Tuesday, January 21, 2014

သက်ရှိသမိုင်းစာမျက်နှာ အဖီးဒေါ်နော်ဒါးနှင့်အမေးအဖြေတချို.

=============================== မေး။ဗိုလ်ချုပ်လာတုန်းက ဘယ်လိုစီစဉ်ပေးရလဲ အဖီး။ ဖြေ။ဗိုလ်ချုပ်လာတုန်းက အိပ်ဖို့ကို ဒီမှာပြင်ပေးတယ်လို့ ပြောတယ်။သူကဒီမှာ အိပ်လို့ မဖြစ်ဘူးဘာဖြစ်လဲဆိုတော့ တော်လှန်ရေးသမားပာာ သူ့နေရာနဲ့သူ အိပ်ရမယ်။အခုကျွန်တော်နဲ့လိုက်ခဲ့တဲ့နေရာပြပါမယ်ဆိုပြီးနေရာပြတယ်။ နေရာပြတော့ ပိာုဗန်ဒါပင်အောက်မှာပေါ့ဖျာခင်းပြီး အိပ်မယ်ဆိုပြီးပြတယ်။ မေး။ ဗိုလ်ချုပ်လာတုန်းက အဖီး တို့ကို ဘယ်လို ဆက်ဆံလဲ။ ဖြေ။ဗိုလ်ချုပ်က သဘောကောင်းတယ်။မာန်မာနမရှိဘူး။လူတိုင်းနဲ့ ဆက်ဆံတယ်။ မေး။ ဗိုလ်ချုပ်ဒီကို လာတုန်းက ဒေါ်စုက (၂)နှစ်ပဲ ရှိသေးတယ်လေ။ဒီနေ့အဖီးဆီကို ဒေါ်စု ကလာသွားတော့ အဖီးလည်းတွေ့လိုက်ပြီလေ။ဒေါ်စုနဲ့ ဗိုလ်ချုပ်ဘာတွေများ ကွာခြားတယ်လို့ မြင်လဲ။ ဖြေ။သူ့သမီးနဲ့ ဘာမှ သိပ်မကွာပါဘူးကြည့်ရတာလေ။သူ့သမီးလည်း စိတ်သဘော ကလည်းကောင်းတယ်။သူ့အဖေလိုပဲ။လူကို ညီတူညီမျှ ဆက်ဆံတယ်။ ဘုရားသခင်လိုပဲ။ဘုရားသခင်ကလည်းသူ့သားသမီးတွေရေလိုချင်ရေပေးတယ်။ မိုးတွင်းမိုးလိုချင်ရင်မိုးပေးတယ်။ညီတူညီမျှရှိတယ်လို့ မြင်တယ်။ အဖီးဒေါ်နော်ဒါး လက် ရှိ အသက် ၉၄ နှစ် စောဖိုးခွားမေးသည်။

No comments: