Thursday, January 30, 2014

NLD အပါအဝင်အခြားပါတီအမတ်တွေ ၂၂ဦးဘဲထောက်ခံသူရှိလို့ အဆိုရှုံး။

Messenger ကာ တွန်း

ရွှေတိဂုံ ဘိုးဘိုးကြီး ကို ကြံ့ခိုင်ရေး ပါတီဝင်များ စည်းရုံးရေးဆင်း

 
 
ရွှေတိဂုံ ဘိုးဘိုးကြီး ကို ကြံ့ခိုင်ရေး ပါတီဝင်များ စည်းရုံးရေးဆင်း ********************************************* ရန်ကုန်မြို့ အတွင်း ပြည် ခိုင်ဖြိုး ပါတီ ကို လူကြိုက်များလာအောင် ပြည် ခိုင် ဖြိုး ပါတီ ၀င်များ က ရွှေတိဂုံ စေတီတော်ဘိုးဘိုးကြီးကို ပြည် ခိုင် ဖြိုး ၀တ်စုံ လှူဒါန်းခဲ့ကြောင်း တစ်ချို့ ပြောသည်။ ရွှေတိဂုံ စေတီတော်ဘိုးဘိုးကြီး ကို လှူဒါန်းထားသော ၀တ်စုံများ ပိုးထည်များဖြစ်ခြင်းကြောင့် ပြည် ခိုင် ဖြိုး ပါတီ မှ ဗဟို အဆင့် လူကြီးများ နေရာတည်မြဲ ရေးအတွက် ယတြာအနေဖြင့် လာရောက် လှူဒါန်းကြသည် ဟု တစ်ချို့ ဆိုသည်။ တစ်ချို့ လဲ ပြောကြသည် ပြည်ခိုင်ဖြိုးပါတီအတွင်း တိုက်ပွဲ တွေ များနေခြင်းကြောင့် ရွှေတိဂုံ စေတီတော်ဘိုးဘိုးကြီး လာရောက်၍ ပြည်ခိုင်ဖြိုး ၀တ်စုံ လှူဒါန်းဖြစ်သည် ဟု ပြောကြပြန်သည်။ အမှန်တကယ်တော့ သောင်းချီတန် ပိုးပုဆိုးနှင့် ပြည် ခိုင် ဖြိုး ၀တ်စုံ ကို လှူဒါန်းနိုင်သူမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ချိုးရေတွက်နိုင်သည် ဟု ဆိုကြပြန်သည်။ ဘယ်သူများလဲဗျာ သီချင်းထဲကလို ပြောရင် မယ်သီတာခိုးတာဘယ်သူလဲ ဆိုတာကို စာသားပြင်လိုက်ရင် ရွှေတိဂုံဘိုးဘိုးကြီးကို အပေါ်အောက်ဝမ်းဆက် ပိုးထည်လှူတာ ဘယ်သူလဲ ဒီလို ဒီလို အဖြစ် ဆန်းနေတဲ့ ရန်ကုန်မြို့ ပါ။ ပြည်ခိုင်ဖြိုး ၀တ်စုံလှူဒါန်းမဲ့ အစား မုခ်ဦးတန်ဆောင်းများ မိုးရေယိုမှုများဖြစ်ပေါ်နေသည်ကို ပြန်လည်ပြုပြင်ပေးလျှင် ပိုကောင်းမည်လို့ ထင်ပါသည်။ မည်သူ့ ကိုမှ မရည်ရွယ်ပါ စိုးမင်းသန်း(ရေကျော်)

ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ အသံတော်ကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

သန်းခြောက်ဆယ်အားတစ်ဦး လျှင်အမေရိကန်ဒေါ်လာသန်း(၄၃၀) စီပေးနိုင်မည်



လက်ပတောင်းတောင်သတ္ထုသိုက်မှာ တန်ဖိုးကြီးမားသောရွေငွေပမာဏများ စွာပါဝင်ပြီးစမ်းသပ်တူးဖော်သုတေသနပြုလုပ်ချက်အရတန်ဖိုးအမေရိကန် ဒေါ်လာ၂၅၇၈၉သန်းရရှိနိုင်ပြီးနိုင်ငံရှိ လူဦးရေသန်းခြောက်ဆယ်အားတစ်ဦး လျှင်အမေရိကန်ဒေါ်လာသန်း(၄၃၀) စီပေးနိုင်မည်ဖြစ်သည်။ ။

မူးယစ်ဆေးဝါး သယံဇာတရောင်းရတဲ့ ငွေတွေကို ခိုးထားပြီး ဒေါ်လာတွေ ရွှေတုံးစုထားတာ ဘယ်လို စာရင်း တွက်ကြမလဲ ။

မူးယစ်ဆေးဝါး သယံဇာတရောင်းရတဲ့ ငွေတွေကို
ခိုးထားပြီး ဒေါ်လာတွေ ရွှေတုံးစုထားတာ
ဘယ်လို စာရင်း တွက်ကြမလဲ ။ ဘယ်သူပြောရဲလဲ

ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း
ပညာရှင်များပြောကြား
ဘတ်ဂျက်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေသဖြင့် မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် ငွေဖောင်းပွမှု ဖြစ်ပေါ်လာစေပြီး
ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း
ပညာရှင်များပြောကြား ဘတ်ဂျတ်လိုငွေပြသည့်အခါတိုင်း
အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေခြင်းမှာ မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် အရင်းခံအချက် ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအား
ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ၏
စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် အပါအဝင် ပညာရှင်များက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် မေလတွင် စံချိန်တင် ကျဆင်းမှုအဖြစ် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာခဲ့ပြီး
ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း
အမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း နှစ်ရှည်ရည်မှန်းချက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် ဖော်ပြထားချက်အရ သိရသည်။ ထိုသို့ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေသည့် အနေအထားအား ရေရှည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း
၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင်မူ ၁ ဒသမ ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

အဆိုပါ နှုန်းထားများမှ ဆက်လက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းထားများ
မြင့်တက်ခဲ့ပြီး ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင်မူ ရှစ်ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘဏ်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ဂျပန်နိုင်ငံအခြေစိုက် SMBC နှင့်
မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းကြား နားလည်မှုစာချွန်လွှာရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့ပြီး ဘဏ်တိုးနှုန်းများ လျှော့ချရန်မှာ ကုန်ဈေးနှုန်းဖောင်းပွမှု နည်းပါးမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“မြန်မာနိုင်ငံ ဒုက္ခရောက်နေရတာ ငွေဖောင်းပွမှုကြောင့်ပါ။
ဒီငွေဖောင်းပွမှုကိုလည်း အစိုးရက လုပ်နေတာပါ။ ဘတ်ဂျက်လိုငွေ ပြလာတဲ့အခါတိုင်း အစိုးရက ငွေစက္ကူတွေ ရိုက်ထုတ်ပြီး အရသာတွေ့နေတာ” ဟု မြန်မာ-ဂျပန် ဖက်စက်တည်ထောင်ထားသည့်
Myanmar Security Exchange Center တွင် ၁၅ နှစ်ကျော်ကြာ
လုပ်သက်ရှိ ဦးကျော်စိန်ကဆိုသည်။ မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများ
အဖြစ် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ၆၃၃၁ ဒသမ ၈ဝ ဘီလျံ၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၉ဝ၄၆ ဒသမ ၁၉ ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ထက် အနည်းငယ် လျော့နည်းရိုက်ခဲ့ကြောင်း
စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကဆိုသည်။

“၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှာ ဘီလျံ ၆၇ဝဝ ကျော်ပဲရှိပေမယ့်
၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်မှာကျတော့ ဘီလျံ ၉ဝဝဝ ကျော်ရိုက်ခဲ့တယ်။
ဒီလိုမျိုး တိုးရိုက်တယ်ဆိုရင် အကျိုးအကြောင်း သိရဖို့လိုတယ်။
ဒီလိုတိုးရိုက်တာက ကုန်ဈေးနှုန်းတည်ငြိမ်မှုနဲ့ နိုင်ငံခြားငွေ တည်ငြိမ်မှုကို ဘယ်လောက်အထိ ဖြစ်စေသလဲ။ အစိုးရအနေနဲ့ အသုံးစရိတ် လျှော့ရမယ်။ ဝန်ကြီးဌာနတွေ လျှော့သင့်တာလျှော့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်အောင်လုပ်ရပါမယ်” ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးသည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်းအား ဗဟိုဘဏ်ရည်ညွှန်း
နိုင်ငံခြားငွေလဲနှုန်း ၈၁၈ ကျပ်ဖြင့် စတင်ဈေးသတ်မှတ်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းအား
ထိန်းကျောင်းနိုင်မှု နည်းပါးခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာ ၁ဝဝ၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိကာလတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၉ဝ ကျပ်ဝန်းကျင်တွင် ငြိမ်သက်နေသည်မှာ တစ်လဝန်းကျင်ခန့် ရှိနေပြီး ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း စတင်သတ်မှတ်ခဲ့သည့် ဈေးနှုန်းအရ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၈ဝ ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။

ထိုသို့ ဈေးနှုန်းမြင့်တက်မှုများကြောင့် ပြည်သူများ၏ နေထိုင်သွားလာမှု
စရိတ်များ၊ စားဝတ်နေရေး ကုန်ကျစရိတ်များ မြင့်တက်ခဲ့ပြီး
ဝင်ငွေမြင့်တက်လာမှု နည်းပါးသည့် ပြည်သူအများစုမှာ ၂ဝ၁၃ ခုနှစ်မှ လက်ရှိကာလအထိ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ရရှိဝင်ငွေအား
မည်သည့်နေရာများတွင် အသုံးပြုနေသည်ဆိုသည့်
လေ့လာချက်များအား ထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း ဒေါက်တာဦးမြင့်ကဆိုသည်။

ငွေကြေးဖောင်းပွမှုများအား ထိန်းချုပ်နိုင်ရန် အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ ငွေကတ်များဖြစ်သည့် ခရက်ဒစ်ကတ်များကိုင်တွယ်မှု တွင်ကျယ်ရန်လုပ်ဆောင်ခြင်း၊
မိုဘိုင်းဘဏ်စနစ်အား အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်း၊ ချေးငွေအာမခံစာချုပ်များ ထုတ်ဝေခြင်း
စသည့်နည်းလမ်းများ လုပ်ဆောင်၍ ငွေစက္ကူများ ရိုက်ထုတ်နေမှုအား လျှော့ချသင့်ကြောင်း ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများ မြင့်တက်လာနိုင်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သော IMF ၏ SMP(Staff-Monitored Program) ဒုတိယအကြိမ် ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါရှိသည်။ အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အကုန်တွင် ၆ ရာခိုင်နှုန်းအထက် ရောက်ရှိမည်ဖြစ်ကြောင်း၊
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ “ငွေကြေးဖောင်းပွမှုတွေကို လျှော့ချဖို့ဆိုရင် ဘတ်ဂျက်လိုငွေတွေကို ငွေစက္ကူရိုက်ထုတ်ဖြည့်ဆည်းတဲ့ အလေ့အထကို အမြန်ဆုံးလျှော့ချဖို့ လိုပါတယ်” ဟု IMF ၏ မြန်မာနိုင်ငံဆိုင်ရာ SMP အကြီးအကဲ Mr. Matt Davies က အကြံပေးပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝဝ၉ ခုနှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြစ်ပြီး GDP တွင်မူ ၂ဝဝ၉ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ အဆင့်ဆင့် မြင့်တက်ခဲ့သော်လည်း ငွေကြေးများ ရိုက်ထုတ်မှုကြောင့်သာ တိုးတက်ခြင်းဖြစ်ပါက အမှန်တကယ် တိုးတက်မှုဟု မခေါ်ဆိုနိုင်ကြောင်း ပညာရှင်များက ဝေဖန်ပြောကြားကြသည်။ “ငွေဖောင်းပွမှုကြောင့် ဝင်ငွေနဲ့ ဝယ်ယူနိုင်စွမ်းကျတယ်။ ပုံသေဝင်ငွေပဲရတဲ့ ကျွန်တော်တို့လို ပင်စင်စားတွေ ဒုက္ခရောက်မယ်။
ငွေဖောင်းပွမှုကြောင့် မမျှတတဲ့ ချမ်းသာကြွယ်ဝမှုတွေ ဖြစ်လာမယ်။
ငွေဖောင်းပွမှု ရှိနေရင် ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ပဲ ချမ်းသာတဲ့သူတွေ ဟန်ကျနေမယ်။ ငွေဖောင်းပွမှုကို မထိန်းနိုင်ရင် စားသုံးသူရော၊ လုပ်ငန်းရှင်တွေရော တစ်တိုင်းပြည်လုံးပါ ဒုက္ခရောက်သွားမယ်” ဟု ဒေါက်တာဦးမြင့်က သုံးသပ်ပြောကြားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အအုံအား တွေ့ရစဉ်
ဘတ်ဂျက်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေသဖြင့် မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် ငွေဖောင်းပွမှု ဖြစ်ပေါ်လာစေပြီး
ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား ဘတ်ဂျတ်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေခြင်းမှာ မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် အရင်းခံအချက် ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် အပါအဝင် ပညာရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် မေလတွင် စံချိန်တင် ကျဆင်းမှုအဖြစ် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း အမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း နှစ်ရှည်ရည်မှန်းချက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် ဖော်ပြထားချက်အရ သိရသည်။ ထိုသို့ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေသည့် အနေအထားအား ရေရှည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင်မူ ၁ ဒသမ ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။ အဆိုပါ နှုန်းထားများမှ ဆက်လက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းထားများ မြင့်တက်ခဲ့ပြီး ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင်မူ ရှစ်ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘဏ်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ဂျပန်နိုင်ငံအခြေစိုက် SMBC နှင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းကြား နားလည်မှုစာချွန်လွှာရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့ပြီး ဘဏ်တိုးနှုန်းများ လျှော့ချရန်မှာ ကုန်ဈေးနှုန်းဖောင်းပွမှု နည်းပါးမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ “မြန်မာနိုင်ငံ ဒုက္ခရောက်နေရတာ ငွေဖောင်းပွမှုကြောင့်ပါ။ ဒီငွေဖောင်းပွမှုကိုလည်း အစိုးရက လုပ်နေတာပါ။ ဘတ်ဂျက်လိုငွေ ပြလာတဲ့အခါတိုင်း အစိုးရက ငွေစက္ကူတွေ ရိုက်ထုတ်ပြီး အရသာတွေ့နေတာ” ဟု မြန်မာ-ဂျပန် ဖက်စက်တည်ထောင်ထားသည့် Myanmar Security Exchange Center တွင် ၁၅ နှစ်ကျော်ကြာ လုပ်သက်ရှိ ဦးကျော်စိန်ကဆိုသည်။ မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများအဖြစ်
၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ၆၃၃၁ ဒသမ ၈ဝ ဘီလျံ၊
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့်
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၉ဝ၄၆ ဒသမ ၁၉ ဘီလျံ ရိုက်ထုတ်ခဲ့ပြီး
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ထက် အနည်းငယ် လျော့နည်းရိုက်ခဲ့ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကဆိုသည်။

၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှာ ဘီလျံ ၆၇ဝဝ ကျော်ပဲရှိပေမယ့်
၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်မှာကျတော့ ဘီလျံ ၉ဝဝဝ ကျော်ရိုက်ခဲ့တယ်။
ဒီလိုမျိုး တိုးရိုက်တယ်ဆိုရင် အကျိုးအကြောင်း သိရဖို့လိုတယ်။
ဒီလိုတိုးရိုက်တာက ကုန်ဈေးနှုန်းတည်ငြိမ်မှုနဲ့ နိုင်ငံခြားငွေ တည်ငြိမ်မှုကို ဘယ်လောက်အထိ ဖြစ်စေသလဲ။ အစိုးရအနေနဲ့ အသုံးစရိတ် လျှော့ရမယ်။

ဝန်ကြီးဌာနတွေ လျှော့သင့်တာလျှော့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်အောင်လုပ်ရပါမယ်” ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးသည့်
၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်းအား ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ၈၁၈ ကျပ်ဖြင့် စတင်ဈေးသတ်မှတ်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းကျောင်းနိုင်မှု နည်းပါးခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ပြီး

တစ်နှစ်ကျော်အကြာ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာ ၁ဝဝ၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိကာလတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၉ဝ ကျပ်ဝန်းကျင်တွင် ငြိမ်သက်နေသည်မှာ တစ်လဝန်းကျင်ခန့် ရှိနေပြီး ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း စတင်သတ်မှတ်ခဲ့သည့် ဈေးနှုန်းအရ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၈ဝ ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။

ထိုသို့ ဈေးနှုန်းမြင့်တက်မှုများကြောင့် ပြည်သူများ၏ နေထိုင်သွားလာမှု စရိတ်များ၊ စားဝတ်နေရေး ကုန်ကျစရိတ်များ မြင့်တက်ခဲ့ပြီး ဝင်ငွေမြင့်တက်လာမှု နည်းပါးသည့် ပြည်သူအများစုမှာ ၂ဝ၁၃ ခုနှစ်မှ လက်ရှိကာလအထိ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ရရှိဝင်ငွေအား မည်သည့်နေရာများတွင် အသုံးပြုနေသည်ဆိုသည့် လေ့လာချက်များအား ထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း ဒေါက်တာဦးမြင့်ကဆိုသည်။ ငွေကြေးဖောင်းပွမှုများအား ထိန်းချုပ်နိုင်ရန် အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ ငွေကတ်များဖြစ်သည့် ခရက်ဒစ်ကတ်များကိုင်တွယ်မှု တွင်ကျယ်ရန်လုပ်ဆောင်ခြင်း၊ မိုဘိုင်းဘဏ်စနစ်အား အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်း၊ ချေးငွေအာမခံစာချုပ်များ ထုတ်ဝေခြင်း စသည့်နည်းလမ်းများ လုပ်ဆောင်၍ ငွေစက္ကူများ ရိုက်ထုတ်နေမှုအား လျှော့ချသင့်ကြောင်း ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများ မြင့်တက်လာနိုင်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သော IMF ၏ SMP(Staff-Monitored Program) ဒုတိယအကြိမ် ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါရှိသည်။ အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုနှုန်းသည်
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အကုန်တွင်
၆ ရာခိုင်နှုန်းအထက် ရောက်ရှိမည်ဖြစ်ကြောင်း၊
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ “ငွေကြေးဖောင်းပွမှုတွေကို လျှော့ချဖို့ဆိုရင် ဘတ်ဂျက်လိုငွေတွေကို ငွေစက္ကူရိုက်ထုတ်ဖြည့်ဆည်းတဲ့ အလေ့အထကို အမြန်ဆုံးလျှော့ချဖို့ လိုပါတယ်” ဟု
IMF ၏ မြန်မာနိုင်ငံဆိုင်ရာ SMP အကြီးအကဲ Mr. Matt Davies က ပြောကြားသည် ။

အမေ့ခံကျောင်းကလေး.

“လွန်ခဲ့သော (၃၇) နှစ်ကတည်းက ဤကျောင်းလေးကို အစိုးရမူလတန်းကျောင်းကလေးအဖြစ် သတ်မှတ်ပေးခဲ့ပေမယ့်လည်း တည်ထောင်ချိန်မှစ၍ ယနေ့အချိန်ထိ အစိုးရအဆက်ဆက်တွင် မည်သည့် အစိုးရမှ လာရောက်တည်ဆောက်မှုမပြုခဲ့တဲ့အတွက် ကျေးရွာလူထု၏ တတ်နိုင်သမျှသော ငွေကြေးများ ဖြင့် သစ်၊ ဝါး၊ ဓနိတို့နှင့် ခနော်နီခနော်နဲ့ (၃၇) နှစ်တိုင်တိုင် ကျေးရွာမှ ကလေးငယ်များ၏ ပညာရေး တာဝန်ကိုထမ်းဆောင်ခဲ့တဲ့ ကျောင်းကလေးပါ။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် သားငယ်သမီးငယ်များသည် လည်း မိုးမလုံ၊ လေမလုံဖြင့် ဒီကျောင်းလေး၏ အရိပ်အာဝါသအောက်မှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြင့်ချို့ တဲ့စွာ ပညာသင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ရွာသူ/သားတွေ အနေနဲ့ ခေတ်အဆက်ဆက် အစိုးရက ဒီရွာနဲ့ ဒီကျောင်းကလေးကို ပစ်ပယ်ထားခြင်းခံရတယ်လို့ ထင်ခဲ့မိပါတယ်” ဟု ကျေးရွာနှင့် ကျောင်းအကျိုးတော် ဆောင်တစ်ဦးရဲ့ ရင်ထဲကပွင့်အန်လာတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ ထိုစကားကို ပြောခဲ့သောနေရာမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများသူပြည်တို့၏ လှူဒါန်းငွေတို့ဖြင့် တည်ဆောက်လှူဒါန်းခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် မူလတန်းကျောင်း ဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သော ကျောင်းအကျိုးတော်ဆောင်တစ်ဦး ၏ ရင်တွင်းစကားပင် ဖြစ်ပါတော့သည်။

အဆိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူများ လှူဒါန်းထားသော ငွေကြေးတို့ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သော ပေ ၃ဝ x ၆ဝ ရှိ RC အဆောက်အဦးနှင့် ရေတုံကင်ပါ သောက်ရေအုတ်ကန် တို့အား တန်ဖိုးငွေ ၃၆၉၅ဝဝဝဝိ/- (သုံးရာခြောက်ဆယ့်ကိုးသိန်းငါးသောင်) ကုန်ကျခံ၍ ဆောက်လုပ်ပေး ခဲ့ပြီး အဆောက်အဦးအား ၂၈-၁-၂ဝ၁၄ ရက်နေ့တွင် ကျောင်းဆောင်သစ်လွှဲပြောင်းပေး အပ်ခြင်းအခမ်း အနားအား ကျင်းပပြုလုပ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်နှင့် အ တွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ၊ ကျိုက် လတ်မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ရပ်မိ/ဖများ၊ ကျောင်းသား/သူများ၊ အလှူရှင်များ တက် ရောက်ခဲ့ကြသည်။ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ဒု-ဥက္ကဌ ဒေါ်သန်းမြင့် အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာမကြီးတို့မှ ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ပြီး ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်မှ ကျောင်းဆောင်သစ်လှူ ဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတော်ဆောင်တို့မှအသီးသီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ကျောင်း ဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းသား/သူ (၁ဝဝ) ကျော်တို့အတွက် ကျောင်းဝတ်စုံများ လှူဒါန်းပေးခဲ့သော အလှူရှင် ဦးခင်ယုမောင် + ဒေါ်သီတာအေး (မိသားစု)မှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အမှတ်တရ ကျောက်စီပန်းချီကားအား ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက်ကျောင်း ဆောင်သစ်ရှေ့တွင် ကျောင်း သား/သူများ၊ ဆရာ/မများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အများပြည်သူတို့အတွက် အများပြည်သူတို့မှ လှူဒါန်းခဲ့သောထည်ဝါခန့်ညား ဘေးကင်းလုံခြုံသည့် ကျောင်းဆောင်သစ်ကလေးသည် နှစ်ပေါင်း (၃၇)နှစ် ကြာ အစိုးရအဆက်ဆက်၏ ပစ်ပယ်ခြင်းခံခဲ့ရသလိုနေခဲ့ရာမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဆောက် လုပ်လှူဒါန်းမှုဖြင့် ယခုအခါတွင် ကျောင်းသား/ကျောင်းသူ အနာဂတ်၏ မျိုးဆက်သစ်ကလေးငယ်များ သည် ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် ဘေးကင်းလုံခြုံစွာ ပညာသင်ယူနိုင်တော့မည်ဖြစ်သည်။ ထိုကျောင်း ဆောင်လေး၏ အလံတိုင်အုတ်ခုံနှင့် ကျောင်းမျက်နှာစာတွင်မူကား “အများပြည်သူတို့အတွက် အများပြည် သူကောင်းမှု” ဟူသောကဗ္ဗည်းမှတ်တမ်း ကျောက်စာချပ်လေးမှာ မြန်မာပြည်သူလူထု၏ သဒ္ဒါတရား ထက် သန်မှုကို ဖော်ညွှန်းနေသလိုပင် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်လည်း ဘုရားကြီးကုန်းကျေးရွာရှိ ကျေးရွာသူ/သားတို့၏ ဝမ်းသာပီတိတို့နှင့် ထပ်တူပင် “အပစ်ပယ်ခံကျောင်းကလေးအတွက် စိတ်အေးခဲ့ရ ပါပြီ” ဟုပင် မှတ်တမ်းတင်လိုက်ရပါတော့သည်။

မြန်မာ စစ်စခန်း ၄ ခု နယ်စပ်တွင် တည်ဆောက်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲ


(နိရဉ္စရာ- ၃၀ ဇန်န၀ါရီလ ၂၀၁၄)
border security  postမြန်မာ စစ်တပ်သည် စစ်စခန်း ၄ ခုအား ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ဆောက်ထားသည်ဟု  ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စွပ်စွဲလိုက်သည်။ ၎င်းစစ်စခန်း တည်ဆောက်မူကို ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ ယခု တည်ဆောက်ထားသော မြန်မာစစ်စခန်း (၄) ခုသည် နိုင်ငံတကာ နယ်စပ် စည်းမျဉ်းများကို ချိုးဖေါက်ရာ ရောက်၍ ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာများတွင် ဖေါ်ပြသည်။
ယခု မြန်မာဘက်က တည်ဆောက်ထားသော စစ်စခန်း (၄) ခုမှာ မြန်မာဘက်မှ ဆလူတောင် ( Saludong) အရပ်တွင် ဖြစ်ပြီး နယ်စပ် စီရိုမျဉ်းမှ ကိုက် ၃၀၀ အကွာတွင် ရှိကြောင်း၊ ဘင်္ဂလာဒေခ်ျ့ဘက်က ဆိုလျှင် နယ်စပ် ကျောက်တိုင် အမှတ် ၄၅ အနီးတွင် ဖြစ်ကြောင်း၊ ၄င်းစစ်စခန်းများကို ယခုလ ဇန်န၀ါရီ ၁၁ ရက်နေ့က တည်ဆောက်ခဲ့ကြောင်း၊ စစ်စခန်းတစ်ခုစီတွင် စစ်သား ၂၄ ဦးက တာဝန် ထမ်းဆောင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။
ယခုကဲ့သို့ နယ်စပ်တွင် မြန်မာဘက်မှ စစ်စခန်းတည်ဆောက်နေခြင်းကို ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဂျီဘီ ရှေ့တန်း ဗျူဟာမှ ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာသို့ ယခုလ ၂၁ ရက်နေ့က စာရေးအကြောင်းကြားခဲ့သည်ဟု ဆိုသည်။
ဘီဂျီဘီ တာဝန်ရှိသူများမှ မြန်မာ အနေဖြင့် ထိုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ စစ်စခန်း တည်ဆောက်ရန် အခွင့်အရေး မရှိကြောင်း၊ နတ်ကျော်ဆရီ အခြေစိုက် အမှတ် ၃၁ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး Lt Col Md Shafiqur Rahman မိမိတို့ ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ထိုသို့ ကန့်ကွက်သည်ကို မြန်မာ အာဏာပိုင်များသို့ စာဖြင့် ပို့ပေးခဲ့ကြောင်း၊ စာထဲတွင် ယခု စစ်စခန်း တည်ဆောက်မူသည် နိုင်ငံတကာ သဘောတူညီချက်များနှင့် ၁၉၈၀ ခုနှစ်က ဘင်္ဂလာ- မြန်မာ နှစ်နိုင်ငံ နယ်စပ် သဘောတူညီမူကို ချိုးဖေါက်ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ဆိုသည်။
မြန်မာဘက်မှ  ယင်းနေရာတွင် လမ်းဖေါက်နေသဖြင့် ယာယီ စစ်စခန်းများ တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားသော်လည်း မိမိတို့မှ အနီးကပ် စောင့်ကြည့်နေကြောင်း၊ သူတို့၏ အကြောင်းပြချက် ဟုတ်မဟုတ်ကို ထောက်လှမ်းရေးဌာနများမှ အသေးစိတ် လေ့လာနေကြောင်း ပြောဆိုသည်။
ယခု စစ်စခန်း တည်ဆောက်မူသည် နှစ်နိုင်ငံ နယ်စပ် တလျှောက်တွင် နေထိုင်သော ဒေသခံ ပြည်သူများကို ခြိမ်းခြောက်ရာလည်း ရောက်နေကြောင်း ပြောဆိုသည်။
ယခု သတင်းစာပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ၏ တုန့်ပြန်မူနှင့် သဘောထားကို ယခုအချိန်ထိ သိရှိရခြင်း မရှိသေးပါ။

ရွှေဘုံပေါ်မှ ပြည်တွင်း ဒုက္ခသည်များ

အလှုလုပ်လိုသော မိတ်ဆွေများအတွက်
ရွှေဘုံပေါ်မှ ပြည်တွင်း ဒုက္ခသည်များ

မိုးထိမိုးရွှေလုပ်သားဒုက္ခသည်တွေ စားသောက်ဖို့
ရမည်းသင်း လယ်သမားတွေရဲ့ ဆန်အလှူ နဲ့
ကျောင်းသားတွေရဲ့ ဆန် ၊ ဆီ ၊ အခြောက်အခြမ်း အလှူတွေ
တစ်စစနဲ့ လုံးဝ ကုန်လာလို့
ဒီနေ့ ငပိ ၊ ခြောက်လေး ဖြစ်ဖြစ်
ပေးကူ အလှူခံ ပေးစေချင်ကြောင်း ပြောလာတယ် ။

အသက်အရွယ်ကြီးရင်းပြီး နေထိုင်မကောင်းတဲ့ အမေအိုကြီး ၊
သက်ကြီးအရွယ်များ ၊ ကလေးငယ်များ အပါအ၀င်
ရွှေလုပ်သား မိသားစုပေါင်း ၅၄ ယောက် ရှိနေကြပါတယ် ။ ၃လကျော်ကြာမြင့်ပြီးညှိနှိုင်းဆွေးနွေးမှုများသာရှိပြီး
ပြေလည်အောင် ဖြေရှင်းပေး နိင်ခြင်းမရှိဘဲ
ရွေလုပ်သားများအဖြစ်မှ ဒုက္ခသည်များအဖြစ် ရောက်ရှိလာကြပြီး
ယခုအခါ စားဖို့လည်း ခက် ၊
နေ ဖို့လည်းခက် ၊
သွား ဖိုးလည်းခက်ဆိုသည့် လူသားများ၏ အခြေခံလိုအပ်မှုများကိုပင် ရင်ဆိုင်ရပ်တည်ရန် ခက်ခဲလာသည် ။
မိမိတို့၏ နိင်ငံသားများအား တက်နိင်သည့် အခြေအနေများမှ ကူညီဝန်းရံ ပေးလှူ ဖေးကူကြစေချင်ပါသည် ။

လိုနေတာက ဆေးဝါး ၊ ဆီ ၊ အခြောက် ၊ ငပိ ၊
ငါးခြောက် မိသားစု စားကုန်တွေကို တက်နိင်ရာ သက်ဆိုင်ရာအသီးသီးကနေနိင်ငံသားများမှ
နိင်ငံသားချင်းစာနာကူညီခြင်း များဖြင့် ပေးပို့ဆက်သွယ်
ကူညီကြစေခြင်းကြောင်း တင်ပြ မေတ္တာ ရပ်ခံအပ်ပါသည် ။

ဆက်သွယ် လှူဒါန်းရန်

၀၉ ၄၄၄၀ ၃၄၃၄၃
(မိုးထိမိုးမိရွှေလုပ်သား အမှုဖွင့်ခံထားရသော ကိုမျိုးတင့်)
၀၉ ၃၃၀၀၉၁၂၂
(မိုးထိမိုးမိရွှေလုပ်သား ဖမ်းဆီးခံ ကိုမြင်အောင် မိသားစုကိုင်ဆောင်ထား)

လေးစားလျှက်

ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ မကွေးတိုင်းတွင် ပြောကြားခဲ့သော မှတ်သားဖွယ် စကားမှ ကောက်နှုတ်ချက်များ ....


" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့်နာမည် ဗိုလ်ချုပ် အုန်းမြင့်။ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တစ်ခါ (နယ်တကာ) လှည့်ပြီး ပါးရိုက်ရဲ တယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ၊ ရှင်းတယ်နော်။"

"တက်နေတဲ့ အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ၊ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ တည့်မှာဘဲ"

"ကျွန်တော်တို့ ခါးခြားမှာ (ခါးကြားမှာ) သေနတ်ထိုးပြီးတော့ ပုခုံးပေါ်မှာ သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေ ပြောနေတာ။ ခင်ဗျားတို့ သောက်ရူးတွေပြောတာ မယုံနဲ့။"

"အဲဒီလွှတ်တော်ကြီး ဘယ်သူ ဆောက်ခဲ့သလဲမေး စစ်တပ်က ဆောက်ခဲ့တာ။ အဲဒီမြို့ကြီး ဘယ်သူ တည်ထောင်ခဲ့လဲ စစ်တပ်က တည်ခဲ့တာ။ ဒီလမ်းမကြီး ဘယ်သူဖေါက်ခဲ့သလဲ စစ်တပ်က ဖေါက်ခဲ့တာ၊"

"ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာရလာတာ"

"ခင်ဗျားတို့ ဘုဂလန့် မပြောနဲ့၊ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှ လုပ်မပေးဘူး တိုင်ချင်တဲ့နေရာ တိုင်လို့ရတယ်။ ခင်ဗျားတို့ တိုင်ရင်လည်း ကျွန်တော် မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ။ ရှင်းတယ်နော်။"

"တန်းစီလှည့်တာလည်း မပြောဘူး၊ ကြိုက်သလောက်လှည့် မကျေနပ်ရင် လဲသေ၊ ကိုယ်လုပ်စရာရှိတာတော့ လုပ်ပေးတယ်"

Credit to Chann Nyein Htun

Wednesday, January 29, 2014

သမ္မတကြီး အလိမ်ခံရတဲ့ပွဲ



(၁၆.၁.၂ဝ၁၄ - ကြာသပတေးနေ့ထုတ် “စံတော်ချိန် နေ့စဉ်သတင်းစာ” တွင် ဘို(ဆင်တလည်)မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် “သမ္မတကြီးအလိမ်ခံရတဲ့ ပွဲကြီးလို့ပဲ ကျွန်တော်မြင်ပါတယ်။ သန်း ၆ဝ ပြည်သူတွေရဲ့ အသက်ကိုကယ်တင်ကြပါ။” ဟူသော ဆောင်းပါးအား တင်ပြခြင်းဖြစ်ပါသည်။)

နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ၂ဝဝ၁ ခုနှစ်
ဇန်နဝါရီ (၁) ရက်နေ့မှာ စာရေးဆရာ၊ ဒါရိုက်တာ ဘဘ ဦးသုခ စတင်တည်ထောင်သည်။ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ကျော်သူက အနုပညာသက်တမ်း (၁၆) နှစ်နီးပါး ဖြတ်သန်းခဲ့သော အချိန်အထိ မိဘပြည်သူပရိသတ်များ ချီးမြှင့်သော အနုပညာငွေများဖြင့် မိသားစုစားဝတ်နေရေးအပြင် သားသမီးတွေကိုလည်း ပညာတတ်များဖြစ်လာအောင် ပြုစုပျိုးထောင် ပေး နိုင်ခဲ့သည့်အတွက် ပရိသတ်များကို ကျေးဇူးဆပ်သည့်အနေဖြင့် သူ၏ကျေးဇူးရှင်ဆရာဖြစ်သော ဘဘ ဦး သုခထံ အလှူငွေများသွားရောက်လှူဒါန်းခဲ့ရာမှစတင်ကာအသင်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

၂ဝဝ၈ မှ စတင်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသော ဦးကျော်သူနှင့် လတ်တ လော မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ပရဟိတဆိုင်ရာများနှင့်ပတ်သက်၍ စံတော်ချိန်က မေးမြန်းခဲ့သည် များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
မေး- ပရဟိတလုပ်ငန်များ အများအပြား ပေါ်ထွက်လာမှုအပေါ်မှာ မှတ်ချက်စကားပြောပြပေးပါဦး။
ဖြေ- ဒီလိုအသင်းအဖွဲ့တွေ ပေါ်ပေါက်လာတာဟာ တိုင်းပြည်အတွက်ကောင်းတယ်။ မင်္ဂလာလည်းရှိပါ တယ်။ တိုင်းသူပြည်သားတွေအတွက်လည်း အများကြီး အကူအညီရတာပေါ့။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေအတွက်လည်း အင်မတန်မြင့်မြတ်တဲ့ အလုပ်တွေမို့ မင်္ဂလာရှိပါတယ်။ ဒါပေမဲ့ တချို့ အသင်းအဖွဲ့တွေက ပရဟိတဆိုတာကို အကြောင်းပြပြီး မိမိနာမည်ကြီးချင်လို့၊ အကြည်ညိုခံချင် လို့။ ဒီထက်ဆိုးတာက အများအလှူငွေကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ပစ်ကြတယ်။ ဒါဟာ အတ္တကြီးချင်းပဲ။ အဲဒီလို အတ္တတွေနဲ့ဆို ပရဟိတလုပ်ငန်းတွေကို မလုပ်ကြပါနဲ့။ အတ္တကြီး တဲ့ ရည်ရွယ်ချက်အဆိုးတွေနဲ့ ပရဟိတလုပ်ငန်းတွေကို မလုပ်ကြတာ အကောင်းဆုံးပဲလို့ ပြောချင် ပါတယ်။

ရပ်ရွာပြည်သူလူထု အများအကျိုးသယ်ပိုးချင်လို့ လုပ်တယ်ဆိုရင်တော့ ဒါဟာအင်မတန် ကောင်းပါတယ်။ အဲဒီလို အများကောင်းကျိုးအတွက်မဟုတ်ဘဲ လူတစ်ယောက်၊ အသင်းအဖွဲ့ ကောင်းစားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပရဟိတဆိုတာကိုအသုံးချပြီး ထူထောင်ကြမယ်ဆိုရင် အမှား ကြီးမှားကြလိမ့်မယ်လို့ သတိပေးပြောချင်ပါတယ်။

မေး- ပရဟိတအများအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူတွေကို ဘယ်လိုစိတ်ဓာတ်မျိုး ထားရှိသင့် သလဲဆိုတာ ပြောပြပေးပါလား။

ဖြေ- မြတ်စွာဘုရားရှင်ရဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက် ကိုင် ကျင့်သုံးရမယ်။

ကိုယ့်မှာရှိနေတဲ့အတ္တတွေကို လုံးဝမရှိတော့အောင် ကြိုးစားရမယ်။ အများ အကျိုးလုပ်ဆောင်တဲ့အခါ ကိုယ့်အတ္တမပါဘဲ လုပ်ဆောင်နိုင်ရမယ်။

အများအကျိုးအတွက်ဆို ကိုယ်ဘယ်လောက်အထိ ပေးဆပ်နိုင်လဲ။ အနစ်နာခံနိုင်လဲ။ ဒီလိုပရဟိတအများအကျိုး လုပ်ကြတဲ့ အခါမှာ အတိုက်အခိုက်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်တို့ဆို ဘဝပျက်လောက်အောင် အထိ အတိုက်အခံတွေရှိခဲ့ပါတယ်။ ဒီအခက်အခဲတွေကို သစ္စာတရားနဲ့ကျော်လွှားနိုင်ရမယ်။

ကိုယ့် လုပ်ရပ်အပေါ်လည်း သစ္စာရှိရမယ်။ ပရိဟတအများအကျိုးကို သယ်ပိုးတယ်။ မှန်မှန်ကန်ကန် လုပ် ရမယ်။ သစ္စာတရားဆိုရဲရမယ်။ ကူညီတဲ့နေရာမှာလည်း စေတနာကအရေးကြီးတယ်။ ကိုယ်ချင်း စာစိတ် စာနာစိတ်ရှိရမယ်။ လူမျိုးဘာသာကွဲပြားနေလို့ ငါတို့လူမျိုးပဲကူညီမယ်ဆိုတဲ့ စိတ်ထားမျိုး မရှိရဘူး။ လူမျိုးဘာသာ ဘယ်လိုပဲကွဲပြားပါစေ။ ဆင်းရဲချမ်းသာမရွေး။ မိတ်ဆွေရန်သူ မခွဲခြားဘဲ လူသားအချင်းချင်း ကူညီရမယ်။ ဒုက္ခရောက်နေကြတဲ့ လူသားတိုင်းကို ကူညီရမယ်ဆိုတဲ့ စိတ်ထား မျိုးထားရှိဖို့က အရေးကြီးတယ်။

မေး- မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံ့မှာရှိနေကြတဲ့ ပရဟိတအသင်းအဖွဲ့တွေက ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။

ဖြေ- လုံလောက်မှုကတော့ မရှိပါဘူး။ အနယ်နယ်အရပ်ရပ်က ပရဟိတအသင်းအဖွဲ့တွေဆိုရင် အသင်း အဖွဲ့ထူထောင်ကြဖို့အတွက် အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေရတယ်။ အလှူငွေကြေး အခက် အခဲကအစ သွားလာရေး လွယ်ကူနိုင်အောင် မော်တော်ကားတွေလိုအပ်မယ်။ နိဗ္ဗာန်ယာဉ် လူနာ တင်ကားတွေပြည့်စုံမှ အများပြည်သူလူထုကို ထိထိရောက်ရောက်ကူညီနိုင်ကြမှာ။ ဒီလို ပြည့်စုံဖို့ ကလည်း အဓိကလိုအပ်ချက်က အစိုးရဘက်က ပံ့ပိုးကူညီမှုတွေလိုအပ်ပါတယ်။ မပံ့ပိုးပေးတဲ့ အပြင် အစိုးရဘက်က တားမြစ်တာတို့ နှောင့်နှေးကြန့်ကြာအောင်လုပ်တာတွေ၊ ပိတ်ဆို့တာတွေ လုပ်နေရင် ပရဟိတအသင်းအဖွဲ့တွေ ဘယ်လောက်ပဲများများ ပြည်သူတွေအတွက် ထိရောက် အောင် ကူညီနိုင်မှာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ ပရဟိတအသင်းအဖွဲ့တွေပေါ်မှာ နားလည်မှုရှိရ မယ်။

ပရဟိတအဖွဲ့ဆိုတာက နိုင်ငံရေးလုပ်တဲ့အဖွဲ့အစည်း၊ ပါတီထောင်တာမဟုတ်ဘူး။ အများ အကျိုးအတွက် ကိုယ့်ကျိုးစွန့်ပြီး လုပ်နေကြတဲ့သူတွေပါ။ ပရဟိတလူမှုကူညီရေး သက်သက်လုပ် နေကြတဲ့အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ လျော့သင့် တာ လျော့ပေးသင့်ပါတယ်။

ပရဟိတအဖွဲ့အစည်းဆိုတာလည်း နှစ်မျိုးရှိပါတယ်။ ပြည်တွင်းက အလှူငွေနဲ့ ရပ်တည်နေကြတဲ့ လူမှုရေးအဖွဲ့တွေရှိကြသလို၊ ပြည်ပက နိုင်ငံခြားရေးထောက်ပံ့ငွေနဲ့ ရပ်တည်နေကြတဲ့ INGO နှင့် NGO အဖွဲ့အစည်းတွေလည်း ရှိကြပါတယ်။ ပြည်ပနိုင်ငံခြား ထောက်ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကိုတော့ အစိုးရကစည်း မျဉ်းစည်းကမ်း အ တိုင်း လုပ်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့လို မြန်မာပြည်ကလှူတဲ့ အလှူငွေတွေနဲ့ ရပ် တည်နေကြတဲ့ လူမှုရေးပရဟိတအဖွဲ့အစည်းတွေကို ငွေကြေးရှင်းတမ်း အတိအကျအမှန်ရှိနေရင် အစိုးရအနေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ တားမြစ်တာတွေ ဘာမှလုပ်စရာမလိုတော့ဘူး။ မမှန်မကန် လုပ်ပြီး လူမှုရေးဖောက်ပြန်ခဲ့ရင်လည်း တရားဥပဒေရှိတယ်။ ဥပဒေအတိုင်း စီရင်သွားလိမ့်မယ်။

ဒီလိုပြည်ပကထောက်ပံ့နေတဲ့ ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော် တစ်ခုလောက် မေးကြည့်ချင်ပါတယ်။ ဥပမာပြောရရင် ပြည်သူက ဒေါ်လာငွေတစ်သိန်း ထောက်ပံ့ အလှူငွေရတယ်ဆိုပါတော့။ ပြည်သူလူထုအကျိုးအတွက်ကို ဒေါ်လာငွေ ဘယ်နှစ်သောင်း၊ ဘယ် နှစ်ထောင်လောက်များ အသုံးချပြီးပြီလဲလို့ မေးချင်ပါတယ်။ ကိုယ့်အိတ်ထဲတာ ဒေါ်လာ ဘယ် လောက်ရှိနေပြီလဲဆိုတာ ပြန်ပြီးသုံးသပ်ဖို့တော့လိုနေပြီ။

ကျွန်တော်တို့အသင်းကိုလည်း ဟိုတ လောက ပြည်ပက အထူးကုဆရာဝန်ကြီးတွေလာတယ်။ သူတို့က ဧရာဝတီတိုင်းဘက်က ပြည်သူ လူထုတွေကို အခမဲ့ ဆေးလာရောက်ကုသပေးတဲ့အဖွဲ့ဖြစ်တယ်။ သူတို့ပြန်ခါနီး ကျွန်တော်တို့ အ သင်းကိုလာပြီး သူတို့အသုံးပြုခဲ့ပြီး ပိုလျှံနေတဲ့ ဆေးဝါးတွေကို ကျွန်တော်တို့အသင်းကို လာလှူ တယ်။ အဲဒီအလှူနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က လူကြီးတစ်ယောက်က ကျွန်တော်တို့အသင်းကို ဒီလိုဆေးဝါးတွေ သွားလှူတယ်ဆိုရင် နောက်တစ်ကြိမ် ခင်ဗျားတို့ မြန်မာပြည်ကိုလာဖို့ အခက်တွေ့ သွားမယ်ဆိုပြီး ခြိမ်းခြောက်သလို ပြောတယ်လို့ ကျွန်တော်သိခဲ့ရတယ်။ ဒါတွေဟာ လူသားချင်း စာနာစိတ် ကင်းမဲ့တဲ့လုပ်ရပ်တွေပဲ။

အဲဒီတော့ အစိုးရက တရားဝင်ဆိုင်းဘုတ်တပ်ပြီး ကြေငြာထား တဲ့ “နိုင်ငံခြားခရီးသွား ဧည့်သည်များကိုကူညီပါ။” ဆိုတဲ့ စာသားကို ဘယ်မှာသွားထားတော့မှာလဲ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ တကယ်ကို ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ် နေကြတဲ့ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတွေ ပေါင်းစုံအစည်းအဝေးလုပ်တဲ့အခါမှာ ကျွန်တော်တို့ တစ်တွေမှာ တန်ဖိုးကြီးဟိုတယ်တွေငှားပြီး အစည်းအဝေးလုပ်နိုင်ကြတဲ့ အဆင့်မရှိဘူး။ မလုပ်ဘူး ဆိုတာကလည်း ပြည်သူလူထုက အများအကျိုးအသုံးပြုဖို့ လှူဒါန်းထားကြတဲ့ငွေတွေကို အလဟ သ ဟိုတယ်တွေကိုပေးသုံးပြီး လုပ်ရတဲ့ အနေအထားမျိုးကို ကျွန်တော်တို့က ဘယ်တော့မှ မလုပ် ပါဘူး။ ကိုယ့်အသင်းမှာ လုပ်ချင်လုပ် မယ်။ ဒါမှမဟုတ် ကျောင်းမှာလုပ်ချင်လုပ်မယ်။

မေး- အစိုးရဖွဲ့စည်းတဲ့ လူမှုရေးအသင်းတွေနဲ့ ပုဂ္ဂလိက
အရပ်ဖက်လူမှုရေးအသင်းတွေကြားမှာ ကွာခြား ချက်တွေ ရှိပါသလား။

ဖြေ- ကွာခြားချက်ရှိပါတယ်။ အစိုးရဘက်အဖွဲ့အစည်းဆိုရင် ကြံ့ခိုင်ရေးက ထူထောင်ထားတဲ့ အဖွဲ့တွေရှိ တယ်။ သူတို့ဘာတွေ ဘယ်လိုလုပ်တယ်ဆိုတာ ဘယ်အဖွဲ့က ပြည်သူလူထုအပေါ်မှာ ထိထိ ရောက်ရောက်ကူညီနေသလဲဆိုတာ ပြည်သူလူထုကသာ အသိဆုံးပါ။

ဘယ်အဖွဲ့အစည်းကတော့ ဟန်ဆောင်လုပ်နေတယ်ဆိုတာကအစ ဒါဟာ ကိုယ့်အတွက်လုပ်နေတာလား။ အများကောင်းကျိုး အတွက် လုပ်နေတာလားဆိုတာကို ပြည်သူလူထုကပဲ ဆုံးဖြတ်ပေးလိမ့်မယ်။ ကျွန်တော်ကတော့မ ပြောချင်ပါဘူး။ ဒါကြောင့် ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့လိုတယ်ဆိုတာ အဲဒါကိုပြောတာ။ လူမှုရေး သစ္စာဆိုရဲဖို့ အရေးကြီးတယ်။

မေး- အစိုးရအဖွဲ့က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုကူညီမှုတွေ ပေးသင့်သလဲ။

ဖြေ- လူမှုရေးအဖွဲ့အစည်းတွေကို ကျွန်တော်တို့လို မြန်မာပြည်သူလူထုကလှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းကိုတစ်မျိုး၊ ပြည်ပက နိုင်ငံခြားဝင်ငွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့ အစည်းတွေကိုတစ်မျိုး၊ နှစ်မျိုးခွဲခြားမြင်သင့်တယ်။ အမှန်တော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေက အစိုးရမဟုတ်သော အရပ်ဖက်လူမှုအဖွဲ့အစည်းတွေပါ။ အစိုးရချုပ်ကိုင်မှု မရှိသင့်တော့ပါဘူး။

ကျွန် တော်တို့ကို ချုပ်ကိုင်ချင်တယ်ဆိုရင် ဒီပြည်ပနိုင်ငံခြားဒေါ်လာ ထောက်ပံ့လှူဒါန်းငွေတွေနဲ့ ရပ် တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ပြည်ထဲရေးလက်အောက်မှာ ထားသင့်တယ်။ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေဘက်ကို ထားဖို့မလိုအပ်ဘူး။ ကျွန်တော်တို့အဖွဲ့တွေက မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ကျင့်သုံးနေကြတဲ့အဖွဲ့တွေပါ။ မြတ်စွာရဲ့တရားကိုကျင့်သုံး နေ ကြတဲ့ ဒီအဖွဲ့တွေကို စည်းမျဉ်းစည်းကမ်းတွေ ဘောင်တွေနဲ့လာ ပြီးချုပ်ကိုင်နေမယ်ဆိုရင် ပုဂံပြည် က မနူဟာဘုရားလို မြတ်စွာဘုရား အကျဉ်းချထားသလိုဖြစ်လိမ့်မယ်။ ကျွန်တော်တို့လူမှုရေး လုပ်တယ်ဆိုတာ အလှူငွေတွေကို စနစ်တကျသုံးပြီးတော့ စာရင်းစစ်နဲ့လုပ်ကြပြီး အတွင်းစာရင်း စစ်၊ အပြင်စာရင်းစစ်တွေနဲ့ လုပ်ထားတဲ့ ငွေစာရင်းရှင်းတမ်းတွေကို လစဉ်တိုင်းတိုင်း၊ မြို့နယ်၊ ရပ် ကွက်အကုန်လုံး အာဏာပိုင်အဖွဲ့အစည်းတွေဆီ ပို့ပေးနေရတယ်။

ဒီလိုပို့ပေးနေရတာကကျွန်တော် တို့ကို အမြင်ရှင်းဖို့လိုတယ်။ ကျွန်တော်တို့အဖွဲ့က နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ ပြည်သူကို တစ်ဖက်တစ်လမ်းက ကူညီနေတာ။ အမြင်မရှင်းဘဲနဲ့ ကျွန်တော့်နောက်ကို S.B ထောက်လှမ်း ရေး တွေလိုက်တယ်။ လိုက်ပြီးတော့ ဘာတွေလုပ်လဲဆိုတော့ အမြဲတမ်း ဘယ်သွားသွားလိုက် နေ တယ်။ လိုက်နေတယ်ဆိုကတည်းက ဒါအမြင်မရှင်းလို့ဘဲ။ ကျော်သူလုပ်တဲ့ အလုပ်က မသာချတဲ့ အလုပ်ပဲလုပ်တာ။ ကျော်သူနောက်လိုက်တယ်ဆိုရင်တော့ သင်္ချိုင်းကုန်းနဲ့ ဘုန်းကြီးကျောင်းပဲ ရောက်မယ်။ ဒီဟာတွေကို အမြင်ရှင်းဖို့လိုပြီ။ ဘယ်အစိုးရတက်တက် ကျော်သူက မသာချနေမှာပဲ။ ဒါကို အတန်တန်ပြောထားပြီးပြီ။ ပြောထားရက်နဲ့ ဒီလိုမျိုး နောက်ကလိုက်တယ်။ စည်းကမ်းတွေ တင်းကြပ်တယ်။ ချုပ်ကိုင်တယ်။ ကယ်ဆယ်ရေးလုပ်တယ်ဆိုရင်ဗျာ။

ဥပမာ အရေးပေါ်ကယ်ဆယ် ရေး ပခုက္ကူရေဘေးဒုက္ခသည် ကယ်ဆယ်ရေးတုန်းကဆိုရင်သွားကယ်ဖို့ လှေတွေငှားထားပြီးပြီ။ ကျွန်တော်တို့အဖွဲ့တွေ ပစ္စည်းဝယ်ပြန်လာလို့ လှေပေါ်တက်မယ်ဆိုပြီး ကမ်းစပ်ရောက်တော့ လှေ တွေကတစ်စင်းမှ မရှိကြတော့ဘူး။ ကျော်သူတို့အဖွဲ့ကငှားရင် လှေမငှားရဘူးဆိုတဲ့ မြို့နယ်က အမိန့်ထုတ်ထားလို့ဆိုပြီး လှေပိုင်ရှင်တွေကကြောက်ပြီး ထွက်ပြေးကြတယ်။ အဲဒီတော့ ကယ်ဆယ် ရေး ဘယ်လို ထိရောက်တော့မလဲ။ ဒီလိုအချိန်တွေ၊ ကွာဟမှုတွေကြားထဲမှာ လူတွေ၊ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးကြရမလဲ။

ဒါကို ထည့်တွက်ရမယ်။ ကျွန်တော်တို့က အချိန်နဲ့တပြေးညီ ကယ်ဆယ်ရေးလုပ်ရတယ်။ ကျွန်တော်တို့လို အဖွဲ့အစည်းမရှိဘူးဆိုရင် အစိုးရကရော လုပ်နိုင် သ လား။ ဒါကို မေးချင်တယ်။ အစိုးရပိုင်းက ထိထိရောက်ရောက်လုပ်နိုင်ရင် ကျွန်တော်တို့လို လူမှုရေး အဖွဲ့တွေ ရှိနေစရာမလိုဘူး။ ပြည်သူလူထုက ဒီလူမှုရေးပရဟိတအဖွဲ့တွေကိုပဲ အားကိုးနေရတာ ပါ။ ဒါကို ချုပ်ကိုင်ဟန့်တားနေကြမယ်ဆိုရင် ပြည်သူလူထုကလည်း အစိုးရကို ငြိုငြင်လာလိမ့်မယ်။ ပြည်သူလူထုငြိုငြင်လာရင် သူတို့အတွက် အစိုးရအနေနဲ့ အလားအလာမကောင်းတော့ဘူး။ ဒါကို သိထားသင့်တယ်။

မေး- သမ္မတဦးသိန်းစိန်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို တွေ့ဆုံတာနဲ့ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

ဖြေ- ပထမအကြိမ်နေပြည်တော်မှာ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းတွေ့ဆုံမှုမှာ လူမှုရေးအသင်းအဖွဲ့ တွေသိပ်မပါဘူး။

ကျွန်တော်တို့အဖွဲ့ပဲပါတယ်။ နောက်ဆုံးတွေ့ဆုံတာကတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တွေ့ဆုံခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ ဖိတ်စာမရဘူး။ မြန်မာနိုင်ငံမှာ အကြီးဆုံးလူမှုအဖွဲ့အစည်းလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းကို ဖိတ်စာ မပေးဘူး။

လုပ်တဲ့သူတွေကလည်း စောစောက ကျွန်တော်ပြောခဲ့တယ်။ နိုင်ငံခြားထောက်ပံ့ လှူ ဒါန်းမှု ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ ဒေါ်လာစားအဖွဲ့တွေ၊ သူတို့ ဖိတ်သင့်တဲ့သူတွေကို တော့ ဖိတ်တယ်။ အဲဒီမှာ စကားပြောခွင့် (၁၁) ဖွဲ့ကို တစ်ဖွဲ့ချင်းစီအမည် ကြေညာတော့ နာရေး ကူညီမှုအသင်းမပါဘူး။ အဲဒီအဖွဲ့တွေထဲမှာ ဟန်ဆောင်လုပ်နေကြတဲ့အဖွဲ့တွေ အများကြီးပါတယ်။ ပစ္စည်းကြေညာတာတွေ လုပ်ကြတယ်။ ကျွန်တော်၊ ကျွန်မတို့အဖွဲ့က ဘယ်လိုရန်ပုံငွေရအောင် ဘာကိုရောင်းပါတယ်ဆိုပြီး ပစ္စည်းကြေညာပွဲကြီး ဖြစ်သွားတယ်။

ဒီဟာတွေက သမ္မတကြီးအနေနဲ့ တိတိကျကျမသိဘူး။ အဲဒါကြောင့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဆိုတဲ့စာအုပ်ကို ထုတ် တာ။ အားအားယားယားထုတ်တာ မဟုတ်ပါဘူး။ ဒီစာအုပ်ထုတ်တာ သမ္မတကြီးအနေနဲ့ ပြည်သူ လူထုအတွက် ဘာလုပ်သင့်တယ်။ အောက်ခြေက လူထုဒုက္ခတွေ ဘယ်လိုဖြစ်နေလဲဆိုတာ သိ အောင် ဒီလူမှုရေးအဖွဲ့အစည်းတွေကို (၅) မိနစ်၊ (၁ဝ) မိနစ်စာလောက်လာတွေ့ကြည့်ပါ။

ဒါမှ အား လုံးသိသွားမယ်။ အဲဒီအတွက် ကျွန်တော်ဒီစာအုပ်ကိုရေးတာ။ အခုဟာက သမ္မတကြီးကို လိမ်နေ ကြတယ်။ ဝိုင်းပြီးလိမ်နေကြတာလို့ မြင်မိတယ်။ လူမှုရေးအဖွဲ့အစည်းတွေ တွေ့ဆုံပွဲဆိုတာ သမ္မတ ကြီး ဦးသိန်းစိန်ကို ဝိုင်းလိမ်တဲ့ပွဲကြီး၊ သမ္မတကြီးအလိမ်ခံရတဲ့ပွဲကြီးလို့ပဲ ကျွန်တော်မြင်ပါတယ်။

မေး- ဒီနေ့ခေတ်လူငယ်တွေ ပရဟိတအပေါ်မှာ စိတ်ဝင်စားမှုမြှင့်တက်လာခြင်းအပေါ် မှတ်ချက်စကား လေး ပြောပေးပါဦး။

ဖြေ- အခုလိုပရဟိတစိတ်ဓာတ်တွေ မွေးဖွားလာကြတာဟာ တိုင်းပြည်အတွက်ကောင်းပါတယ်။ လူငယ် တွေ ကိုယ်ထူကိုယ်ထစိတ်ဓာတ်တွေ ပေါ်ပေါက်လာကြတာ အင်မတန်ကောင်းပါတယ်။ ဒီလိုပေါ် ပေါက်လာကြတဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ စိတ်ပျက်သွားစေမယ့် ကိစ္စမျိုး ဥပမာ မှတ်ပုံမ တင်ဘူးဆိုရင် ထောင်ဒဏ်ဘယ်လောက်တို့ဆိုတာ အစိုးရအနေနဲ့ မလုပ်သင့်ပါဘူး။ မှတ်ပုံတင် ကြေးဆိုတာလည်း မရှိသင့်တော့ပါဘူး။

မြို့နယ်အာဏာပိုင်ကခွင့်ပြုရင် မှတ်ပုံတင်စရာ မလိုဘူး ဆိုတဲ့ ဥပဒေမူကြမ်းမှာပါလာတယ်။ ဥပမာ မြောက်ဥက္ကလာပမြို့နယ်ကနေ ရန်ကုန်ဆေးရုံကြီးကို သွားချင်တယ်ဆိုပါတော့။ ဒီမြို့နယ်ဖြတ်ကျော်ခွင့် မြို့နယ်အာဏာပိုင်ခွင့်ပြုချက်ရမှ သွားခွင့်ရမယ် ဆိုရင် အရေးပေါ်လူနာတွေဆို အဲဒီခွင့်ပြုမိန့်ကို စောင့်နေရင်းနဲ့သေသွားလိမ့်မယ်။ သန်း (၆ဝ) ပြည်သူလူထုတွေရဲ့အသက်တွေကို ကယ်တင်ကြပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေကို ကယ် တင်နိုင်တဲ့ ဥပဒေမျိုးကိုသာလုပ်ကြပါ။ INGO အဖွဲ့ပြည်ပထောက်ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့ကလုပ်တဲ့ ဥပဒေကြမ်းကျတော့ လွှတ်တော်မှာသွားဆွေးနွေးမယ့် အဆင့်ရောက်နေကြပြီ။

ကျွန်တော်တို့အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ မြန်မာပြည်မှာရှိနေကြတဲ့ ပရဟိတ လူမှုရေးအသင်း အဖွဲ့အစည်းပေါင်း (၅ဝဝ) ကျော်စုပေါင်းပြီးတော့ အစည်းအဝေးလုပ်ကာ ဘုံသဘောထားကို ကြေ ညာပြီး လွှတ်တော်ကိုတင်ထားတယ်။ ဒါကျတော့ လွှတ်တော်မှာ မဆွေးနွေးကြဘူး။ ပြီးတော့ ဝန်ကြီးအမတ်တစ်ယောက်ကလည်း ပြောလိုက်သေးတယ်။ ဒါနိုင်ငံတကာစံနှုန်းနဲ့ ညီပါတယ်တဲ့။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ညီစရာမလိုပါဘူး။ ပြည်တွင်းမှာလူမှုရေးလုပ်တယ်ဆိုတာ ပြည်တွင်းမှာပဲ ပြည်သူလူထုတွေ အဆင်ပြေဖို့ အရေးကြီးပါတယ်။

မေး- ဒီနေ့ခေတ် ကိုယ်ထူကိုယ်ထစနစ်နဲ့ ကြိုးစားလုပ်ဆောင်နေကြတဲ့ ပရဟိတလူမှုရေး အဖွဲ့အစည်း တွေပေါ်မှာ အမှတ်တရစကားလေးပြောပေးပါဦး။

ဖြေ- ကျွန်တော့်အနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းဥပဒေဆိုတာကို အစိုးရအနေနဲ့ လွှတ်တော်မှာဆွေး နွေးကြမယ့်အပိုင်းကို အတတ်နိုင်ဆုံး ကန့်ကွက်နေပါတယ်။ ဒီလိုကန့်ကွက်မှုတွေလုပ်နေတယ် ဆို တာ ကျွန်တော်တို့ ရန်ကုန်နာရေးကူညီမှုအသင်းအဖွဲ့အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကတော့ မှတ်ပုံတင်ကြေး ငါးသိန်း၊ ဆယ်သိန်း၊ သိန်းငါးဆယ် ဆိုလည်းရတယ်။ ဒါပေမဲ့ တကယ့် ကိုကိုယ်ထူကိုယ်ထစနစ်နဲ့အားကိုးပြီး ရပ်တည်နေကြရတဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ၊ နယ် မှာရှိနေတဲ့ အသင်းအဖွဲ့ပေါင်းများစွာအတွက် မှတ်ပုံတင်ကြေးတို့၊ ပိတ်ဆို့တာတို့ ဒီလိုချုပ်ကိုင်မှု တွေ ဒဏ်တွေကိုခံနိုင်ရည် မရှိကြတော့ဘူး။ မရှိတော့ ကျွန်တော်တို့က မြန်မာပြည်မှာ ရှိနေကြတဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ အားလုံးကိုယ်စား ထပ်တူခံစားပြီးတော့ ရှေ့ဆုံးက ရပ်တည် ပေးပြီး လုပ်ပေးနေပါတယ်။

အားလုံးဒီအချိန်မှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပရဟိတ စိတ် ဓာတ်တွေနဲ့ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ကြပါ။ လူသား ချင်းစာနာ ထောက်ထားစိတ်တွေ မွေးဖွားကြပါ။ ဘယ်လိုအခက်အခဲတွေကြုံခဲ့ပါစေ သစ္စာရှိကြပါ။ တကယ့်ကို လူမှုရေးသစ္စာဆိုရဲလောက်အောင် လုပ်ကြပါ။ တစ်ချိန်တုန်းက နာရေးကူညီမှုအသင်း(ရန်ကုန်) စ လုပ်တုန်းက အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ အများ ကောင်းကျိုးလုပ်တာပဲ။ လုပ်စရာရှိတာ ဆက်လုပ်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

(စံတော်ချိန် နေ့စဉ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းသူ ဘို - ဆင်တလည် အား အထူးကျေးဇူးတင် ရှိပါသည်။)

ကျော်သူ

သတင်းမှားများကို အခြေခံ၍ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်

သတင်းမှားများကို အခြေခံ၍ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။
........
နိုင်ငံတကာကလည်း အခြေအနေမှန်ကို သိရှိနားလည်သဘောပေါက်စ ပြုလာပြီ ဖြစ်သည်။ နောက်ထပ် တိုက်ဆိုင်မှုများ ဖန်တီးလာခဲ့လျှင်လည်း မျက်စေ့စုံမှိတ် ယုံကြည်ရန် မလွယ်တော့သည့် အကြောင်း သဘောပေါက်ကြစေလိုသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ● တိုက်ဆိုင်မှုများ များပြားလွန်းနေသော ဒူချီရာတန်းကျေးရွာ မီးရှို့မှု ● ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ● "ဒူချီရာတန်းကျေးရွာလုပ်ကြံသတင်းဖြန့်ချိမှု"အကြောင်းကို ၂၈-၁-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များကို ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ ● သတင်းမှန်၊ ဖြစ်စဉ်အမှန် ဖြစ်သော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းနှင့် လုံခြုံရေးအဖွဲ့အား ကြိုတင်စီစဉ်သော အုပ်စုဖွဲ့အကြမ်းဘက်မှုကို ခိုင်ခိုင်မာမာ ရှင်းလင်းခဲ့ပြီး ● [လူတစ်ယောက်အား စာကျက်၍ ပြောခိုင်းခြင်း၊ အသင့်ရေးထားသည်များ ဖတ်ခိုင်းခြင်း၊ ဟိုယခင်က ဓါတ်ပုံများကို ပြန်လည်အသုံးပြု၍ ၀ါဒဖြန့်ချိခြင်း၊ မဟုတ်မမှန် လုပ်ကြံသတင်းထုတ်ခြင်း စသည့်]မခိုင်လုံသော အထောက်အထားများ၊ မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသည့် လုပ်ကြံသတင်းများကို ခိုင်ခိုင်မာမာဖြင့် ထောက်ပြဝေဖန်ခဲ့ကာ ဖြစ်ရပ်အမှန်၊ သတင်းအမှန်များကို ဖော်ထုတ်ရှင်းလင်းခဲ့သည်။ ● ထိုသို့ ရှင်းလင်းမှုပြုလုပ်ခဲ့သည့် ဇန်န၀ါရီ ၂၈ ရက်နေ့ညတွင် (တိုက်ဆိုင်လှစွာဖြင့်) ဒူချီရာတန်း၌ မီးလောင်မှု အမှန်တစ်ကယ် ဖြစ်နေကြောင်း ထင်ရှားစေရန် အတွဲလိုက် မီးလောင်မှုဖြစ်ပွားစေရန် ဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်နဲ့ မေးမြန်းချက်ကို အောက်ပါ ဗီဒီယို ဖိုင်တွင် ကြည့်ရှုနိုင်သည်။ [http://www.youtube.com/watch?v=tfsUOyi3FWU&feature=youtu.be] ● မည်သူမျှနေထိုင်ခြင်းမရှိသော နေအိမ်များအောက်တွင် ထင်းများပုံ၍ မီးရှို့ခဲ့သော ဖြစ်စဉ်ဖြစ်ကြောင်း ဘီဘီစီသတင်းတွင်လည်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။ [http://www.bbc.co.uk/burmese/burma/2014/01/140128_muslim_rohingar_fire.shtml] ● ထိုသို့ မီးလောင်သည်နှင့် မရှေးမနှောင်းမှာပင် ဆိုရှယ်မီဒီယာအပါအ၀င် အင်တာနက် စာမျက်နှာများ၌ ဘင်္ဂလီတက်ကြွလှုပ်ရှားသူများက မီးလောင်နေသည့် ဓါတ်ပုံများဖြင့် သတင်းမှားများ (တိုက်ဆိုင်လှစွာဖြင့်)ထပ်မံထုတ်ပြန်ခဲ့သည်။ ● တစ်ချိန်တည်းမှာပင် "ဒူချီရာတန်းကျေးရွာရဲ့ ဘာဘာညာ ညာ" ခေါင်းစဉ်တပ်၍ တိုက်ခိုက်ခံရမှုအကြောင်းကို ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားများ၏ ဇာတ်ကွက်များထက် ပိုမိုသာလွန်ကောင်းမွန်အောင် ရေးသားဖြန့်ချိသည်ကိုလည်း (တိုက်ဆိုင်လှစွာဖြင့်) တွေ့ရှိရသည်။ ● မြန်မာနိုင်ငံသည် လူ့အခွင့်အရေးမှတ်တမ်းများဖြင့် ဆယ်စုနှစ်နှင့်ချီ၍ တည်ရှိခဲ့ရာ နိုင်ငံတော်သမ္မတကြီးလက်ထက် သက်တမ်း(၂)နှစ်ခွဲကျော်ကာလ ပြုပြင်ပြောင်းလဲမှုတို့ကို အသိအမှတ်ပြုခဲ့ကြသော်လည်း မူလကတည်းက နှစ်ပေါင်းများစွာ စနစ်တကျ ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ခဲ့သော Campaign များ၏ အရှိန်အဟုန်ကား ကြီးကြီးမားမား ရှိနေဆဲ ဖြစ်သည်။ အစိုးရပြောတာ မယုံ၊ Campaign သမားများ ပြောတာကိုသာ ယုံကြည်ခဲ့သည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာသတင်းဌာနများ အနေနှင့်လည်း သတင်းထွက်ပေါ်သည်နှင့် မှတ်တမ်းအဟောင်းများဖြင့် တိုက်ဆိုင်ကာ သတင်းမှားများကို အဟုတ်အမှန် ဟု ထင်မြင်ယူဆခဲ့သော ဖြစ်ရပ်မှာ ဤဖြစ်စဉ်တွင် အထင်အရှား ပေါ်ထွက်လာခဲ့သည်။ ● လူ့အခွင့်အရေးခေါင်းစဉ်မှာ ကမ္ဘာတွင်လည်း လွန်စွာမှပင် အော်ဟစ်၍ကောင်း၊ ကြွေးကြော်၍ကောင်း၊ ရန်ပုံငွေကောင်းလှသော Issue ဖြစ်သည်။ ● အစိုးရပိုင်းမှ သတင်းများ ထုတ်ပြန်ရာတွင် နောက်ကျခြင်းများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အမြန်ဆုံးထုတ်ပြန်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ သို့သော် သတင်းမှန်များ ဖြစ်ရေးအတွက် စိစစ်အတည်ပြုရခြင်းကြောင့် အနည်းငယ် နောက်ကျခြင်းများ ရှိခဲ့ရသည်။ [သတင်းထောက်များထံ ဖုန်းဆက်၍ မဟုတ်မမှန်ရော ဟုတ်တာရော ပြောချင်ရာ ပြောနိုင်သော ယင်းတို့ကဲ့သို့ မဟုတ်ဘဲ သတင်းအချက်အလက် ပြည့်စုံစွာ ရယူရခြင်းကြောင့် ဖြစ်သည်။] ● ဆယ်စုနှစ်နှင့်ချီ၍ ထင်ကျန်ခဲ့သော ပုံရိပ်ကို နိုင်ငံတော်သမ္မတကြီးလက်ထက် (၂)နှစ်ခွဲကျော် အားထုတ်မှုဖြင့် အပြီးအပြတ် ချေဖျက်နိုင်ရန် မလွယ်ပါ။ သို့သော် အတတ်နိုင်ဆုံး ချေဖျက်နိုင်ရန် အားထုတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သတင်းမှားများကို အခြေခံ၍ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။ ● တိုက်ဆိုင်မှုများ များပြားလွန်းနေခြင်းသည် မကောင်းပါ။ နိုင်ငံတကာကလည်း အခြေအနေမှန်ကို သိရှိနားလည်သဘောပေါက်စ ပြုလာပြီ ဖြစ်သည်။ နောက်ထပ် တိုက်ဆိုင်မှုများ ဖန်တီးလာခဲ့လျှင်လည်း မျက်စေ့စုံမှိတ် ယုံကြည်ရန် မလွယ်တော့သည့် အကြောင်း သဘောပေါက်ကြစေလိုသည်။ ● ယင်းသို့ တိုက်ဆိုင်မှုများ ဖန်တီးနေသူတို့ကို မေးလိုသည်မှာ "ပြဿနာ ဖြေရှင်းနိုင်ရန် ကူညီမလား၊ ပြဿနာများ ဆိုးသည်ထက်ဆိုးစေရန် လှုံ့ဆော်နေမည်လား" ဟူ၍ပင် ဖြစ်သည်။

တာဝန်ကျတပ်ကြပ်ကြီး ခင်မောင်ကြည်က လိမ်ညာပြောဆိုကာ နှင်ထုတ်ဖို့ကြိုးစား

 

၂၈၊ ၁၊၂၀၁၄ နေ့တွင်မူ သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဆင့်ခေါ်စာရောက်ရှိလာခဲ့ပါသည်။ ထို့ကြေင့် ၂၉၊ ၁၊၂၀၁၄နေ့တွင် ဆင့်ခေါ်ခြင်းခံရသည့် ရွာသားများနှင့်အတူ လက်နက်ခဲယမ်းတပ်(CAD) သို့ သွားသည့်အခါ တာဝန်ကျတပ်ကြပ်ကြီး ခင်မောင်ကြည်က တပ်အတွင်းသို့ အ၀င်မခံဘဲ၊ တပ်ရင်းမှူးမရှိဘူးဟူ၍ လိမ်ညာပြောဆိုကာ နှင်ထုတ်ဖို့ကြိုးစားခဲ့ပါသည်။ အဆိုပါတပ်ရင်းမှ ဗိုလ်ကြီးဝေဖြိုးအောင်ကလည်း ဘယ်ကလဲ၊ ဘာလာလုပ်တာလဲ စသဖြင့် ရင့်ရင့်သီးသီး ပြောဆိုဆက်ဆံခဲ့ပါသည်။ ဆင့်ခေါ်စာထုတ်ပြ၍ အကြိမ်ကြိမ်ရှင်းပြပြီးနောက်မှသာ တပ်ထဲသို့ ၀င်ခွင့်ပေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရန်အတွက်ဟုဆိုကာ ဆင့်ခေါ်စာပေးပို့ခဲ့သော်လည်း တပ်ရင်းမှူးနှင့်တွေ့သည့်အခါတွင် အသိပေးပြောဆိုခြင်း၊ အမိန့်ပေးခြင်းသာ ဖြစ်နေပါသည်။ တပ်ရင်းမှူးက ပြောဆိုသည်မှာ " အုတ်ရိုးကာ၊ခြံစည်းရိုးခတ်ခြင်းမှာ အထက်အမိန့်အရ လုပ်ခြင်းဖြစ်ကြောင်း၊ စည်းရိုးအတွင်းပါသောအိမ်များကို ဆက်လက်နေထိုင်ခွင့်ပေးမည့်အကြောင်း၊ လယ်ယာကိုလည်း ဆက်လက်လုပ်ကိုင်ခွင့်ပေးမည့်အကြောင်း၊ သို့သော် လယ်ယာမြေပိုင်ဆိုင်ခွင့်တော့ ပေးမည်မဟုတ်ကြောင်း၊ ရွာသူရွာသားတွေ အနေနဲ့ ဒါကိုလက်မခံဘဲ ဟိုတိုင်၊ဒီတိုင် ဆက်လုပ်နေမည်ဆိုပါက တစ်ရွာလုံးကို မောင်းထုတ်ပစ်မည်ဖြစ်ကြောင်း " ခြိမ်းခြောက်ပြောဆို အမိန့်ပေးခဲ့ပါသည် …

မြန်မာဒုက္ခသည်များကိုခေါ်ယူမှု အမေရိကန် ရပ်ဆိုင်း


Thursday, January 30, 2014

ထိုင်းမြန်မာနယ်စပ် စခန်းတွေဆီက ဒုက္ခသည်များကို ခိုလှုံခွင့်ပေးတဲ့ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာ ၉ နှစ် ရှိပြီ၊ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ရေးအတွက် နောက်ဆုံး လုပ်ဆောင်ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်တယ်လို့ ဆိုတယ်။

ဒီ ၉ နှစ်အတွင်း မြန်မာပြည်က ဒုက္ခသည် ၇၃,ဝဝဝ ကျော်ကို အမေရိကန်ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့DPA သတင်းဌာနက ရေးသားတဲ့ သတင်းကို ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းမှာ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာ ဖော်ပြထားတာပါ။

တခြားနိုင်ငံတချို့ကလည်း မြန်မာဒုက္ခသည်တွေကို လက်ခံခဲ့ဖူးပေမယ့် အမေရိကန်ကတော့ အလုံးအရင်းနဲ့ လက်ခံခဲ့တဲ့နိုင်ငံပါ။
အမေရိကန်အစီအစဉ်ရပ်ဆိုင်းလိုက်ချိန် ထိုင်းမြန်မာနယ်စပ်စခန်းတွေထဲ ဒုက္ခသည် ဘယ်လောက် ကျန်ပါသလဲ။

တသိန်းကျော် ကျန်ပါသေးတယ် တဲ့။
ဒီတသိန်းကျော် ဘယ်တော့ မြန်မာပြည်ပြန်ရမလဲ ဆိုတာကတော့ ဘယ်သူမှ သေချာမပြောနိုင်သေးပါ။

ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းလက်ကျန် ၂ နှစ်အတွင်းတော့ ဟုတ်မယ် မထင်ပါ။

သူတို့ပြည်တော်ပြန်ရေးအသံက ခပ်တိုးတိုးတောင် မထွက်၊ ပြီးတော့...ဦးသိန်းစိန်တို့က ဆောင်ရွက်စရာတွေ အများအပြား ရှိနေတာကြောင့် ဒုက္ခသည်အရေးကို ဦးစားပေးမယ်လို့ မယူဆနိုင်ပါဘူး။
သူတို့ ပြည်တော်ပြန်ရေးအသံက ရွေးကောက်ပွဲနီးတဲ့အခါ နိုင်ငံရေးသမားတချို့က နေရာကွက်ကြား ပြောဆိုကြဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

ထိုင်းမြန်မာနယ်စပ် စခန်းတခုမှ ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - လောအယ်စိုး)

ဧရာဝတီ

ခုံရုံး ဆုံးဖြတ်မည့်ကိစ္စ လွှတ်တော်ဘက်က မှန်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

 
 
 နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်အကြား အချင်းများနေသော ဥပဒေများကို အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ အဓိပ္ပာယ် ဖွင့်ဆိုပါက လွှတ်တော်ဘက်က မှန်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ “လွှတ်တော်ဘက်က မှန်မယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။ နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးပြီးဖြစ်သော ဥပဒေနှင့် လက်မှတ် ရေးထိုးခြင်းမရှိဘဲ အတည်ဖြစ်နေသော ဥပဒေ ရှစ်ခုတွင် အခြေခံဥပဒေနှင့် မညီသော အချက်များ ပါရှိနေသောကြောင့် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အဓိပ္ပာယ် ဖွင့်ဆိုစေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ အခြေခံဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆိုမှုသည် ခုံရုံးအပေါ်တွင် မူတည်နေသော်လည်း လွှတ်တော်၏ သြဇာလွှမ်းမိုးမှုကို သံသယ ဖြစ်လာနိုင်စရာ အကြောင်းရှိပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော်၏ တရားစီရင်ထုံး ဖြစ်နေသောကြောင့် သမိုင်းတွင်မည့်ကိစ္စ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ခုံရုံးအဖွဲ့ဝင်တွေရဲ့ သုံးပုံနှစ်ပုံက လွှတ်တော်က ခန့်ထားတာ ဖြစ်နေတယ်။ အမှီအခို ကင်းကင်းနဲ့ မှန်မှန်ကန်ကန် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းရှိ မရှိဆိုတာ မသိသေးဘူး” ဟု ၎င်းကဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်ဟောင်း များကို စွပ်စွဲပြစ်တင်၍ ရာထူးမှ နုတ်ထွက်စေခြင်းသည် ခုံရုံး၏ လုပ်ပိုင်ခွင့်ကို လွှတ်တော်မှ ကျော်လွန်ရာ ရောက်ကြောင်း ၎င်းကပြောဆိုသည်။ နိုင်ငံတော်သမ္မတရုံး အနေနှင့် ဥပဒေရှစ်ခုကို ခုံရုံးသို့ပေးပို့ရန် ရက်အတိအကျ သတ်မှတ်ထားမှု မရှိသေးသော်လည်း သတင်းထုတ်ပြန်ထားသည့် အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များကို မေးမြန်းရာတွင် ခုံရုံး၏ အဓိပ္ပာယ် ထွက်ဆိုမှု မရှိသေးသည့် အချိန်တွင် လွှတ်တော်ဘက်မှ ကိုယ်စားပြု၍ ဖြေဆိုရန် မဖြစ်နိုင်သေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို (တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ The Voice Weekly

ရေခဲဖုံးသော မြန်မာပြည်တစ်နေရာ



ရေခဲဖုံးသော မြန်မာပြည်တစ်နေရာ -------------- ရေးသားသူ- အန်ဒါဆက်မတ်ဇင်စကီး မြန်မာနိုင်ငံ မြောက်ဖျားဒေသအကြောင်းကို မြန်မာပြည်သူတို့ ဘယ်လောက်အထိသိရှိပါသလဲ။ အနည်းအကျဉ်းမျှသာသိလျှင်သိ သို့တည်းမဟုတ် လုံးဝမသိရှိကြပါ။ ဒါကလည်း ထူးဆန်းလှသည်တော့မဟုတ်။ မြန်မာအများစုအတွက် ပူတာအိုသို့သွားရသည့်ခရီးသည် သူတို့၏စီးပွားရေးအခြေအနေအရ မတတ်နိုင်ကြ၍ပင်ဖြစ်သည်။မြန်မာဟိမ၀န္တာတောင်ဟုဆိုလိုက်လျှင် ဦးတေဇ၏ ရဟတ်ယာဉ်ပျက်ကျသည့်နေရာမျှလောက်သာ မြန်မာပြည်သူတို့ မှတ်မိထားကြသည်။ သို့တည်းမဟုတ် နှင်းများရှိသည့်နေရာ နှင်းများစွာရှိသည့်နေရာဟုသာ သိထားကြသည်။ ထို့ထက်မပိုပါ။ သို့သော် ယင်းအချက်က မြန်မာနိုင်ငံသားများက ၎င်းတို့၏ မိခင်နိုင်ငံနှင့်ပတ်သက်ပြီး ဗဟုသုတနည်းပါးလှသည့်အပေါ် အကြောင်းအခြေခံတော့လည်းမဟုတ်ပါ။ အကယ်၍ မြန်မာနိုင်ငံတွင် ပကတိအခြေအနေများသည် ပွင့်လင်းမှုရှိလာမည်ဆိုပါလျှင် ပညာရေးကို လိုလားတောင့်တကြသော မြန်မာများ၊ တိုင်းရင်းသားပေါင်းစုံ၏ ပညာမိုးကုပ်စက်ဝိုင်းကို အမြင်ကွဲပြားမှုအား လက်ခံနိုင်သော မီဒီယာများက ချဲ့ထွင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် မြန်မာဟိမ၀န္တာနှင့် သူ၏နောက်ဆုံး ရွာစွန်လေးသို့ ကျွန်တော်ခရီးရှည်ထွက်ခဲ့ပါသည်။ ပူတာအိုလေဆိပ်သည် ကျွန်တော့်ဘ၀တစ်လျှောက် မြင်ဖူးသမျှလေဆိပ်ထဲတွင် အသေးငယ်ဆုံးဖြစ်သည်။ အေး၍စိမ့်နေသောလေထု။ လေယာဉ်ကထွက်လိုက်သည်နှင့် တောင်တန်းကြီး၏လေထုကို ရှူရှိုက်လိုက်ရသလို ခံစားလိုက်ရသည်။ ဆောင်းရာသီတွင် ကြည်ပြာရှင်းလင်းနေသော ကောင်းကင်ကြောင့် နှင်းများဖုံးလွှမ်းနေသည့် တောင်ထိပ်ကို အဝေးမှမြင်နိုင်သည်။ ယခုလို မိုးရာသီဝင်လာချိန်တွင်တော့ အမြင်များက မှုန်မှိုင်း၍နေတော့သည်။ ပူတာအိုသည် ပျောက်ဆုံးနေသောမြို့နှင့်တူနေသည်။ အချိန်ကြာမြင့်စွာ မေ့လျော့ခံထားရဟန်ထင်ရသည်။ သို့သော် ယင်းမှာ အပေါ်ယံအမြင်သာဖြစ်သည်။ ကျွန်တော့်လို နိုင်ငံခြားသားကို မဆိုထားနှင့်။ ၁၉၈၀ ပြည့်နှစ်များဆီက ပူတာအိုတွင် တစ်နှစ်ကြာနေထိုင်ခဲ့ဖူးသည့် ကျွန်တော့်လမ်းညွှန်ကပါ “ဘာမှကို အပြောင်းအလဲမရှိဘူး။ ကားတွေနည်းနည်းလေးပိုများလာတယ်။ ဒီလောက်ပဲ”ဟုဆိုသည်။ သိသာမြင်သာသည့်အကြောင်းရင်းကတော့ ဝေးကွာလွန်းခြင်းနှင့် အထီးကျန်လွန်းခြင်းပင်ဖြစ်တော့သည်။ ဗြိတိသျှကိုလိုနီတို့က ယင်းအကြောင်းကို ကောင်းစွာသိရှိခဲ့ကြသည်။ မြင့်မားလှသောတောင်တန်းကြီးများနှင့် ၀န်းရံနေသည့် အမြင့်ပိုင်းဒေသ ပူတာအိုကို ယခင်က ခမ်တီလုံးဟု ခေါ်ဆိုခဲ့သည်။ သမိုင်းတစ်လျှောက်တွင် ရှမ်းနှင့်ကချင်များ နေထိုင်ခဲ့ကြပြီး ဗြိတိသျှများက ပထမကမ္ဘာစစ်မစတင်မီ ၁၉၁၄ ခုနှစ်ကျမှ သိမ်းပိုက်နိုင်ခဲ့သော မြန်မာနိုင်ငံ၏နောက်ဆုံးနယ်မြေဖြစ်သည်။ သမိုင်းပါ ကောလာဟလများအဆိုအရ အကယ်၍များ တရုတ်က ခမ်တီလုံးကို လုံး၀၀င်ရောက်သိမ်းပိုက်မည်ဆိုသောသတင်းကို ဗြိတိသျှများမရရှိခဲ့ပါလျှင် ဤဒေသကို ဗြိတိသျှတို့က လာရောက်သိမ်းခဲ့မည်မထင်ပါ။ တိဘက်ကို တောင်ဘက်ပိုင်းမှ ၀င်ရောက်နိုင်မည့် တံခါးပေါက်အဖြစ် မဟာဗျူဟာအရ အရေးပါသည်ဟု တရုတ်တို့က ယူဆခဲ့ကြောင်း ဗြိတိသျှတို့အတွက် စပိုင်လုပ်ပေးခဲ့သည့် အိန္ဒိယသားများက သတင်းပို့ပေးခဲ့သည်ဟုဆိုသည်။ ဗြိတိသျှတို့က ပို၍လျင်မြန်ပြီး ပို၍လည်း လူရည်လည်ပါသည်။ သူတို့၏ကျွမ်းကျင်သော သံတမန်နည်းပညာကိုသုံး၍ ကချင်တို့ကိုစည်းရုံးသိမ်းသွင်းပြီး ယင်းဒေသကို အုပ်ချုပ်ခွင့်ရယူခဲ့သည်။ ယင်းအတွက် သူတို့ကို အကျိုးအမြတ်များစွာ ပြန်လည်ပေးကမ်းခဲ့ပါသည်။ များမကြာမီပင် ဖို့ဟက်ဇ်အမည်ရှိ စစ်ဌာနချုပ်ကို တည်ဆောက်တော့သည်။ ၎င်းဒေသက ဗြိတိသျှ လက်ထောက်ကော်မရှင်နာမင်းကြီးလည်းဖြစ်ပြီး တပ်ဖွဲ့ပေါင်းများစွာ၏ ခေါင်းဆောင်လည်းဖြစ်သူ W.A. Hertz ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။ မြောက်ဖျားမှ တောရိုင်းဒေသ၊ မြင့်မားသောတောင်တန်းများနှင့် လမ်းများက အနောက်နိုင်ငံသားများနှင့် မြန်မာများအတွက် လူမသိသူမသိနေရာအဖြစ် ကျန်ရှိနေခဲ့သည်။ မှန်ပါသည်။ မြန်မာဘုရင်များကိုယ်တိုင်ပင် ယင်းဒေသကို လွှမ်းမိုးအုပ်ချုပ်နိုင်ခြင်းမရှိခဲ့ဖူးပါ။ သို့သော်ငြားလည်း ခမ်တီလုံးသည် နှစ်ပေါင်းရာချီပြီး တရုတ်တို့၏ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တရုတ်တို့က ဒေသခံများကို အခွန်ကောက်ခံပြီး သူတို့ကို ကျွန်များအဖြစ် ဖမ်းဆီးခိုင်းစေခဲ့သည်။ ကျော်ကြားသော ဗြိတိသျှရုက္ခဗေဒပညာရှင်နှင့် စူးစမ်းလေ့လာသူ ဖရန့်ကေ၀တ်သည် မြောက်ဖျားဆီက လူသူအရောက်အပေါက်မရှိသေးသည့် မလိခနှင့် နန်တာမိုင်ကို စူးစမ်းလေ့လာခဲ့သည့် ပထမဆုံးသော အနောက်နိုင်ငံသားဖြစ်သည်။ သူ၏ ၁၉၃၇-၁၉၃၉ ခုနှစ် စူးစမ်းလေ့လာရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏အမြင့်ဆုံး ခါကာဘိုရာဇီတောင် (ပင်လယ်ရေမျက်နှာပြင်မှ ၅၈၈၁ မီတာအမြင့်)၏ တောင်ဘက် တောင်ခြေပိုင်းကို ရောက်ရှိခဲ့သည်။ မြန်မာဟိမ၀န္တာ၏ လျှို့ဝှက်ချက်များကို ပြင်ပကမ္ဘာက သိရှိသွားခဲ့သည်။ ယင်းမတိုင်မီ ၁၉၃၀ ပြည့်နှစ်တွင် တော်ဝင်ဘူမိဗေဒအဖွဲ့က သူ၏ ထူးချွန်ပြောင်မြောက်သော စူးစမ်းလေ့လာမှုများအတွက် ဆုတံဆိပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် မြန်မာဟိမ၀န္တာသည် ကာလရှည်ကြာ အထီးကျန်ဖြစ်ခဲ့ပြန်သည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာစစ်တပ်မှ ဗိုလ်မှူးကြီးစိုးမြင့် ဦးဆောင်သည့် ပထမဆုံးမြန်မာလေ့လာရေးအဖွဲ့သည် နိုင်ငံမြောက်ဖျားက ရွာစွန်နှင့် နှင်းဖုံးတောင်တန်းများဆီသို့ ရောက်လာသည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာဆေးပညာရှင်များအဖွဲ့က နန်တမိုင်တောင်ကြားရှိ လူမျိုးစုများကိုလေ့လာခဲ့ပြီး သူတို့၏တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံခြားသားများက ဤနေရာသို့ ၁၉၉၀ နှစ်လယ်ပိုင်းများက ထပ်မံရောက်ရှိလာကြပြန်သည်။ ဂျပန်တောင်တက်သမား တာကာရှီအိုဇာကီသည် မြောက်ဖျားရွာစွန်ဖြစ်သည့် တဟွန်ဒမ်ရွာတွင်နေထိုင်သူ တိဘက်လူမျိုး နီယာမဂျာလဆန်နှင့်အတူ ပထမဆုံးအကြိမ်အဖြစ် ခါကာဘိုရာဇီတောင်ထိပ်သို့ ၁၉၆၆ ခုနှစ်က တက်ရောက်ခဲ့သည်။ နီယာမသည် ဤတောင်ကို ယခင်က မတက်ခဲ့ဖူးသော်လည်း တောင်တက်လမ်းကိုပြသခဲ့သည့် ပထမဆုံးသောလူသားဖြစ်သည်။ မွေးရာပါတောင်တက်ကျွမ်းသူ၊ အသိရှိသူဖြစ်ခြင်းတို့က အခက်အခဲများကို နောက်ဆုံးအချိန်အထိ ကျော်လွှားနိုင်စေခဲ့သည်။ နီယာမဂျာလဆန်မပါဘဲနှင့် အိုဇာကီတစ်ယောက် မည်သည့်နည်းနှင့်မျှ တောင်ထိပ်ပေါ်မရောက်နိုင်ခဲ့ဟု တောင်ကြားဒေသမှ လူများကပြောကြသည်။ သူတို့ပြောဆိုချက်ကို ကျွန်တော် ယုံကြည်သည်။ တစ်နှစ်အကြာ ၁၉၉၇ ခုနှစ်တွင် World Conversation Society မှ အမေရိကန်စူးစမ်းသူနှင့် သဘာဝထိန်းသိမ်းသူတစ်ဦးက မြန်မာသစ်တောဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့်ရောက်လာသည်။ တစ်လကြာ ပင်ပန်းကြီးစွာသောခရီးအပြီး တိဘက်လူမျိုးများနေထိုင်သည့် တဟွန်ဒမ်ကိုရောက်လာခြင်းဖြစ်သည်။ သူ၏ခရီးလမ်းတွင် သတ္တ၀ါမျိုးစိတ်သစ်ကို တွေ့ရှိခဲ့သလို တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုနှင့် တိုးများလာနေသော အမဲလိုက်မှုများကြောင့် ဇီဝစနစ်ကို အန္တရာယ်ဖြစ်နေကြောင်းတွေ့ရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပြည်ပမှ လူအနည်းငယ်ကသာ ပထမဆုံးလမ်းပြအေဂျင်စီများ၏ အကူအညီဖြင့် ဤဒေသကိုလာရောက်ခဲ့ကြသည်။ ယင်းတောင်တန်းကြီးများဆီသို့ ခရီးစဉ်သည် လွန်စွာပင်ပန်းပါသည်။ ထိုဒေသတွင်နေထိုင်သော ရ၀မ် (သို့မဟုတ်) လီဆူးလူမျိုးတို့၏ ကျန်းမာမှုနှင့် ကြံ့ခိုင်မှုတို့ကို ကျွန်တော်သြချရပါသည်။ လမ်းများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များမရှိဘဲ သူတို့သည် ပူတာအို (သို့မဟုတ်) တရုတ်နယ်စပ်များတွင် ဈေးဝယ်ရန်အတွက် သီတင်းပတ်နှင့်ချီပြီး ခြေလျင်သွားလာနိုင်ကြသည်။ အမှန်တော့ သူတို့သည် တောင်တက်သောဓလေ့တွင် အသားကျနေသူများဖြစ်ပြီး သူတို့၏လူနေမှုစနစ်တွင် တောင်တက်ခြင်းက အကျုံးဝင်နေပေသည်။ မည်မျှကြာကြာ ဆက်၍ဖြစ်နေပါမည်နည်း။ ယင်းကိုသိနိုင်ရန်လည်း ကျွန်တော်သွားရောက်ခဲ့သည်။ ပူတာအိုဈေးတွင် ပစ္စည်းများဝယ်ယူပြီးစီးချိန်တွင် လေးလံသောကုန်ပစ္စည်းများကို ပြင်ဆင်ထုပ်ပိုးကြသည်။ ကျွန်တော်၊ ကျွန်တော့်စကားပြန်၊ အစိုးရလမ်းညွှန်နှင့် ပေါ်တာကိုးယောက်တို့သည် တောလမ်းဆီကို ဦးတည်ပြီး နောင်မွန်းမြို့ဆီသို့ ခရီးစကြသည်။ လမ်းတွင် လေဆိပ်တစ်ခုကို ကျွန်တော်တို့ဖြတ်လာခဲ့သည်။ ပူတာအိုကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ဆက်သွယ်ပျံသန်းနိုင်ရန်အတွက် ယင်းလေဆိပ်ကိုပြုပြင်နေသည်။ လာမည့်နှစ်အနည်းငယ်တွင် ဤနေရာသည် ဟိုတယ်များ၊ ကမ္ဘာလှည့်ခရီးသွားများအတွက် အဆောက်အအုံအများအပြားနှင့် တောင်ပေါ်အပန်းဖြေစခန်းတစ်ခု ဖြစ်လာနိုင်သည်။ ဘုရားကျောင်း၊ ဘုရားရှိခိုးကျောင်းများက ရွာတိုင်းမှာရှိသည်။ ဤဒေသတွင် အများစုက ခရစ်ယာန်များဖြစ်သည်။ အမေရိကန်မစ်ရှင်မို့စ်မိသားစု၏ နှစ်ကာလရှည်ကြာ သာသနာပြုလုပ်ငန်းများ၏ အကျိုးဆက်ဖြစ်သည်။ ၁၉၅၀ နှစ်များမှစပြီး ၆၀ နှစ်များအထိ သူတို့၏သာသနာပြုချိန်ကို ကောင်းမြတ်သောအချိန်ကာလဟု ဒေသခံများက မှတ်ထားကြသည်။ ၎င်းနောက်ပိုင်းတွင် နိုင်ငံရေးပြဿနာများကြောင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ သာသနာပြုများက သူတို့ကို သောက်စားခြင်းမပြုရန် တားမြစ်ခဲ့သည်။ ကျောင်းများ၊ ဆေးခန်းများ ဆောက်လုပ်ပေးခဲ့သည်။ စိုက်ပျိုးနည်းများ သင်ကြားပေးခဲ့သည်။ သစ်ပင်မျိုးသစ်များစိုက်ပျိုးခဲ့သည်။ ကျွန်တော့်ကို ဒေသခံများ လက်ဆောင်ပေးခဲ့သည့် နာမည်ကြီးကျွဲကောသီးသည် အမှန်စင်စစ် သာသနာပြုများက ပူတာအိုဒေသကို မိတ်ဆက်ပေးခဲ့သည်ဟုဆိုသည်။ ရ၀မ်နှင့် လီဆူးတရားဟောဆရာများသည် လူထုအတွင်း အတော်လေး ခံစားနေရဆဲဖြစ်သည်။ မို့စ်မိသားစုကမူ ယခုအခါ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် နေထိုင်လျက်ရှိသည်။ တောလမ်းခရီးကြမ်း တစ်ပတ်ကြာမြင့်ချိန်တွင် ကျွန်တော်တို့သည် နန်တာမိုင်တောင်ကြားကို ကာရံထားသောတောင်ကို စတင်တက်ကြသည်။ လမ်းဖောက်လုပ်နေသည့် ရဲဘက်စခန်းနှင့် ကျွန်တော်တို့ ရုတ်တရက်ဝင်တိုးမိကြသည်။ နန်တာမိုင်တောင်ကြား၊ ပန်မန်ဒမ်ရွာဆီသို့ဦးတည်သည့်လမ်းကို ချဲ့ထွင်နေခြင်းဖြစ်သည်။ အစိုးရနှင့်ပူးပေါင်းပြီး မြန်မာပုဂ္ဂလိကများက ငွေကြေးထောက်ပံ့နေသည်။ အလွန်ခက်ခဲနေပုံရသော်လည်း အကယ်၍ ထိုလမ်းများ ဖောက်လုပ်ပြီးစီးသွားမည်ဆိုလျှင် အထီးကျန်နန်တာမိုင်တောင်ကြားသည် ပြင်ပကမ္ဘာအတွက် လမ်းပွင့်လာမည်ဖြစ်ပြီး အပြောင်းအလဲများက ဤနေရာမှလူများကို ရိုက်ခတ်လာမည်ဖြစ်သည်။ ယင်းအချက်သည် ထူးခြားလှသည့် ပြောင်းလဲမှုကြီးတစ်ခုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တဟွန်ဒမ်ရွာကို နန်တာမိုင်တောင်ကြားက ကမ္ဘာကြီး၏ လာရောက်ရန်အခက်ခဲဆုံးရွာစွန်တစ်ခုဖြစ်စေခဲ့သည် မဟုတ်ပါလား။ အမေဇုံမြစ်ဝှမ်းတွင်ပင် ဝေးလံခေါင်သီသောရွာဆီသို့ လှေဖြင့်သွားလာနိုင်သေးသည်။ ဤနေရာတွင်မူ နန်တာမိုင်မြစ်က ကမ္ဘာ့ရေစီးအသန်ဆုံး၊ အကြမ်းတမ်းဆုံး လူသတ်မြစ်ဟုယူဆရသည်။ ဤစကားက ကျွန်တော့်ထံမှမဟုတ်ပါ။ ဤမြစ်အတွင်း ၂၀၀၃ ခုနှစ်က လှေစီးဆင်းခဲ့သော ကမ္ဘာ့ထိပ်တန်းကာယာကာခေါ် မြစ်ကြောင်းလှေခရီးကြမ်းစီးသူ၏စကားဖြစ်ပါသည်။ သူတို့အသက်ဘေးမှ သီသီလေးကပ်ပြီး လွတ်မြောက်ခဲ့ကြသည်။ သူတို့ထဲမှတစ်ဦးမှာ ကျွန်တော်၏ ရ၀မ်ဘာသာပြန်ဖြစ်ပြီး သူတို့အတွက် စကားပြန်လုပ်ပေးခဲ့သူဖြစ်သည်။ အပြောင်းအလဲများက လာရောက်ကြလိမ့်မည်။ ဤအထီးကျန်ဒေသကို ဒီမိုကရေစီဝင်ရောက်လာသည်ဟု လူများကလည်း ပြောဆိုကြလိမ့်မည်။ ဤနေရာတွင် အတိတ်က ဒီမိုကရေစီစနစ်ကို သိရှိခဲ့ကြသည်ဆိုသည်ကို သိရှိသူအနည်းငယ်သာရှိသည်။ ကချင်ဘာသာဖြင့် ဂမ်လာအိုဟုခေါ်သည်။ ဗြိတိသျှလူမှုရေးပညာရှင်အီးလိခ်ျက သူ၏ ၂၀ ရာစုလယ်တွင် ရေးသားခဲ့သည့် The Political systems of highland Burma စာအုပ်တွင် အသေးစိတ်ပုံဖော်ပြခဲ့သည်။ ဂမ်လာအိုစနစ်သည် ရီပက်ဘလေကန်စနစ်ပုံစံရှိသည့် တန်းတူညီမျှလူနေမှုစနစ် တစ်ခုဖြစ်သည်။ ယင်းသည် အုပ်ချုပ်သူလူတန်းစားဖြစ်သည့် ဂမ်ဆာအိုနိုင်ငံရေးစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ယခုအခါတွင် အဆိုပါအခေါ်အဝေါ်များကို ဒေသခံများ မေ့လျော့နေကြပြီ။ သို့သော် လူသားတို့၏ဘ၀များနှင့် လူမှုရေးအပြောင်းအလဲများသည် သံသရာစက်ဝိုင်းတစ်ခုလိုပင်ဖြစ်နေသည်ဆိုသည့် အမှန်တရားကို ကျွန်တော်တို့တွေ့ရသည်။ ဂမ်လာအိုသည် နန်တာမိုင်တောင်ကြားကို ဒီမိုကရေစီဟူသောအမည်ဖြင့် ပြန်လည်ရောက်ရှိလာသည်။ ဂါဝိုင်ရွာတစ်ဝိုက်တွင် မိုးသည်းထန်စွာရွာချလိုက်ချိန်တွင် ကျွန်တော်တို့ကို မျှော့အုပ်ကြီးက ၀ိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ မုတ်သုံမိုးရာသီက တောင်ပြိုမှုအများအပြားဖြစ်စေပြီး လူပေါင်းများစွာကိုလည်း အတိဒုက္ခရောက်စေသည်။ ကျွန်တော်တို့သည် ဒါဇွန်ဒမ်ရွာသို့သွားရာလမ်းပေါ် ရောက်နေကြပြီး ပထမဆုံးအကြိမ်အဖြစ် ကျွန်တော့်ကိုယ်ပေါ်မှ စိုစွတ်ပေကျံနေသော တောလမ်းမှမြေမှုန့်များက ကျွန်တော့်ခန္ဓာကိုယ်နှင့်အတူ ကြမ်းတမ်းသောကျောက်တုံးကြီးများပေါ်သို့ ပြုတ်ကျသွားတော့သည်။ ဤကြမ်းရှသော ကျောက်ဆောင်တန်းများထဲတွင် ကျောက်တုံးတစ်တုံးနှင့်တိုက်မိလျှင်ပင် လဲကျသွားနိုင်သည့်အကြောင်းရှိသောကြောင့် ထိုအခိုက်မှာ တော်တော်လေးအန္တရာယ်ရှိသော အခိုက်အတန့်လည်းဖြစ်သည်။ ကံကောင်းစွာပင် ကျွန်တော် သွေးထွက်ရုံပဲထွက်ပြီး မတ်တတ်ရပ်ကာ တစ်လှမ်းချင်းလျှောက်လာနိုင်ခဲ့သည်။ အရိုးများမကျိုး၍ ကျွန်တော် ကံကောင်းပါသည်။ သို့သော် ကျွန်တော့် ရ၀မ်လူမျိုးဘာသာပြန်ကမူ ထိုအဖြစ်မျိုး ဤနေရာတွင် မကြာခဏဖြစ်လေ့ရှိသည်ဆိုသည်။ ငယ်စဉ်တုန်းကတော့ သူသည် တဟန်ဒမ် နောက်ဆုံးရွာသို့ အမဲလိုက်ရန်နှင့် မြေပြန့်ဒေသများတွင် ဈေးကောင်းရသော ဆေးမြစ်များကို ရှာဖွေစုဆောင်းရန် သွားရောက်ခဲ့ဖူးသည်။ ၀ယ်သူများကလည်း လက်တင်ဘာသာရုက္ခဗေဒအားဖြင့် အခေါ် CORDYCEPS SINENSIS ခေါ် ရှားပါးသည့် တောင်ပေါ်မှိုအမျိုးအစားကို ဈေးကြီးပေးဝယ်ရန် အသင့်ရှိနေကြသည်။ ထိုမှိုမှာ အံ့ဖွယ်အစွမ်းဖြင့် ကင်ဆာပင်ပျောက်သည်ဟု ယုံကြည်ကြသည်။ မှိုပွင့်သည် ထူးခြားသည့်နည်းလမ်းဖြင့် မျိုးပွားသည်။ မှိုပင်မှာ အင်းဆက်သားလောင်းထဲတွင် ပေါက်ဖွားပြီးနောက် သားလောင်းကိုသတ်ဖြတ်ရင်း ၄င်း၏ခန္ဓာအကြွင်းအကျန်များကို အခြောက်ခံစေရင်းဖြင့် မြေပြင်ထဲမှပွင့်လာခြင်းဖြစ်သည်။ ဒဇောင်းဒမ်တွင်တော့ ကျွန်တော်တို့ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ World Conservation Society က မြန်မာအဖွဲ့ဝင်များကို တွေ့ခဲ့သည်။ ၄င်းတို့မှာ ဒေသခံလူမျိုးစုများ ထိုဧရိယာအတွင်း အမဲလိုက်မည်ကို တားမြစ်နိုင်ရန် ကင်းလှည့်စောင့်ကြည့်နေခြင်းဖြစ်ပါသည်။ ၁၉၉၇ တွင် မစ္စတာအလန်ရာဘင်နိုဗစ်၏ သုတေသနများကြောင့် ၁၉၉၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒေသခံများမှာ WCS ၏ အစီအစဉ်ကို ထောက်ခံကြောင်း ပြောသည့်ပုံ၊ တန်ဖိုးထားလေးစားသည့်ပုံမရှိကြပါ။ သူတို့ဘိုးဘေးများက ရာစုနှစ်များစွာလုပ်ခဲ့ပြီးခါမှ သူတို့လက်ထက်တွင် ဘာကြောင့်အမဲလိုက်ခြင်းကိစ္စ ရပ်တန့်ရမည်ကို နားမလည်ကြပါ။ ကျွန်တော့်မှာလည်း တစ်ဖက်ကနေ၍ ဤအမြဲစိမ်းသစ်တောသည် စိတ်ဝင်စားစရာ တိရစ္ဆာန်မျိုးစိတ်အရေအတွက်များဖြင့် ပေါများကြွယ်ဝနေသော်လည်း မကြာမီလောက်ကပင် ဒေသတွင်းနေထိုင်သည့်လူဦးရေမှာ သိသာစွာကျဆင်းသွားသည်ကို နားမလည်နိုင် ဖြစ်နေသည်။ ထို့နောက် မကြာမီ ကျွန်တော်အဖြေရသည်။ “သူတို့က နှစ်ပေါင်းများစွာ အမဲလိုက်လာကြတာ။ ဒါပေမဲ့ သူတို့အကျိုးအတွက်ပဲ လုပ်ခဲ့ကြတာ။ တရုတ်ပြည်ထဲမှာ ဈေးကွက်စီးပွားရေးပြောင်းလဲမှုတွေလုပ်တော့ တရုတ်တွေကပဲ တိရစ္ဆာန်အရေခွံတွေနဲ့ အင်္ဂါတွေကို ဈေးကောင်းပေးပြီး စ၀ယ်ကြတော့တာပဲ။ အဲဒီမှာ ဂေဟဗေဒကပ်ဆိုးရှုခင်း ပေါ်ထွက်လာတော့တာပါပဲ”ဟု ကျွန်တော့်လမ်းပြကပြောသည်။ ဤနေရာတွင် ဆင်ရိုင်းတစ်ကောင်မှ မြင်ရတော့မည်မဟုတ်တော့။ ရှိသမျှအကုန်လုံးကလည်း ပြီးခဲ့သည့်နှစ် ၂၀ အတွင်း သတ်ဖြတ်ခံရပြီး ပျောက်ကွယ်သွားခဲ့ပြီ။ ကျားများမှာလည်း အလွန်ရှားပါးလွန်းလှကာ ပုန်းအောင်းပြီးသာ တည်ရှိနေတော့သည်။ နှင်းတောင်ကျားသစ်များလည်း နည်းသထက်နည်းလာသည်။ ဒီကမ္ဘာမြေမှာ ဒါတွေကို ဘယ်သူရပ်မှာလဲ။ ကျွန်တော့်ခရီးတွင် ဖြတ်ကျော်ခဲ့သော နန်တမိုင်တောင်ကြားသည်လည်း ဗလာဟင်းလင်းဖြစ်နေပါပြီ။ ကျွန်တော့်အတွက် အထမ်းသမများအဖြစ် လိုက်ပါပေးကြသော မိန်းကလေးနှစ်ဦးမှာ ဒဇွန်ဒမ်တွင်ကြီးပြင်းခဲ့ကြသူများဖြစ်သည်။ သို့သော် ပြီးခဲ့သည့်ခုနစ်နှစ်ခန့်ကတော့ ကျောင်းတက်ရန် ပူတာအိုသို့ သူတို့ပြောင်းရွှေ့သွားခဲ့ကြသည်။ သိပ်မကြာခင် မိဘများလည်း သူတို့နောက်လိုက်ခဲ့ကြသည်။ ဤသည်မှာ တောင်ကြားမှရွာများ တဖြည်းဖြည်းပျောက်ကွယ်သွားရခြင်းအကြောင်းရင်းဖြစ်သည်။ လူများသည် ခက်ခဲသောတောင်ပေါ်အခြေအနေ၊ အမဲလိုက်ရခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ရန် ယာမီး ရှို့ရခြင်း စသောအလုပ်များကို ငြီးငွေ့လာပြီး နေသာသော ပူတာအိုလွင်ပြင်တွင် နိဗ္ဗာန်ဘုံတစ်ခုကို သွားရှာကြသည်။ မြို့ပြတည်ထောင်ခြင်းနှင့် လူဦးရေထူထပ်သိပ်သည်းလာခြင်းများက ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေပြီး မကောင်းသည့် အကျိုးဆက်များကိုလည်း စတင်စူးစမ်းလာကြပါပြီ။ ပြောင်းပြန်အံ့သြစရာ ဖြစ်ရသည်မှာ ထိုတောင်ကြားတွင် မကြာမီချမ်းသာသောသူဌေးများနှင့် ကြွယ်ဝသည့်အငြိမ်းစားပုဂ္ဂိုလ်များက အခြေချတော့မည်။ ဆူညံပြီး လူဦးရေထူထပ်သည့်မြို့ကြီးများနှင့် ဝေးကွာတိတ်ဆိတ်ငြိမ်းချမ်းသောနေရာတွင် နေထိုင်နိုင်ရန် ငွေအများအပြားသုံးကာ လာနေကြမည့်သူများဖြစ်သည်။ ခရီးစဉ် ၁၂ ရက်မြောက်နေ့တွင်တော့ ကျွန်တော်တို့ အရွန်ဒမ်ရွာတွင် ရပ်နားခဲ့ကြသည်။ ရွာလူကြီးက နွေးထွေးစွာကြိုဆိုသည်။ ခြံဝင်းများမှာ ရှင်းလင်းနေပြီး ခွေးများက ဟောင်နေကြသည်။ မတ်စောက်သည့် တောင်ကြောအောက်ဘက်တစ်နေရာတွင် သီချင်းဆိုသံ ကျွန်တော်ကြားခဲ့ရရာ ယင်းမှာ ဘုရားကျောင်းတစ်ခုဖြစ်သည်။ ကျောင်းအတွင်း အမျိုးသမီးများမှာ ဘယ်ဘက်ခြမ်းတွင်ထိုင်ပြီး အမျိုးသားများက ညာဘက်ခြမ်းတွင် ထိုင်နေသည်။ ပွဲပြီးတော့ ကျွန်တော်လည်း ကျောင်းထဲမှထွက်လာသည့် လူအုပ်နှင့် မျက်နှာချင်းဆိုင်ဝင်ပေါက်တံခါးမကြီးသို့ ရောက်သွားသည်။ ကျွန်တော့်အနားကို အကုန်လုံးဝိုင်းလာကြပြီး လက်ဆွဲနှုတ်ဆက်ကြသည်။ ရုတ်တရက်ပင် တစ်စုံတစ်ယောက်၏ လက်ဖ၀ါးအထိကို ကျွန်တော်ခံစားလိုက်ရသည်။ သို့သော် ထိုသူ့မျက်နှာကို ကျွန်တော်မမြင်။ ယင်းမှာ ဒါဝီဖြစ်ပါသည်။ ကမ္ဘာတွင် နောက်ဆုံးကျန်ရှိနေသော အာရှပစ်ဂမီလူမျိုးတစ်ဦးပင်။ စူးစမ်းရှာဖွေနိုင်ဖို့အကောင်းဆုံးနည်းကတော့ သူ့ကိုစကားပြောလာအောင်လုပ်ခြင်း ဖြစ်သည်။ သို့သော် သဘာဝအတိုင်းပင် သူက ရှက်နေပြီး ပြောချင်သည့်ပုံမရှိ။ ကျွန်တော် နည်းလမ်းရှာရတော့သည်။ သူ့ကို ကျွန်တော့်ခရီးစဉ်တွင် အထမ်းသမားအဖြစ် လိုက်ခဲ့မည်လားမေးရာ သူသဘောတူသည်။ သူက WCS ၏ ကန့်သတ်တားမြစ်ချက်များကြောင့် အမဲလိုက်ခြင်းကိုရပ်ထားရပြီး ငွေလိုနေသည်။ တစ်နေ့တည်းမှာပင် ကျွန်တော်တို့ စိုရွှဲစွာ၊ မောပန်းစွာဖြင့် နောက်ဆုံးရွာထဲသို့ ၀င်ရောက်သွားခဲ့ကြရသည်။ ရွာနောက်တွင်တော့ နှင်းများ၊ တောင်များနှင့် တိမ်များကိုသာ မြင်နိုင်တော့သည်။ နောက်တစ်နေ့တွင်တော့ ကံကောင်းစွာပင် နေရောင်က တောင်ကြားထဲကျရောက်လာ၍ ကျေးလက်ဒေသ၏ ပြတ်သားသော အရောင်များနှင့်ပုံရိပ်များကို မြင်တွေ့ရသည်။ ရွာလူကြီးအိမ်တွင် ကျွန်တော်အိပ်ခဲ့ပြီး ၄င်းမှာ တကာရှီအိုဇာကီနှင့်အတူ ခါကာဘိုရာဇီတောင်ကို တက်နိုင်ခဲ့သော တိဗက်လူမျိုး၏ညီဖြစ်သည်။ ၎င်းမှာရွာတွင် အချမ်းသာဆုံးဖြစ်ပုံရသည်။ ခရီးတစ်လျှောက် နောက်ဆုံးရွာသို့ရောက်ခါမှ အခန်းအလယ်တွင် တိဗက်မှသယ်လာသော တီဗီကြီးတစ်လုံးနှင့် ဂြိုဟ်တုရုပ်သံဖမ်းစက်စလောင်းတစ်ခုကို တွေ့လိုက်ရရာ အံ့သြစရာဖြစ်သည်။ ကျွန်တော်တို့အဖွဲ့လည်း ရွာတွင်အနားယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒါဝီ၊ ကျွန်တော်နှင့် တဟန်ဒမ်မှ တိဗက်ကောင်လေးတို့မှာ တောင်တက်ရမည့်ခရီးအတွက် ပြင်ဆင်ရသည်။ ကျွန်တော်တို့အလွန်ဆိုးရွားစွာ မတ်စောက်နေသာ တောင်တက်လမ်းပေါ်သို့တက်ခဲ့ရပြီး ရင်ခေါင်းအထိနက်သော နှင်းခဲအပုံများကြားတွင်ရှိသော ကျောက်ဆောင်အောက်၌ အိပ်စက်ခဲ့ရသည်။ အရာရာတိုင်းမှာအေးခဲနေပြီး အမည်မရှိသော တောင်ထိပ်ဖျားမှ ကြည့်လိုက်လျှင် ကျွန်တော်တို့ အောင်မြင်စွာတက်နိုင်ခဲ့သော်လည်း ဘာမှမမြင်ရ။ ထူထဲသောမြူနှင်းများနှင့်။ မြင်ကွင်းရှင်းသွားသည့်အခါများတွင်တော့ တောင်ပိုင်းမှ ဆင်ခြေလျှောများပေါ်တွင် ကြီးမားလွန်းသော နှင်းထုကြီးများ။ ကျွန်တော်ကား ကမ္ဘာတွင် နောက်ဆုံးကျန်နေသော မထိတွေ့ရသေးသည့် တောရိုင်းမြေတစ်ခုကိုထိတွေ့ခဲ့ရပြီ။ ခါကာဘိုရာဇီတောင်ကိုတက်နိုင်ဖို့ ကျွန်တော် မြောက်ဘက်သို့ သုံးရက်ခန့် ချီတက်ရပေဦးမည်။ ဒါဝီကတော့ တစ်ခါတလေတွင် နောက်ဆုံးအသက်ရှင်ကျန်ရစ်သော ထရုံလူမျိုးတစ်ဦးအဖြစ် ထင်ရပါသည်။ အသက် (၆၂) နှစ်အရွယ်ရောက်နေသည့်အချိန်တွင် သူသည် ထရုံနှမများနှင့်အတူ နေထိုင်နေပါသည်။ သူ့ဇနီးမှာမူ ပျားရည်ရှာရင်း တောင်စောင်းတစ်ခုမှလိမ့်ကျကာ ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ သူပြောသည့်စကားက ရ၀မ်နှင့် ထလူဒေသီယစကားများနှင့် ကွဲပြားသည်။ ၁၉၆၂ တွင် မြန်မာဆေးအဖွဲ့တစ်ခုက အရွန်ဒမ်ရှိ သူ့လူမျိုးစုရှိရာသို့ လာရောက်စစ်ဆေးကြည့်ရှုခဲ့ရာတွင် ကလေးတစ်ဦးသာဖြစ်နေပါမည်။ ထိုစဉ်က ထိုနေရာတွင် ထရုံလူမျိုးဦးရေ ၈၀ ခန့် အသက်ရှင်နေထိုင်နေကြကြောင်း အဖွဲ့ကတွက်ချက်ခဲ့သည်။ အခုတော့ ယင်းမှ လူလေးဦးသာ အသက်ရှင်ကျန်ရစ်ပါတော့သည်။ အထီးကျန်အဆက်ပြတ်နေမှုက သူတို့ကို မျိုးဆက်ပြတ်တောက်သွားစေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မျိုးဗီဇအရ ချို့ယွင်းအားနည်းမှုကြောင့် ၁၉၅၀ ပြည့်နှစ်များအတွင်း ငလျင်ကြီးတစ်ရပ် လှုပ်ခဲ့မှုများကြောင့်ဖြစ်သည်။ အကြီးမားဆုံးကြုံဖူးသည့်ငလျင်ဟု ယုံကြည်ရသည့် ထိုငလျင်ကြောင့် တောင်ကွဲသွားမှုများက သူတို့ကို ဆွေမျိုးများနှင့် အဆက်ပြတ်သွားစေခဲ့သည်။ သို့သော် အမှန်တရားက အမြဲပဲရှုပ်ထွေးပါသည်။ ဟိမ၀န္တာတောင်ကြောကြီး၏ ဟိုဘက်အခြမ်းတွင်တော့ တိဗက်ဒရန်လူမျိုးစုဖြစ်သည့် သူ့ဆွေမျိုးများက သူတို့ပုံစံအတိုင်း၊ ဘာသာစကားနှင့် ဓလေ့များအတိုင်း နေထိုင်နေကြပါသည်။ သူတို့ တစ်ခါက တောင်ထိပ်ဖျားပေါ်တွင်ဆုံကြရာ သူက ထိုသူများကို “ဘယ်သွားမလို့”ဟုမေးရာ သူတို့က “မင်းတို့ တောင်ကြားထဲဝင်ပြီး ယာမြေလုပ်ဖို့ နေရာရှာမလို့”ဟု ပြောကြသည်။ သူကလည်း “အဲဒီမသွားနဲ့။ တိရစ္ဆာန်တွေလည်းမရှိတော့ဘူး။ မြေလည်းမရှိတော့ဘူး”ဟု ပြောလိုက်သည်ဆိုသည်။ သို့သော် ဒါဝီ့ကိုကြည့်ရသည်မှာ စိတ်ဓာတ်ကျပုံမပေါ်ပါ။ “လူတွေက ပေါက်ကရတွေပြောနေကြတာ။ ကျွန်တော်က နောက်ဆုံးကျန်တဲ့ ထရုံလူမျိုးတဲ့။ အရွန်ဒမ်မှာရှိတဲ့ ရွာသားအားလုံးက သူတို့ကိုယ်သူတို့ ထရုံလူမျိုးလို့ပဲပြောနေကြတာ။ ကျွန်တော်တို့က အကုန်သွေးနှောထားတာ။ ထရုံနဲ့ ထလူတွေနဲ့ ရ၀မ်တွေနဲ့လေ”ဟု ပြုံးပြီးပြောပါသည်။ (ဆောင်းပါးဒုတိယပိုင်း ) https://www.facebook.com/photo.php?fbid=654792274582410&set=a.654792261249078.1073742107.103865773008399&type=1&relevant_count=1