မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Saturday, January 18, 2014

ဗိုလ်ချုပ်ကြီးခင်ညွန့် ပြောနေတာတွေနဲ့ ကျွန်တော်သိထားခဲ့တာတွေ (၂)

ထောက်ချုပ်ဟောင်း ဗိုလ်ခင်ညွန့်နဲ့ သီတဂူ တို့ ဘယ်လို ပါတ်သက်သလဲ
ဟာကျူလီ(ကသာ) ရဲ့ စာ ကို Venus Flytrap ဆီမှ ရှယ်ပါတယ်


ဗိုလ်ချုပ်ကြီးခင်ညွန့် ပြောနေတာတွေနဲ့ ကျွန်တော်သိထားခဲ့တာတွေ (၂) ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ဟာကျူလီ(ကသာ) စာအုပ်ထဲမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြောနေတာတွေနဲ့ ပါတ်သက်ပြီး သဘောမတူတာတွေ ကွဲလွဲတာတွေ အတော်များများကို ထောက်ပြ ‌ရေးသား ခဲ့သလို မှန်ကန်မှုရှိတဲ့ အချက်တွေကိုလည်း ရေးပြမှ မျှတမှု ရှိမယ်ထင်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့်ပြောခဲ့တာလေး တစ်ခုကို ‌ထောက်ခံလိုက်ချင်ပါတယ်၊ စာမျက်နှာ၃၉/ ၄၀ ပါ ဗိုလ်ချုပ်ကြီးခင်ညွန့် ဖြေဆိုချက်။ ။ ပထမဆုံး စစ်ကိုင်းသွားတာဗျ၊ စစ်ကိုင်းမှာ ဆရာတော်ကြီး ဥူးဥာဏိဿရ က "ဒကာကြီးလာပါဦး၊ ဆွမ်းဦးပုညရှင် ဘုရားကိုဘက်စုံပြုပြင်ဖို့အတွက် ဒကာကြီးလာကြည့်ပေးပါဦး၊စီမံဆောင်ရွက်ပေးပါဦးဆိုတာနဲ့ ကျွန်တော် ပထမဆုံးစစ်ကိုင်းသွားလိုက်တယ်၊စစ်ကိုင်းမှာ ဆွမ်းဦးပုညရှင်ဘုရားကို ဘက်စုံပြုပြင်မွမ်းမံဖို့အစီအစဉ်လုပ်တာပေါ့၊ ဆရာတော်ကြီးလည်း လျှောက်ထားတယ်၊ဆရာတော်ကြီးကိုတပည့်တော်ဒီလိုလုပ်မယ်၊ ဆရာတော်ကြီးဆန္ဒဘယ်လိုလဲပေါ့၊ဆရာတော်ကြီးက ဒီလိုလုပ်ချင်တယ်.... သူ့ဆန္ဒနဲ့ အညီပေါ့ဗျာ... ဒါတွေ ကျွန်တော်စီစဉ်ခဲ့ပါတယ်။ ------------------------------------------------------------------------ ‌ထောက်ခံချက်။ ။ အချို့တတွေက ဗိုလ်ချုပ်ကြီးခင်ညွန့် ဒီလို ပြောတာနဲ့ ပါတ်သက်ပြီး ဆရာတော်ကြီး ဥူးဥာဏိဿရ ဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဒီလောက် ရင်းနှီးခဲ့တာ ဟုတ်မှ ဟုတ်ရဲ့လားလို့မယုံဝံ့ကြဘူး။ ဒါဟာ တကယ့်ကို အမှန်အကန်ကိစ္စပါ၊ စာဖတ်သူအတော်များများက အခု ဗိုလ်ချုပ်ကြီးခင်ညွန့် ပြောမှသိကြတာဖြစ်ပေမယ့် ကျွန်တော်ဒါတွေကို သိခဲ့တာကြာပါပြီ။ မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည်ကားပေါ်မှာ ဆန္ဒပြနေတဲ့ အချိန်လောက်မှာပေါ့၊ လူထုတိုက်ကနေတဆင့် သီတဂူဆရာတော် ဥူးဥာဏိဿရက မန္တလေး ရန်ကုန်က စာရေးဆရာ‌တွေကိုဖိတ်ပါတယ်။ အဲဒီလိုအဖိတ်ခံရတဲ့အထဲမှာ ကျွန်တော်လည်းပါဝင်ပါတယ်၊ ကျွန်တော်တို့ မန္တလေးက စာရေးဆရာအဖွဲ့တွေ(၂၅၊၁၀၊၁၉၉၈))ရက်နေ့ စစ်ကိုင်းက သီတဂူကိုရောက်တော့ ညနေ(၃) နာရီလောက်ရှိပါပြီ၊ ရန်ကုန်စာရေး ဆရာအဖွဲတွေကတော့ ကျွန်တော်တို့ထက် အရင်ရောက်နှင့်နေပြီးသားပါ၊ ကျွန်တော်တို့အဖွဲ့တွေ သီတဂူရောက်ပြီး မကြာခင်မှာဘဲ ဆရာတော်ကြီး ဥူးဥာဏိဿရ ကြွလာပါတယ်၊ ဆရာတော် ကျွန်တော်တို့ဆီရောက်လာတော့ စီးလာတဲ့ကားဟာ .. ပါဂျရိုလား၊ပလာဒိုလား မခွဲခြားတတ်‌ပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွန့်သွားရင် လာရင်စီးနေတဲ့ကားမျိုးပါ၊ ကားအမိုးပေါ်မှာလည်း အင်ပြူးလင့့််အရေးပေါ် မီးတပ်ထားပါတယ်၊ ဆရာတော်ကြီးဟာ ကားပေါ်က ဆင်းဆင်းချင်းပဲ ဘာမဆိုင် ညာမဆိုင် _ "ဒီကားဟာ ဦးခင်ညွန့် လှူထားတဲ့ကားလေ " လို့ မိန့်ပါတယ်၊ ကျွန်တော်စိတ်ထဲမှာတော့ ဘယ်လိုကြီးလဲဟ လို့ တွေးခဲ့မိပါတယ်။ ညရောက်တော့ ဆရာတော်ကြီးက ကျွန်တော်တို့ကို ဆောက်လက်စ သာသနာ့တက္ကသိုလ်အကြောင်း ဆလိုက်ထိုးပြီး လေဆာဓါတ်မီးနဲ့ထိုးပြီး ရှင်းပြပါတယ်၊အဲဒီခေတ်ကလေဆာဓါတ်မီးတို့ဆလိုက်တို့ဆိုတာအင်မတန်‌ ရှားတဲ့ကာလဖြစ်လေတော့ငါတို့ဆရာတော်ကြီး သိပ်အဆင့်မြင့်‌နေပါလား လို့ ‌တွေးမိလိုက်ပါသေးတယ်၊ နောက်ပြီးမှ ဒကာကြီး ဒါယိကာမကြီးတို့ကို ကြုံတုန်းတရားလေးဟောရဦးမယ်ဆိုပြီးတရား‌‌ဟောပါတယ်။ ဆရာတော်ကြီး‌ဟောတဲ့တရား တွေထဲမှာအံ့သြစရာကောင်းတာက အဖွဲ့အစည်း ပျက်စီးစေတတ်တဲ့အကြောင်းတရား(၄)ပါးဆိုပြီး ထည့်ဟောခဲ့တာပါပဲ၊ ဆရာတော်ကြီးဟောတဲ့ အဖွဲ့အစည်း ပျက်စီးစေတတ်တဲ့ အကြောင်းတရား‌တွေကတော့ (၁)ခေါင်းဆောင်နည်းခြင်း (၂)ခေါင်းဆောင်များခြင်း (၃)အမျိုးသမီးခေါင်းဆောင်ဖြစ်ခြင်း (၄)အရွယ်ငယ်လွန်းသူခေါင်းဆောင်ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အတော်အံ့သြမိ ပါတယ်၊ တကယ့့််မိုးထဲရေထဲကာလမှာ ဘာဖြစ်လို့ (၃) အမျိုးသမီး ခေါင်းဆောင်‌ဖြစ်ခြင်း (၄)အရွယ်ငယ်လွန်းသူ ခေါင်းဆောင်ဖြစ်ခြင်း တို့ထည့်‌ဟောတာလည်း လို့လည်း မတွေးတတ်ခဲ့ပါဘူး၊တရားပွဲပြီးလို့ စာရေးဆရာတွေကို လိုက်နှုတ်ဆက်ရင်း ဆရာတော်ကြီးက ပြောပါတယ်၊ " ဗိုလ်ချုပ်ကြီးခင်ညွန့် ကို ဂါရ၀ပြုချင်တဲ့ ဆရာတွေ ဆရာမတွေရှိရင် l ဒီမှာနေခဲ့လို့ ရပါတယ်၊သဘက်ခါ ဗိုလ်ချုပ်ကြီးခင်ညွန့် ကောင်းမှုတော်‌ ကိုလာမယ်၊ပြီးရင် ကျုပ်ဆီကိုလာလိမ့်မယ်၊" လို့ မိန့်ခဲ့ပါတယ်၊ အဲဒီ စကားလည်း ကြားရော ကျွန်တော့်‌ရင်ထဲမှာ ကျင်ကနဲ ဖြစ်သွားပြီး ညတွင်းချင်းပဲ စစ်ကိုင်းက သူငယ်ချင်း ဆိုင်ကယ်ငှားပြီး ချက်ချင်းပဲ မန္တလေး ကိုပြန်ခဲ့ပါတော့တယ်၊ ဒီသတင်းကိုလည်းသတင်းသမားတစ်ယောက်ရဲ့ တာဝန်ကျေရအောင် ကျွန်တော် အပါတ်စဉ် တာဝန်ယူရေးနေတဲ့ နံနက်ခင်းဂျာနယ် ( (၂၅၊၁၁၊၁၉၉၈)ရက်နေ့ထုတ်)မှာ ကျွန်တော်အခုလိုသတင်းလေး ရေးဖြစ်လိုက်ပါတယ်၊ " စစ်ကိုင်းတောင်ရဲ့ သီတဂူ နှစ်(၂၀)ခရီး"..လို့၊အဲဒီခေတ်က စာပေစိစစ်ရေးက သိပ်တင်းကြပ်လွန်နေတဲ့အချိန်ဖြစ်တော့ဒီလောက်သတင်းလေး ဖေါ်ရေးဖို့ ‌‌တောင်အတော်ကြီးကြိုးစားလိုက်ရပါတယ်၊ထားပါတော့လေ၊ပြောချင်တာက ဗိုလ်ချုပ်ကြီးခင်ညွန့် ပြောသလို ဆရာတော်ကြီး ဥူးဥာဏိဿရဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဒီလောက်အထိ ရင်းနှီးခဲ့တဲ့ဆိုတာ မှန်ကန်မှုရှိတယ်‌ ဆိုတာ‌ ထောက်ခံပေးလိုက်ချင်တာပါပဲ၊ (ဘာပဲဖြစ်ဖြစ် သမိုင်းမှန်ဆိုတာ မေ့ပျောက်ဖြစ်ဖို့ မဟုတ်ကြပါဘူး) (ဟာဂျူလီ-ကသာ) https://www.facebook.com/herjulekatha?refid=12 December 8 2013ျ

No comments: