Friday, January 17, 2014

ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိတယ်


(အရှင်ဥာဏိဿရ)
----------------------------
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လျှင် အမျိုးဘာသာသာသနာမှေးမှိန်နိုင်၊
သမ္မတဦးသိန်းစိန်ကိုသာ မဲပေးပါဟု သီတဂူဆရာတော်မိန့်ကြား သည် ဆိုသည့်သတင်း သီတဂူဆရာတော်အရှင်ညာဏိဿရ က ပြတ်ပြတ်သား သားငြင်းပယ်

ယခုအခါ မြန်မာ့ဒီမိုကရေစီနှင့် ပတ်သက်၍ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အပုပ်ချ တိုက်ခိုက်မှုများကို ဆန့်ကျင်ဘက် အုပ်စု တစ်စုက သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်လည်းကောင်း ခြုံခိုတိုက်ခိုက်မှု များရှိနေကြောင်းသိရသည်။

မြန်မာပြည် ဒီမိုကရေစီစနစ် ဖြစ် ထွန်းရေးကို မလိုလားသောသူများ က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု ကို ကွဲကွာသွားအောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတစ်ရပ်လုံး အထင်မှား၊ အမြင်မှားဖြစ်ပြီး နာကြည်း မုန်းတီးအောင် ဘာသာရေး၊ လူမျိုးရေးနှင့် ဦးတည် တိုက်ခိုက်နေသည်ကို ပြည်သူများကလည်း သိရှိကြသည်။

ယခုလောလောလတ်လတ်မှာမူ ပြည်သူ ပရိသတ်အပေါ်မှာ ဩဇာရှိသော ဘာသာရေး ဘက်တွင် အလွန်ထင်ရှားသော အရှင်ညာဏိဿရကို အကြောင်းပြုပြီး တိုက်ခိုက် လာပြန်သည်။

မွန်းတည့်နေအမည်ရှိ ဂျာနယ်တွင် လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစု က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာ မှေးမှိန်နိုင် စရာရှိသည် ဟု ယုံကြည်နေကြသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန်ကို ထောက်ခံမဲပေး ရန် သီတဂူဆရာတော်က မိန့် ကြားလိုက်ကြောင်း ဟု ရေးသားထားသည်။
ယခုကိစ္စတွင် အရှင်ဝီရသူ ကိုယ်တိုင်ကလည်း သတင်းလုပ်ကြံဖြန့်ခဲ့ကြောင်း သိရသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဆရာတော်ဘုရား အရှင်ညာဏိဿရထံလျှောက်ထားရာ ဆရာတော်က ၁၅ ရက်နေ့ကဟောတဲ့တရားRecord မှာ ၁၉ ရက်နေ့ ရန်ကုန်ကို ယူလာမယ်။ အဲဒီအခွေကိုနာထောင်ကြည့်ရင် အားလုံးရှင်းသွားမယ်။

ဦးဇင်းဝီရသူကိုလည်း ကျုပ်ရှင်းခိုင်းထားတယ်။

"ဝီရသူ အဲဒါတော့ရှင်းပေး"လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကို မဲမထည့်နဲ့ လို့ ဟောသလား၊ ဆရာတော်က ပြောသလား၊ မင်းတို့ရှင်းကြကွာ လို့ ပြောလိုက် တယ်၊ မင်း ငါ့ကိုအသုံးချတယ်၊ မင်းတို့ ဘယ်လိုလုပ်မလဲလို့ပြော လိုက် ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘုန်းဘုန်းဖုန်းဆက်ပြော ပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ နားလည်မှုရှိပါတယ်။ ဆရာတော် ဟောခဲ့တဲ့ တရားကို နာလိုက်ရင်ပြီးတာပဲ။ ကျုပ်ဒီကိစ္စမှာပါလဲမပါဘူး၊ ပြောလဲမပြောဘူး။

ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိတယ်။ ကျုပ်ဟာလဲ ပြည်သူလူထု ကျန်းမာရေး၊ ချမ်းသာရေး လုပ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် လည်း ပြည်သူလူထု အကျိုး ဆောင်ရွက်နေသူပဲ။ ဘယ်သူ့ကို မဲထည့်ပါ၊ ဘယ်သူ့ကို မထည့်ပါနဲ့ဆိုတာ ကျုပ်ပြောကို မပြောဘူး ဟု ဆရာတော်ဘုရားက မိန့်ကြားလိုက်ပါသည်။

ဆရာတော် ဝီရသူသည် လက်ရှိ အာဏာရသူတို့ဘက်က ရပ်တည်ဟောပြော လုပ်ဆောင်နေသူဖြစ်သည်ဟု ပြည်သူကြားထဲမှာ ယုံကြည် နေသည်ကို ယခုကိစ္စက ပို၍သေချာခိုင်မာအောင် သက်သေပြလိုက်ခြင်းပဲ ဖြစ်သည်ဟု ဝေဖန်နေကြသည်။

(သီတဂူဆရာတာ် ဒေါက်တာအရှင်ဥာဏိသရ)

Source: စောင့်ကြည့်သတင်းဂျာနယ် (New Watch Journal)
မူရင်းလင့်-https://www.facebook.com/photo.php?fbid=623678947669910&set=a.343944972309977.69916.343551955682612&type=1&theater

No comments: