မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Sunday, January 26, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ အပိုင်း ၁၁ - ၁၄

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ အပိုင်း ၁၁

January 2, 2014 at 5:48am
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် ကြာသာပတေးနေ့ထုတ်မှာပါတဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့မှတ်တမ်း အခန်းဆက်ဆောင်းပါးရှည် "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၁

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

အားလုံးကိုလေးစားလျက်
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

ယခင်လမှအဆက်

ခရစ်စတိုဖါကိုကိုလတ်နှင့်တွေ့ခြင်း 
ဝမ်းခစခန်းတွင်ရှိစဉ်က ကျန်ခဲ့သည့် စိတ်ဝင်စားစရာသမိုင်းကြောင်းလေး တစ်ခုကို ဖြည့်ပြောချင်သည်။ ကိုကိုလတ်သည် ဘီဘီစီသတင်းထောက် ခရစ်စတိုဖါဂါးနက် လာစဉ်က အင်တာဗျူးလုပ်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ခရစ်စတိုဖါကိုကိုလတ်ဟု အမည်တွင်သည်။ ရှစ်လေးလုံးကို ဦးဆောင်ခဲ့သောသူများထဲတွင် ကိုကိုလတ်သည်လည်း ထင်ရှားသူတစ်ဦးဖြစ်ခဲ့သည်။ ကျွန်တော်တို့ တောခိုလာပြီးနောက် ကိုကိုလတ်နှင့် ဆေးကျောင်းသား ကိုကောင်းစံ (မဝင်းမော်ဦးကို သယ်ယူနေသောဆေးကျောင်းသားနှင့် ဆရာဝန်လေးတို့နှင့်အတူ လူနာလိုက်ကောက်ခဲ့သူ) တို့နှစ်ဦး တောခိုသောကျောင်းသားများကို ပြန်လာကြရန်လာခေါ်သည့်အတွက် ကေအင်န်ယူမှ ဝမ်းခစခန်းအချုပ်တွင် ကိုကိုလတ်နှင့် ကောင်းစံတို့ကို ချုပ်ထားခဲ့သည်။ ထိုသတင်းကို ကြားသည့်အခါ ကျွန်တော်၊ ကိုဝင်းမိုးနှင့် ကိုအောင်နိုင်တို့သည် ချုပ်ထားရာနေရာသို့သွားရာ ကိုကိုလတ်နှင့် တွေ့ရသည်။ ကိုကိုလတ်သည် အချုပ်ခန်းသစ်သားတိုင်ကြားမှနေ၍ စကားပြောသည်။ ကိုဝင်းမိုးတို့က ကိုကိုလတ်ကို ရန်သူနှင့်ပေါင်းသည့် ရန်သူ့လူဟု စွပ်စွဲသည်။ ကိုကိုလတ်က အသားတွေတုန်ပြီး အတူတူလုပ်လာသူ အချင်းချင်းသတ်ရင် သတ်လိုက်ဟု ပြောသည်။ ကျောင်းသားများ တောထဲတွင် သေကြေကြမည်ကို မမြင်ချင်၍ စေတနာဖြင့် သူက လာခေါ်သည်ဟု ပြောသည်။ ထို့နောက် ကျွန်တော်တို့ ပြန်ခဲ့ကြသည်။ နောင်တွင် ဒီအေဘီ အစည်းအဝေးကြီးပြီးသည့်နောက် ကျွန်တော် ဝမ်ခစခန်းသို့သွားရာ ထိုစခန်းတွင် စစ်သင်တန်းပေးသဖြင့် အေဘီစခန်းအသီးသီးမှ ရဲဘော်များစခန်း အလိုက်လာပြီး လူပေါင်းတစ်ရာကျော် သင်တန်းတက်ကြသည်။ ထိုသင်တန်းတက်နေသောသူများထဲမှ ဆရာဝန် ဒေါက်တာသောင်းထွန်းဆိုသူနှင့်တွေ့ရသည်။ အရပ် ၅ပေ ၄ လက်မခန့်၊ အသားဖြူဖြူ၊ ကျွန်တော့်ထက်ငယ်သော်လည်း တစ်ခေါင်းလုံးဖြူနေသူဖြစ်သည်။ သူတို့နေသော ဘားတိုက်သို့ဝင်သွားသည့်အခါ ပြာပြာသလဲဖျာခင်းပေးပြီး သူတို့သင်တန်း အခြေအနေကို ဘေးတွင် ကြုံကြုံလေးထိုင်၍ ပြောပြသည်။ ကိုကိုလတ်နှင့်ပါလာသော ဆေးကျောင်းသား ကောင်းစံသည် ယခုအခါ အမြင်မှန်ရနေပြီး သူတို့နှင့်အတူ စစ်သင်တန်းတက်နေပြီဖြစ်ကြောင်း ကိုသောင်းထွန်းက ကျွန်တော့်ကို အားတက်သရော ပြောပြသည်။ သူပြောသည်ကို ကျွန်တော့်အသိစိတ်က လက်မခံနိုင် တစ်ခုခုတော့ မှားနေပြီဟု ထင်မိသည်။ ထို့ကြောင့် ကောင်းစံကို အခေါ်လွှတ်လိုက်သည်။ ရောက်လာသည့်အခါ အားလုံးကို အခန်းတွင်းမှ ထွက်စေပြီး ကောင်းစံနှင့်နှစ်ဦးတည်း စကားပြောကြသည်။
“ညီလေး၊ မင်းစစ်သင်တန်းတက်နေတယ်ကြားရတယ်၊ ဒါပေမယ့် မင်းကို ငါမေးမယ်၊ မှန်မှန်ဖြေနော်၊ မလိမ်နဲ့၊ မင်းဒီလိုသင်တန်းတက်နေတာ စိတ်ပါလို့ တက်နေတာလား၊ ဒါမှမဟုတ် အသတ်ခံရမှာစိုးလို့ တက်နေတာလား။ ငါ့ကိုမလိမ်နဲ့၊ အေး၊ မင်းစိတ်ပါလို့ တော်လှန်ရေးလုပ်ချင်လို့၊ စစ်သင်တန်းတက်နေတာဆိုရင် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုတယ်၊ ဒီလိုမဟုတ်ဘူးသေမှာကြောက်လို့ တက်နေတာဆိုရင် ငါတို့အတွက်လဲ မကောင်းသလို မင်းအတွက်လည်း မကောင်းဘူး၊ စိတ်မပါဘဲနဲ့တော့ မတက်နဲ့။ ငါမင်းပြန်ချင်တယ်ဆိုရင် လွှတ်ပေးမယ်၊ ဘာမှ မကြောက်နဲ့ မှန်မှန်ပြော” ဆိုတော့ ကောင်လေးက ကျွန်တော့်မျက်နှာကို စိုက်ကြည့်ပြီး အကဲခတ်သည်၊ နောက်မှ ကျွန်တော် အမှန်ပြောနေတာလို့ ယုံသွားပြီး “ဟုတ်တယ် အကို၊ ကျွန်တော်ကြောက်လို့ စစ်သင်တန်းတက်နေတာ၊ ကျွန်တော်ပြန်ချင်တယ်” ဟု ပြောလာသည်။ ဒီတော့မှ “အေး။ မင်းအခုလို မှန်မှန်ပြောတာ ငါဝမ်းသာတယ် မင်းကိုလွှတ်ပေးမယ်” ဆိုပြီး၊ ညနေပိုင်းတွင် မဲဆောက်ကိုသွားမည့် ကားကြုံနှင့် ကောင်းစံလေးကို တင်ပေးပြီး လွှတ်ပေးလိုက်သည်။ ကျွန်တော်မြင်သည်က ကြောက်လို့စိတ်မပါဘဲ စစ်ထဲဝင်လာတဲ့ သူတွေကို မလိုချင်ပါ။ ထို့အပြင် စိတ်မပါသည့် သူတွေပါလာခဲ့လျှင် အဖွဲ့မှာလည်း အန္တရာယ်ရှိသည်ဟု ယုံကြည်သည်။ သို့ရာတွင် ကိုကိုလတ်ကို ကျွန်တော် လွှတ်ပေး၍မရ၊ ကိုဝင်းမိုးတို့က ချုပ်ခိုင်းထားသဖြင့် ကျွန်တော့်သဘောနှင့်လွှတ်၍မရ၊ နောင်တွင် ဗိုလ်မှူးစိုးစိုးမှ လွှတ်ပေးလိုက်သည့်အတွက် လွတ်သွားသည်ကို ရန်ကုန်တွင် ကိုကိုလတ်နှင့်ဆုံသည့်အခါ သူပြောပြ၍ သိရသည်။

ဝမ်းခစခန်းသင်တန်းဆင်းပွဲပြဿနာ  
ဝမ်းခစခန်းတွင် ကရင်ပြည်နယ်ကျောင်းသားများစခန်းအသီးသီးမှ စစ်သင်တန်းတက်ရန် စေလွှတ်လိုက်သူများ တက်ရောက်ကြသည်။ ထိုစစ်သင်တန်းတွင် အများစုမှာ အေဘီအက်စ်ဒီအက်ဖ်မှ ဖြစ်ပြီး ကေအင်န်ယူမှ ၃၃ ယောက်သာ သင်တန်းတက်သည့်အထဲတွင် ပါဝင်သည်။ ဝမ်းခစခန်းတွင် စခန်းမှူးမှာ ဗိုလ်မှူးချုပ် တော်လှ၊ ဗိုလ်မှူးကြီး သန်းမောင်၊ ဗိုလ်မှူးကျော်သောင်းနှင့် ဗိုလ်ကြီးစိုးမင်းတို့က ဦးစီးကြသည်။ ဗိုလ်ကြီးစိုးမင်းသည် မဲဆောက်မြို့တွင် နေသည်။ သူ့အိမ်သည် ကျွန်တော်တို့မဲဆောက်သို့လာသည့်အခါတိုင်း တည်းခိုအိမ်ဖြစ်သည်။ ဗိုလ်ကြီးစိုးမင်းသည် ကုလားကပြားဖြစ်ပြီး အလွန်သဘောထား ပြည့်ဝသည်။ သူ့မိန်းမသည် အာကြမ်း လျှာကြမ်းဖြစ်သော်လည်း အလွန်သဘောကောင်းသည်။ ကျွန်တော်တို့လာလျှင် မညီးမညူ ချက်ပြုတ် ကျွေးမွေးသည်။ ဗိုလ်မှူးကျော်သောင်းသည် ဗုဒ္ဓဘာသာ ကရင်လူမျိုး ဖြစ်သည်၊ မြစ်ဝကျွန်းပေါ်သားဖြစ်ပြီး ဗမာစကားကို ပီသစွာပြောနိုင်ပြီး ဘုရားတရား ကိုင်းရှိုင်းသူဖြစ်သည်။ စခန်းမှူးဗိုလ်မှူးချုပ်တော်လှသည် စစ်ရေးအထူးကျွမ်းကျင်ပြီး တိုက်ပွဲများစွာ အောင်ပွဲများစွာ ရရှိထားသည့် နံမည်ကျော် တိုက်စစ်မှူးတယောက်ဖြစ်ပြီး၊ ခံစစ်သေကို စီမံခန့်ခွဲရာတွင်လည်း အထူးကျွမ်းကျင်သူဖြစ်သည့်အတွက် ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်နေရသော ဝမ်းခစခန်းသစ်တွင် အထူးတာဝန် နှင့်နေစေခြင်းဖြစ်သည်။ စစ်သင်တန်းတက်နေသူများတွင် ဘားအံ့မြို့မှ တောခိုလာသော ကျောင်းဆရာကြီး ဦးယုနွယ်နှင့် ဆရာဝန် ဒေါက်တာမြင့်ချိုတို့လည်း ပါဝင်သည်။ ထို့ကြောင့် စစ်သင်တန်း တက်နေသော လူများထဲတွင် ပညာတတ် ဆရာဝန်နှစ်ယောက်နှင့် ကျောင်းဆရာတစ်ယောက် ရှိနေခဲ့သည်။ ကျွန်တော် စစ်သင်တန်းသို့ သွားရောက် ကြည့်ရှုစဉ် ဒေါက်တာသောင်းထွန်းက ကျွန်တော့်အား အထူးရိုသေစွာ ဆက်ဆံသည်။ နေရာထိုင်ခင်းအတွက် ဖျာခင်းပေးခြင်း၊ သောက်ရေကမ်းပေးခြင်း၊ စစ်သင်တန်းအခြေအနေများကို အားတက်သရောတင်ပြခြင်းတို့ကို ပြုလုပ်ပေးသဖြင့် လူရည်လည်သူတစ်ယောက်ဖြစ်ကြောင်း သတိထားမိသည်၊ လူ့သဘောအရ မိမိကို အလွန်ရိုသေပြနေသူကို သဘောကျသည်။ ထို့ကြောင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။ ထိုအခါ ဒေါက်တာသောင်းထွန်းအပါအဝင် သင်တန်းတက်နေသူများက သူတို့အခက်အခဲကို တင်ပြလာကြသည်။ သူတို့တင်ပြချက်မှာ သင်တန်းဆင်းပွဲတွင် ဗိုလ်မှူးချုပ်တော်လှက သင်တန်းဆင်းများအားလုံး ကေအင်န်ယူ အလံနှင့် အေဘီအက်စ်ဒီအက်ဖ်အလံနှစ်ခုလုံးကိုကိုင်၍ သစ္စာပြုရမည်ဟု အမိန့်ထုတ်ထားကြောင်း သူတို့အနေနှင့် အေဘီအက်စ်ဒီအက်ဖ်အလံကိုသာကိုင်၍ သစ္စာပြုချင်ကြောင်း တင်ပြလာသည်။ ထိုစကား ကြားသည့်အခါ ကျွန်တော် အတော်အံ့သြသွားသည်။ ကေအင်န်ယူနှင့် ကျွန်တော်တို့သည် မဟာမိတ်များသာ ဖြစ်ကြသည်။ အဖွဲ့နှစ်ဖွဲ့စလုံး၏အလံကိုင်၍ သစ္စာပြုရမည်ဟု မကြားဖူးခဲ့ပါ။`
ထို့ကြောင့် ဗိုလ်မှူးချုပ်တော်လှထံသွားရောက်ပြီး စစ်သင်တန်းဆင်းပွဲကို အလံနှစ်ခုလုံးကိုင်၍ သစ္စာဆိုခြင်းသည် မဖြစ်နိုင်ကြောင်း မဟာမိတ်အဖြစ် ခိုင်မြဲဖို့သာ အရေးကြီးကြောင်း ကျွန်တော်တင်ပြသည်ကို ဗိုလ်မှူးချုပ်တော်လှက မျက်နှာမကောင်းစွာဖြင့် လက်ခံလိုက်သည်။ နောင်တွင် ကျွန်တော်က သူတို့ ကရင်များကို မယုံကြည်ကြောင်း ဘားအံ့မှ ကျောင်းဆရာကြီး ဦးယုနွယ်အားပြောပြပြီး မျက်ရည်ကျသည်ဟု သိရသဖြင့် စိတ်မကောင်းဖြစ်ရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဦးယုနွယ်က ရှူးရှူးရှဲရှဲဖြင့် ရောက်လာပြီး “ဒီမှာ မောင်ထွန်းအောင်ကျော် မင်းငယ်ပါသေးတယ်၊ မင်းနိုင်ငံရေးဘာမှနားမလည်ပါဘူး၊ အလံကိုင်သစ္စာဆိုတာ ဘာဖြစ်လဲ။ သူတို့ကရင်တွေလည်းပါတာပဲ” ဟု ပြောလာသဖြင့် “ဒီမှာ ဦးယုနွယ်ခင်ဗျား ကျုပ်ထက် အသက်ကြီးပေမယ့် ခင်ဗျားထက် နိုင်ငံရေးနားလည်တယ်မှတ်ပါ၊ နိုင်ငံရေးကို အခုမှ လုပ်တာမဟုတ်ဘူး ၁၉၇၄ ကတည်းက လုပ်လာတာ၊ အသက်ငယ်ပေမယ့် ခင်ဗျားထက် နိုင်ငံရေးသမ္ဘာရှိတယ်မှတ်ပါ။ ကျုပ်က ဥက္ကဋ္ဌ၊ ကျုပ်အဖွဲ့ရဲ့လွတ်လပ်စွာ ရပ်တည်ချက်အရလုပ်တာ ခင်ဗျားဘာမှ ပြောစရာမလိုဘူး” လို့ ပြန်ပြောမှ ဦးယုနွယ် ငြိမ်သွားသည်။  ထိုလုပ်ဆောင်ချက်ကြောင့် ကေအင်န်ယူမှ ကျွန်တော်သည် သူတို့ကို ဆန့်ကျင်နေသူ ဖြစ်ကြောင်း အချို့ကရင်ခေါင်းဆောင်များက မှတ်ယူကောင်းမှတ်ယူနိုင်သည်။ အမှန်တော့ ကျွန်တော်သည် မိမိအဖွဲ့ လွတ်လပ်စွာ ရပ်တည်နိုင်အောင် ဆောင်ရွက်ခြင်းသာဖြစ်သည်။ ကေအင်န်ယူကို ဆန့်ကျင်နေခြင်း မဟုတ်။ သင်တန်းဆင်းပွဲတွင် မိမိတို့အလံကိုသာကိုင်၍ သစ္စာပြုရမည်ဟု ကြားသိရသောအခါ ရဲဘော်များ ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး ကျွန်တော့်ကိုလည်း ဝိုင်းဝန်းကျေးဇူးတင်စကားလာပြောကြသည်မှာ ညံ့နေတော့သည်။ ကတုံးဆံတောက်လေးများနှင့် ပျော်ရွှင်နေသောရဲဘော်များကို ကြည့်ပြီး ပီတိဖြစ်ရသည်။ သင်တန်းဆင်းပွဲကို ကော်မူးရာစခန်းရှိ ကေအင်န်ယူ ၁၀၁ အထူးတပ်ရင်း သင်တန်းကွင်းတွင် ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲကို ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်ပြီး သင်တန်းဆင်းရဲဘော်များတွင် ABSDF ရဲဘော် ၁၈၆ ယောက်နှင့် ကေအင်န်ယူမှ ၃၃ ယောက်ပါဝင်ခဲ့သည်။  သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောသည့်အခါ မဟာမိတ်ကေအင်န်ယူကို အထူးကျေးဇူးတင်ကြောင်း ဤသင်တန်းသည် ကေအင်န်ယူ၏ အကူအညီကြောင့်သာ ဖြစ်ပေါ်လာကြောင်း ထို့ကြောင့် မဟာမိတ်များအဖြစ် ခိုင်ခိုင်မာမာ လက်တွဲသွားရန် ကတိပြုကြောင်း ပြောကြားခဲ့သဖြင့် ဗိုလ်မှူးချုပ်တော်လှက သဘောကျကျေနပ်ကြောင်း ကြားသိရသည်။ သင်တန်းတက်ပြီးလျှင် သင်တန်းဆင်းများသည် မိမိတို့တပ်ရင်းများသို့ ပြန်ကြရမည် ဖြစ်သော်လည်း ထိုကဲ့သို့ ပြန်လွှတ်လိုက်ပါက ၎င်းတို့၏ စစ်သင်တန်းမတက်ရသေးသူနှင့် တက်ပြီးသူများ ရောနှောနေမည်ဖြစ်သည့်အတွက် ထိုဝမ်ခသင်တန်းဆင်းရဲဘော်များကို မိမိတို့၏မူလတပ်ရင်းများသို့ မပြန်စေတော့ဘဲ ဝမ်ခစခန်းတွင်သာ တပ်ရင်းအနေနှင့် ဆက်လက်ရပ်တည်ရန် ညွှန်ကြားခဲ့သဖြင့် ထိုရဲဘော်များ ဝမ်းခစခန်းတွင်ပင် ဆက်လက် နေထိုင်ခဲ့ကြသည်။

အစွန်းနှစ်ဖက်ကြားတွင် လျှောက်လှမ်းခြင်း
အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ဗဟိုကော်မီတီတွင် စတင်ဖွဲ့ကတည်းက ဗကသအုပ်စုသည် ဗဟိုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးနေရာတို့ကို သူတို့အုပ်စုမှမရသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ကျန်ဗဟို ကော်မတီဝင်များနှင့် ကွဲခဲ့ကြသည်။ ထို့ပြင် DAB (ဒီအေဘီ) ပေါ်ပေါ်လာသည့် ညီလာခံကြီးတွင်လည်း သူတို့ မျှော်မှန်းထားသည့် တွဲဖက်အတွင်းရေးမှူး (၂) နေရာကို ကျွန်တော်က သူတို့တောင်းသည်ကို မပေးဘဲ ကိုသန်းဝင်းကို ပေးခဲ့သည့်အတွက် နောက်ပိုင်း၌ သူတို့အုပ်စုသည် မဲဆောက်မြို့သို့ ကိုယ့်သဘောဖြင့်ကိုယ် ဒီဇင်ဘာလကုန်လောက်တွင် ထွက်ခွါသွားခဲ့ပြီး သူတို့ကို ခေါင်းဆောင်တင်ထားသည့် လူငယ်များနှင့် တောတွင်းစခန်းများတွင် မနေနိုင်သည့်အတွက် မဲဆောက်မြို့ပေါ်သို့ တက်လာသည့်လူငယ်များဖြင့် အုပ်စုဖွဲ့ပြီး နေထိုင်ခဲ့ကြသည်။ သို့ရာတွင် ညီလာခံမှ ရွေးကောက်လိုက်သည့်ရာထူးကို မစွန့်လွှတ်သည့်အပြင် ဗဟိုကော်မီတီ၏ တာဝန်ဝတ္တရားများကိုလည်း တာဝန်ထမ်းဆောင်မှု မရှိဘဲ နေခဲ့ကြသည်။ ပို၍ဆိုးသည်မှာ ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမည်ဖြင့် ကေအင်န်ယူသည် ကျောင်းသားများကို လက်အောက်ခံများ အဖြစ်ထားနေသည်ဆိုသည့် ကေအင်န်ယူကို ပုတ်ခတ်တိုက်ခတ်သည့်စာကို ထုတ်ပြန်လာခဲ့သည်။ ကိုကိုဦးကို ထိုအကြောင်း မေးမြန်းသည့်အခါ သူမသိဘဲ ကိုအောင်နိုင်က စာရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။ သူနှင့်ကိုအောင်နိုင်တို့ ထိုကိစ္စအတွက် စကားများခဲ့ကြသည်ဟု ကိုကိုဦးက ကျွန်တော့်ကို ရှင်းပြခဲ့သည်။ သို့ရာတွင် ထိုစဉ်က ယင်းစာထုတ်ပြန်မှုတွင် ကိုကိုဦးက သူမသိခဲ့ကြောင်း ပါဝင်သက်မှုမရှိခဲ့ကြောင်းကိုမူ ရှင်းလင်းခဲ့ခြင်း မရှိချေ။ ထို့အတွက် ကေအင်န်ယူက သူတို့သုံးယောက်ကို ကရင်နယ်မြေ ဖြတ်သန်းခွင့် ပိတ်ပင်ခြင်းအထိ ဖြစ်လာပြီး သူတို့အမည်ပါဝင်နေခဲ့သည့် ကျွန်တော်တို့ ဗဟိုကော်မတီကိုလည်း ပိုမိုယုံကြည်မှု ကင်းမဲ့လာခဲ့သည်။ ထို့ပြင် သူတို့အုပ်စုမှ ဘဏ္ဍာရေးမှူးအဖြစ် အရွေးခံရသူ ရခိုင်ကျော်ထင်မှာလည်း အေဘီအက်စ်ဒီအက်စ်မှအပ်ထားသည့် ရှိစုမဲ့စုရန်ပုံငွေနှင့်အတူ အလင်းပြန်ဝင်သွားခဲ့သဖြင့် ဗကသအုပ်စုကို တော်လှန်ရေးအဖွဲ့အစည်းများမှ အယုံအကြည်ပို၍ ကင်းမဲ့လာခဲ့သည်။
တစ်ဖက်တွင်လည်း အေဘီအက်စ်ဒီအက်ဖ် ကရင်နယ်မြေဗဟိုကော်မီတီသည် ကေအင်န်ယူ၏ထောက်ခံမှု ရယူပြီး ကျွန်တော်တို့ ဗဟိုနှင့် ဘာကိုမျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ချေ။ ဗဟိုကိုလည်း သူတို့ဘာတွေ လုပ်နေသည်ကို အစီရင်ခံခြင်း၊ ဆက်ဆံခြင်း မပြုဘဲ ကေအင်န်ယူမြှောက်စားမှုတွင် သာယာနေပြီး ဗဟိုနှင့်အပြိုင်စခန်းများကို သွားရောက်စည်းရုံးခြင်း၊ ပြည်တွင်းမှဆက်သွယ်လာသူများကို ကေအင်န်ယူမှ သူတို့နှင့် ဆက်သွယ်ပေးခြင်း၊ ဗဟိုကော်မီတီနှင့်ဆက်သွယ်ရန် လာသူများကို ကြားမှဖြတ်ယူခြင်း၊ ဗဟိုတွင်ပါဝင်သူများသည် အရည်အချင်းမရှိသူများအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေရန် ဖန်တီးနေခဲ့သည်။ ထို့ကြောင့် ဗဟိုကော်မီတီဝင်တချို့နှင့် ကျွန်တော်သည် ထိုအစွန်းနှစ်ဖက်ကြားတွင် ကိုယ်လုပ်နိုင်သမျှအလုပ်ကို အားကြိုးမာန်တက် လုပ်ခဲ့ကြသည်။ ဗကသအုပ်စုကလည်း ကျွန်တော်တို့အား ကရင်အားကိုးပြီး ကရင်လုပ်သမျှ ခေါင်းငုံပြီး ကရင်သြဇာခံနေသူများအဖြစ် ကျောင်းသားများကြားတွင် သတင်းလွှင့်ပြီး၊ ကျန်တစ်ဖက်မှလည်း ကေအင်န်ယူ မြှောက်စားထားသည့် ကရင်နယ်မြေ စင်ပြိုင် ဗဟိုကော်မီတီသည် ကျွန်တော်ဦးဆောင်သည့် ဗဟိုကော်မီတီက ကေအင်န်ယူကို တိုက်ခိုက်နေသူများအဖြစ် စခန်းများတွင် သွေးထိုးလှုံဆော်မှုကို ပြုလုပ်နေသည့်အတွက် လသားကျော်သာ ရှိသေးသည့်အချိန်တွင် ကျွန်တော်တို့ ဗဟိုကော်မီတီဝင်များက  အလူးအလဲ ခံခဲ့ကြရသည်။ ကိုကိုလေးနှင့် စိုင်းမျိုးဝင်းထွန်းတို့က ဘန်ကောက်တွင်တက်၍ အဆက်အသွယ် ယူသည်၊ စိုးမြတ်သူက ထောက်ပံ့ရေး ပစ္စည်းများကို ရှာဖွေပြီး ဆေးဝါး၊ အဝတ်အထည်များကို စခန်းအသီးသီးသို့ ပေးပို့သည်။ ဒေါက်တာသာသာဦးက အေဘီအက်စ်ဒီအက်စ်အတွက် လှူလိုက်သော လက်နှိပ်စက်တစ်လုံးကို ဘုံးလိုက်ပြီး နှုတ်ထွက်စာ တင်သွားခဲ့သည်။ ကိုမောင်မောင်သိန်း၊ ကိုကျော်လင်း၊ ရခိုင်ကိုကျော်ထင်တို့က ပြည်တွင်းသို့ အလင်းဝင်သွားသည်။ ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုကိုဦးတို့က မဲဆောက်တွင် အိမ်ကြီးတစ်လုံးငှားပြီး လူပေါင်း ၅၀ ကျော် ၆၀ ခန့်နှင့် နေနေကြသည်။ ထို့ကြောင့် ဗဟိုကော်မီတီသည် ဖရိုဖရဲ ဖြစ်လာသည်။ ဗဟိုတွင် ကျွန်တော်၊ ကိုထွန်းဦး၊ ကိုကြည်မိုး၊ ကိုစိုင်းမျိုးဝင်းထွန်း၊ ကိုကိုလေးနှင့် ကိုသန်းဝင်းတို့သာ ကျန်သည်။
ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို ကျန်ဗဟိုကော်မီတီဝင်များသည်လည်း ညီလာခံအပြီး မိမိစခန်းအသီးသီးသို့ ပြန်ပြီးရှင်းလင်းမည်ဟု အကြောင်းပြပြီး ဆင်းသွားကြပြီး နောက်ပြန်လည်ရောက်မလာကြဘဲ တပ်ရင်းမှူး လုပ်သူလုပ်၊ စခန်းဥက္ကဋ္ဌ လုပ်သူလုပ်၊ ရှေ့တန်းစစ်ကြောင်းမှူးလုပ်၍ ဆင်းသူဆင်းနှင့် မိမိစခန်းအတွက် မိမိလုပ်ပြီး နေခဲ့ကြသည်။




ခရက်ဒေးစခန်းရှိ လေ့ကျင့်ရေးကွင်းကို ဖြတ်၍ လမ်းလျှောက်လာစဉ်
ဝဲမှယာ။ အောင်ကြည်ဦး၊ ဇော်နိုင်မိုး၊ ရွှေထီး၊ ကျွန်တော်၊ ချာလီအေးကျော်နှင့် တင်နိုင်ဝင်း


ခရက်ဒေးစခန်းနားရှိ ခရက်ဒေးဈေးကို ဖြတ်၍ လမ်းလျှောက်လာစဉ်
ရှေ့ဆုံးမှ အောင်ကြည်ဦး၊ ဒုတိယတန်း ဇော်နိုင်မိုး၊ ရွှေထီးနင့် ကျွန်တော်၊
နောက်ဆုံးတန်း၊ ချာလီအေးကျော်နှင့် တင်နိုင်ဝင်း

သံမဏိ ဗိုလ်ခင်မောင်၏အမေး  
ကျွန်တော် ဒီအေဘီအစည်းအဝေးအပြီးတွင် ဘုရားသုံးဆူစခန်းသို့ ခေတ္တပြန်ခဲ့ပါသည်။ စခန်းတွင် ကျွန်တော်တို့ ရန်ကုန်အုပ်စုကိုမတွေ့သဖြင့် မေးမြန်းကြည့်သောအခါ ဂျပန်ရေတွင်းပျက်နားတွင် ရွေ့သွားကြောင်း ပြောသဖြင့် လိုက်သွားရာ ကျော်ကျော်ဦးတို့ကို တွေ့ရသည်။ ကိုဇော်ဝင်းမှာ ပြည်တွင်းသို့ ပြန်သွားကြောင်းသိရပြီး ဇော်မိုးနှင့် တင်နိုင်ဝင်းကို မဲဆောက်သို့လာရန်အတွက် လုပ်သားကောလိပ်မှ ရုံးအဖွဲ့နှင့် လိုက်လာရန်စီစဉ်ပြီး ရန်ကုန်တွင် ခင်မင်ခဲ့သူ ကိုစိုးဝေထွန်းအကူအညီနှင့် ဘန်ကောက်သို့ ပထမဦးဆုံးအကြိမ် တက်ခဲ့သည်။

ကိုစိုးဝေထွန်းသည် ဘန်ကောက်တွင် ဦးတင်မြင့်ဦး (ဦးသန့်သားမက်) နှင့် ဦးအောင်တို့နှင့် အဆက်အသွယ် ရှိပြီး။ သူနှင့် ကိုသီရိညွန့်တို့က ဘန်ကောက်ရှိအလှူရှင်များထံမှ အလှူငွေများကို နယ်စပ်စခန်းများသို့ ပေးပို့ ကူညီနေကြသဖြင့် အကူအညီလိုနေသောစခန်းများကသူတို့အား အထူးတလည် အားကိုးနေရသည့် အချိန် ဖြစ်သည်။
ကိုစိုးဝေထွန်းက ခေါ်သွားသဖြင့် ဘန်ကောက်ရှိ ဦးအောင်တို့နေထိုင်ရာအိမ်ကြီးသို့ ရောက်ရှိခဲ့သည်။ ကျွန်တော်တို့ ဘုရားသုံးဆူသို့ချီတက်လာစဉ် လမ်းခရီး၌ မိမိနှင့်လိုက်ပါလာသော လူငယ်များကို ယခင်က တော်လှန်ရေးလုပ်ခဲ့သည့်လူကြီးများဖြစ်သောဦးအောင်၊ ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူတို့ကို မိမိတို့၏ စီနီယာများအဖြစ် လေးစားရမည်ဖြစ်ကြောင်း လမ်းခရီးတွင် ဟောပြောခဲ့ဖူးပါသည်။ သို့ရာတွင် ကျွန်တော် ဥက္ကဋ္ဌ ဖြစ်ပြီးနောက် ဘုရားသုံးဆူသို့ ပြန်ရောက်စဉ်၊ စခန်းရှိ ရဲဘော်များကို ဦးနု၏သား၊ ဦအောင်မှ ဖဲ့ထုတ်စည်းရုံးနေကြောင်းကြားသိရပြီး စခန်းဥက္ကဋ္ဌ ကိုဇော်ဦး (ယခုလက်ရှိသမ္မတကြီးအကြံပေး) အား ခန့်ထားလိုက်ကြောင်း၊ ကိုဇော်ဦးသည် စခန်းရှိ ရဲဘော်များကို ဖေါက်ခွဲရေး (Demolition) သင်တန်းတက်ရန် ဦးအောင်တို့၏ ဒညတ (ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ပေါင်းစု) သို့ ၅ ယောက်တစ်တွဲ စေလွှတ်နေကြောင်း သင်တန်းသွားတက်သူများ တစ်ယောက်မျှ ပြန်လာသည်ကို မတွေ့ရကြောင်းကို ကိုအောင်ကြည်ဦးတို့ထံမှ ကြားသိရသည့်အခါ အလွန်အံ့သြမိပြီး စိတ်မကောင်း ဖြစ်မိပါတော့သည်။ စခန်းရှိရဲဘော်များ အစားအစာ ငတ်ကြသဖြင့် ဒညတစခန်းတွင် အနည်းဆုံးငါးသေတ္တာဖြင့် ကျွေးမွေးသဖြင့် မပြန်ကြတော့ဘဲ သင်တန်းပြီးချိန်တွင် ထိုစခန်းတွင်ပင် ဆက်နေသည်ဟု သိရသဖြင့် အပြစ်မပြောလိုတော့ပါ။ မိမိတို့အဖွဲ့မှ ထိုသို့ ကျွေးမွေးနိုင်လောက်သည့်အင်အား ထိုစဉ်ကမရှိသဖြင့်ကျွေးမွေးနိုင်သူ နောက်သို့ပါသွားသည်ကို အပြစ် မမြင်တော့ချေ။ ဦးအောင်တို့အနေနှင့် ခေါင်းဆောင်မှုကို အစားအစာပြ၍ ဖဲ့ထုတ်စည်းရုံးခြင်းသည် အလွန်လွဲမှားသော ချဉ်းကပ်မှု ဖြစ်သည်။ ကျွန်တော်တို့သည် ခေါင်းဆောင်ရူးရူးနေသူများ မဟုတ်။ စစ်အာဏာရှင်တို့ကို တိုက်လိုသည့် လူငယ်များသာဖြစ်သည်။ ထိုလူငယ်များ လိုအပ်သည့် စစ်လက်နက် ပစ္စည်းများ၊ သင်တန်းများကို စခန်းတွင် လာရောက်ကူညီဖြည့်ဆည်းပေးခြင်းဖြင့် ထိုလူငယ်များ၏ ခေါင်းဆောင်များအဖြစ် သူ့အလိုလို ရရှိလာမည် ဖြစ်သော်လည်း ထိုသို့မလုပ်ဘဲ မိမိကိုယ်ပိုင်စခန်းတစ်ခု တည်ထောင်ပြီး ယင်းလူငယ်များကို မိမိတို့စခန်းသို့လာရောက်ရန် အစားအစာ၊ သင်တန်းများဖြင့် မျှားခြင်းသည် ခေါင်းဆောင်မှုကို မရနိုင်ဘဲ အေဘီအက်စ်ဒီအက်ဖ်ကို ဖဲ့ထုတ်စည်းရုံးသည့်သူများအဖြစ် ရောက်သွားစေပြီး သွေးကွဲမှုကြောင့် တော်လှန်ရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေခဲ့ပြီး ကျဆုံးမှုကိုသာ ဖြစ်ပေါ်စေခဲ့သည်ဆိုက မမှားချေ။

နောက်အပတ်ဆက်ဖတ်ရန်


"မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၂

January 26, 2014 at 6:53am
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသာပတေးနေ့ထုတ်မှာပါတဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့မှတ်တမ်း အခန်းဆက်ဆောင်းပါးရှည် "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၂

ယခင်လမှအဆက်

ထို့ကြောင့် ဦးအောင်တို့အိမ်သို့ ရောက်သွားသည့်အခါ ကျွန်တော့်တွင် ထိုခံစားမှုက ရှိနေခဲ့သည်။ ဦးအောင်တို့သည် အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန်ဒီမှ ထောက်ပံ့ကူညီထားသဖြင့် ငွေအမြောက်အများ ရှိနေခဲ့သည်ဟု သိရသည်။ အိမ်ကြီးသည် နှစ်ထပ်တိုက်အိမ်ဖြစ်သည်။ ကျယ်ဝန်းသောခြံလည်း ရှိသည်။ ကျွန်တော်တို့ဝင်သွားစဉ် ဧည့်ခန်း၌ ကိုသောင်းဟန်ကို တွေ့ရသည်၊ ကိုသောင်းဟန်သည် တက္ကသိုလ် အနုပညာအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့ပြီး ဦးသန့်အရေးအခင်းတွင် ပါဝင်ခဲ့သဖြင့် ထောင်ကျခဲ့သူ ဖြစ်သည်။ ဒညတတွင် အတွင်းရေးမှူး ၄ ယောက်ထဲမှတစ်ယောက် ဖြစ်သည်။ ကိုသောင်းဟန်သည် စန္ဒယားတီး အလွန်တော်သည်။ ထို့ကြောင့် စန္ဒယားသောင်းဟန်ဟု အမည်တွင်သည်။ ကျွန်တော့်ကို တွေ့သည့်အခါ သူက ချက်ချင်းမှတ်မိသည်။ “ဟေ့သူငယ်ချင်း၊ လာလေကွာ၊ ဒီမှာထိုင်” ဟု ဆိုဖါပေါ်သို့ ညွှန်ပြရင်း သူကဆိုသည်။ ဦးအောင်က အခန်းထောင့်တွင် ကော်ဖီဖျော်နေသည်။ ကျွန်တော့်ကို မည်သူဟုသိသော်လည်း နှုတ်မဆက်ချေ။ ကျွန်တော်က ဗဟိုကော်မီတီ ဖွဲ့စည်းပြီးဖြစ်၍ ဗဟိုကို ထောက်ပံ့စေ လိုကြောင်း စခန်းများမှ တက်လာသော သူများကို ခွဲခြားထောက်ပံ့နေခြင်းကြောင့် ဗဟိုအနေနှင့် အလုပ်လုပ်ရာတွင် ခက်ခဲကြောင်း၊ ထို့ပြင် ဒညတစခန်းများသို့ ဖဲ့ထုတ်စည်းရုံးခြင်းကိုလည်း မလုပ်သင့်ကြောင်း ပြောကြားရာ ဦးအောင်မှ တစ်လုံးမျှ ဝင်မပြောဘဲ အဝေးမှသာ နားထောင်နေခဲ့သည်။ ထို့နောက် သံမဏိ ဗိုလ်ခင်မောင်သည် အပေါ်ထပ်မှ ဆင်းလာပြီး ကျွန်တော့်အား မေးခွန်းထုတ်ပါလေတော့သည်။ သူမေးသည့်မေးခွန်းမှာ “မောင်ထွန်းအောင်ကျော် မင်းကို ဦးမေးစရာရှိတယ်။ မင်းတို့ဘာဖြစ်လို့ ဒီအေဘီထဲကို ဝင်ရတာလဲ”ဟု ဖြစ်သည်။ ထိုအခါ ကျွန်တော်က “အန်ကယ်မေးတဲ့မေးခွန်းကို ကျွန်တော်မဖြေခင် ကျွန်တော်တစ်ခု အရင်မေးပါရစေ၊ ပြီးမှ အန်ကယ်မေးတာ ကျွန်တော်ဖြေပါ့မယ်” လို့ပြောပြီး “တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေက သူတို့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ကျောင်းသားတွေနဲ့ ပေါင်းပြီး တပ်ပေါင်းစုကြီး ဖွဲ့ချင်တယ်။ ကျွန်တော်တို့ ကျောင်းသားတွေ လက်ရှိ သူတို့နယ်မြေမှာ နေ နေကြတယ်။ သူတို့ပေးတာယူပြီး သူတို့ကူညီမှုနဲ့ ရပ်တည်နေရတယ်၊ ဒီလိုအခြေအနေမှာ သူတို့က ညီညီ ညွတ်ညွတ်နဲ့ တွဲလုပ်ရအောင်လို့ ကမ်းလှမ်းလာတာကို ကျွန်တော်တို့က မဝင်နိုင်ဘူးလို့ ငြင်းမလား ဒါမှမဟုတ် ဝင်မလား။ ကျွန်တော့်နေရာမှာဆို အန်ကယ် ဘယ်လိုဆုံးဖြတ်မလဲ” ဆိုတော့ သံမဏိဗိုလ်ခင်မောင် တွေသွားပြီး “ဝင်ရမှာပေါ့” ဟု ပြန်ပြောသည်။ “ဒါဆိုရင် အန်ကယ်မေးတာ ကျွန်တော် ဖြေပြီးပြီလေ” လို့ ကျွန်တော်က ပြောလိုက်သည်။ သံမဏိ ဗိုလ်ခင်မောင်သည် ဦးနုနှင့် ရဲဘော်ရဲဖက်ဖြစ်သည်၊ ဦးနုက ပြည်ပတွင် ဦးစီးရန် စာရေးသားထောက်ခံပြီး လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ကြားသိရသည်။ နောင်တွင် ဒညတ ပျက်သွားသောအခါ တာချီလိတ်သို့သွားပြီး အလင်းဝင်ပြီးနောက် ခြေချုပ်ဖြင့် တာချီလိတ်တွင်နေထိုင်ခဲ့ပြီး ဆုံးသွားသည်ဟု ကြားရသည်။

စိုးမြတ်သူနှင့် ဒေါ်အောင်ဆန်းစုကြည်

စိုးမြတ်သူသည် အရပ်ပုပု၊ မျက်နှာသွယ်သွယ်၊ အသားဖြူပြီး ချစ်စဖွယ် ဖြတ်လတ်သွက်လက်သော လူငယ်တစ်ယောက် ဖြစ်သည်။ သောင်ရင်းမြစ်ကမ်းသောင်ပေါ်တွင် ရှေ့ဂျွမ်းနောက်ဂျွမ်းတို့ကို လေထဲတွင် ထိုးပြီး ဆော့ကစားနေသော သူ့ရုပ်သွင်ကို မြင်မိသေးသည်။ ဖေါ်ရွေသော အပြုံးရှိသည်၊ ရယ်လိုက်လျှင် သွားတက် ကလေးများ ပေါ်လာတတ်သည်။ သူ့တွင်အလုပ်လုပ်စရာရှိသည်ဟု ကျွန်တော့်ထံတွင် ခွင့်ပန်ပြီး နှုတ်ထွက်စာတင်သည်။ သူပြည်တွင်းသို့ ပြန်ဝင်ကောင်းဝင်နိုင်သည်ဟု ကျွန်တော် တွက်လိုက်သည်၊ သို့သော် မသေချာ၊ မေးရန်လည်း မသင့်သဖြင့် မမေးခဲ့။ နောင်တွင် စိုးမြတ်သူတစ်ယောက် ဒေါ်စုအိမ်တွင် အဖမ်းခံရသည်ဟု ကြားကြားချင်း စိုးမြတ်သူအား အေဘီ ဗဟိုကော်မီတီမှ ထုတ်ပစ်လိုက်ကြောင်း၊ အေဘီအက်ဒီအက်စ်နှင့် လုံးဝမပတ်သက်ကြောင်းစာကို အလျင်အမြန် ထုတ်ပြန်ခဲ့ရသည်။ ထိုသို့ မထုတ်ပြန်ခဲ့ပါက ဒေါ်စုကို သူပုန်နှင့်ဆက်သွယ်မှုဖြင့် စစ်အစိုးရက အရေးယူနိုင်သည့်အတွက်ကြောင့် ဖြစ်သည်။ ၂၀၁၂ ခုနှစ် ကျွန်တော်ရန်ကုန်ရောက်စဉ်က ရွှေဝါရောင်သံဃာတော်များကို တောင်ဥက္ကလာပတွင်ရှိ ငွေကြာယံကျောင်းတိုက်၌ ဖူးမျှော်ပြီး ရေစက်ချစဉ် စိုးမြတ်သူနှင့် ပြန်လည် ဆုံဆည်းခဲ့ကြပါသည်။ နှစ်ပေါင်း၂၅ နှစ်ခန့် ကွဲကွာပြီး ပြန်တွေ့ကြသည့်အခါ သူက စားပွဲတစ်ခုတွင်ထိုင်ပြီး ခေါင်းငုံကာ ဒန်ပေါက်ထမင်းစားနေစဉ် နောက်မှနေ၍ သူ၏နောက်စိကိုရိုက်လိုက်ရာ စားရင်းတန်းလန်း ကျွန်တော့်ကို မော့ကြည့်ရင်း “ဟာ၊ အကိုစားအုံးလေ” ဟု ပြုံးပြီးနှုတ်ဆက်ပါသည်။ ယခင်ကလို ၂၀ ကျော် လူငယ်တယောက်အပြုံးမျိုး မဟုတ်တော့ဘဲ ရင့်ကျက်နေသည့် လူလတ်ပိုင်းလူကြီးတစ်ယောက်၏ အပြုံးမျိုးကို တွေ့မြင်ရသည်။ မျက်လုံးတွင် အရေးအကြောင်းများ၊ ပါးတွင်အရေးအကြောင်းများနှင့် ဦးစိုးမြတ်သူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်၊ မည်သို့ဆိုစေ မသေမပျောက်တွေ့ရသည်ကပင် ကုသိုလ်ကောင်းမှုတစ်ခုအဖြစ် ကြည်နူး ဝမ်းမြောက် မိပါတော့သည်။

ABSDF ကချင်နယ်မြေနှင့် စတင်စကားပြောရာဝယ်။
ဘန်ကောက်မှပြန်လာပြီးနောက် မာနယ်ပလောသို့ ထွက်လာခဲ့ပြီး ဒီအေဘီရုံးတွင် တည်းခိုနေစဉ် ကချင်ရုံးမှ ညအချိန်တွင်လာခေါ်သဖြင့် လိုက်သွားရာ ဥက္ကဋ္ဌကြီး ဘရန်ဆိုင်းက ကချင်နယ်မြေသို့ ရောက်လာသော ကျောင်းသားခေါင်းဆောင်များနှင့် စက်မှစကားပြောရန် အကူအညီပေးခဲ့ပါသည်။ အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းကို ဖွဲ့ပြီးဖြစ်ကြောင်း တစ်ဖက်မှကျောင်းသားခေါင်းဆောင်များက အစီရင်ခံပါသည်။ စစ်သင်တန်း အမှတ်စဉ် (၁) တက်နေပြီး သင်တန်းဆင်းခါနီးပြီးဖြစ်ကြောင်း အေဘီအက်စ်ဒီအက်ဖ်မြောက်ပိုင်းဗဟိုကို ဖွဲ့စည်းမည်ဖြစ်ကြောင်း တင်ပြမှုအပေါ် ကျွန်တော်က အေဘီအက်စ်ဒီအက်ဖ်မြောက်ပိုင်း ဗဟိုကော်မီတီ အမည်နှင့် မဖွဲ့စည်းရန်ညွှန်ကြားခဲ့ပြီး၊ ဗဟိုနှစ်ခုစင်ပြိုင်မဖြစ်စေရန် ပြောကြားခဲ့သည်။ အေဘီအက်စ်ဒီအက်ဖ် ကချင်နယ်မြေ ကော်မီတီကိုသာ ဖွဲ့စည်းရန် ညွှန်ကြားခဲ့ရာ  (ကျွန်တော့်စိတ်ထင် ကျွန်တော်နှင့်ပြောသူတို့မှာ မြောက်ပိုင်းဥက္ကဋ္ဌ ကိုကျော်ကျော်နှင့် ဦးစီး ကိုလွှမ်းမိုးတို့ဖြစ်မည်ဟု ထင်သည်) သူတို့က ငြင်းပယ်ခြင်း မရှိဘဲ လက်ခံခဲ့ကြသည်။ ဥက္ကဋ္ဌကြီး ဘရန်ဆိုင်းမှ ကချင်ပြည်နယ်တွင် ကျောင်းသားများ စစ်သင်တန်း တက်နေသည်ကို ဗီဒီယိုပြသဖြင့် ကျွန်တော်တို့ ဝမ်းသာအားရ ဖြစ်မိကြသည်။ ကချင်ပြည်နယ် ကျောင်းသားများသည် ယူနီဖေါင်းအပြည့်အစုံနှင့်စစ်သင်တန်းဆင်းနေကြခြင်း ဖြစ်သည်။ ကချင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်က အားလုံးတာဝန်ယူ၍ လေ့ကျင့်ပေးသည်။ စစ်ပုံကျသည်၊ အလွန်အားရစရာ ကောင်းသည်။ အဝေးမှနေသော်လည်း ကျွန်တော့်ကို ဗဟိုကော်မီတီဥက္ကဋ္ဌအဖြစ် လေးစားမှုရှိသည်ကို တွေ့ရသည်။ ကျွန်တော်၏ ညွှန်ကြားချက်အတိုင်း သူတို့ လက်ခံကြသဖြင့် ဝမ်းမြောက်မိသည်။ မာနယ်ပလောတွင် တစ်ပတ်ခန့်နေပြီးမှ ဗဟိုရုံးစိုက်ရာ ခရက်ဒေးစခန်းသို့ ပြန်ခဲ့ပါသည်။
ဤနေရာတွင် မြောက်ပိုင်းလူသတ်မှုကြီးပေါ်ပေါက်လာသောအခါ ဒေါက်တာနိုင်အောင်က သူ့တွင် ဗဟိုဥက္ကဋ္ဌအနေနှင့် မြောက်ပိုင်းကို ဘာလုပ်ရမည်ဟုပြောရန် သြဇာမရှိဟုဆိုခြင်းသည် အဓိပ္ပါယ်မရှိချေ၊ စဖွဲ့ပြီးပြီးချင်းတွင်ပင် ဘာလုပ်ရမည်ကို ဥက္ကဋ္ဌသြဇာအာဏာကိုသုံးပြီး ကျွန်တော်က ညွှန်ကြားနိုင်လျှင် ဒေါက်တာနိုင်အောင် ဥက္ကဋ္ဌဖြစ်ပြီး ငွေကြေးထောက်ပံ့မှုများ ပိုမိုရရှိလာခြင်း၊ ကွန်ပြူတာများသုံးစွဲလာနိုင်ခြင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုလျှင်မြန်စွာ ချိတ်ဆက်နိုင်သော အခြေအနေတွင် လူသတ်မှုများကို မလုပ်ရန် ဗဟိုဥက္ကဋ္ဌတစ်ဦး အနေနှင့် (ABSDF Constitution ) အေဘီအက်စ်ဒီအက်ဖ် အခြေခံဥပဒေအရ သေဒဏ် မချနိုင်ရန် တားနိုင်ခွင့် ရှိသည်။ သေဒဏ်ချမှတ်မည်ဆိုပါက တရားရုံးအဖွဲ့ကို ဖွဲ့စည်းပြီး တရားလို တရားခံတို့၏ အပြန်အလှန် ခြေပခွင့် ခုခံကာကွယ်ခွင့် အပြည့်အဝ ပေးရမည်ဖြစ်ကြောင်း အခြေခံဥပဒေက ဆိုထားသည်။ ထိုကြောင့် အခြေခံဥပဒေ ပြဋ္ဌာန်းန်းချက်ကို ကိုင်စွဲ၍ တားမြစ်နိုင်သည့် သြဇာ အာဏာ ရှိသော်လည်း ထိုသြဇာအာဏာကို မသုံးခဲ့ဘဲ မြောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ် ကချင်နယ်မြေမှ ထောက်ခံမှုကို ကိုမိုးသီးအုပ်စုနှင့်အပြိုင် ရယူလိုသည့်အတွက် လူသတ်မှုကြီးကို မျက်စိမှိတ် ထောက်ခံခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်မိပါသည်။

ကိုသန်းဝင်းနှင့် မြောက်ပိုင်းကိစ္စအပေါ် ဆွေးနွေးကြစဉ်ကလည်း ကိုသန်းဝင်း၏ ပြောပြချက်များသည်၊ ထိုအချက် ကို မှန်ကန်ကြောင်းသက်သေပြနေခဲ့သည်။ ကိုနိုင်အောင် အမေရိကန်ပြည်ထောင်စုသို့ လာလည်စဉ် ကိုသန်းဝင်းနှင့် တယ်လီဖုံးမှ စကားပြောရာတွင် ကိုနိုင်အောင်က “ကိုသန်းဝင်းရာ သူတို့လူသတ်တာ ကျွန်တော် ဘယ်လိုကန့်ကွက်လို့ရမလဲ၊ ကျွန်တော့်မှာ တပ်မှမရှိတာ၊ သဘောမတူဘူးပြောရင် ကျွန်တော့်အသက်ပါ ရန်ရှာနိုင်တယ်” ဟု ပြောခဲ့သည်ကို ကိုသန်းဝင်းမှ ချက်ချင်းပြန်ပြောပြ၍ သိလိုက်ရသည်။ ထို့အပြင် သူ့အရင် မိုးသီးလိုင်ဇာသို့ လာသွားသည်ဟု မိုးသီးတွင် တာဝန်ရှိသယောင်ပြောခဲ့သည်။ ကျွန်တော် ကိုမိုးသီးကို ချက်ချင်းဖုံးဆက်ပြီး လိုင်ဇာသို့ ရောက် မရောက် မေးခဲ့ရာ သူက သူလိုင်ဇာသို့ သွားကြောင်း သို့ရာတွင် တရုတ်ထောက်လှန်းရေးက ကူမင်းတွင် ခရီးဆက်ခွင့် မပေး၍ လူကြုံနှင့် ကိုထွန်းအောင်ကျော်အတွက် ဖေါင်တိန်တစ်လက် လက်ဆောင်ပေးပို့ခဲ့ပြီး ပြန်လာခဲ့ရသည်ဟု ကိုမိုးသီးက ရှင်းပြသည်။
မည်သို့ဆိုစေ ဒေါက်တာနိုင်အောင် ကချင်နယ်မြေကို သူမပိုင် ထို့ကြောင့် မကြိုက်သော်လည်း အသက် အန္တရာယ်ကြောင့် သဘောတူခဲ့ရပါသည်ဆိုသည့် အကြောင်းပြချက်ကို ကျွန်တော် သဘောတူ လက်ခံပေးနိုင် သော်လည်း၊  ထိုကချင်ပြည်နယ်မှ ပြန်လည်ထွက်ခွါလာပြီး လွတ်လပ်သော မိမိဗဟိုတည်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်ရောက်ပြီးနောက်  ထိုသတ်ဖြတ်မှုကြီးကို ဗဟိုဥက္ကဋ္ဌက သူလျှိုများဖြစ်၍ သတ်ဖြတ်ခဲ့သည်၊ ထို့ကြောင့် သူက လုံးဝတာဝန်ယူသည်ဆိုသည့် ကြေညာချက်ကို ရဲရဲဝံ့ဝံ့ထုတ်ပြန်ခဲ့ခြင်းသည် ကြောက်၍ လက်ခံခဲ့ရ ပါသည်ဆိုခြင်းနှင့် ဆန့်ကျင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးတွင် ဒေါက်တာနိုင်အောင်သည် ဒါးခုတ်ရာ လက်လျှိုခဲ့ခြင်း မဟုတ်ဘဲ၊ သူ့ကို ဗဟိုဥက္ကဋ္ဌအဖြစ် မြောက်ပိုင်းမှထောက်ခံမှုရရေးအတွက် ရေနစ်နေသူများကို ဝါးကူ၍ထိုးခဲ့သည့် အလုပ်ကိုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ယနေ့ပွင့်လင်းလာနေပြီဖြစ်သောအချိန်တွင် ကိုနိုင်အောင်က မြောက်ပိုင်းလူသတ်မှုကြီးသည် မဖြစ်သင့်ကြောင်း သူအနေနှင့် ဗဟိုဥက္ကဋ္ဌတစ်ဦးအဖြစ် တာဝန်ခံခဲ့ရခြင်းသာဖြစ်ကြောင်း၊ တာဝန်ခံခြင်းနှင့် အပြစ်ရှိခြင်မှာ မတူကြောင်း သွေးရူးသွေးတန်း လျှောက်ပြောနေခြင်းသည် အရုပ်ဆိုး အကျဉ်းတန်လွန်း သည်ဟု ထင်သည်။

၂၀၇ တပ်ရင်းမှူး ကိုမျိုးသန့်၏တောင်းဆိုချက် 
မာနယ်ပလောတွင် ၂၀၇ တပ်ရင်း၏ တပ်ရင်းမှူးကိုမျိုးသန့်သည် ကျောင်းဆရာအဖြစ်မှ တောခိုလာသူဖြစ်သည်။ အသားညိုညို ကိုယ်လုံးကိုယ်ထည်တောင့်တောင့်၊ အရပ် ၅ ပေ ၅လက်မခန့်ရှိသော ကိုမျိုးသန့်သည် နှုတ်ခမ်းမွှေးစစနှင့် ကြည့်ကောင်းသူတစ်ယောက်ဖြစ်သည်။ ကေအင်န်ယူ ဗိုလ်မှူးရောဂျာနှင့် အလွန်ခင်မင်သူ ဖြစ်သည်။ ဗိုလ်မှူးရောဂျာသည် သေဒဏ်ကျခံရသူများကို ကွပ်မျက်ရာတွင် လက်စွမ်းထက်သူအဖြစ် နာမည်ကြီးသည်။
ကျွန်တော်နှင့် ကိုကိုလေးတို့ မာနယ်ပလောတွင်ရှိနေစဉ် ကိုမျိုးသန့်က ဆွေးနွေးချင်သည်ဆို၍ စစ်ရေးပြကွင်း နားရှိ တစ်နေရာတွင် လမ်းလျှောက်ရင်း စကားပြောကြသည်။ ကိုမျိုးသန့်က ကျွန်တော်တို့ ဗဟိုကော်မီတီတွင် ကလန်ကဆန်လုပ်နေသူများရှိနေသည်ကို သူသိကြောင်း တော်လှန်ရေးကာလတွင် ပြတ်သားရမည် ဖြစ်ကြောင်း၊ ကျွန်တော်တို့ ဗဟိုကော်မီတီ၏ အခက်အခဲများကို သူပါဝင်ဖြေရှင်းပေးချင်ကြောင်း တင်ပြ လာသည်။ ထို့ကြောင့် သူ့ကိုတာဝန်ပေးလျှင် ထိုခလုပ်ခသင်းများကို သူ့တပ်သုံးပြီး ရှင်းလင်းသုတ်သင်ပေးမည် ဖြစ်ကြောင်း၊ သို့မှသာ ABSDF သည် အနှောင့်အယှက်မရှိဘဲ တော်လှန်ရေးကို ဦးဆောင်နိုင်မည်ဟု သူ့ ယုံကြည်ကြောင်း၊ ဗဟိုဥက္ကဋ္ဌက ဗဟို၏တပ်ကို ဦးစီးသည့် ဗိုလ်ချုပ်အဖြစ် သူ့ကို ခန့်အပ်ပေးရန်နှင့် တပ်တွင်းဆန့်ကျင်သူများကို ကွပ်မျက်ခွင့်အမိန့်ကို သူ့အားပေးရန် တောင်းဆိုခဲ့သည်။ တပ်တွင်းပုန်ကန်မှုများ မဖြစ်ရန် ကြိုတင်ကာကွယ်သည့်အနေနှင့် သူ့အားဆန့်ကျင်သည့် တပ်တွင်းရှိ မည်သူ့မဆိုကို ရှင်းလင်း သုတ်သင်လိုကြောင်း ပြောကြားချက်ကို ကျွန်တော်က ငြင်းဆိုပြီး ABSDF သည် စည်းမဲ့ကမ်းမဲ့ လူသတ်ခွင့်ကို ခွင့်မပြုနိုင်ကြောင်း ပြောသည့်အခါသူက ရှေ့တန်းတွင် စစ်ပူနေသည့် အခြေအနေမျိုးတွင် အုပ်ချုပ်နိုင်ရန် လိုအပ်ကြောင်း ထပ်မံတင်ပြလာခြင်းအပေါ် ကျွန်တော်က ကျွန်တော်တို့တွင် တရားစီရင်ရေး မဏ္ဍိုင်ရှိကြောင်း၊ စစ်ပူနေသည်ဖြစ်စေ၊ ကလန်သည့်သူများ ရှိလာပါကဖြစ်စေ နောက်တန်းသို့အချုပ်နှင့်ပို့ရမည်၊ နောက်တန်းတွင် တရားဥပဒေအရ စိစစ်ပြီး တရားသူကြီးများဖြင့် ဖွဲ့စည်းထားသော တရားရုံးမှ အပြစ်ရှိလျှင် အပြစ်ဒဏ် ပေးမည်ဖြစ်ကြောင်း၊ ဗဟိုကော်မီတီကို တောင့်တင်းခိုင်မာလာအောင်ပြုလုပ်ရာ၌ မိမိတို့ကို ဆန့်ကျင်သူ မှန်သမျှကို သုတ်သင်ရှင်းလင်းခြင်းသည် အာဏာရှင်တို့၏ လုပ်ရပ်ဖြစ်ကြောင်း ဒီမိုကရေစီစနစ်ကို တည်ထောင်မည့်သူများဖြစ်သော ကျွန်တော်တို့က သဘောထားကြီးကြီးထားပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်တတ်ဖို့လိုကြောင်း၊ အများသဘောကို လေးစားတန်ဖိုးထားတတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိုကဲ့သို့ စိတ်လိုက်မာန်ပါ လုပ်ရပ်မျိုးကို ရှောင်ရှားရမည်ဖြစ်ကြောင်း သတိကြီးစွာထားပြီး ပြောကြားခဲ့ပါသည်။ ကိုကိုလေးကလည်း ကျွန်တော်ပြောသည်ကို ထောက်ခံပြီး ABSDF သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော အဖွဲ့ဖြစ်ကြောင်း ကိုယ့်အချင်းချင်းကို စည်းမဲ့ကမ်းမဲ့ လူသတ်ခွင့်ပေးထားသည့် လူသတ်တပ်ဖွဲ့ မဟုတ်ကြောင်း ဝင်ရောက်ပြောကြားပြီး ကန့်ကွက်ခဲ့သည်။ ကိုမျိုးသန့်သည် ဘာမှထပ်မပြောတော့ဘဲ ဆိတ်ဆိတ်နေပြီး သူ့တပ်သို့ပြန်သွားခဲ့သည်။ ထိုစဉ်က ကျွန်တော့်အား ဆန့်ကျင်နေသူများ၏အမည်စာရင်းကိုပေးပြီး ကိုမျိုးသန့်ကို ဗိုလ်ချုပ်ခန့်ပေးလိုက်ပါက ABSDF သည် မြောက်ပိုင်းလူသတ်မှုကြီး မဖြစ်ခင်ကပင် သွေးစွန်းနေသည့် အဖွဲ့အစည်းကြီး ဖြစ်သွားမည်မှာ အမှန်ဖြစ်သည်။ နောက်ပိုင်း မိုးသီး-နိုင်အောင် နှစ်ခြမ်းကွဲသောအခါ ကိုမျိုးသန့်က မိုးသီးဖက်တွင် ရပ်တည်ခဲ့သည်။ ကေအင်န်ယူနှင့် ရှေ့တန်းစခန်းတွင် ပဋိပက္ခဖြစ်သည်ဟု ကြားသိလိုက်ရပြီး ကိုမျိုးသန့် ပျောက်သွားသည်။ နောက်ပိုင်းတွင် ကိုမျိုးသန့်၏ သတင်းကို မကြားရတော့ပါ။ (အဖြစ်မှန်ကိုမူ ကိုမျိုးသန့်၏ရဲဘော်များသာလျှင် သိနိုင်မည်ဖြစ်သည်။)

ကျောင်းသားများ ပြန်လာရန် ကူညီလျှင် ဆုငွေ ဘတ် ၅၀၀၀
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ဘန်ကောက်ရှိ မြန်မာသံရုံးက ကျောင်းသားများ အိမ်ပြန်လိုပါက လွတ်လပ်စွာ ပြန်လာနိုင်ကြောင်း တရားဝင် စာထုတ်ပြန်ခဲ့ပြီး မည်သူမဆိုပြန်လာချင်သော ကျောင်းသားများကို ကူညီပေးပို့ခြင်း၊ သံရုံးသို့အကြောင်းကြား၍ ပြန်နိုင်ရန်ကူညီပေးခြင်းတို့ကိုပြုလျှင် ထိုကုန်ကျမှုအတွက်ဘတ်ငွေ အများဆုံး ၅,၀၀၀ ကို ပေးမည်ဖြစ်ကြောင်းနှင့် မြန်မာအစိုးရသည် ကျောင်းသားများ ပြန်လာနိုင်ရန်ရက်ကို ဒီဇင်ဘာလ ၃၁ ရက် အထိ တိုးမြှင့်လိုက်ကြောင်း၊ အိမ်ပြန်လိုသော ကျောင်းသားများ ထိုရက်အတွင်း ပြန်လာပါက မည်သည့်အရေးယူမှုကိုမျှ ပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ထိုရက်နှင့်မရှေးမနှောင်းတွင် ထိုင်းကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုသည် အဖွဲ့ဝင် ၂၀ ဦးပါသော စစ်တပ်ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်ကြီးစောမောင်၏ ဖိတ်ကြားချက်အရ မြန်မာပြည်သို့ နိုင်ငံရေး၊ စီးပွားရေးကိစ္စများ ဆွေးနွေးရန် တစ်ရက်ကြာ ခရီးထွက်ခြင်းနှင့် တိုက်ဆိုင်နေခဲ့ပါသည်။ ထိုခရီးစဉ်မှပြန်လာပြီး ချာဗာလစ်သည် “ဗိုလ်ချုပ်ကြီးစောမောင်ဟာ ကျွန်တော်ရဲ့အကိုကြီးဖြစ်ပါတယ်” ဟု ပြောဆိုပြီး မြန်မာကျောင်းသားများကို မြန်မာပြည်သို့ ပြန်ပို့ရန် သဘောတူခဲ့သည်။ ထိုသဘောတူညီချက်အရ တပ်ခရိုင် (TAK Province) တွင် မြန်မာကျောင်းသားများအတွက် စစ်တပ်မှ စခန်းဖွင့်ပြီး ပြန်ချင်သော ကျောင်းသားများကို ထိုစခန်းတွင် မပြန်ခင် ကျွေးမွေးစောင့်ရှောက်ထားခဲ့သည်။
ထိုင်းစစ်ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုက ယင်းကဲ့သို့ မြန်မာစစ်အစိုးရနှင့်နားလည်မှုယူပြီး မြန်မာ ကျောင်းသားများကို ပြန်ပို့ပေးရန်သဘောတူညီခဲ့ခြင်း၏နောက်ကွယ်တွင် ထိုင်းနိုင်ငံမှ မြန်မာပြည်တွင်းရှိ သစ်တောများကို ခုတ်ယူခွင့်နှင့် မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းသဘောင်္များကို တရားဝင်ငါးဖမ်းခွင့် လိုင်စင်ထုတ်ပေးရန် သဘောတူညီချက်များလည်း ပါဝင်ခဲ့သည်။ မြန်မာစစ်အစိုးရကလည်း ၈၈ အရေးအခင်းကြီးတွင် လူထောင်ပေါင်းများစွာ သတ်ဖြတ်ခဲ့မှုကြောင့် နိုင်ငံတကာမှ စီးပွါးရေးပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော စစ်အစိုးရသည် ထိုအချိန်တွင် နိုင်ငံခြားဘဏ္ဍာငွေ လွန်စွာနည်းနေချိန်ဖြစ်သည့် အတွက်ကြောင့် ထိုင်းစစ်ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုကို စီးပွါးရေးလုပ်ခွင့်ပေးလိုက်ပြီး၊ လိုနေသော နိုင်ငံခြားငွေကို ဖြည့်ဆည်းရန် နိုင်ငံပိုင်သစ်တောများ၊ ပင်လယ်ထွက် သားငါးပုဇွန်များကို စည်းမဲ့ကမ်းမဲ့ ထိုင်းငါးဖမ်းသဘောင်္များကို ဖမ်းခွင့်ပေးခဲ့ရသည်။ ထို့အပြင် တိုင်းပြည်အညွန့်အဖူးဖြစ်သော ပညာတတ် ကျောင်းသားများ တောခိုပြီး အစိုးရကို တိုက်ခိုက်နေခြင်းသည်လည်း နိုင်ငံတကာတွင် အရှက်ရစေသည့်အပြင် ထိုကျောင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီး အင်အားကြီးမားလာမည့် အန္တရာယ်ကိုလည်း ဟန့်တားနိုင်ရန် ပြန်လာခွင့်ပေးပြီး ထိုင်းအစိုးရ၏ အကူအညီကိုရယူခဲ့သည်။ ထိုအပေးအယူအရ ထိုင်းစစ်ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုက သစ်တောများကို ခုတ်ယူခွင့်၊ ပင်လယ် ပြင်တွင် ယခင်ကလို ငါးခိုးဖမ်းစရာမလိုဘဲ ကြိုက်သလို ဖမ်းနိုင်ခွင့်ရပြီး ဘီလီယံနာ ကုဋေကြွယ်သူဌေးကြီးဖြစ်သွားသကဲ့သို့၊ မြန်မာစစ်အစိုးရမှလည်း လိုနေသောနိုင်ငံခြားငွေကို ထိုင်းဗိုလ်ချုပ်ထံမှရယူပြီး အာဏာကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတကာက လက်ညှိုးထိုးစရာဖြစ်နေသော ကျောင်းသားများ တောတွင်းတော်လှန်နေသော လုပ်ရပ်ကိုလည်း သဘောထားကြီးကြီးထား၍ ပြန်ခေါ်နေပါသည်ဟု ဝါဒဖြန့်နိုင်ခွင့်ကို ထိုင်းစစ် တပ်နှင့်ပေါင်း၍ လုပ်ခွင့်ရသွားသည်။ ထိုအပေးအယူလုပ်ခြင်းတွင် အဓိက အကျိုးအမြတ်ရသွားသူမှာ ထိုင်းစစ်ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယု တစ်ယောက်ပင် ဖြစ်သည်။ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့အစည်းကြီးသည် ထိုလုပ်ရပ်ကြောင့် အင်အားတစ်ဝက်ခန့် လျော့နည်းသွားရသလို မြန်မာ့သစ်တောများ လုံးဝနီးပါး ပြုန်းတီးခြင်း နှင့် မြန်မာ့ရေပိုင်နက်အတွင်းရှိ ငါး၊ ပုဇွန်များ လျော့နည်းသွားခြင်းစသည့် ဆိုးကျိုးများကို ကျွန်တော်တို့ ခံခဲ့ရသည်။

ဘတ်ငွေ ၅၀၀၀ မက်သော ထိုင်းဒုမြို့ပိုင်
သေ့ဘောဘိုးဒေသတွင် ကျောင်းသားစခန်း (၄) ခုခန့် ကွဲနေခဲ့သည်။ ကိုအက်စ်အောင်လွင်နှင့် ကိုအောင်နိုင်ဦး (ယခု Peace Center တွင်အလုပ်လုပ်နေသူ) တို့၏ သေ့ဘောဘိုးစခန်း၊ ဦးမျိုးချစ်၏ မျိုးချစ်တပ်ရင်း၊ ဘုန်းကိုနှင့် သန်းနိုင်တို့၏တပ်ရင်း၊ တင်မောင်ဆန်း၏ တပ်ရင်းစသည်ဖြင့် ကိုယ့်အုပ်စုနှင့် ကိုယ်ရှိနေကြသည်။  တစ်နေ့တွင် တင်မောင်ဆန်း ဘန်ကောက်သို့တက်ပြီး မြန်မာ့အရေးထောက်ခံသူများထံ ငွေသွားတောင်းစဉ် မဲဆောက်၊ ဖုတ်ဖ (Phop Phra) မြို့၊ ဒုမြို့ပိုင်နှင့် တပည့်တစ်ယောက် ထိုင်းဖက်ခြမ်းမှနေ၍ တင်မောင်ဆန်း၏ မိုးကဲစခန်းမှ ထိုင်းဖက်ကူးလာသောကျောင်းသားများကို မြန်မာပြည်ပြန်မလား သူတို့အကူအညီပေးမည်ဟု ပြောသည်ကို ထိုကျောင်းသားများက “ငါတို့စခန်းထဲမှာ ပြန်ချင်တဲ့သူတွေအများကြီးရှိတယ်၊ လိုက်ခဲ့” ဟု မျှားခေါ်သည်။ ထိုထိုင်းမြို့ပိုင်က တစ်ဦးလျှင် ဘတ် ၅၀၀၀ ရမည်ကိုမက်ပြီး မြန်မာပြည်သို့ ကူးသည့်တံတားမှ ဖြတ်ကျော်၍ ထိုကျောင်းသားများခေါ်ရာ စခန်းသို့လိုက်ပါသွားရာ စခန်းတွင်းရောက်သည်နှင့် သူတို့နှစ်ယောက်ကို ဖမ်းထား လိုက်တော့သည်။

ဆက်လက်ဖော်ပြပါမည်။


"မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၃

January 26, 2014 at 7:11am
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် ကြာသာပတေးနေ့ထုတ်မှာပါတဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့မှတ်တမ်း အခန်းဆက်ဆောင်းပါးရှည် "မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၃

ယခင်အပတ်မှအဆက်

ထိုအခါ ထိုဒေသနယ်စပ်တစ်လျှောက် ထိုင်းစစ်တပ်ရောက်ရှိလာပြီး နယ်စပ်တံတားကို ပိတ်ထားလိုက်သည်၊ အခြေအနေမှာ တင်းတင်းမာမာဖြစ်နေပြီး ထိုင်းစစ်တပ်မှ နယ်စပ်ကိုဖြတ်ကျော်မည့်ဟန် ဖြစ်နေသည်။ ထိုင်းထောက်လှန်းရေး ဗိုလ်မှူးထုံလေးသည် အရပ်ပုပုသေသေးလေးဖြစ်သည်။ အလွန်ဖေါ်ရွေပြီး ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။ ဘယ်လိုက ဘယ်လိုသတင်းရသည်မသိ ကျွန်တော်ရှိသောနေရာသို့ ပေါက်ချလာသည်။ သူကရောက်ရောက်ချင်း “မင်းငါ့ကိုကူမှဖြစ်မယ်မင်းတို့ဖမ်းထားတဲ့သူက မြို့ပိုင် ဖြစ်နေတယ်၊ မင်းတို့အတွက်လည်း အကျိုးမရှိဘူး ဒီလူပြန်လွတ်လာဖို့ကူညီပါ၊ မင်းလိုတဲ့ အကူအညီကိုလည်း ပြောပါငါကူညီပါ့မယ်” ဟု ပြောသည်။ ကျွန်တော်က စုံစမ်းကြည့်သည့်အခါ တင်မောင်ဆန်းစခန်းက ဖမ်းထားသည်ဆိုသည်ကို သိရသည် ညနေရောက်နေပြီဖြစ်သည့်အတွက် နောက်တစ်နေ့ နံနက်မှစခန်းကို လိုက်သွားမယ်ဟု ပြောသည့်အခါ ထုံလေးက ဟော်တယ်ငှားပေးယ်။ မနက်သူလာခေါ်မယ်” ဟု ပြောသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် တင်မောင်ဆန်း ဘန်ကောက်မှ ပြန်ရောက်လာသည့်အတွက် ထုံလေးက တင်မောင်ဆန်းကို ကျွန်တော်နှင့် တစ်ခန်းထည်းမှာ အတူနေစေပြီး ပြန်သွားသည်။

တင်မောင်ဆန်းက ကျွန်တော်ကို ဘာမှမပြောဘဲ၊ သူရှိုးနှင့်ဝတ်လာသည့်အဝတ်အစားများကိုချွတ်ပြီး အဝတ်အစားအဟောင်းများကို ပြန်ဝတ်ပြီး တရှူးရှူးနှင့် အိပ်သွားသည်။ ကျွန်တော်က မအိပ်နိုင် ကိုယ့်အပူနှင့်ကိုယ်ဖြစ်သည်၊ ထိုင်းမြို့ပိုင်လာရောက်ပြီး ကျောင်းသားများကိုပြန်ရန်ဖဲ့ထုတ်စည်းရုံးခြင်းသည် ကျွန်တော်တို့အဖွဲ့အစည်းကို အားအင်အားချိ့နဲ့စေရန် ပြုလုပ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းကို ထိုင်းသတင်းစာများတွင် ပါလာရန် ဖွင့်ချဖို့လိုသည်ဟု မြင်သည်။ ထို့ကြောင့် တစ်ညလုံး ည နာရီလောက်မှစ၍ နေရှင်းသတင်းထောက်ရင်ဒီနှင့် ထိုင်းဒေသခံသတင်းထောက်များကို ဖုံးဆက်ပြီး မနက်ဖြန် ထိုင်းမြန်မာနယ်စပ်သို့ လာရောက်သတင်းယူရန် ဖိတ်ကြားရသည်။ ရင်ဒီက ယခုအချိန်သည် ညရောက်နေပြီဖြစ်သဖြင့် လာဖို့ခက်ခဲ့ကြောင်း လေယဉ်နှင့်လာလျှင်လည်း အချိန်မှီချင်မှ မှီမည်ဖြစ်ကြောင်း ရှင်းပြသည်။ ကျွန်တော်ကလည်း သူ့ကိုသာ အားကိုးစရာမြင်ကြောင်း ဤကိစ္စသည်အရေးကြီးကြောင်း ထိုင်းအာဏာပိုင်တို့က ကျောင်းသားအဖွဲ့အစည်းကို မြန်မာစစ်အစိုးရနှင့်ပေါင်း၍ ဖျက်စီးရန် ကြံရွယ်မှုသာ ဖြစ်သဖြင့် ဖြစ်အောင်လာဖို့ တောင်းပန်ရသည်။ နောက်ဆုံး ရင်ဒီက လာဖြစ်အောင် ကြိုးစားမည်ဟု ကတိပေးသည့်အတွက် စိတ်အေးသွားရသည်။ ရင်ဒီအား အခြားထိုင်းဘာသာထုတ်သတင်းထောက်များကိုပါ ဆက်သွယ်သတင်းပေးဖို့ အကူအညီတောင်းရသည်။ နံနက် ၂ နာရီကျော် ၃နာရီ လောက်မှ အိပ်ဖြစ်သည်။

မနက်မိုးလင်း ရေမိုးချိုးပြီး နံနက် နာရီကျော်   နာရီလောက်တွင် ထုံလေးက ကားနှင့်ရောက်လာသည်။ ကျွန်တော်နှင့် တင်မောင်ဆန်းတို့ ဟော်တယ်မှထွက်လာခဲ့ပြီး ကားဆီသို့လာကြရာ၊ တင်မောင်ဆန်းက ရှေ့မှကျော်တက်ပြီး ကားရှေ့ခန်းတွင် ဝင်ထိုင်သည်။ ထုံလေးက ဘာပြောရမည်မသိ ကြောင်နေသည်။ ကျွန်တော်က ဗဟိုဥက္ကဋ္ဌဖြစ်သည်၊ သို့ရာတွင် တင်မောင်ဆန်းက ဂရုမစိုက်သည့် သဘောနှင့်ရှေ့ခန်းတွင် နေရာဝင်ယူသည်။ ဗဟိုကော်မီတီသည် ဖွဲ့စည်းထားသော်လည်း စခန်းများလိုအပ်ချက်များကို ထောက်ပံ့မှု မပေးနိုင်ဘဲ စခန်းများမှ စခန်းခေါင်းဆောင်များကလည်း ဗဟိုကော်မီတီကို မလေးစားဘဲ မိမိတို့ဖာသာ ဘန်ကောက်သို့တက်ပြီး အကူအညီယူသည်၊ ရလာသည်များကို မြို့တွင် သုံးဖြုန်းပြစ်ကြသည်၊ စားကြွင်း စားကျန်များကို စခန်းများက ရကြသည်၊ ထိုကဲ့သို့ကျော်၍လုပ်ရင်း ပျက်စီးလာကြသည်မှာ ထိုစဉ်က အခြေအနေဖြစ်သည်။ ထုံလေးက သူ့တပည့်ထိုင်းထောက်လှန်းရေးကို ကားမောင်းပို့ရန်တာဝန်ပေးပြီး ကျွန်တော်တို့ကို စခန်းသို့လိုက်ပို့စေသည်။ သူကတော့ အခြားအလုပ်များ လုပ်ရန်ရှိသည့်အတွက် နောက်မှ လိုက်လာမည်ဖြစ်ကြောင်း ပြော၍ကျန်ရစ်သည်။
ကျွန်တော်က တင်မောင်ဆန်းကို နောက်ကထိုင်ဟု ပြောလျှင် ကိုယ်သာအရှက်ကွဲမည် သူကဆင်းပေးမည် မဟုတ်ပြဿနာကိုဖြေရှင်းရန် သူ့ပူးပေါင်းဆောင်ရွက်မှုလည်းလိုသည်၊ ထို့ကြောင့် ဘာမှမပြောဘဲ သဘောထားကြီးစွာဖြင့် ပစ်ကပ်ကားနောက်ဖက်ခုံတန်းတွင် ဝင်ထိုင်လိုက်သည်။ ကျွန်တော်တို့တွင် ဖမ်းထားသောထိုင်းမြို့ပိုင်ကို လွှတ်ပေးရန်မှလွဲ၍ အခြားလမ်းမရှိချေ။ ထိုအချက်ကို ကျွန်တော်က ထင်ထင်ရှားရှား မြင်သည်။ ကျွန်တော်တို့သည် ထိုင်းနယ်စပ်တွင်နေပြီး ထိုင်းမှဆန်၊ ဆေးဝါး၊ လက်နက်၊ ခရီးသွားလာမှုမှအစ ရယူနေရသည်။ ထိုင်းနှင့် ပြဿနာဖြစ်လျှင် စစ်နှစ်ဖက်ညှပ်သွားမည်။ ထိုင်းဖက်သို့ ထွက်ပေါက်ကို ကိုယ့်ပရောဂါနှင့် ကိုယ်အလိုလို ပိတ်ပြီးသားဖြစ်မည်။

ထို့ပြင် ကေအင်န်ယူနယ်မြေထဲတွင် နေထိုင်သဖြင့် ထိုကိစ္စသည် ကေအင်ယူနှင့်လည်း တိုက်ရိုက်ပတ်သက်လာသည်။ ကျွန်တော်တို့က လွှတ်မပေးလျှင် ထိုင်းကနယ်ခြားကိုပိတ်သည်အထိ ဖြစ်လာနိုင်ပြီး ကေအင်န်ယူကလည်း ထိုသို့ အဖြစ်ခံနိုင်ချေ။ ကျွန်တော်တို့က ဆက်လက်တင်းမာနေလျှင် ထိုင်းနှင့်လည်းကောင်း ကေအင်န်ယူနှင့်လည်းကောင်း နှစ်ဖက်ညှပ်သည့် အနေအထားသို့ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ နိုင်ငံတကာသတင်းထောက်များရှေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ နောက်နောင် ထိုသို့ဖဲ့ထုတ်စည်းရုံးမှု မလုပ်ရန်ပြောကြားခြင်းသည် သာလျှင်အကောင်းဆုံး နည်းလမ်းအဖြစ် ကျွန်တော်ရွေးချယ်ခဲ့သည်။

ကျွန်တော်တို့စီးလာသောကားသည် ထိုင်းနယ်စပ်ရှိ ကရင်ဂိတ်ကိုဖြတ်ကူးသည့် တံတားထိပ်နားသို့ ရောက်သောအခါ ထိုင်းဖက်ခြမ်းတွင် ယူနီဖေါင်းအနက်များ ဝတ်ထားသည့်ထိုင်းရိမ်းဂျားတပ်များနှင့် သံချပ်ကာကားများက နေရာယူထားသည် ကိုတွေ့ရသည်။

ကားကိုတံတားဆီသို့မောင်းလာရာ စောင့်နေသောတပ်ကတားပြီး ထိုင်းလိုမေးသည်၊ ထုံလေးတပည့်က ထိုင်းလို ပြန်ပြောသည်၊ သူပြောသည့်စကားထဲတွင် ကျွန်တော်တို့ ထိုင်းတွင်သုံးခဲ့သည့် “နန့်ဆူဆာဖမာဝဏ္ဏိုငိုင်” ဆိုသည့် အသုံးအနှုန်းပါသည်။ အဓိပ္ပါယ်မှာ ဗမာကျောင်းသား ခေါင်းဆောင်များကို သူခေါ်လာပြီး တစ်ဖက်ကမ်းသို့ သွားမည်ဆိုသည့်သဘောပြောသည်ဟု နားလည်သည်။  

ချက်ချင်းအခြေအနေက တင်းမာပြီုးတ်ုတ်သဲသဲ ဖြစ်သွားသည်။ ထိုင်းစစ်သားများသည် ညကတည်းထဲက အအိပ်ပျက်အစားပျက် နယ်စပ်တွင် အရေးပေါ်လာစောင့်နေရသဖြင့်လည်းကောင်း၊ သူတို့မြို့ပိုင်ကို ဖမ်းထားသည်ဟု သိသည့်အတွက်ကြောင့်လည်းကောင်း ဒေါသထွက်နေကြသည်။ုတ်တရက်ကားထဲတွင် သူတို့မြို့ပိုင်ကို ဖမ်းထားသော ဗမာကျောင်းသားခေါင်းဆောင်များပါသည်ဟု ကြားသိရသောအခါ ဒေါသပေါက်ကွဲပြီး ကားရှေ့ခန်းတွင် ထိုင်လိုက်လာသူ တင်မောင်ဆန်းကို ကျောင်းသားခေါင်းဆောင်ဟု ထင်ပြီး ကားတံခါးကို ဆွဲဖွင့်ပြီး တင်မောင်ဆန်းကို ဂုတ်မှကိုင်ကာ ကားရှေ့ခန်းမှ မြေပေါ်သို့ ဆွဲချပါတော့သည်။ တင်မောင်ဆန်းလည်း ကန့်လန့်ကန့်လန့်နှင့် သူတို့ဆွဲခေါ်ရာသို့ လေးဖက်ထောက် ဒရွတ်တိုက်ပါသွားရာ၊ ထုံလေးတပြည့်က ထိုင်းလို အဆက်မပြတ်အော်ရင်းလှမ်းပြောမှ တင်မောင်ဆန်းကိုဂုတ်မှ ကိုင်ထားခြင်းကို လွှတ်ပေးလိုက်သည်ကို ကျွန်တော်ကား နောက်ခန်းတွင်ထိုင်နေရင်း အထင်းသား မြင်နေရသည်။ တချို့တင်မောင်ဆန်းကို ခြေနှင့်ကန်သည်၊ တယောက်က လက်သီးနှင့် ထိုးလွှတ်လိုက်သည်။

လွတ်သွားသည့်အခါ တင်မောင်ဆန်းကားရှေ့ခန်းတွင် ဆက်မထိုင်ရဲတော့ဘဲ ကျွန်တော်ထိုင်နေရာ နောက်ခန်းသို့ ပြောင်းလာပြီးထိုင်သည်။ ကြောက်ကြောက်လန့်လန့်နှင့် သူ့ပေါင်ကြားထဲ လက်နှစ်ဖက်ထည့်ပြီး “ကျွန်တော့်ကို ဝိုင်းထိုးကြတယ်” ဟုပြောသည်။ ကျွန်တော် မိမိကိုယ်ကိုအံ့သြမိသည်။ တင်မောင်ဆန်းသာ ရှေ့ခန်းတွင် တက်မထိုင်ပါက၊ သူ့ခံရသည့်နေရာတွင် ကျွန်တော်ဖြစ်မည်၊ ကျွန်တော့်ကိုယ်စား သူ့မောက်မာမှုက သူ့ကိုဒါဏ်ခတ်သွားပြီး ကျွန်တော်၏သီးခံမှုက ကျွန်တော့်ကို အကျိုးပေးသွားသည်ဟု မြင်သည်။
ကျွန်တော်တို့ကားလေး တင်မောင်ဆန်းတို့ မိုးကဲစခန်းသို့ ရောက်လာသည့်အခါ ထိုင်းထောက်လှန်းရေးကို စခန်းအဝတွင်နေစေ၍ ကျွန်တော်တို့နှစ်ယောက် စခန်းထဲသို့ ဝင်ခဲ့ကြသည်။ ဖမ်းထားတဲ့မြို့ပိုင်ဘယ်မှာလဲဟု မေးရာ ကျောင်းသားတစ်ယောက်က ကင်းတဲထဲမှာထားကြောင်းပြော၍ ကင်းတဲကို ဝင်ကြည့်သည်။ ထိုင်းမြို့ပိုင်နှင့် သူ့တပည့်သည် ကင်းရုံမြေကြီးပေါ်တွင် ညှိုးညှိုးငယ်ငယ်နှင့် လှဲနေကြသည်ကို တွေ့လိုက်ရသည်။  ကင်းရုံထဲတွင် ကျောင်းသားနှစ်ယောက်က စင်ပေါ်တွင် ရေဒီယိုနားထောင်ရင်း နေနေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် “ဟေ့၊ ရဲဘော်တွေအပေါ်က ဆင်းကြစမ်း” ဟု ပြောပြီး ဆင်းခိုင်းလိုက်သည်။ ထို့နောက် ထိုင်းဒုမြို့ပိုင်နှင့် အဖော်ကို ယင်းစင်ပေါ်သို့ တက်ပြီးနေစေသည်။

သူတို့ဘေးတွင် ရေဒီယို ထားပေးပြီး စိတ်အေးအေးနေရန် လွှတ်ပေးမည်ဖြစ်ကြောင်း ခြေဟန်လက်ဟန်နှင့် ပြရသည်။ ထို့နောက် စခန်းရဲဘော်များကို စုဝေးစေပြီး မလွှတ်မဖြစ် လွှတ်ရမည်ဖြစ်ကြောင်း ကြောင်းကျိုးနှင့်တကွ ရှင်းပြသည်။ ရဲဘော်တချို့သူတို့အသက်စွန့်ပြီး ဖမ်းထားရကြောင်း ဆင်ခြေတက်သည်။ မည်သို့ဆိုစေ နောက်ဆုံး အားလုံးက လွှတ်ပေးရမည်သို့ရာတွင် ထိုသတင်းကိုနိုင်ငံတကာသို့ သိအောင်တင်ပြမည်ဟု သဘောတူကြသည်။ 
ထို့နောက် ထိုင်းထောက်လှန်းရေးက ကားဒရိုင်ဘာကိုခေါ်ပြီး သူ့မြို့ပိုင်နှင့်တွေ့ပေးသည်သူ့မြို့ပိုင်ကို ညှင်းပန်းနှိပ်စက်ခြင်းမရှိဘဲ ရေဒီယိုနားထောင်ပြီး စင်ပေါ်တွင် လဲလှောင်းနေသည်ကို မြင်တွေ့သွားသောအခါ ဒရိုင်ဘာလုပ်သူသည် စိတ်သက်သာရာရ သွားပုံရသည်။ ထို့နောက် မြို့ပိုင်နှင့် သူ့အဖေါ်ကို ကားရှေ့ခန်းတွင်တက်စေပြီး ကျွန်တော်နှင့်တကွ စခန်းမှ ရဲဘော် ယောက်က ကားနောက်ပိုင်းသို့ တက်၍ သတင်းထောက်များ စောင့်နေသည့်တံတားဆီသို့ သွားစေသည်။ စခန်းမှရဲဘော်များတွင် သေနတ်များပါသည်၊ ပစ်ခတ်ရမရတော့ သိချေ။ 
ကျွန်တော်၏အစီအစဉ်မှာ ကားကို တံတားနားသို့မောင်းလာကာ တံတားထိပ်တွင်စောင့်နေသော နိုင်ငံတကာ သတင်းထောက်များနှင့် တွေ့စေပြီး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရန်ဖြစ်သည်။ ပြီးမှမြို့ပိုင်ကို တောင်းပန်ခိုင်းပြီး လွှတ်ပေးလိုက်ရန်ဖြစ်သည်။ ကျွန်တော်တို့ကားက တံတားနားမရောက်ခင် ကရင်ဂိတ်သို့ အရောက် ဗိုလိမှူးရောဘတ်ဇံ ကျဉ်ဆံခါးပတ် ဘယ်ညာလွယ်လျက် ဂိတ်ရှေ့သို့ရောက်ချလာပြီး ကားပေါ်တွင် လိုက်ပါလာသူ များကို ကားပေါ်မှ ဆင်းစေသည်။ စိတ်လည်းတိုနေပုံရသည်။

ကျွန်တော်လည်းကားပေါ်မှဆင်းပြီး တံတားထိပ်သို့ ထွက်လာခဲ့သည်၊ တံတားထိပ်တွင် ရင်ဒီနှင့် ထိုင်းသတင်း ထောက်များက စောင့်နေကြသည်။ တင်မောင်ဆန်းစခန်းမှ အင်္ဂလိပ်စာပြောဆိုနိုင်သူ ကုလားဇော်ဝင်း ကလည်း သတင်းထောက်များကို ကျွန်တော်နှင့်အတူ ရှင်းလင်းတင်ပြရန် အတူရှိနေသည်။ ထိုစဉ် ထိုင်းထောက်လှန်းရေးက ကားကို ကရင်ဂိတ်မှ မောင်းပြီး ဆင်းလာသည်၊ ကျွန်တော်တို့က ကားအနားရောက်လျှင် ရပ်မှာပဲဟု ထင်ထားသော်လည်း ကားသည် အနားကို ရောက်လာသည့်အခါ မရပ်ဘဲ ဒလကြမ်းမောင်းပြေးသည်။ တံတားပေါ်တွင် နေရာယူထားသော ကျွန်တော်တို့တတွေ ခုန်ရှောင်လိုက်သဖြင့် လွတ်သွားသည်။ အားလုံးဒေါသတွေ ထွက်ကုန်သည်။ ကျွန်တော်တို့ အလိမ်ခံလိုက်ရသည်။ သတင်းထောက်များကလည်း ကျေနပ်ကြ။ အားလုံး ကျေမနပ်နှင့် စခန်းပြန်သူပြန်ပြီး ကျွန်တော်တို့နှင့် စခန်းမှရဲဘော်များ အခြေအတင် စကားများကြသည်။ စခန်းရဲဘော်များက ကျွန်တော်က ထိုင်းထောက်လှန်းရေး နှင့်ပင်းပြီး သူတို့အသက်စွန့်ဖမ်းထားသောမြို့ပိုင်ကို လွှတ်ပေးလိုက်သည်ဟု စွပ်စွဲသည်။ တစ်ယောက်က ကျွန်တော်က လက်ပြ၍ အချက်ပေးလိုက်သည်ဟု စွပ်စွဲပြန်သည်။  ကျွန်တော်က ကုလားဇော်ဝင်းကို သက်သေတည်၍ သူနှင့်အတူရှိနေစဉ် ကားအရှိန်နှင့်မောင်းဝင်လာတာဖြစ်ကြောင်း ရှင်းပြသည်။ ထိုအခါ ကုလားဇော်ဝင်းက သူမသိဟု ဗြောင်ငြင်းပြီး ကျွန်တော်ကို သူတို့စခန်းက စွပ်စွဲသည်ကို ထောက်ခံသလို လုပ်သည်။ အတော့်ကို စိတ်ပျက်စရာ ရင်မောစရာ ကောင်းလှသည်။ လူတွေက ဘာလုပ်လုပ် အပြစ်တင်ဖို့လောက်၊ ပြဿနာလုပ်ဖို့ အပျက်သဘောဆောင်နေကြသည်။  ဆက်မရှင်းတော့ဘဲ မဲဆောက်သို့ ပြန်လာခဲ့သည်။

မပြီးသေးသောဇါတ်လမ်း
ထိုပြဿနာဖြစ်ပြီး တစ်ပတ်အကြာ မိုးကဲစခန်းမှ ကျွန်တော့်ကို သူတို့စခန်းသို့လာပြီး စာရင်းရှင်းရန် တောင်းဆို လာသည်။ ဗဟိုရုံးသို့ စာရေးအကြောင်းကြားလာသည်။ ကိုဝင်းမိုးတို့အုပ်စုက ကျွန်တော် ပြဿနာ တက်နေသည့်အတွက် တင်မောင်ဆန်းစခန်းသို့ သွားရောက်ဖြေရှင်းရဲမည် မဟုတ်ဆိုပြီး ပျော်နေကြကြောင်း ကျောင်းသားတစ်ယောက်က သတင်းပါးလာသည်။ မိုးကဲစခန်းမှ ကျွန်တော်က ဦးဆောင်၍ လာရောက် မဖြေရှင်းလျှင် လက်မခံဟု ဆိုသည်ကိုလည်း သတင်းပို့လာသည်။ ဥက္ကဋ္ဌဖြစ်သည်မှာ တစ်လကျော်သာရှိသေးသော်လည်း ပြဿနာက သောင်းခြောက်ထောင်။ နောက်ဆုံးပေါက်တဲ့နဖူး မထူးဘူးကွာဟု ဗဟိုအလုပ်အမှုဆောင် ကိုကြည်မိုး၊ ကိုစိုင်းမျိုးဝင်းထွန်း၊ ဗဟိုရုံးအဖွဲ့မှူးကိုရွှေထီးနှင့် ကျွန်တော်တို့ မိုးကဲစခန်းသို့ ကားတစီးစီစဉ်ပြီး မဲဆောက်မှ ထွက်ခဲ့ကြသည်။
မိုးကဲစခန်းသို့မရောက်ခင် ကေအင်န်ယူအဖွဲ့ဝင် မူဆလင်ဂိတ်ကို ဖြတ်ရသည်။ မူဆလင်ဂိတ်တွင် မူဆလင် တပ်ရင်းမှူးက “ဥက္ကဋ္ဌ အခြေအနေမကောင်းဘူး။ ကျောင်းသားစခန်းကို မသွားပါနဲ့၊ ညကသောက်စားမူးယစ် နေကြပြီး သေနတ်ဖေါက်လို့ ကျွန်တော်တို့တောင် သတိနဲ့နေရတယ်၊ ထွန်းအောင်ကျော် အသားစားမယ်လို့ ကြွေးကြော်နေသံလည်းကြားတယ်” ဟု ကျွန်တော့်ကို တားသည်။ ကျွန်တော်က သူပြောသည်ကို နားထောင်ပြီး စဉ်းစားသည်၊ ပြဿနာမရှိ ပြဿနာရှာနေကြောင်းလည်းသိသည်။ အကယ်၍ သူတို့ဖမ်းထားသည်ကို ကျွန်တော် ဝင်မရှင်းလျှင် သူတို့နှင့် ထိပ်တိုက်တွေ့မည်မှာ ယိုးဒယားတပ်မဟုတ် ကေအင်ယူနှင့်ဖြစ်မည်။ ကေအင်န်ယူက လွှတ်ခိုင်းမည်ပင် ဖြစ်သည်။ ကေအင်န်ယူကလွှတ်ဆိုလျှင် သူတို့ငြင်း၍မရ။ ကေအင်န်ယူကလည်း သူတို့အနေနှင့် ဗမာစစ်တပ်ကို တိုက်နေရင်း တစ်ဖက်မှလည်း ထိုင်းနှင့် ပြဿနာ အဖြစ်မခံနိုင်၊ စစ်နှစ်ဖက်အညှပ် မခံသည့် အခြေအနေရှိသည်။ ယခု ကျွန်တော်ပါဝင်၍ ဖြေရှင်းပေးသည့်အခါ သိသိကြီးနှင့် ထိုင်းထောက်လှန်းရေး လူလယ်လုပ်သွားသည်ကို ကျွန်တော်က ပင်းလုပ်သည်ဟု အကြောင်းပြ၍ ပြဿနာလုပ် လာသည်။
မူဆလင်တပ်မှူးက “ဥက္ကဋ္ဌ မသွားမဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့ တပ်စိတ်တစ်စိတ်နဲ့ လိုက်ပေးပါ့မယ်” ဟု ကမ်းလှမ်းသည်။ စိုးရိမ်စိတ်နှင့်ပြောသော မူဆလင်တပ်မှူးကို ကျေးဇူးတင်မိသည်။ သို့ရာတွင် အကယ်၍ မူဆလင်တပ်ကို ခေါ်သွားလျှင် ထွန်းအောင်ကျော်က ကေအင်န်ယူအားကိုးပြီး ငါတို့ကိုဖိနှိပ်ဖို့ လာတယ်ဆိုပြီး ပြဿနာကို ပိုကြီးအောင် လုပ်လိမ့်မည်ဟု မြင်သဖြင့်၊ မူဆလင်တပ်မှူးကို ကျေးဇူးတင်ကြောင်းပြောပြီး၊ “ဒီကောင်တွေသတ်ရင်လည်း သေရဲတယ်ဗျာ၊ ကိုယ့်ကျောင်းသားစခန်းကိစ္စ ကိုယ့်ဖါသာကိုယ်ရှင်းလိုက်ပါ့မယ် အခုလို သတိပေးတာကျေးဇူးပါ” ဟု ပြောပြီး မိုကဲစခန်းထဲသို့ ကားမောင်းဝင်ခိုင်း လိုက်သည်။  ကျွန်တော်တို့ကားက မိုးကဲစခန်းထဲကို ဝင်လာသည့်အခါ စခန်းမှရဲဘော်များသည် ကျွန်တော်တို့ ဝင်လာတာကို မည်သူမျှ သတိမပြုမိကြဘဲရှိသည်။ ကျွန်တော်တို့ လာရဲမည်ဟုလည်း တွက်ထားကြပုံ မပေါ်ခဲ့၊ စခန်းမှရဲဘော်လေးတွေကလည်း ကျွန်တော် ဘယ်သူဆိုတာကိုလည်း သိပုံမပေါ်သည့်အတွက် “တင်မောင်ဆန်းတစ်ယောက်ဘယ်မှာလဲ” ဟု မေးသည့်အခါ ကင်းတဲထဲတွင် အိပ်နေကြောင်းပြောသဖြင့် မြိုပိုင်ကို ဖမ်းထားခဲ့သည့် ကင်းတဲထဲသို့ ဝင်သွားရာ တင်မောင်ဆန်းကို ကင်းတဲစင်ပေါ်တွင် အိပ်ပျော်နေကြောင်း တွေ့လိုက်ရသည်။
တင်မောင်ဆန်းကို လှုပ်ပြီးနှိုးခိုင်းလိုက်သည်၊ အိပ်မှုံစုံမွှားနှင့် တင်မောင်ဆန်းထလာပြီး ကျွန်တော်တို့ကို တွေ့သည့်အခါ အံ့အားသင့်ပြီး ဘာမှမပြောနိုင်ဘဲ ကြက်သေသေနေသည်။ ကျွန်တော်က “ခင်ဗျားစခန်းက ရဲဘော်တွေ ခေါ်လိုက်ပါ၊ ပြဿနာလာရှင်းပါဆိုလို့လာတာ” ဟု ဆိုလိုက်မှ အပြင်ကိုထွက်ပြီး “ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် လာတယ်၊ အားလုံးထွက်ခဲ့” ဟု ခေါ်သည်။ ထိုအခါကျမှ “ထွန်းအောင်ကျော် လာတယ်ဟေ့၊ ထွန်းအောင်ကျော်အသားစားမယ်ဟေ့” ဟု အချို့ကအော်ပြီး ထွက်လာသည်။ ကျွန်တော်က သူတို့အပြုအမူကြောင့် စိတ်ပျက်မိပြီး “ဒီလိုလူတွေနဲ့ ဒီလိုအတွေးအခေါ်တွေနဲ့ ဘယ်လို တော်လှန်ရေးလုပ်လို့ရမှာလည်း” ဟု တွေးပြီး လူအားလုံးစုဝေးလာသည်အထိ စောင့်သည်။ လူစုလူဝေးရှိလာသည့်အခါ တစ်ယောက်က “ခင်ဗျားလာတဲ့အတွက် တန်းစီမပေးနိုင်ဘူး”ဟု အော်ပြောသည်။ သူကအော်ပြောသော်လည်း အားလုံးနီးပါးက တန်းစီပြီးနေကြသည်။ ကျွန်တော်က “အေး။ မင်းတို့တန်းစီတာခံဖို့ ငါလာတာမဟုတ်ဘူး၊ ငါဒီကိုလာတာ မင်းတို့ဘာမကျေနပ်သလဲဆိုတာ ဖြေရှင်းဖို့လာတာ” ဟုဆိုသည့်အခါ သူတို့က ကျွန်တော်သူတို့အသက်စွန့်ပြီး ဖမ်းထားသောထိုင်းမြို့ပိုင်ကို ကျွန်တော့်ကိုယ်ကျိုးကိုကြည့်ပြီး လွှတ်ပေးလိုက်ကြောင်း ထို့ကြောင့် ထိုကိစ္စကို ဖြေရှင်းပေးရန်၊ ထိုင်းထောက်လှန်းရေးနှင့်ပင်းပြီးတံတားထိပ်မှ ကျွန်တော်က လက်ပြပြီး အချက်ပေးလိုက်သည်ကို ဖြေရှင်းရန် တောင်းဆိုလာကြသည်။ ကျွန်တော်က စိတ်ကို တည်ငြိမ်စွာထားလျက် အားလုံးကြားရရန် အသံမြှင့်ပြီး “မင်းတို့ ထိုင်းမြို့ပိုင်ကို ကြာကြာဖမ်းထားလို့ မရဘူး၊ ထိုင်းနိုင်ငံထဲက စားစရာ ဆန်၊ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည် အစစ အရာရာကို ယူနေရတယ်၊ ထောက်ပံ့သူတွေကလည်း ထိုင်းနိုင်ငံက လာတယ်၊ ငါတို့တင်မဟုတ် မဟာမိတ်တော်လှန်ရေးအင်အားစုတွေ အားလုံး ထိုင်းကို အားကိုးနေရတယ်၊ ဒါကြောင့် ဒီမြို့ပိုင်ကို လွှတ်ကိုလွှတ်ရမယ်။ မလွှတ်ရင် ကေအင်န်ယူနဲ့ ငါတို့နဲ့ ထိပ်တိုက်တိုးမှာဘဲ၊ နောက်ပြီး မင်းတို့စခန်းက ရဲဘော်တွေ ကားနဲ့အတူလိုက်လာတာပဲ။ ဘာဖြစ်လို့ မင်းတို့ကားပေါ်က ဆင်းပေးသလဲ၊ ဒီလိုထိုင်းထောက်လှန်းရေးက မောင်းပြေးတော့ ငါတို့ ဘာအမြတ်ရလိုက်သလဲကြည့်၊ ဒီလိုမောင်းပြေးတဲ့အတွက် ထိုင်းသတင်းထောက်တွေက ဒီသတင်းကို သူတို့သတင်းစာတွေထဲမှာ နောက်တစ်နေ့မှာ ရေးလာတယ်၊ ဒီသတင်းထောက်တွေ လာအောင် ငါဖိတ်ခဲ့တာကြောင့် ဒီသတင်းပါလာတယ်၊ ထိုင်း အာဏာပိုင်တွေ လူလည်လုပ်တယ်၊ ဗမာကျောင်းသားတွေကို သူတို့စခန်းထဲအထိ လိုက်ခေါ်တဲ့အတွက် အဖမ်းခံရတယ်၊ လွှတ်ပေးတာကို ရင်မဆိုင်ရဲဘဲ မောင်းပြေးတယ် ဆိုတာပါတယ်၊ ဒါဟာ ငါတို့ရတဲ့နိုင်ငံရေးအမြတ်ပဲ” ဟု ရှင်းပြသည့်အခါ အားလုံးငြိမ်ကြသွားသည်။ ပြီးနောက် စွဲချက်တစ်ခုကို ထပ်တင်လာပြန်သည်၊ သူတို့၏စွဲချက်က “ခင်ဗျား၊ ကျွန်တော်တို့စခန်း ဥက္ကဋ္ဌ ကိုတင်မောင်ဆန်း ဗဟိုကော်မီတီအစည်းအဝေးတက်ဖို့ကိစ္စမှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကို သတင်းပေးပြီး ကိုတင်မောင်ဆန်း စခန်းကထွက်လာရင် ထိုင်းဖက်ကနေစောင့်ဖမ်းဖို့ အကြောင်းကြားထားတာ ကျုပ်တို့စက်ထဲမှာ ဖမ်းမိတယ်၊ အဲဒါကို ဖြေရှင်းပါ” ဟု ဆိုလာပြန်သည်။  ယော၊ ခက်ပကော၊ စွပ်စွဲသည့်အချက်က ဘာလက်ဆုတ်လက်ကိုင်မှ မရှိဘဲ “စက်နဲ့ဖမ်းမိတယ်၊ ဖြေရှင်းပါ” ဆိုသည့် အချက်သည်၊ မင်းမဟုတ်ရင် မင်းအဖိုးလုပ်တာပဲ ဆိုသည့် အပြစ်မရှိ အပြစ်ရှာသည့်ပုံလို ဖြစ်နေသည်။ စိတ်ပျက်ခြင်းလည်း ကြီးစွာဖြစ်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေမိသည်။ ထိုအချိန်တွင် တောင်ကြီးကျောင်းသားဥက္ကဋ္ဌ လုပ်ခဲ့သူ ရှမ်းအမျိုးသား ကိုကြည်မိုးက “ဥက္ကဋ္ဌ၊ ကျွန်တော့်ကို ဖြေရှင်းခွင့်ပေးပါ” ဟု ခွင့်တောင်းလာသည်။ ထို့ကြောင့် “အေးကွာ။ မင်းရှင်းနိုင်ရင်ရှင်းလိုက်ပါ” ဟု သူ့အား တာဝန်လွှဲပေးလိုက်သည်။
ကိုကြည်မိုးက “ခင်ဗျားတို့ စခန်းဥက္ကဋ္ဌကိုတင်မောင်ဆန်းကို မေးမယ်။ ခင်ဗျား၊ ဗဟိုကော်မီတီဝင်လား” ဟု မေးလိုက်သည်။ ထိုအခါ ကိုတင်မောင်ဆန်းက “မဟုတ်ပါ” ဟုဖြေသည်။ ထိုအခါ ကိုကြည်မိုးက “ကျွန်တော်တို့ ဗဟိုကော်မီတီအစည်းအဝေးကို ဗဟိုကော်မီတီဝင်တစ်ယောက်မဟုတ်တဲ့ ကိုတင်မောင်ဆန်း တက်ခွင့်ရှိပါ သလား” ဟု ထပ်မေးတော့ စောစောက သူလူတွေကြားထဲမှာ ထောင်ထောင်၊ ထောင်ထောင် လုပ်နေသည့် တင်မောင်ဆန်းသည် ခေါင်းငုံပြီး “တက်ခွင့်မရှိပါဘူး” ဟု ပြောပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထိုအခါ ကိုကြည်မိုးက “ခင်ဗျားတို့ စခန်းဥက္ကဋ္ဌ တက်ခွင့်မရှိတဲ့ ဗဟိုကော်မီတီအစည်းအဝေးကို ကျွန်တော်တို့ ဗဟိုဥက္ကဋ္ဌက တက်မှာစိုးလို့ လှမ်းပိတ်တယ်ဆိုတာ အဓိပ္ပါယ်ရှိရဲ့လား စဉ်းစားကြပါ” ဟု ပြောလိုက်သည့်အခါ အားလုံးမီးကိုရေနဲ့ငြိမ်းလိုက်သလို ငြိမ်သွားကြသည်။ ပြဿနာပေါင်းစုံဖြေရှင်းနေရသည့်အတွက် မဟုတ်မဟတ် စွပ်စွဲလာသောကိစ္စကို ကျွန်တော်က ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် ဖြတ်ထိုးဥာဏ်ကောင်းသော ကိုကြည်မိုး၏ အချက်ကျကျ ဖြေရှင်းမှုကြောင့် သက်သာရာရခဲ့ပေသည်။ ထို့နောက် စခန်းရှိရဲဘော်များက “ကိုထွန်းအောင်ကျော် ကျွန်တော်တို့ကို ဦးဆောင်ပါ” ဟု ဝိုင်းဝန်းထောက်ခံခဲ့ကြပါသည်။ ထို့နောက် ကျွန်တော်တို့ အောင်မြင်စွာ ပြန်လာခဲ့ကြသည်။ သို့ရာတွင် နောက်တစ်ပါတ်ခန့် အကြာတွင် မကျေနပ်သေး သဖြင့် နောက်တစ်ခါ လာရှင်းပါဟု တောင်းဆိုလာပြန်ကြရာ “မလာတော့ဘူး။ မင်းတို့လုပ်ချင်ရာလုပ် အဖွဲ့အစည်းကနေ ထွက်ချင်လဲထွက်” ဟု ပြန်ကြားခဲ့ရသည်။
ထိုကိစ္စဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင် ထိုင်းထောက်လှန်းရေးထုံလေးက လာခေါ်သဖြင့် လိုက်သွားရာ မဲဆောက်မြို့ပိုင်ကြီးနှင့် မဲဆောက်ဟေးဟော်တယ် (Mae Sod Hill Hotel) တွင် တွေ့ကြပါသည်။ မြို့ပိုင်ကြီးက သူတို့ကတိကဝတ်ကို ဖေါက်ဖျက်ပြီး ကားမောင်းပြေးရသည်ကို ခွင့်လွှတ်ရန် တောင်းပန်ပြီး၊ ထိုကဲ့သို့ မလုပ်လျှင် လက်ထောက်မြို့ပိုင်မှာ သတင်းစာတွင် ဓါတ်ပုံနှင့်တကွပါလာပြီး အလုပ်ပါ ပြုတ်သွားနိုင်သည့် အတွက် သူ့မိသားစုဒုက္ခမရောက်စေရန် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ကျွန်တော်က ခေါင်းဆောင်ကောင်း ပီသစွာ ထိုင်း-မြန်မာအရေးတွင် ငြိမ်းချမ်းစွာ ဖြေရှင်းပေးသဖြင့် အထူးကျေးဇူးတင်ရှိကြောင်း၊ အေဘီအက်စ်ဒီအက်ဖ်ရဲဘော်များ ထိုင်းဖက်သို့ လာရောက်လျှင်လည်း ဖမ်းဆီးခြင်းမလုပ်ပါကြောင်း၊ လိုအပ်သည့်အကူအညီကို ထုံလေးမှတစ်ဆင့် အချိန်မရွေးပြောနိုင်ပါကြောင်း၊ ကျွန်တော်၏မျက်လုံးသည် ကျားရဲတစ်ကောင်ကဲ့သို့ တောက်နေကြောင်း၊ လူတွေ့သည်နှင့် သူရသတ္တိရှိသူဖြစ်သည်ဟု သဘောပေါက်ကြောင်း ပြောဆိုတောင်းပန်ပြီး ညစာကို တည်ခင်းကျွေးမွေးခဲ့သည်။ ကျွန်တော်ကလည်း ကျွန်တော်တို့သည် ထိုင်းနိင်ငံသို့ မကြာခဏ လာရောက်ရာတွင် ထိုင်းအာဏာပိုင်များက သဘောထားကြီးစွာထားပြီး ကူညီစေလိုကြောင်း ကျွန်တော်တို့အဖွဲ့ဝင်များ ထိုင်းနိုင်ငံသို့ ဝင်လာပြီး လိုအပ်သည်များကို ဈေးဝယ်ရာတွင် မဖမ်းဆီးရန်နှင့် လိုအပ်သောဆေးကုသခွင့်များကို ထိုင်းတွင် လက်ခံရန် ပြောကြားခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။


"မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၄

January 26, 2014 at 7:50am
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ကြာသာပတေးနေ့ထုတ်မှာပါတဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့မှတ်တမ်း အခန်းဆက်ဆောင်းပါးရှည် "မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၄

ကျောင်းသားများပြန်ကြသည့်အကြောင်းရင်း 

ထိုင်းဗိုလ်ချုပ်ချာဗာလစ်တည်ထောင်ပေးသောစစ်တပ်စခန်းတွင် ပြည်တော်ပြန်လိုသော ကျောင်းသားများကို လက်ခံကြောင်း ကြေညာချက်ထုတ်ပြီး စတင်လက်ခံသောအခါ အစားအသောက် ဆင်းရဲမှု၊ ကျန်းမာရေး ချို့တဲ့မှုတို့ကြောင့်လည်းကောင်း၊ တွေးထင်ထားသည့် လက်နက်ကိုင်တော်လှန်ရေးအတွက် လက်နက်များ မရရှိသည့်အတွက်ကြောင့်လည်းကောင်း၊ ခေါင်းဆောင်လုပ်သူများ ညီညွတ်မှုမရှိဘဲ အချင်းချင်း နေရာလု တိုက်ခိုက်နေကြ၍လည်းကောင်း ကျောင်းသားလူငယ်များ စိတ်ဓါတ်ကျပြီး ငှက်ဖျားရောဂါက ထပ်ဆင့်ပိုးပြီး နှိပ်စက်လာသောအခါ ချာဗာလစ်ဖွင့်ပေးထားသော တပ်ခရိုင်၊ စစ်တပ်စခန်းသို့ တဖွဲဖွဲ ဝင်ရောက်လာခဲ့ကြသည်။ ဘန်ကောက်တွင် ထိုင်းကျောင်းသားများနှင့် ရင်နှီးထောက်ခံမှုရသော ကိုမောင်မောင်ကျော် ဦးဆောင်သော အမျိုးသားလွတ်မြောက်ရေးပါတီ (National Liberation Party of Burma (NLPB)) မှ ကျောင်းသား ၁၀ ဦးခန့်က ချာဗာလစ် မြန်မာပြည်သို့ သွားရောက်ခြင်းသည် မြန်မာစစ်ခေါင်းဆောင်များကို အသိအမှတ်ပြုကြောင်း အချက်ပေးလိုက်ခြင်းပင်ဖြစ်ကြောင်းနှင့် ထိုလုပ်ဆောင်မှုသည် ထိုင်းမြန်မာနယ်စပ်ရှိ စစ်အစိုးရဆန့်ကျင်ရေး အင်အားစုများကို ဖယ်ရှားရန် ခြေလှမ်း တစ်ရပ်ပင်ဖြစ်ကြောင်း သတင်းမီဒီယာများကို ထုတ်ဖေါ်ပြောကြားခဲ့သည်။
မဲဟောင်ဆောင် တစ်ဖက်ကမ်း ဟွေစေတီကရင်နီစခန်းတွင်ရှိသည့် ရှမ်းကျောင်းသားများသည် ဦးအောင်တို့ အုပ်စုမှ တာဝန်ယူမည်ဆိုသဖြင့် ကရင်နီစခန်းမှ မဲဟောင်ဆောင်သို့ ထွက်လာခဲ့ရာ ထိုင်းစစ်တပ်မှဖမ်းပြီး သူတို့အားလုံးကို တပ်ခရိုင်ကျောင်းသားများ ပြန်ပို့ရေးစစ်စခန်းသို့ ဒီဇင်ဘာလ ၂၀ ရက်တွင် စစ်ကားကြီး များဖြင့် တင်ပြီး အတင်းအကြပ် ပို့ပေးခြင်းခံခဲ့ရသည်။ ထိုရှမ်းကျောင်းသားများမှာ ကိုကြည်မိုးနှင့် စိုင်းမျိုးဝင်းထွန်းတို့ ဦးဆောင်သည့် အုပ်စုမှဖြစ်သည်။
ထိုင်းစစ်တပ်မှ တစ်ဖက်တွင် ကျောင်းသားများကို စာနာထောက်ထားမှုမျက်နှာဖုံးစွပ်၍ ပြန်ပို့ပေးနေပြီး တစ်ဖက်မှလည်း မပြန်ချင်သော ကျောင်းသားများကိုပါ အတင်းဇွတ်ပြန်ပို့ရေးကို တိတ်တဆိတ်ပြုလုပ်ပြီး မြန်မာစစ်အစိုးရကို မျက်နှာလုပ်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရမ်ကမ်ဟမ်တက္ကသိုလ် ကျောင်းသားများက မြန်မာကျောင်းသားများအတွက် ရန်ပုံငွေရှာရန် ဂီတဖျော်ဖြေပွဲပြုလုပ်ရန်စီစဉ်နေမှုကို ထိုင်းပုလိပ်ရုံးချုပ်မှ ထိုပွဲပြုလုပ်ပါက ဘန်ကောက်တွင်ရှိသည့် မြန်မာကျောင်းသားများအားလုံးကို ပိုက်စိတ်တိုက်ဖမ်းဆီးမည်ဖြစ်ကြောင်း ချိန်းခြောက်သဖြင့် ယင်းရန်ပုံငွေရှာပွဲကို မြန်မာကျောင်းသားများ လုံခြုံရေးကို ရှေးရှူပြီး ထိုင်းကျောင်းသားများက ဖျက်သိမ်းပေးခဲ့ရသည်။  တစ်ဖက်တွင်လည်း ထိုင်းစစ်တပ်မှ တပ်စခန်းသို့ ဝင်ရောက်လာသော ကျောင်းသားများကို ဆေးဝါးကုသပေးခြင်း၊ အစားအစာများ ကျွေးမွေးနေခြင်းတို့ကို စစ်တပ်ပိုင်ရုပ်မြင်သံကြားအစီအစဉ်များမှလည်းကောင်း၊ ထိုင်းသတင်းစာများတွင် ဓါတ်ပုံနှင့်တကွ ဖေါ်ပြနေခဲ့သည်။  အမှန်စဉ်စစ် ထိုင်းဗိုလ်ချုပ် ချာဗာလစ်သည် မူလကတည်းက မြန်မာ့အရေးတွင် သူ့ကိုယ်ကျိုးအမြတ်အတွက် အကွက်ချပြီးသား ဖြစ်သည်။ မြန်မာကျောင်းသားများကို ပြန်ပို့ရေးကိစ္စ မြန်မာခေါင်းဆောင် ဗိုလ်ချုပ်စောမောင်နှင့် မဆွေးနွေးခင်ကတည်းက ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၆ရက်နေ့ထုတ် နေရှင်းသတင်းစာတွင် ထိုင်းစစ်တပ်ပိုင် ရုပ်မြင်သံကြားဌာနနှစ်ခုဖြစ်သည့် လှိုင်း ၅ နှင့် လှိုင်း ၆ တို့အား မြန်မာသတင်းနှင့်သက်သက်ပြီး သတင်းမထုတ်လွှင့်ရန် ထိုင်းဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝမ်ချိုင်လူဝမ်ထရာကွပ်   (General Wanchai Ruang Trakul) လက်မှတ်ဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်။  မြန်မာကျောင်းသားများ တောတွင်း၌ ကရင်ပျောက်ကြားများက စစ်ရေးလေ့ကျင့်ပေးနေပုံများကို ရုပ်သံလွှင့်ခြင်းသည် ထိုင်းစစ်တပ်ကို စိတ်အနှောက်အယှက်ဖြစ်စေသည့် အပြင် မြန်မာစစ်အစိုးရနှင့်လည်း ဆက်ဆံရေးတွင် အနှောင့်အယှက် ဖြစ်စေနိုင်သည့်အတွက်ဟု အကြောင်းပြခဲ့သည်။ ထိုကဲ့သို့ ထိုင်းစစ်ဖက်မှ မြန်မာစစ်အစိုးရအား အရေးပေးမှုကို မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး တစ်လအကြာတွင် ပြသခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်များ၏ ယုံကြည်မှုကိုရရန် ကြိုးစားလာခဲ့ရာ နှစ်လအကြာ ဒီဇင်ဘာလတွင် မြန်မာ့သစ်တော၊ ရေထွက်ပစ္စည်းများကို အောက်ဈေးနှင့် ဝယ်ယူနိုင်သည်အထိ အောင်မြင်မှုကို ရရှိခဲ့သည်။
သို့ရာတွင် စစ်တပ်သည် စစ်တပ်ချင်းပင်း၍ အာပေးသော်လည်း အရပ်ဖက် လူ့အဖွဲ့အစည်းများသည် မြန်မာစစ်အစိုးရကို အားပေးထောက်ခံခြင်းမရှိဘဲ ကျောင်းသားများဖက်မှ ရပ်တည်ခဲ့သည်ကို ဝမ်းမြောက်စွာ တွေ့ရသည်။ အရပ်ဖက် ရုပ်မြင်သံကြားဌာနများကို စစ်တပ်က မလွှမ်းမိုးနိုင်သဖြင့် မြန်မာကျောင်းသားများ အကြာင်းကို အရပ်ဖက်သတင်းဌာနများကို အရေးကြီးလျှင် ကြီးသလို မကွယ်မဝှက်ဘဲ ရေးသားဖေါ်ပြပေး ခဲ့သည်။ ကိုမောင်မောင်ကျော်နှင့် သူ၏ရဲဘော်အချို့တို့ကို ထိုင်းဗိုလ်ချုပ်ကြီး ချာဗာလစ်နှင့် တွေ့ဆုံနိုင်ရန် ထိုင်းကျောင်းသားများက စီစဉ်ပေးခဲ့သည့်အတွက် ကိုမောင်မောင်ကျော်တို့ ချာဗာလစ်နှင့်တွေ့ဆုံပြီး ကိုမောင်မောင်ကျော်က ချာဗာလစ်အား ဗိုလ်ချုပ်ကြီးစောမောင်နှင့် သူက တွေ့ဆုံဆွေးနွေးချင်ကြောင်း သတင်းပါလာသည်။ ထို့အတူ ကျွန်တော်ကလည်း ဗိုလ်ချုပ်ကြီးစောမောင်က ကျောင်းသားများကို ပြည်တော်ပြန်စေချင်လျှင် တွေ့ဆုံစကားပြောမည်ဟု ထိုင်းသတင်းထောက်များကို ပြောခြင်းကို ထိုင်းကျောင်းသားခေါင်းဆောင်များက ကြားဝင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပြုကြသည်။ ကျွန်တော်နှင့် ကိုကိုလေး၊ ကိုမောင်မောင်ကျော်တို့နှင့် ဘန်ကောက်တွင်တွေ့ပြီး ထိုင်းကျောင်းသား ခေါင်းဆောင် ဂျက်နှင့် မြန်မာကျောင်းသားများအရေးကို ကူညီကြရန် ဆွေးနွေးဖြစ်သည်။ အခြေအနေများက ရှုပ်ထွေးနေပြီး တစ်နေ့နှင့် တစ်နေ့ နိုင်ငံရေးကစားမှုများ ပြောင်းလဲနေခဲ့သည်။  ထိုင်းပူးပေါင်းစစ်ဆင်ရေး ဦးစီးဌာန ဒါရိုက်တာ ဒုတိယဗိုလ်ချုပ် ဆွန်ကစ်ချောင်ပါယူဟာက ဘန်ကောက်ရှိ မြန်မာကျောင်းသားများကို ခြေလျှင် တပ်မ ၁၁ ရှိရာ ဘန်ကောက်ရှိ ဘန်ကင်ဒေသတွင်ထားမည်ဟု ထုတ်ဖေါ် ပြောလာသည်။


ဘန်ကောက်တွင် ထိုင်းကျောင်းသားများနှင့်ဆွေးနွေးနေစဉ်

အာရှကျောင်းသားများအသင်းဖိုရမ်တွင် တက်ရောက်ခဲ့သူများ စာရင်း




အေဘီအက်စ်ဒီအက်ဖ်နှင့် နိုင်ငံတကာကျောင်းသားအဖွဲ့အစည်းများ လျှို့ဝှက်စွာတွေ့ဆုံခဲ့ရာ တက်ရောက်ခဲ့သူများစာရင်း
Asian Students Association (ASA) အာရှကျောင်းသားများအသင်းကလည်း ကျွန်တော်တို့ကို ဆွေးနွေးရန် ဖိတ်ကြားသဖြင့် ကျွန်တော်၊ ကိုကိုလေး၊ စိုးမြတ်သူ၊ ဥာဏ်လင်းရွှေ၊ အောင်နိုင်နှင့် စိုင်းမျိုးဝင်းထွန်းတို့ တက်ရောက်ပြီး ဘန်ကောက်မြို့ပြင် တစ်နေရာတွင် လျှို့ဝှက်စွာ ဆွေးနွေးခဲ့ကြသည်။ ကျွန်တော်တို့၏ ရည်ရွယ်ချက်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံထူထောင်ရန်နှင့် လူအခွင့်အရေးဆုံးရှုံးနေသောပြည်သူများနှင့် ကျောင်းသားအခွင့်အရေးများအကြောင်း၊ ထိုင်းအစိုးရက မြန်မာကျောင်းသားများကို ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရေးနှင့် ထိုင်းနှင့် အာရှနိုင်ငံများမှ ကျောင်းသားများက မြန်မာကျောင်းသားများကို မည်ကဲ့သို့ ကူညီပံ့ပိုးပေးနိုင်မည် တို့ကို ဆွေးနွေးဖြစ်ခဲ့ကြသည်။
မြန်မာစစ်အစိုးရကလည်း အထူးလေယဉ်တစ်စင်းကို စေလွှတ်၍ တပ်ခရိုင်မှပြည်တော်ပြန်ချင်သည့် ပထမသုတ် ကျောင်းသား ၇၉ ယောက်ကို သယ်ဆောင်ရန် လွှတ်လိုက်သည်။ ထိုအချိန်တွင် ကိုကြည်မိုးတို့ အုပ်စု တပ်ခရိုင်သို့ အရင်ဆုံး အတင်းအကြပ် ခေါ်ဆောင်လာခြင်းခံခဲ့ရသော ရှမ်းကျောင်းသားများသည် မြန်မာပြည်သို့ မပြန်နိုင်ကြောင်း လွတ်လပ်စွာ လှုပ်ရှားနိုင်မှုကို အာမ မခံမချင်း မပြန်နိုင်ကြောင်း ငြင်းဆိုသည့်အတွက် ထိုင်းအာဏာပိုင်များအတွက် ခေါင်းခဲစရာဖြစ်လာခဲ့သည်။
၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်နေ့တွင် မြန်မာစစ်တပ်လက်မှ မဲသဝေါတောင်ကုန်းကို ကေအင်ယူ တပ်များက တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထားသည်ကို မြန်မာစစ်တပ်မှ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြန်သည်။ အခြေအနေက ကေအင်န်ယူဖက်က အရေးမသာခဲ့၊ ထိုင်းစစ်တပ်သည် ဗိုလ်ချုပ်ကြီးချာဗာလစ် မြန်မာပြည်သွားခဲ့ပြီး စီးပွားရေးဂွင်ရလာပြီးသည့်နောက်တွင် နယ်စပ်ရှိ တော်လှန်ရေးအဖွဲ့အစည်းများကို လက်နက်အရောင်းအဝယ် လုပ်နေသောသူများကို လိုက်လံဖမ်းဆီးခြင်း၊ လက်နက်သယ်ဆောင်လာသောသူများကို တင်းကြပ်စွာ ရှာဖွေမှုများလုပ်လာသည့် အတွက် တော်လှန်ရေးအဖွဲ့အစည်းများတွင် လက်နက်ရှားပါးမှု ဖြစ်ပေါ်လာခဲ့ရသည်။ ယခင်က ကျဉ်တစ်တောင့် ၂ဘတ်မှ ကျဉ်တစ်တောင့် ဘတ်၂၀-၂၅ အထိ ဈေးတက်လာခဲ့သည်။ အေကေ ၄၇ တစ်လက် ၄ ထောင်လောက်မှ တစ်လက် ၂ သောင်းအထိ တက်လာခဲ့သည့်အတွက် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ အခက်အခဲ ကြုံတွေ့လာရသည်။
တပ်ခရိုင်စခန်းသို့ အတင်းအကြပ်ပို့ခံရသော ရှမ်းကျောင်းသားခေါင်းဆောင် ကိုအေးကျော်က လုံခြုံမှုကို အာမခံရမည်ဖြစ်ကြောင်း မြန်မာပြည်သို့ မပြန်နိုင်ကြောင်း ငြင်းဆိုပြီး တင်းခံနေသောကြောင့် နောက်ဆုံး သူတို့ အဖွဲ့အား “မင်းတို့ဘာလိုချင်သလဲ” ဟု မေးသည့်အခါ သူတို့ဥက္ကဋ္ဌနှင့်တွေ့ပြီး စကားပြောရလျှင် ပြန်မည်ဟုဆိုသဖြင့် သူတို့၏ဥက္ကဋ္ဌဖြစ်သူ တောင်ကြီးကောလိပ် ဥက္ကဋ္ဌ ကိုကြည်မိုးကို ထိုင်းထောက်လှန်းရေးက လိုက်ရှာသည်။ အချိန်က ဇန်ဝါရီလ လဆန်းပိုင်းခန့် ဖြစ်သည်။ တစ်ချိန်ထဲတွင် ထူးအိမ်သင်သည် ကျွန်တော့်ထံ လာတွေ့သည်၊ သူက “ဥက္ကဋ္ဌ ကျွန်တော် အစားဆင်းရဲမှုဒဏ်ကို မခံနိုင်တော့ဘူး။ နောက်ပြီး အမေ့ကိုလည်း အရမ်းလွမ်းတယ်ဗျာ။ ဒါကြောင့် ကျွန်တော်ပြန်တော့မယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော့်ကို ဘာမှာချင်လဲ ဆုံးမစရာရှိတာဆုံးမပါ” ဟု ပွင့်လင်းစွာပင် ပြောသည်။ ထူးအိမ်သင်မျက်နှာတွင် ကြေကွဲမှုကို ဖေါ်ပြနေသည်၊ ဝမ်းလည်းနည်းနေသည့်အသွင်ရှိသည်။ ကျွန်တော်က “အေး၊ မင်းမနေနိုင်လို့ ပြန်တာ ငါခွင့်လွှတ်ပါတယ် နားလည်းလယ်ပေးနိုင်ပါတယ်၊ ငါမှာချင်တာ တစ်ခုပဲ ရှိတယ်။ ABSDF ကို ဂုဏ်သိက္ခာချတဲ့ စကားကို မပြောမိစေနဲ့” ဟု သူ့ကိုမှာလိုက်သည်။ ထူးအိမ်သင်က ကြမ်းအောက်မှာဆင်းထိုင်ပြီး ကန်တော့ရင်း “စိတ်ချပါ ဥက္ကဋ္ဌ၊ ကျွန်တော် အဖွဲ့အစည်းနာမည် ဘယ်တော့မှ မဖျက်ပါဘူး” ဟု ဆိုပြီး ကတိပေးပြီး ပြန်သွားခဲ့သည်။  ထူးအိမ်သင်သည် သူ့ကတိအတိုင်း သေသည်အထိ တည်သွားခဲ့သည်။ အစိုးရဝါဒဖြန့်ချီရေးတို့တွင် ပါဝင်၍ သီဆိုဖျော်ဖြေရေးကို အလျှင်းမလုပ်ဘဲ ဂုဏ်သိက္ခာရှိရှိ နေသွားခဲ့သည်။ ကတိတည်သော ညီမောင်ထူးအိမ်သင်အား ဤစာဖြင့်ဂုဏ်ပြုအပ်ပါသည်။


ဘန်ကောက်၌ နိုင်ငံတကာကျောင်းသားများနင့် တွေ့ဆုံစဉ်
ဝဲမှယာ၊ အမည်မသိ တိုင်းတစ်ပါးသား ကျောင်းသူနှစ်ဦး မဝါ (JRS ဒုက္ခသည်များဝန်ဆောင်မှုဌာန) နင့် ကျွန်တော်

လက်ရုံးနှစ်ဖက်ပြုတ်ခြင်း
ကြည်မိုး၏ရဲဘော်ရှမ်းကျောင်းသားများ တပ်ခ်ခရိုင်လေဆိပ်တွင် ရောက်နေကြောင်း ကြားသိရသည့်အတွက် ကြည်မိုး၊ ရွှေထီးတို့နှင့်တိုင်ပင်ပြီး လေဆိပ်သို့သွားပြီး ကြည်မိုး၏ရဲဘော်များကို အပြင်သို့ ပြန်ခေါ်ထုတ်ရန် တိုင်ပင်ကြသည်။ အကယ်၍ ထိုသို့သွားသည့်အခါ လေဆိပ်ရောက်၍ ပြန်ထွက်ခွင့်မရဘဲ အတင်းအကြပ် ပြန်ပို့လျှင် အထောက်အထားအဖြစ် ဓါတ်ပုံရိုက်ကြရန် စီစဉ်လိုက်သည်။ လေဆိပ်သို့ အတူသွားမည့်သူများကို ကတ်ပြားတွင်စာရေးပြီး ရင်ဘတ်တွင်ကပ်၍ ဓါတ်ပုံရိုက်သည်။ နိုင်ငံခြားသားများပါ နားလည်နိုင်ရန် အင်္ဂလိပ်လို
 “We go to TAK not for Return”  (တပ်ခ်ကို ကျွန်တော်တို့သွားတာဟာ ပြန်ရန်မဟုတ်)
“Just Demand our Human Rights and Democracy” (လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တောင်းဆိုခြင်းသာ ဖြစ်တယ်)
ဆိုသည့် စာတမ်းကိုရေးသားပြီး ကြည်မိုး၊ ရွှေထီး၊ ဇော်နိုင်မိုး၊ စိုးစိုးခိုင်တို့ကို ကိုင်စေပြီး ကျွန်တော်က ဓါတ်ပုံရိုက်သည်။ ထိုနေ့မှာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ဖြစ်သည်။ ထို့နောက် ထိုင်းသတင်းထောက်များ အကူအညီဖြင့် တပ်စခန်းသို့ သွားကြရာ ထိုင်းရဲအစောင့်များက ကျွန်တော်တို့ကို တွေ့ခွင့်မပေး၍ ပြန်လာကြရသည်။


ဝဲမှယာ။ ဇော်နိုင်မိုး၊ ရွှေထီး၊ ကြည်မိုး  (၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့)


ဝဲမှယာ။ ရွှေထီး၊ ကြည်မိုး၊ စိုးစိုးခိုင်၊ ဇော်နိုင်မိုး (၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့)


၂၀၁၂ ခုနှစ် ရန်ကုန်၌ တွေ့ခဲ့ရသည့် ကိုကြည်မိုး


၂၂ နှစ်အကြာမှာ ပြန်လည်တွေ့ဆုံခဲ့ရသည့်ကျွန်တော့်လက်ရုံးနှစ်ဖက် ကြည်မိုး၊ စိုင်းမျိုးဝင်းထွန်းနှင့် ကျွန်တော် 
၂၀၁၂ ခုနှစ်၊ အင်းလေး၌

ထိုအချိန်တွင် ရှမ်းကျောင်းသား ကိုအေးကျော်က သူ့တို့ခေါင်းဆောင်နှင့်မတွေ့ရ၍ မပြန်နိုင်သေးကြောင်း သူတို့ ခေါင်းဆောင်ကို တွေဆုံပြီး မပြန်ခင်ဆွေးနွေးချင်ကြောင်း ထိုင်းသတင်းဌာနများသို့ ပြောကြားသည့်အတွက် ထိုင်းစစ်တပ်သည် မြန်မာပြည်သို့ မပြန်ချင်သေးသည့်သူများကို စခန်းတွင်းထား၍ ပြန်ရန်ဖိအားပေးနေကြောင်း ထိုင်းသတင်းဌာနများက ထုတ်ဖေါ်ရေးသားလာသည်။ ထိုသတင်းကို ထိုင်းစစ်တပ်မှ မဖုံးဖိနိုင်တော့ဘဲ ဖြစ်လာသဖြင့် ကျွန်တော့်ကို ဆက်သွယ်လာသည်။  ထိုင်းထောက်လှန်းရေး ဗိုလ်မှူးတွမ် (ထုံလေး) က ကျွန်တော်တို့ကို ဇန်နဝါရီလ ၁၀ ရက်ခန့်က (စာရေးသူ။ ။မှတ်တမ်းပျောက်နေ၍ ရက်အတိအကျ မပြောနိုင်) လာတွေ့သည်။ တပ်ခရိုင်လေဆိပ်တွင် ရောက်လာသော ရှမ်းကျောင်းသားများက ကျွန်တော်တို့ ဗဟိုကော်မတီဝင် ကိုကြည်မိုးကို ဗမာပြည်မပြန်ခင် တွေ့ချင်ကြောင်းပြောသည့်အတွက် သူလိုက်ပို့ပေးမည်၊ အဖမ်းအစီး မရှိစေရ၊ သူအာမခံသည်ဟုဆိုသည်။ ထို့ကြောင့် နောက်နေ့တွင် သွားကြမည်ဟု သူနှင့် ချိန်းလိုက်သည်။
ထိုနေ့ညပိုင်းတွင် စိုင်းမျိုးဝင်းထွန်း ဘန်ကောက်မှ ဆင်းလာပြီး သူနှင့်အတူ ထိုင်းသတင်းထောက်များလည်း ပါလာသည့်အတွက် အကျိုးအကြောင်း ပြောပြပြီး နောက်နေ့တွင် ထုံလေးက သူ့ကားနှင့်လာခေါ်သောအခါ ကျွန်တော်တို့ လိုက်သွားကြသည်။ ကျွန်တော်တို့၏ အစီအစဉ်မှာ လေယာဉ်ကွင်းသို့ ရောက်ပြီးလျှင် ကိုယ့်ရဲဘော်များကို ခေါ်ထုတ်လာဖို့ ဖြစ်သည်။ သို့ရာတွင် ကျွန်တော်တို့ ရောက်သွားသည့်အချိန်တွင် တပ်ခ်လေတပ်စခန်းသို့ ပို့ထားသော ကျောင်းသားများကို ပြန်ထွက်ခွင့် လုံးဝမပြုတော့ဘဲ စစ်တပ် အစောင့်အရှောက်နှင့်ထားကြောင်း တွေ့ရသည်။  ကျွန်တော့်ကို ကြည်မိုးက အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌအဖြစ် ရှမ်းကျောင်းသားများကို မိတ်ဆက်ပေးသည်။ ရှမ်းကျောင်းသားများကလည်း သူတို့ကို ဦးအောင်တို့အုပ်စုမှ ဦးပြည်သိမ်းက လာခေါ်ကြောင်း ကိုယ်ပိုင်စခန်းနှင့် နေရမည်ဆိုသဖြင့် ဟွေစေတီစခန်းမှ မဲဟောင်ဆောင်သို့ ထွက်လာသောအခါ ထိုင်းစစ်တပ်မှ ဝိုင်းဖမ်းဆီးခြင်းခံလိုက်ရပြီး ဦးပြည်သိမ်းတို့လည်း ဘာမှမလုပ်ပေးနိုင်တော့သည့်အတွက် တပ်ခ်လေဆိပ်စခန်းသို့ ရောက်လာခြင်းဖြစ်ကြောင်း ရှင်းပြသည့်အခါ စိတ်မကောင်းဖြစ်ရသည်။ ကိုအေးကျော်မှ ဦးဆောင်ပြီး မြန်မာပြည်သို့ မပြန်လိုကြောင်း ငြင်းဆိုသည့်အတွက် အခြားကျောင်းသားများကို ရန်ကုန်မှ အထူးလေယာဉ်ဖြင့် ပျံသန်းပို့ဆောင်ပေးနေစဉ် ရှမ်းကျောင်းသားများက ကျန်နေရစ်ပြီး တင်းခံနေကြသည်။ နောက်ဆုံး ကိုအေးကျော်က သူတို့ခေါင်းဆောင်တွေ့ရလျှင် ပြန်မည်ဟု ပြောသဖြင့် ကိုကြည်မိုးတို့နှင့်တွေ့ပေးခြင်းဖြစ်သည်။ သူတို့က ထိုင်းစစ်တပ်ကို ယင်းသို့ ကတိပေးထားကြောင်း ကျွန်တော်တို့ မသိခဲ့ချေ။
ကိုအေးကျော်မှဦးဆောင်ပြီး ကိုကြည်မိုးနှင့် စိုင်းမျိုးဝင်းထွန်းတို့အား သူတို့ခေါင်းဆောင်ကို တွေ့ရလျှင် သူတို့ပြန်မည်ဟု ကတိပေးထားပြီးဖြစ်သည့်အတွက် ယခုလိုတွေ့ရပြီးနောက် ပြန်ရတော့မည်ဖြစ်ကြောင်း ပြောပြီး ကိုကြည်မိုးအား “ဥက္ကဋ္ဌ ကျွန်တော်တို့ ထွက်လာတာ သေအတူရှင်မကွာ ထွက်လာခဲ့ကြတာ၊ ပြန်ရမယ် ဆိုလဲ သေအတူ ရှင်မကွာ ကျွန်တော်တို့နဲ့ ပြန်လိုက်စေချင်တယ်” ဟု ပြောသည့်အခါ ကိုကြည်မိုးက တွေပြီး စဉ်းစားသည်။ ပြီးမှ ကျွန်တော့်ဖက်လှည့်ပြီး “ဥက္ကဋ္ဌ ကျွန်တော့်ကို ပြန်ခွင့်ပြုပါ။ ခေါင်းဆောင်တယောက်အနေနဲ့ ရဲဘော်တွေကို ဒီအတိုင်းပြန်မထည့်နိုင်ဘူး။” ဟု ခွင့်တောင်းလာသည်။
ထို့ကြောင့် စိတ်မကောင်းခြင်းကြီးစွာဖြင့် ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည်။  အားလုံးက ကျွန်တော့်အား ပြည်သူများရည်မှန်းချက်ပန်းတိုင်သို့ရအောင် သူတို့ မဆုတ်မနစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုကြသည်။ ထို့နောက် ရှိသည့်စာရွက်တစ်ရွက်ပေါ်တွင် ပြန်သွားမည့်သူများ၏ နေရပ်လိပ်စာ၊ အမည်များကို ရေးမှတ်စေပြီး ကြည်မိုး၊ စိုင်းမျိုးဝင်းထွန်းနှင့် အေးကျော်တို့က “ရှမ်းကျောင်းသား ၃၇ ဦးသည် တော်လှန်ရေးပြီးဆုံးသည်အထိ ပုံစံအမျိုးမျိုးနှင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သစ္စာပြုပါသည်” ဆိုသည့် စာကိုရေးသားပြီး သူတို့သုံးဦးက လက်မှတ်ရေးထိုး၍ ကျွန်တော့်ကို ပေးအပ်ခဲ့ပါသည်။



ထို့နောက် ကျွန်တော်အားကိုးရသော ရဲဘော်ကြီး ကိုကြည်မိုးနှင့် စိုင်းမျိုးဝင်းထွန်းတို့ကို စိတ်လေးလေးနှင့် ထိုင်းလေတပ်ရှိရာ တပ်ခ်စခန်းတွင် ထားရစ်ခဲ့ပြီး ရွှေထီး၊ အောင်နိုင်မိုးတို့နှင့်အတူ မဲဆောက်သို့ ပြန်ခဲ့ကြသည်။ ထိုစဉ်က ကျွန်တော့်စိတ်ထဲတွင် သူတို့နှင့် ပြန်တွေ့ရလိမ့်မည်ဟု မထင်တော့ချေ။ သူတို့တော့ ပြန်ရောက်ပြီး မကြာခင် အဖမ်းခံထိ နှိပ်စက်ခံထိပြီး သေကြမှာပဲဟု တွေးပြီး စိတ်ပင်ပန်းကြီးစွာ ဖြစ်ရသည်။ သူတို့ မြန်မာပြည် ပြန်ရောက်ပြီးနောက် အစိုးရကကြီးမှူးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရပြောရေးဆိုခွင့်ရှိသူက ၈၈ အရေးအခင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ဆန္ဒပြသူများက ပြည်သူပိုင်ပစ္စည်းများကို လုယက်ဖျက်စီး ခဲ့ကြောင်း၊ လူများကို စပိုင်ဟုဆိုကာ သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရက မင်းမဲ့စရိုက်ဖြစ်နေမှုကို နှိမ်နင်း ခဲ့ရကြောင်း ပြောကြားနေမှုကို နားထောင်ရင်း စိုင်းမျိုးဝင်းထွန်းက သည်းမခံနိုင်တော့ဘဲထပြီး နိုင်ငံတကာ သတင်းထောက်များကို အင်္ဂလိပ်ဘာသာဖြင့် “ကျွန်တော်တို့ ကျောင်းသားတွေ ဘာလုယက်မှုမှလည်း မလုပ်ခဲ့ဘူး၊ လူသတ်မှု၊ အကြမ်းဖက်မှုတွေလည်း မလုပ်ခဲ့ဘူး၊ တကယ်အကြမ်းဖက်မှုလုပ်တာ အစိုးရသာ ဖြစ်တယ်၊ လက်နက်မဲ့ကျောင်းသားတွေကို သေနတ်နဲ့ပစ်သတ်တာ အစိုးရသာ ဖြစ်တယ်” ဟု ရဲရဲဝံ့ဝံ့ ထပြော သည့်အတွက် အစိုးရပြောရေးဆိုခွင့်ရှိသူပြောသည်ကို နားထောင်နေသော နိုင်ငံတကာသတင်းထောက်များက စိုင်းမျိုးဝင်းထွန်းတို့ ရှမ်းကျောင်းသားများထံ ပြေးလာကြပြီး ဝိုင်းမေးကြသည်မှာ ညံနေတော့သည်။  ထိုသတင်းကို ထိုင်းသတင်းထောက်လည်းဖြစ်၊ ရင်းနှီးသည့်မိတ်ဆွေလည်းဖြစ်သော ဘန်ကောက်ရှိ ရင်ဒီတို့ ရုံးတွင် ဗီဒီယိုပြသသည်ကို မြင်ရသည့်အခါ “ငါ့ရဲဘော်တွေ သူတို့ကတိအတိုင်း တည်တယ်၊ ကျားရဲတွေလိုပဲ သတ္တိရှိတယ်” ဟု ဂုဏ်ယူမိသလို၊ တစ်ဖက်မှလည်း သူတို့တော့ အညှိုးခံရတော့မှာပဲ” ဟု စိုးရိမ်ခဲ့သည်။ စိုင်းမျိုးဝင်းထွန်းသည် ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်တို့နှင့်အတူ အစည်းအဝေးတက်ရင်း ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်ဆီးခြင်းကို ခံလိုက်ပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လွတ်လာသည်။  ထောင်ထဲတွင် ၇ နှစ်ကြာ နေလိုက်ရသည်။ ၂၀၁၂ ခုနှစ်တွင် ကျွန်တော်တို့အုပ်စုလိုက် အနှောက်အယှက်မရှိ မည်သည့် ကတိကဝတ်မျှ မပေးရဘဲ မြန်မာပြည်သို့ ပြန်နိုင်သည့်အတွက် ပြန်ကြည့်ကြသည့်အခါ ကြည်မိုးနှင့် စိုင်းမျိုးဝင်းထွန်းကို အသက်ရှင်လျက် ပြန်တွေ့ရသဖြင့် အတိုင်းမသိ ဝမ်းသာကြည်နူးမိသည်။ ကြည်မိုးက ကျွန်တော် တည်းခိုနေသော ယုဇနဟော်တယ်သို့ လာတွေ့သည်။ ဆံပင်မရှိတော့ဘဲ ထိပ်ပြောင်နေသောကြည်မိုးကို ကျွန်တော်ရုတ်တရက် မမှတ်မိ၊ နောက်သူက ပြုံးပြီး အကိုကြီးဟု ခေါ်လိုက်မှ သူ့ရုပ်ကိုဖမ်းမိသွားသည်။ ပြောမပြနိုင်လောက်အောင်ပင် ဝမ်းသာကြည်နူးခဲ့သည်။ ကြည်မိုးကိုခေါ်၍ တောင်ကြီးသို့သွားရာတွင် စိုင်းမျိုးဝင်းထွန်းနှင့် အေးကျော်တို့ အုပ်စုက ကျွန်တော်နှင့် ကြည်မိုးတို့ကို ဟဲဟိုးလေဆိပ်တွင် လာကြိုကြသည်။ တွေ့သည်နှင့်ပြေးဖက်ကြသည်။ အသက်ပေး၍ အတူလုပ်ခဲ့ကြသူတွေ ဝမ်းမသာပဲ ရှိမည်နည်း။



၂၀၁၂ ခုနှစ်၌ ဟဲဟိုးလေဆိပ်သို့ လာရောက်ကြိုဆိုကြသည့် ABSDF ရှမ်းကျောင်းသားများနှင့်ကျွန်တော်တို့
ဝဲမှယာ။ ကျော်စွာ၊ မူးသာ၊ ကြည်မိုး၊ ကိုကိုလေး၊ စိုင်းမျိုးဝင်းထွန်း၊ ထွန်းအောင်ကျော်၊ အောင်အောင်၊ ဝင်းကို၊ မျိုးမြင့်ထွန်း


၂၀၁၂ ခုနှစ်၊ တောင်ကြီးတက္ကသိုလ်၌ ABSDF ရှမ်းကျောင်းသားများနှင့် ကျွန်တော်တို့
ဝဲမှယာ၊ သန်းလှိုင်ဦး (ဘုန်းနိုင်)၊ ကျော်စွာ၊ မူးသာ၊ ကြည်မိုး၊ ကိုတိုး၊ စိုင်းမျိုးဝင်းထွန်း၊ ထွန်းအောင်ကျော်၊ ဝင်းကို၊ မျိုးမြင့်ထွန်း၊ အောင်အောင်၊ ကိုကိုလေး

စစ်အစိုးရနိုင်ငံရေးကစားကွက်နှင့် ထိုင်းစစ်တပ်၏ပူးပေါင်းမှု
ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပြီးနောက် ငြိမ်းချမ်းစွာ မိမိတို့လွတ်လပ်ခွင့်များကို တောင်းဆိုတိုက်ပွဲဝင်သူ ကျောင်းသားပြည်သူ ၃၀၀၀ ကျော်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး  နှိမ်နင်းခဲ့သည့်အတွက် မခံမရပ်နိုင်သော ကျောင်းသားပြည်သူများ တောတွင်းသို့ထွက်ခဲ့ကြသည်။ ပညာတတ်လူငယ်ကျောင်းသားများ အစိုးရမတရားဖိနှိပ်ချုပ်ချယ်မှုကြောင့် တောတွင်းထွက်ပြီး ဆင်းရဲဒုက္ခခံနေရသည်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသည်ဆိုသည့်သတင်းသည် ကမ္ဘာပေါ်သို့ ထိုင်းသတင်းစာ၊ ရုပ်မြင်သံကြားများမှ တစ်ဆင့်လည်းကောင်း၊ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းဌာနများမှလည်းကောင်း ထုတ်လွှင့်နေသည့်အခါ ကမ္ဘာမှအာရုံစိုက်လာပြီး ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများက ဖိအားပေးမှုနှင့် ရှုံချပြစ်တင်မှုတို့ကို အဆက်မပြတ်ခံလာရပြီး စီးပွါးရေးပိတ်ဆို့မှုများ ပြုလုပ်လာခဲ့သည့်အတွက် စစ်အစိုးရအနေနှင့် ပညာတတ် ကျောင်းသားများက လက်မခံသောအစိုးရအဖြစ် ဂုဏ်သိက္ခာကျလာခဲ့ပြီး၊ အုပ်ချုပ်ရေးယန္တယား လည်ပတ်ရန် နိုင်ငံခြားငွေ ခက်ခဲလာခဲ့သည်။ အစိုးရ၏ ဂုဏ်သိက္ခာကျဆင်းနေမှုကို အဖတ်ဆည်ရန်နှင့် ငွေကြေး အကြပ်အတည်းကို ဖြေရှင်းရန်အတွက် ထိုင်းစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗာလစ်နှင့် လက်ဝါးရိုက်ပြီး အပေးအယူလုပ်ပြီး ဖြေရှင်းခဲ့သည်ကို ရှေ့တွင်ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ထိုင်းစစ်တပ်မှ ပြန်လိုသည့် မြန်မာ ကျောင်းသားများနှင့် မပြန်လိုသည့် မြန်မာကျောင်းသားများကိုပါ မြန်မာစစ်အစိုးရ မျက်နှာသာရရန် အတင်းအကြပ် ဖိအားပေးပြန်ပို့နေခြင်းကို ပြည်တွင်းရှိ ပြည်သူတို့က မသိရှိကြချေ။ မြန်မာစစ်အစိုးရ၏ သဘောထားကြီးမှုကြောင့် ပြန်လာနေကြသည်၊ ကျောင်းသားပြည်သူများ ရာပေါင်းထောင်ပေါင်းများစွာ ပြန်လာနေကြပြီး စခန်းတွင် လူမရှိတော့သလောက်ဖြစ်နေသည်ဟု အစိုးရပိုင်သတင်းစာများမှ ဝါဒဖြန့်ချီနေမှုကို တုန့်ပြန်ဖို့ လိုလာခဲ့သည်။ တောတွင်းစခန်းများတွင်လည်း အစားအစာဆင်းရဲမှုဒဏ်၊ အနေဆင်းရဲမှုဒဏ်၊ ရောဂါဖိစီးမှုဒဏ်၊ ဆေးဝါးမလုံလောက်မှုဒဏ်တို့အပြင် ကရင်အုပ်ချုပ်သောနယ်မြေတွင် မနေလိုသော သူများကလည်း စခန်းတိုင်းတွင် အထက်ပါ အကြောင်းတစ်ခုမဟုတ် တစ်ခုရှိနေခဲ့သည့်အတွက် မြန်မာစစ်အစိုးရက ထိုင်းအကူအညီဖြင့် တပ်ခ်လေဆိပ်မှ လေယဉ်စင်းလုံးနှင့် ပြန်ပို့ပေးသောသတင်းကို မြန်မာ့အသံမှ ထုတ်လွှင့်သည်ကို ကြားသိရသည့်အခါ ပြန်ချင်သူများ ရှိလာခဲ့ပြီး စခန်းများမှ ထွက်လိုသူများ ပေါ်လာခဲ့ပြီး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

No comments: