Tuesday, January 21, 2014

ဖခင်ဖြစ်သူ ရဟန်းတစ်ပါး၏ မျက်နှာကိုမှ မထောက် သံဃာသတ်တဲ့ သိန်းစိန်။

 
 လက်ရှိသမ္မတ သိန်းစိန်ဟာ ၂၀၀၇ ခုနှစ်အချိန်ကာလက ၀န်ကြီးချူပ်ပါ၊ ဗိုလ်ချူပ်ကြီးသိန်းစိန်ပါ။ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆုတောင်းမေတ္တာပို့ ခဲ့ကြတဲ့ ရဟန်းသံဃာတော်များကို ရိုက်ပုတ်ထုထောင်း ပစ်သတ်ခဲ့တဲ့လုပ်ရပ်မှာ တာဝန်အရှိဆုံးသူ တစ်ယောက်ပါ။ ယခုအချိန်ကျမှ အရင်အစိုးရလက်ထက်က ဖြစ်တာပါဆိုပြီး မဆိုင်သလို ပြောပြီး ဗြောင်လိမ်လို့  မရပါဖူး။ ၂၀၀၇ ခုနှစ်တုန်းက ရဟန်းသံဃာတော်တွေရဲ့  ဂုဏ်သတင်းဟာ မြန်မာမှာရော ကမ္ဘာမှာပါ ကျော်ကြားခဲ့ပြီး ချီးကျူးပြောဆိုခြင်းကို ခံခဲ့ရတာပါ။ ယခုအခါမှာတော့ ဒီကျော်ဇောမှု ဂုဏ်ရောင်ပြောင်မှုဟာ မှေးမှန်ကျခဲ့ရပါတယ်။ ဒီလို ဖြစ်အောင်လည်း အာဏာရှင်အုပ်စုက အငြိုးကြီးစွားနဲ့  စနစ်တကျ စီစဉ်ပြီး အကွက်ကျကျ ဖန်တီးဖျက်ဆီးပစ်လိုက်လို့ ပါ။ အာဏာရှင်တွေက ဖျက်ဆီးပစ်တာတင်မက အာဏာရှင်များနဲ့  လက်ပွန်းတသီး ပေါင်းဖက်ပြီး အခွင့်အလမ်းကောင်းများကို ရယူကြတဲ့ မင်းဆရာအဖြစ် ကိုးကွယ်ခံလိုကြတဲ့ ကိုယ်ကျိုးရှာ သံဃာများကြောင့်လည်း ဖြစ်ရတာပါ။ ဘာသာရေးအဓိကရုဏ်များ လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားစေရန် ဖန်တီးခြင်း၊ ဘာသာနှင့် လူမျိုးအား ကာကွယ်စောင့်ရှောင့်ရေး အကြောင်းပြပြီး အစွန်းရောက်လူမျိုးချစ် ဘာသာစွဲ ပြောဆိုမှု ဆောင်ရွက်မှုများဖြင့် မှိုင်းတိုက်ခြင်း၊ နိုင်ငံရေးတွင် ဘာသာတရားအား ခုတုံးလုပ်အသုံးချ၍ ၀င်ရောက်စွက်ဖက်ခြင်းဖြင့် အာဏာရှင်အုပ်စု သက်ဆိုးရှည်ရေးအတွက် ပံ့ပိုးဆောင်ရွက်ခြင်းများကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆိုးရွားလှသော ကူးစက်ရောဂါများဖြင့် ပြည့်နှက်နေသော လူမမာခန္ဓာကိုယ်ကြီးကဲ့သို့ လည်းကောင်း ဒေါသမီး အမိုက်မီးများဖြင့် လောင်ကျွမ်းနေသော မီးလောင်ကွင်းပြင်ကြီးကဲ့သို့ လည်းကောင်း ပေါက်ကွထွက်လုနီးပါး ပြည်တည်နာကြီးကဲ့သို့ လည်းကောင်း စိတ်ညစ်ညမ်းမှုများဖြင့် ပြည့်ဝနေသည့် အရူးထောင်ကြီးကဲ့သို့ လည်းကောင်း ဆိုးရွားစွာ ဖြစ်ပေါ်နေရခြင်းမှာ ၀န်ကြီးချူပ်ဟောင်း ဗိုလ်ချူပ်ကြီးဟောင်း လက်ရှိ သမ္မတခံယူထားသူ သိန်းစိန်ဦးဆောင်နေသော အာဏာရူးအုပ်စုကြောင့်နှင့် ဖောက်ပြန်ကြသော သံဃာများကြောင့် ဖြစ်ပေသည်။ ဗုဒ္ဓဘာသာသာသနာတော်နှင့် ရဟန်းသံဃာတော်ထုတစ်ရပ်လုံး၏ ဂုဏ်သိက္ခာများ ထိခိုက်ရခြင်း အဓိကတရားခံများသည် အဆိုပါ အာဏာရူးအုပ်စုနှင့် လက်ပါးစေ သံဃာများကြောင့် ဖြစ်ပေသည်။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချူပ်ကြီးဟောင်း လက်ရှိသမ္မတ သိန်းစိန်ဟာ ၂၀၀၇ ရွှေဝါရောင် ရဟန်းသံဃာတော်များအား ရိုင်းစိုင်းစွာ စော်ကားခဲ့သော သန်းရွှေ စစ်အစိုးရအဖွဲ့ ၏ ၀န်ကြီးချူပ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဗိုလ်ချူပ်ကြီးရာထူးအဆင့်ရှိသူဖြစ်ခဲ့သည်ကို ယခုအခါ အရပ်ဝတ်စုံ ၀တ်ပြနေရုံ သမ္မတတာဝန်ယူထားပြရုံနှင့် ဖျောက်ဖျက်၍ မရသလို ပျောက်ပျက်သွားမည်လည်း မဟုတ်ပေ။ ရဟန်းသံဃာတော်များအား ရိုက်ပုတ်ထုထောင်းသတ်ဖြတ်ခဲ့သည့် လုပ်ရပ်များတွင် အဓိက တာဝန်ရှိသူတစ်ဦး သံဃာသတ်သမားတစ်ဦး ဖြစ်ပေသည်။ သိန်းစိန်ဟာ ဘ၀ကျေးဇူးရှင် မွေးသဖခင်ဖြစ်သူ ဦးမောင်ဖြိုး သာသနာဘောင်တွင်း ၀င်ရောက်ပြီး ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာတစ်ပါး၏ မျက်နှာကိုမှ မထောက် သာသနာတော်နှင့် သံဃာတော်ရှင်သူမြတ်တို့ အား စော်ကားရိုင်းစိုင်းခဲ့သူ ဖြစ်ပေတော့သည်။

No comments: