi has been accused of selling out and trickery. Even worse, she has been accused of becoming a politician. Lyndon Johnson would be amused.
Part of the increased criticism can be chalked up to the fact that Aung San Suu Kyi is no longer under house arrest. It was easier to seem saintly in seclusion. At the same time, journalists in the country are being unshackled. Independent daily newspapers recently were allowed to operate in the country for the first time since 1964 - including one published by Aung San Suu Kyi's National League for Democracy (NLD) party. The Associated Press also got permission to open a bureau in Rangoon for the first time in years. More reporters mean more scrutiny and more negative reports.
Case in point: A few weeks ago, Suu Kyi was mobbed and heckled by villagers whose land had been taken by a mining company. Suu Kyi had been asked to resolve the dispute, but under the law, could not get the villagers' homes back for them. She was hammered for days in the media as a failure and all but written off.
Her current test is dealing with the highly combustible tensions between Buddhists and Muslims. Violent disputes have left thousands Muslims trapped in squalid refugee camps in the western part of the country. In the center of the country, at least 40 Muslims were killed in sectarian riots; some were hacked to pieces and set on fire. In the north, fighting also has continued in Christian ethnic areas, where thousands more are in refugee camps.
Suu Kyi has been under mounting pressure to speak out louder against the violence and for better treatment of the ethnic minorities. President Thein Sein has taken the unprecedented step of going on TV to call for peace and calm, but Suu Kyi's voice and moral authority would help.
The situation is complicated by reports that elements of the military-backed government -- "the big invisible hand" -- may have orchestrated some of the violence. Is it possible the King on the other side of the game board is hiding some pieces behind his back? All the more reason to hope Aung San Suu Kyi finds her footing as a Parliamentarian and her voice as a peacemaker. Burma is in the bulls-eye of Asia, between China and India, which makes this version of the Great Game all the more critical.
During my recent visit, a range of people working for democracy expressed a mix of concerns:
Zin Mar Aung was imprisoned for 11 years for distributing poetry with a political message as a college student. She is now organizing women around the country to speak up, using her cell phone to coordinate conferences. She posts photos of flowers on Facebook and has flowers on the dash of her car because she didn't get to enjoy any for 11 years. "This is a fragile transition period," she says, "But we are building a new civil society." She and other volunteers are campaigning against hate crimes and have traveled to console victims of the unrest.
  • U Win Tin, considered the country's senior journalist, recently celebrated his 83rd birthday by going to the hospital for problems related to his many prison stays. He wears blue shirts that are the same color as his prison shirts to remind that the country is not totally free while the military controls Parliament. He believes Aung San Suu Kyi is the only one who can hold the party together going into the 2015 elections: "She is the unifying force. She is influential. She is charismatic. She is essential."
  • Nay Phone Latt, the country's leading blogger, has fashionable spiked-up hair and has studied at the Iowa Writer's Workshop. He was jailed for providing news to western journalists during the 2007 "Saffron Revolution" by monks. Now 33, he is training the next generation of bloggers in all-day classes. "Everyone wants to be a blogger, but they don't know anything about journalism," he explains. "Some things are changing. But we have so many things to change. We need help to build capacity."
  • Hkun Htun Oo, who has spoken out boldly for the rights of the large Shan ethnic group, was released from prison last year. He said, "If there's no peace with the ethnic nationalities, how can Burma go forward? The President says the fighting will stop, but the Burmese army keeps attacking. They are still in the habit of not honoring their words. Peace with them is impossible. But we must keep trying." Not long after our interview, Burmese troops attacked the Shan areas again.
  • U Tin Oo, a former general who helped found the NLD in 1988 along with Aung San Suu Kyi, remains one of her closest advisers. He is impressively spry at the age of 86 despite several lengthy prison stays. Tin Oo believes it will be possible to change the constitution before the crucial 2015 elections. "If we compare to previous situations, we have some light now," he said. He estimates that Suu Kyi, at 67, has another 10 years to continue trying to move the country forward. By then a new generation will be ready to lead. In the meantime, most of the burden falls on Suu Kyi. "She is a smart lady," he said, "She understands the needs of the country."
Western diplomats express concern that Aung San Suu Kyi has become more isolated in recent months as she intensifies her focus on Parliamentary and the 2015 elections. She will be visiting Japan next week to meet with the Japanese prime minister, but has been turning down most interviews in Rangoon and narrowed her circle of access. A new wall around her house protects her from the busloads of tourists that pose for photos by her gate every day, like visitors to Graceland.
Yet Aung San Suu Kyi remains the most admired figure in the country, despite any blunders and blemishes. If voters get the chance to choose between her and any of the former generals, there will be no contest. Better a Queen with a slightly slipped halo than those who used to run the jails.
http://www.huffingtonpost.com/rena-pederson/dont-count-burmas-lady_b_3048779.html?utm_hp_ref=fb&src=sp&comm_ref=false

No comments: