Tuesday, January 14, 2014

အကြမ်းဖက်သမားကို တားဆီးဖို့ကြိုးစားရင်း သေဆုံးသွားတဲ့ ၉ တန်းကျောင်းသားလေးကို ဂုဏ်ပြု

ကျောင်းကို အသေခံဗုံးဖောက်ခွဲဖို့ကြိုးစားတဲ့ အကြမ်းဖက်သမားကို တားဆီးဖို့ကြိုးစားရင်း သေဆုံးသွားတဲ့ ၉ တန်းကျောင်းသားလေးကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီကျောင်းကို သူ့နာမယ်ပေးလိုက်တဲ့အကြောင်း
ပြည်နယ်ထိပ်တန်းအရာရှိက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

အိုင်တာဇာ ဟာဆန်ဘန်ဂါ့ရှ်ဟာ အသက် ၁၄ နှစ်ပဲရှိပါသေးတယ်။ ဇန်န၀ါရီလ ၆ ရက်နေ့က ကျောင်းကိုသွားနေတုန်း ကျောင်းဝတ်စုံ ၀တ်ထားတဲ့ အကြမ်းဖက်သမားကသူ့ကို ကျောင်းရှိရာနေရာကို
မေးမြန်းခဲ့တာပါ။

အိုင်တာဇာက အကြမ်းဖက်သမားကို ကျောင်းဖက်ကို မသွားဖို့ကြိုးစားရာ မှာ မအောင်မြင်တဲ့အတွက် ၀င်လုံးပြီးဖမ်းဖို့ကြိုးစားစဉ်မှာ ဗုံးပေါက်ကွဲပြီး ၂ ဦးစလုံးသေဆုံးသွားခဲ့ပါတယ်။ ကျောင်းသား တထောင်ကျော်ရှိတဲ့ စာသင်
ကျောင်းက ကျောင်းသားတွေအားလုံးက အိုင်တာဇာရဲ့ ဈာပန အခန်းအနားကို တက်ရောက်ခဲ့ပြီး အကြမ်းဖက်သမားတွေက
ခြိမ်းခြောက်ပေမဲ့ သူတို့က ဆက်ပြီး ပညာသင်သွားမဲ့အကြောင်း
ပြောဆိုကြပါတယ်။ အိုင်တာဇာလိုပဲ သူတို့လည်း လိုအပ်ရင် အကြမ်းဖက် သမားတွေကို ဆန့်ကျင်သွားမယ်လို့ ကျောင်းသားတွေ က ပြောပါတယ။်

အိုင်တာဇာရဲ့ ဖခင်ဖြစ်သူက သူ့သားရဲ့ ရဲရင့်မှုအတွက် အင်မတန် ဂုဏ်ယူကြောင်း၊ သူသေဆုံးသွားလို့ ပူဆွေးနေတာထက် သူရဲရင့်စွာ ကာကွယ်သွားတဲ့ လုပ်ရပ်အပေါ် အာရုံစိုက်ကြဖို့နဲ့ အနာဂတ်မျိုးဆက် တခုကို ကာကွယ်ဖို့အတွက် စွန့်စားခဲ့တဲ့ သားဖြစ်သူအတွက် အားလုံးက ဂုဏ်ယူကြတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်က အိုင်တာဇာကို နိုင်ငံရဲ့အမြင့်မားဆုံး ရဲစွမ်းသတ္တိရှင်ဆုကို ချီးမြှင့်လိုက်ပါတယ်။ ဒီဆုဟာ ၂၀၁၂ ခုနှစ်က ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရသူ မာလာလာကို ချီးမြှင့်ခဲ့တဲ့ ဆုဖြစ်ပါတယ်။ အစွန်းရောက်အကြမ်းဖက်သူ တာလီဘန်တွေက ကလေးတွေရဲ့ ခေတ်မှီပညာရေးဟာ အနောက်နိုင်ငံတွေရဲ့ ထိုးဖောက်မှုတွေဖြစ်တယ်၊ အစ္စလာမ်ဘာသာရေး ယဉ်ကျေးမှုတွေကို ထိခိုက်တယ်ဆိုပြီး ပညာသင်လိုသူကလေးတွေ၊ ဆရာတွေကို အကြမ်းဖက်သတ်ဖြတ် ခြိမ်းခြောက်မှု အများအပြားလုပ်နေတာ
ဖြစ်ပါတယ်။
Z

Source: CNN TV

No comments: