မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, January 21, 2014

"ဒါလားဟဲ့... အပြောင်းအလဲ"

"ဒါလားဟဲ့... အပြောင်းအလဲ" လွန်ခဲ့သောအစိုးရလက်ထက်မှာပေါ့ဗျာ..။မင်္ဂလာတောင်ညွန့် ဘက်မှာ ဆရာတော်ကြီးတစ်ပါး တရားပွဲလုပ်တယ်။ ဆရာတော်ကြီးက အခုဒီတရားပွဲကရလာတဲ့အလှူငွေတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုလှူချင်လို့ တရားပွဲကိုလာပြီးအလှူခံဖို့ အကြောင်းကြားတဲ့အတွက်ကျွန်တော်တို့ သွားခဲ့ပါတယ်။ဒါပေမယ့် လမ်းခုလတ်မှာတယ်လီဖုန်းဝင်လာပြီး "ဦးကျော်သူရေ..စိတ်မကောင်းပါဘူးဗျာ၊နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုဆရာတော်ကြီးလှူမယ့်အလှူငွေကိုအစိုးရအဖွဲ့ အစည်းတစ်ခုကမလှူရဘူး၊လှူခြင်းလှူသူတို့ အဖွဲ့ ကိုဘဲလှူရမယ်"လို့ အမိန့် လာပေးတဲ့အတွက် ငွေလှူဒါန်းခြင်း အစီအစဉ်ကိုဆရာတော်ကြီးမှစိတ်မကောင်းစွာဖြင့်ဖျက်လိုက်ရပါပြီတဲ့ဗျာ။ အော်..အလှူငွေကိုတောင်ဓါးပြတိုက်ချင်တဲ့ခေတ်ဆိုးကြီးပါလားဟုတွေးမိယုံမှတစ်ပါး...။ ဒါက အရင်ခေတ်။ အခုလာပြန်ပါပြီ...ယခု ပြောင်းလဲပြီလို့ ပြောပြောနေတဲ့ခေတ်။ တစ်နေ့ ကပေါ့ဗျာ။ပြည်ပနိုင်ငံကြီးတစ်ခုကပါမောက္ခကြီးတွေ၊ဆရာဝန်ကြီးတွေ ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမာရေးချို့ တဲ့နေသောကျေးလက်ဒေသများ ကို မေတ္တာရှေ့ ထားပြီးအပင်ပန်းခံကာဆေးဝါး(အခမဲ့)လာရောက်ကုသပေးခဲ့တာ လူနာပေါင်း(၄၀၀၀)နီးပါးလောက်ကုသပေးနိုင်ခဲ့တယ်။တစ်နေ့ ကသူတို့ အဖွဲ့ မပြန်ခင် သူတို့ နဲ့ ပါလာတဲ့ပိုလျှံနေသောဆေးဝါးသေတ္တာ(၃)လုံးကိုပြည်သူလူထုတွေ အတွက်ဆေးဝါးကုသပေးဖို့ ကျွန်တော်တို့ အသင်းရှိ"သုခကုသိုလ်ဖြစ်ဆေးခန်း" ကိုလာရောက်လှူဒါန်းသွားတယ်။ အဲဒီမှာတင်...သူတို့ နောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့သက်ဆိုင်ရာကအထက်ကို သတင်းပေးလိုက်တဲ့အတွက် အဲဒီအထက်ကဆိုတဲ့သူက "ခင်ဗျားတို့  ကျော်သူ့ အသင်းကိုဆေးသွားလှူလား၊မလှူနဲ့ နော်....လှူရင်နောက်တစ်ခေါက်မြန်မာပြည်ကိုလာခွင့်မရှိဘူး"တဲ့ဗျာ။ကိုယ့်ပစ္စည်း ကိုယ်ဘယ်ကိုလှူလှူ ..လှူခွင့်မရှိတဲ့နိုင်ငံ။ ပြည်ပ ပညာရှင်များစိတ်ကုန်သွားမည့်နိုင်ငံ၊ မစ္ဆရိယစိတ်တွေများလွန်းတဲ့နိုင်ငံ၊ ဗြဟ္မစိုရ်စိတ်တွေခေါင်းပါးတဲ့နိုင်ငံ၊ ပရဟိတသမားတွေစိတ်ကုန်သွားမည့်နိုင်ငံ၊လူမှုရေးအလုပ်တွေကိုဟန့် တားပိတ်ပင်မှုများနဲ့ လုပ်ကိုင်ပေးနေရတဲ့နိုင်ငံ...စတဲ့ နိုင်ငံအဖြစ်တော့ အဖြစ်မခံလိုပါ။ ပြည်ပနိုင်ငံများရဲ့  အထင်အမြင်သေးခံရမည်ကိုမလိုလားပါ။ ဒါကြောင့်မြန်မာပြည်သူလူထုအတွက် စစ်အာဏာရှင် ခေတ်ဆိုးကြီးမှ ကယ်တင်ပေးဖို့ မေတ္တာ၊စေတနာထားပြီးပြောင်းလဲမှုလုပ်ပေးမည်ဆိုပါက" ပြောင်းလဲမှုဟူသည် ယူနီဖေါင်းပြောင်းကြယုံနှင့်တော့မရ။ စိတ်ဓါတ်၊ ခံယူချက်၊ဦးတည်ချက်၊ရည်ရွယ်ချက်များပါ ပြည်သူ့ အတွက်ဟု မှတ်ကျောက်တင်ကာ သစ္စာဆိုရဲသောပြောင်းလဲမှုလုပ်နိုင်ဖို့ လိုအပ်ကြောင်းဗြဟ္မစိုရ်တရား(လေးပါး) ကိုလက်ကိုင်ပြုကာမေတ္တာစကားပါးလိုက်ရပါသည်။ သို့ မှသာ " ဒါမှ...တကယ့်အပြောင်းအလဲ " ဖြစ်ပေတော့မည်။

No comments: