Tuesday, January 21, 2014

မြန်မာ့နိုင်ငံရေးနှင့် ခြင်းလုံးကစားခြင်း


January 20, 2014 at 11:59pm

မြန်မာတွေဟာ ခြင်းလုံးကစားခြင်းတွေနှင့် ထိတွေ့  အကျွမ်းဝင်ရင်းနီး ကြမှာပါ။
ကိုယ်တိုင်ဝင်မကစားဘူးတာတောင် တွေ့ ဘူးကြုံဘူး ထိတွေ့ ဖူးကြမှာပါ။ ဘယ်လိုကစားကြရတယ်ဆိုတဲ့ စည်းမျဉ်း ဥပဒေကို နားလည်ကြမှာပါ။
ပိုက်ကျော်ခြင်းကို မဆိုလို၊ ဝိုင်းခြင်းမှာဆို ယောင်္ကျား မိန်းမ၊ လူကြီးလူငယ် ပျိုပျို အိုအို အတူတကွ ဝိုင်းဖွဲ့  ကာ ရှံး သူ နိုင်သူမရှိ အတူတကွ ချစ်ကြည်စည်းရုံးကာ လှလှပပ ကစားနိုင်တဲ့ ချစ်စရာမြန်မာ့ဓလေ့ ရိုးရာ ကစားပွဲ (ကစားနည်း) တခုဆိုရင်လည်း မမှားနိုင်ပါ။
အကောင်းဆုံးကစားနိုင်သူကို အလယ်မှာဖြစ်စေ၊ သင့်တော်ရာနေရာတွေမှာ ဖြစ်စေ ထားကာ ခြင်းလုံး လေထဲမှာ ပျံဝဲနေအောင် လှတ ပတ စုစည်းညီညာစွာ ကစားကာ ပရိသတ်တွေရဲ့ လက်ခုပ့် သံတွေ၊ အားပေးမှု့ တွေကိုသယ့်ယူနိုင်တဲ့၊ ရယူနိုင်တဲ့ ချစ်စရာ ကစားပွဲလေးပါ။
ဒါပေမယ့် တဦးကောင်းတယောက်ကောင်း တဘို့ တည်းသမားတွေ ဝင်ကစားလာခဲ့ရင်တော့ အတော့်ကိုစိတ်ပျက်စရာကောင်းတဲ့ မြင်လို့ မကောင်းတဲ့ (ခြင်းလုံး အထာနဲ့ ပြောရင်) ဝိုင်ကြီးပတ်လည်မကစားနိုင်တော့ပါ။
ယနေ့ လက်ရှိ မြန်မာ့နိုင်ငံရေးဟာလည်း ဒီလိုပုံစံဘဲ့ဖြစ်နေ တာကို သတိထားမိလာစေပါတယ်။ အားလုံး ပါဝင်နိုင်တဲ့ ပျော်ရွင်စရာကောင်းတဲ့ ငြိမ်းချမ်းသာယာလာနိုင်မယ့် ကစားပွဲမှာ စစ်ဘက်က ကြောင်ခံတွင်းပျက်တွေ၊ ဇရက်တောင်ပံကျိုးတွေ တဘို့ တည်းသာသိတတ်တဲ့ ခရိုနီတွေနဲ့  ပွဲဟာသရုပ့်ပျက်နေကြပါပြီ။
ဒီနေ့ ဒီအချိန်မှာ ဝိုင်လယ်မှာ ထားကာ ပေးကစားသင့်တဲ့၊ သင့်တော်တဲ့နေရာတွေမှာထည့်သွင်းနေရာပေးကာ ပေးကစားသင့်တဲ့ သမ္မတအဖြစ် လျှော်ကန်သင့်မြတ်လှတဲ့ ဒေါ်စုကို နေရာမပေးနိုင်တာ၊ မပေးချင်တာတွေ ဖြစ်လာနေတာဟာ အတော့်ကိုရုပ့်ပျက်ဆင်းပျက်နိုင်လှပါတယ်။ ပြင်သင့်တဲ့ဥပဒေတွေကို အချိန်မှိမပြင်နိုင်တာ၊ ငါသာသိ ငါသာတတ် လုပ့်ပြီး ဇွတ်အတင်း နေရာဝင်ယူနေကြတဲ့ အစိတ်သား အစိမ်းကောင်တွေဟာ တိုင်ပြည်ကို တကယ်ချစ်တာဟုတ်ပါရဲ့လားလို့ ကိုယ့်ကို ကိုယ်ပြန်မေးခွန်းထုတ်ဘို့ လိုနေပါပြီ။ ရှက်တတ်ရင် လဲသေဘို့ ကောင်းပေမယ့်၊ အရှက်ကြိုးနဲ့ ချက်ကြိုး မွေးတုံးက အရပ့်လက်သယ်က မှာဖြတ်ခံထားကြရတာလားမသိ။ ယိုသူမရှက် မြင်သူရှက်ဖြစ်နေပါတော့တယ်။
အားလုံးပျော်ပျော်ရွှင်ရွှင်ပါဝင်ကစားနိုင်မယ့် ပရိသာတ်ကလည်း တခဲတနက် ထှောက်ခံအားပေးမယ့် ကစားပွဲတခု ၂၀၁၅  ဆိုတဲ့အချိန်ကာလမှာ အချိန်မှိ ကစားနိုင်အောင် တပ့်မတော်က ပြည်သူတွေအားကိုးရမယ့် ညီအစ်ကိုတွေကို မေတ္တာရပ့်ခံချင်တာက
“ မြို့ မေတ္တာခံယူကြမယ့် သားတွေဖြစ်ပါစေ၊ မြို့ မေတ္တာ တုံးတွေမဖြစ်ကြပါစေနဲ့ လို့ ” ဆန္တမွန်ပြုရင်း….ပျော်ရွှင်ချမ်းမြေ့ သာယာလှပသော အနာဂတ် ကို အထှောက်အကူပြုပေးနိုင်ကြပါစေလို့ …။
အောင်မိုး (ကနေဒါ)

No comments: