Saturday, January 18, 2014

တောင်တရုတ်ပင်လယ်ပြင်အတွင်းအထူးသတိပြုဖို့လို

တောင်တရုတ်ပင်လယ် ဒေသတွင်းသင်္ဘောရေယာဉ်တွေအတွက်
သံယောဇဉ်မဖြတ်နိုင်လို့ပါ။
19-1-2014
3:37 am

အာဆီယံဒေသမြောက်ပိုင်းနိုင်ငံများတွင် ခြောက်သွေ့တဲ့ရာသီဥတုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေတာနဲ့အမျှ တစ်နေ့တစ်ခြား တိုးလာနေတဲ့ တောမီးလောင်ကျွမ်း မှုတွေကို ထိုင်းနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ပိုမိုတွေ့ရှိလာနေ ရပါတယ်။

နေကွက်ကျား တောမီးလောင်ကျွမ်းမှုတွေကိုလည်း မြန်မာနိုင်ငံ နဲ့ လာအိုနိုင်ငံတွေ မှာ ဂြိုဟ်တုတိုင်းထွာချက်များအရ တွေ့နေရပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း သွားလာခုတ်မောင်းနေကြတဲ့ ရေယာဉ် သင်္ဘောတွေ အနေနဲ့ ဆောင်းရာသီဆိုးဝါးမှုကို အထူးသတိပြုဖို့လိုပါတယ်။ အထူးသဖြင့် Fog နဲ့ Wave ကို သတိထားကြဖို့ အကြံပြုလိုပါတယ်။

ဒေါက်တာထွန်းလွင်

No comments: