Monday, January 27, 2014

ဗိုက်တို့သားအမိနဲ့ နွားနို့

ဗိုက်တို့သားအမိနဲ့ နွားနို့
ဒီသားအမိ ဒီတစ်ခါ ဘာအကြောင်းဖန်လာရပြန်သလဲလို့ မျက်လုံးပြူးတော်မမူကြနဲ့ဦ့း့  ဖြစ်ပုံလေးက ဒီလိုကွဲ့ 
ဒီအသက်ဒီအရွယ် (၄၀) တွင်းမှ ကိုယ်ဝန်ရှိတဲ့ (အိုသီးသီးနေတဲ့) ဗိုက်ကို အိုဂျီက ကိုယ်ဝန်(၄) လပြည့်ပြီး (မအီမသာ အန်ခြင်းဝေဒနာခံစားပြီး) နောက်ပိုင်းမှာ ကလေးလေးရဲ့ ကျန်းမာရေးအတွက် နို့သောက်ဖို့ လမ်းညွှန်ပါတယ့့် 
တကယ်တမ်းမှာတော့ ဒီက ဒေါ်ရွှေဗိုက်ကလေ ကိုယ်ဝန်ရှိတယ်ဆိုတာ သိသိချင်းမှာပဲ ထုံးစံအတိုင်း FB ပေါ် တက်အော့့်  FB က သူငယ်ချင်းတွေ မောင်နှမတွေပေးတဲ့အကြံဥာဏ်နဲ့ Similac နို့မှုန့်ကို တစ်ဗူး သုံးသောင်းကျော်ပေးပြီး ဝယ်သောက်နေခဲ့တာ့  အဲ့ဒီအချိန်မှာတုန်းက နွားနို့စစ်စစ် ဝယ်ရခက်တာမို့ အဲ့ဒီ နို့မှုန့် ကိုပဲ မသောက်ချင်ပေမယ့် ကြိတ်မှိတ်မျိုချပြီး သောက်နေခဲ့တာပေါ့ 
အခု အိုဂျီကလည်း ကလေးဖွံ့ဖြိုးကြီးထွားဖို့  ကျန်းမာရေးကောင်းဖို့အတွက် နို့သောက်ဖို့ လမ်းညွှန်လာတဲ့အခါမအှာ ဒေါ်ရွှေဗိုက်သည်းသည်းလှုပ်တို့ နွားနို့စစ်စစ်သောက်ရဖို့အရေး ပူပင်တော့တာပေါ့  တွေ့သမျှလူကို နွားနို့စစ်စစ်ရနိုင်မယ့် နည်းလမ်းတွေကို မေးတော့တာပေါ့ 
ဗိုက်က နေပြည်တော်မှာ တာဝန်ထမ်းသူမို့ Junction & Capital မှာ ဗူးနို့တွေ ဝယ်သောက်လို့ရပေမယ့် ကိုယ်ဝန်နဲ့မို့ ဝမ်းပျက်မှာစိုးတယ်လေ့  ကိုယ်ဝန်မရှိခင် ဟိုးအပျိုဘဝကတည်းက နွားနို့သောက်ရင် သိပ်မတည့် ချင်ဘူ့း့ အန်ချင်တယ့့်  ဗိုက်နာတယ့့်  စသဖြင့်ပေါ့ အခက်အခဲလေးတွေရှိခဲ့ဖူးတယ့့် ဒါပေမယ့် အခုတော့ သားဇောနဲ့ နွားနို့စစ်စစ်ကိုသောက်ဖို့ နည်းလမ်းရှာပါတယ့့်  ဒီလိုနဲ့ပဲ စီနီယာအမတစ်ယောက်ရဲ့ အကူအညီနဲ့ နေပြည်တော် သမ္မတခြံကထွက်တဲ့ နွားနို့ကို သောက်ရဖို့ အခွင့်အရေးဖန်လာခဲ့ပါတယ့့် 
အို့  တို့သားလေးက ကံကြီးလိုက်တာ့  သမ္မတခြံကထွက်တဲ့ နွားနို့ကို သောက်ခွင့်ရတယ်ပေါ့  အဲ့ဒီခြံကထွက်တဲ့ နွားနို့က စစ်လိုက်တာမှ စစ်စစ် စစ်စစ်နဲ့တောင်မြည်သေ့း့  ကျိုလိုက်တဲ့အခါလည်း ပျစ်နှစ်နေတာပဲပေါ့  စစချင်းမှာ ဗိုက်တို့သားအမိ တစ်နေ့ကို နို့(၂၅) ကျပ်သား (လီတာဝက်) သောက်ပါတယ့့်  အခြား အစားအစာတွေကလည်း စားနေတာမို့ နို့ကို (၂၅) ကျပ်သား (မနက်စောစော+ညအိပ်ရာဝင်ခါနီး) သောက်ပါတယ့့်  ဗိုက်ရဲ့ သားလေးက နွားနို့စစ်စစ်သောက်ရတော့ သိပ်ပျော်တာ့  အမေက နို့သောက်ပေးလိုက်ပြီဆိုရင် အမေ့ဗိုက်ထဲမှာ တိုးဝှေ့ပျော်ရွှင်နေလိုက်တာ့ 
ဒီလိုနဲ့ ကိုယ်ဝန် (၅) လခွဲလည်းရောက်ရော နွားနို့သောက်နှုန်းကို တိုးလိုက်ပါတယ့့်  တစ်နေ့ (၂၅) ကျပ်သားကနေ (၅၀) ကျပ်သား (တစ်လီတာ) အထိ တိုးသောက်ပါတယ့့်  သားလေးဟာ ဒီအမေ နို့သောက်တဲ့ အချိန်တိုင်း ပျော်ရွှင်ပြီး တိုးဝှေ့နေတဲ့ခံစားမှုကို ဒီအမေက ဘယ်လောက်ထိ ကြည်နူးပီတိဖြစ်မိလဲဆိုတာ ကိုယ်ဝန် ဆောင်ဖူးတဲ့ မိခင်တိုင်း ခံစားဖူးကြမှာပါ့ 
ဒီလိုနဲ့ ဒီအမေလည်း သားငယ်လေးအတွက် ဒီလို စာချိုးလေး ရေးပေးမိပြန်တယ့့်  "မေ့ကလေးငယ်လေးအစားပုပ်၊ မေ့ဗိုက်လေးထဲ တလှုပ်လှုပ်၊ ဗိုက်ဆာတဲ့အခါ သူတိုးပြန်၊ မေ့မှာတစ်ခါစားရပြန်၊ ဗိုက်တင်းပြန်တော့ သူကန်သေး၊ အစာဟောင်းတွေစွန့်ဖို့အရေး မေ့မှာ အိမ်သာသို့ မကြာခဏပြေးရသေ့း့"
တဖြည်းဖြည်းနဲ့ သားလေးဟာ အမေ့ဗိုက်ထဲမှာ အရွယ်အစားကြီးလာတာနဲ့အမျှ စားသောက်နှုန်းကလည်း တရိပ်ရိပ်တက်လို့လာပါတယ့့်  မနက်မိုးလင်း (၅) နာရီဆိုရင် အမေ့ကို ဗိုက်ထဲကနေ တိုးပြီးတော့ နှိုးပါတယ့့်  အမေက အိပ်ချင်တုန့်း့  ဒါပေမယ့် သားက မရတော့ဘူ့း့  အမေ ထတော့ဆိုပြီး လက်သီးဆုပ်လေးနဲ့ပဲ ထိုးနေသလိုလို့  ခြေထောက်လေးနဲ့ပဲ ကန်နေသလိုပေါ့  ဒီအမေကလေ အိပ်ရာကနေ ကမန်းကတမ်းထ့  ရေ ၂ ခွက်သောက့့် နွားနို့အိုး မီးဖိုပေါ်တင့့်  ပြီးတော့ အိမ်သာပြေးပြီး ဘွတ်ဘွတ်ပါရပါတယ့့်  အဲ့ဒီအချိန်မှာ သားလေးဟာ ဗိုက်ဆာပြီဆိုတဲ့အချက်က ပြနေပါပြီ့ ဒီအမေမှာ လုပ်နေဆဲ အလုပ်ကို အမြန်လက်စသတ့့်  ကိုယ်လက်သန့့်  မျက်နှာသစ် သွားတိုက့့် အဝတ်လဲပြီးတော့ နို့အိုးမီးပိတ့့်  ဘုရားသောက်တော်ရေချမ့်း့  ဆွမ်းတော့့် နွားနို့တို့ကို ဘုရားမှာ ကပ်ရပါတယ့့်  ငါးပါးသီလခံယူပြီးတာနဲ့ ဘုရားမှာ ကပ်ထားတဲ့ နို့ဆွမ်းကို့  အရှင်ဘုရား တပည့်တော်တို့ သားအမိနှစ်ယောက်ကျန်းမာရေးနဲ့ အာဟာရမျှတစေရန်အတွက် နို့ဆွမ်းကို စွန့်တော်မူပါ့  သောက်သုံးခွင့်ပြုတော်မူပါ့  ဆိုပြီး စွန့်ပြီး သားအမိနှစ်ယောက် နို့တစ်ခွက်ကို ၂ မိနစ်အတွင်း ကုန်အောင်သောက်ပါတယ့့်  နို့သောက်ရပြီဆိုရင် ပျော်နေတဲ့သားလေးဟာ သူ့ရဲ့ပျော်ရွှင်မှုကို အမေ့ကို အသိအမှတ်ပြုပြတဲ့အနေနဲ့ အမေ့ဗိုက်ထဲမှာ ဟိုပြေးဒီလွှား ဆော့ကစားလို့နေလေရဲ့လေ့အဲ့ဒါက မနက်ပိုင်းနို့သောက်ချိန်မှာ သားသားလေးနဲ့ မေမေနဲ့ ကြည်နူးပီတိဖြစ်မှုပေါ့
ညဘက်ဆိုရင် ည (၉) နာရီလောက်ဆိုရင် သားအမိနှစ်ယောက် ဘုရားရှိခိုး၊ မေတ္တာပို့၊ ပုတီးစိတ်လို့ ပြီးပြီ့  အဲ့ဒီတော့ နွားနို့အိုးလေး ကျိုထားပြီး တီဗီလေးကြည့့်  တစ်ခါတလေ မီးပူလေးတိုက့့်  အဲ့ဒီလိုလေးလုပ့့်  ပြီးတော့ ၁၀ နာရီမတ်တင်းလောက်ဆို နွားနို့ပူပူလေးထဲ ဆားလေးထည့်ပြီးသောက်လိုက်ရင်လေ့  သားသားလေး အရမ်းပျော့့် မေ့မေ့ကို အချက်တွေပြ့  မေမေ့ဗိုက်ကျဉ်းကျဉ်းလေးထဲ ဟိုတိုးဒီတိုးဆော့ပြ့  ပြီးတော့ အိပ်ရာ မဝင်ခင် ဘွတ်ဘွတ်တစ်ခါပါ့  သားအမိနှစ်ယောက် ကိုယ်လက်သန့်ပြီးတော့ ညအိပ်ဝတ်လေးလဲ့  ပြီးတော့ အိပ်ရာဝင်ကြတာပေါ့  မေမေလည်း ဗိုက်လေးပွတ်ပြီး သားသားလေးအတွက် ဘုရားစာလေး ရွတ်ပေ့း့ ဆုတောင်းပေးရင်း အိပ်ပျော်သွားရော့  သားသားလေးလည်း သူကြိုက်တဲ့ နွားနို့သောက်လိုက်ရလို့ အိပ်လိုက်တာမှ နှစ်နှစ်ခြိုက်ခြိုက်ပဲ့ 
အိမ်ကလူတွေက ဖုန်းဆက်ရင် ဟိုသားအမိတွေ သမ္မတနွားနို့သောက်ပြီးပြီလားဟေ့  ဒီကလည်း ပြန်ဖြေတယ့့်  တို့သားအမိက သမ္မတနွားနို့သောက်ပြီး အိပ်တော့မယ်ဟေ့  ပေါ့  ဂုဏ်ယူစွာနဲ့လေ့ 
ဒီလိုနဲ့ တစ်ရက်မှာ ပို့နေကျ နွားနို့က လာမပို့ဘူ့း့  ဒါနဲ့ပဲ Junction က ဝယ်လာတဲ့ ဗူးနို့ကို ကျိုသောက်လိုက်တာ နောက်နေ့လည်းကျရော ဝမ်းပျက်ပါလေရော့  အဲ့ဒါနဲ့ အိုဂျီက သမီးရေ့  နွားနို့ (၂) ရက်လောက်ဖြတ်ထားလိုက်ဦးတဲ့  ဗိုက်မကောင်းလို့ နွားနို့လည်းမသောက်ရရော ဗိုက်ထဲက သားသားလေးက ညကျ မအိပ်တော့ဘူ့း့ အမေကို ဆန္ဒပြတော့တာပဲ့  တခြားဘာပဲစားစာ့း့  မရဘူ့း့  သားသားက နွားနို့မှ နွားနို့လေ့  ဒါပေမယ့် ဒီအမေက သားသားကို တောင်းပန်ရတယ့့်  သားရေ့ တစ်ရက်ပဲ သည်းခံလိုက်ပါ့  မေမေတို့ နောက်ရက် နွားနို့ပြန်သောက်ကြမယ့့် ဒီနေ့တော့ မေမေ ကြက်သားပြုတ်ပြီး ဆန်ပြုတ်လေးလို့  ကြာဇံပြုတ်လေးလို လုပ်ပြီးသောက်ပေးမယ်ဆိုပြီး ညသန်းခေါင် သားအမိနှစ်ယောက်ထပြီး ချက်ပြုတ်စားသောက်ပြီး ပြန်အိပ်ရတယ့့် 
နောက်ရက် လူက ပုံမှန်ပြန်ဖြစ်တော့ နွားနို့ပြန်သောက်တော့ သားသားလေးက သိပ်ပျော်ရှာတာ့ အမေ့ကိုလည်း သူ ပျော်တဲ့အကြောင်း အသိအမှတ်ပြုတဲ့အနေနဲ့ ဗိုက်ထဲမှာ တိုးဝှေ့ဆော့ကစားပြနေလိုက်တာ့  အဖေက ရန်ကုန်မှာ့ အမေက နေပြည်တော်မှာ တစ်နေရာစီနေနေရတဲ့အချိန်မှာ သားလေးဟာ မေမေ့အတွက် အားဆေးတစ်ခွက်ပါ့  သားလေး မေမေ့ဗိုက်ထဲ ဒီလိုလေးဆော့ကစားနေတိုင်း မေမေ့ရင်ထဲ ကြည်နူးနေမိတာ့  ပျော်ရွှင်နေမိတာ့ ဘာနဲ့မှ ဖော်ပြလို့မရနိုင်ပါဘူ့း့ 
အဲဒီလိုနဲ့ဗိုက်တို့သားအမိဟာ နွားနို့ကို သောက်လာလိုက်တာ အခု ကိုယ်ဝန် (၃၂) ပတ်ထဲကို ရောက်ရှိလို့ လာခဲ့ပါပြီ့  ကိုယ်ဝန်ရင့်လာတာနဲ့အမျှ သားလေးရဲ့ စားနှုန်းတက်လာပါပြီ့  တစ်နေ့ ထမင်း (၃) နပ်၊ အသီး အနှံ၊ အားဆေး၊ (နို့+ရေ စုစုပေါင်း အနည်းဆုံး ၂) လီတာအပါအဝင် မနက်စောစောစာနဲ့ ညအိပ်ရာဝင်ခါနီး နို့သောက်ချိန်မှာ ခါတိုင်းလို နို့တစ်မျိုးတည်းနဲ့ သားသား မဝတော့ပါဘူ့း့ ပေါင်မုန့်ထောပတ်သုပ် (၂) ချပ်စီ တိုးလာပါပြီ့  ဒါလည်း ဘာအရေးလဲ့  နို့သောက်ရင်းနဲ့ ပေါင်မုန့်ပါစားလိုက်တာပါပဲ့  အဓိကက နွားနို့ပါဖို့ ပဲလေ့ 
ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာနေ့ညနေက နွားနို့လာမပို့ပါဘူ့း့  ဘာလို့ပါလိမ့်ပေါ့  အော့့် နောက်တော့မှ သိလိုက်ရပါတယ့့်  သမ္မတကြီးက ကျန်းမာရေးနဲ့ ညီညွတ်ဖို့ နွားနို့သောက်ဖို့ တိုက်တွန်းထားတာကို့ အရက်မသောက်ဘဲ နို့သောက်ကြဖို့ဆိုပါလာ့း့  အို့ ဒါကြောင့်များလာ့း့  သို့လော သို့လော့  စနေနေ့ညနေမှာ နွားနို့လာပို့တော့ လာပို့တဲ့သူကို မေးကြည့်လိုက်တော့ ညီမရယ့့်  စိတ်မကောင်းပါဘူးတဲ့ ကျွန်တော် နွားနို့ထုပ်တွေ သမ္မတခြံထဲကနေ ယူလာပြီးတာနဲ့ ရုံးက ဝန်ထမ်းတွေ အပြိုင်အဆိုင်လုယူလိုက်ကြတာ့  ညီမအတွက်တောင် ဖယ်ထားလို့မရတော့ဘူးတဲ့  ကိုယ်ဝန်ဆောင်အတွက် တစ်ထုပ်တော့ ဖယ်ပေးထားမှ ဖြစ်မယ်ပြောလဲ မရဘူးတဲ့လေ့  အော် ကိုရွှေအရက်သမားတို့ရဲ့ မယားကောင်းများက သမ္မတကြီးရဲ့ စကားကို နားထောင်လိုက်ကြတာ့  ဗိုက်တို့သားအမိအတွက်တောင် မချန်ဘဲ အရက်အစား နွားနို့ကို အစားထိုးတိုက်တော့မလို့လားဟင့့်  သားလေးရေ့ မေမေတို့ ဘယ်လိုလုပ်ကြ မလဲ့  အိုဂျီကို ဖုန်းဆက်ပြီး ရင်ဖွင့်မိတယ့့်  ဆရာရယ့့်  ကျွန်မတို့ သားအမိ ဘယ်လိုလုပ်ရမလဲ့  အရက်အစား နွားနို့သောက်ဖို့ သမ္မတကြီးတိုက်တွန်းလိုက်တော့ ပြည်သူတွေက သမ္မတကြီးကို ချစ်ကြတယ် ထင်တယ့့်  သမီးတို့သားအမိအတွက် နွားနို့လာမပို့တော့ဘူးလို့လေ့ 
အိုဂျီက ကလေးအဖေကို နို့စားနွားမတစ်ကောင်ဝယ်မွေးခိုင့်း့ နေ့တိုင်း မနက် အလုပ်မသွားခင် နွားမကို နို့ညှစ်ခဲ့  ညနေ အလုပ်ကပြန်လာရင် နွားမကို အစာကျွေးခိုင်းတဲ့  ရီစရာပြောပါတယ့့်  နွားနို့မသောက်ရ တဲ့ သားသားလေးက ညကျတော့ မအိပ်ဘဲ အမေ့ကို ဆန္ဒပြပါတယ့့်  မနက်ဆို နွားနို့အစားထိုး Similac လည်း သောက်တော့လည်း အာသာမပြေပါဘူ့း့  သားသား မကျေနပ်ပါဘူ့း့ အမေကို စိတ်ကောက်တဲ့အနေနဲ့ အထဲမှာ ငြိမ်နေပြတယ့့်  ဒီအမေစိတ်ပူပြီး သားလေးကို မေမေ့ကို အချက်ပြပါဦးလို့ ပြောရတယ့့်  တောင်းပန်ရတယ့့် 
အရက်သောက်နေတဲ့သူတွေကရော အရက်အစား တကယ်ပဲ နွားနို့သောက်ပြီး နေနိုင်ကြမှာလားဟင့့်  လူ့ဘဝထဲ အသစ်ဝင်လာမယ့် သားသားလေးအတွက် ညှာတာပြီး ဗိုက်တို့သားအမိအတွက် တစ်နေ့ကို နွားနို့ (၁) လီတာလောက် ပုံမှန်ရောင်းမပေးနိုင်ဘူးဟင့့် 
သန်း (၆၀) သော လူဦးရေ လုံလောက်စွာ နို့သောက်သုံးနိုင်ဖို့ နို့စားနွားမတွေ မွေးမြူကြစို့  လို့ပဲ ပြောရမလာ့း့  ဒီက ဗိုက်တို့သားအမိကတော့ သားသားနေ့စဉ် နွားနို့သောက်နိုင်ဖို့ နို့စားနွားမတစ်ကောင် ဝယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရတော့မှာလာ့း့  ဟင့့်  ဖြေပေးကြပါဦးလို့ 

No comments: