Wednesday, January 29, 2014

ယနေ့ကျင်းပသောပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းသော ဒေါ်တင်တင်ရီ၏မေးခွန်း--------

ယနေ့ကျင်းပသောပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းသော ဒေါ်တင်တင်ရီ၏မေးခွန်း-------- ကျွန်မကတော့ တနင်္လာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ ဖြစ်ပါတယ် ကျွန်မမေးမြန်းလိုတဲ့မေးခွန်းကတော့ တနင်္လာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်မှာ ရှိတဲ့ ကျောင်း ၃ ကျောင်းနဲ့ပါတ်သက်ပြိးတော့မေးမြန်းသွားမှာ ဖြစ်ပါတယ် လည်းကောင်းမေးခွန်းကို မေးမြန်းရခြင်းအကြောင်းယင်းမှာ တနင်္လာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာအုပ်စု ရန်ကန်းအော်ကျေးရွာတွင် ကိုယ်ထူကိုယ်ထကျောင်းတစ်ကျောင်းကို ၁၉၉၉- ၂၀၀၀ခူနှစ်မှ စတင်ပြီးတော့ကိုယ်ထူကိုယ်ထ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ပြီးတော့ ပညာသင်ကြားခဲပါတယ် လည်းကောင်းကျောင်းကို ရွာနှင့် အနီးဆုံးဖြစ်သည့်တောင်ပျိုမူလွန်ကျောင်းနှင့် တွဲဘက်၍ပညာသင်ကြားခဲ့ခြင်းဖြစ်ပါသည်။ လည်းကောင်းတွဲဘက်ကျောင်းသည် ရေလမ်းခရီးဖြစ်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးမှာ အလွန်တရာခက်ခဲသော နေရာတစ်ခုဖြစ်ပါသည်။ လည်းကောင်းကျောင်းကို သင်ကြားခဲ့သည်မှာ ၁၂ နှစ်ကြာသင်ကြားခဲ့သည်ရှိသော်လည်း အ.မ.က ကျောင်းအဖြစ်အဆင့်တို့းမြှင့်ပေးနိုင်ခြင်းမရှိခဲ့ပါ လည်းကောင်းကျောင်းသည် Section မကြသေးဘဲ ယနေ့တိုင် အမှတ်(၁) အခြေခံပညာဦးစီးဌာန သို့ ဆက်လက်တင်ပြဆဲဖြစ်ပါတယ်။ (၂) အလားတူပင် ကဘင်ကျေးရွာအုပ်စု ကျောက်ပုံချောင်းကျေးရွာ ကိုယ်ထူကိုယ်ထ ကျောင်းမှာလည်း ၂၀၀၉ခုနှစ်မှ စ၍ ရေလမ်းခရီး ၃ မိုင်နီးပါးကွာဝေးသည့်ရေကန်အော်ကျေးရွာ အလက(ခွဲ)နှင့်တွဲဘက်၍ ပညာသင်ကြားခဲ့ရာ ကျောင်းသား/ကျောင်းသူ (၉၀) ကျော်ရှိပါသည်။ တွဲဘက် အမက ဖွင့်လှစ်ခွင့်ပြုပါရန် ၃၁-၁၂ ၂၀၁၁ နေ့မှ တိုင်းပညာရေး တနင်္လာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ အဆင့်တိုးမြှင့်ပေးပါရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြတောင်းခံထားပြီးဖြစ်ပါသည်။ သို့ရာတွင် ယနေ့ထိတိုင် တစ်စုံတစ်ရာထူးခြားမှုမရှိသေးပါ။ (၃) ရေကန်တောင် အမှတ် ၅ ရပ်ကွက် ကျောက်ငါးဖေါင် ကိုယ်ထူကိုယ်ထ ကျောင်းမှာ လည်း ၂၀၁၀ မှစ၍ ကိုယ့်အားကိုယ်ကိုး ကျောင်းအဖြစ် ကလေးငယ် ၁၀၅ ဦးအား ပညာသင်ကြားပေးခဲ့ပါသည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အမက(ခွဲ) အဖြစ် တို့းမှင့်နိုင်ရေးအတွက် အမှတ်(၁) အခြေခံပညာဦးစီးဌာန သို့ ၂၄.၁၀.၂၀၁၃ ရက်စွဲဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆဲဖြစ်ပါသည်။ သို့ပါင၍ ပြည်သူ့လွှတ်တော် ဥက္ကဌကြီးမှတဆင့် အောက်ပါမေးခွန်းများကိုမေးမြန်းအပ်ပါသည် အထက်ဖေါ်ပြပါ ကျောင်း ၃ ကျောင်းအား အမက (ခွဲ) အဖြစ် ပညာသင်နှစ်များအမှီ တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သည့်အချိန်တွင် တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိလိုပါသဖြင့် ကျေးလက်နေ ကျောင်းသား/ကျောင်းသူ မိဘများနှင့် ကျောင်းအကျိုးတော်ဆောင် များကိုယ်စား မေးမြန်းပေးရခြင်းဖြစ်ပါတယ် စသည်ဖြင့်မေးမြန်းခဲ့သည်။

No comments: