မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, January 14, 2014

ဂျပန်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများကို ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်တော့မည်


Tuesday, January 14, 2014

သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဂျပန်နိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများ ကို ဗီဇာကင်းလွတ်ခွင့်ဖြင့် သွား လာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် သာမန်နိုင်ငံကူးလက်မှတ်(အနီ) ကိုင်ဆောင်သူတိုင်း ဗီဇာလျှောက် ထားရန်မလိုအပ်ဘဲ သွားလာနိုင် ပြီဖြစ်သော်လည်း ကျန်ရှိ သည့် နိုင်ငံများကိုပါ ယင်းကဲ့သို့သွား လာနိုင်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာနကစီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် အပြည် ပြည်ဆိုင်ရာဥပဒေစာချုပ်များ ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ““အာဆီယံနိုင်ငံတွေနဲ့ကတော့ နှစ်နိုင်ငံဗီဇာမလိုဘဲသွားနိုင် အောင် စီစဉ်ဆောင်ရွက်နေပါ တယ်။ တချို့နိုင်ငံတွေနဲ့ဆိုရင် လက်မှတ်ထိုးဖို့ အဆင့်ပဲလိုတော့ တယ်။ ဒီနှစ်အတွင်းမှာတော့ ဒေသတွင်းနိုင်ငံတွေအားလုံးကို ဗီဇာမလိုဘဲ သွားနိုင်အောင်စီ စဉ်ဆောင်ရွက်နေပါတယ်””ဟု ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် နှစ်နိုင်ငံဗီဇာကင်းလွတ် ခွင့်ရရှိနိုင်ရန်အတွက် လက်မှတ် ရေးထိုးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့အာဆီယံဒေ သတွင်းနိုင်ငံများနှင့် ဗီဇာကင်း လွတ်ခွင့် များရရှိပါက ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပိုမိုကောင်း မွန်လာနိုင်ကြောင်း ခရီးသွားလုပ် ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ် ပြောသည်။

မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်း အတွင်းရေး မှူး ဦးနောင်းနောင်းဟန်က ““မ ဖြစ်မနေလုပ်ရမယ့်ကိစ္စပဲ။ အဲဒါ တွေလုပ်ပြီးသွားရင်တော့ ခရီးသွားလုပ်ငန်းက တိုးလာမယ်။ အရေးကြီးတာကတော့ ထိုင်း နိုင်ငံနဲ့ဗီဇာကင်း လွတ်ခွင့်လုပ် ဖို့ပဲ။ ထိုင်းက မြန်မာကိုတအား စိတ်ဝင်စားတယ်။ ထိုင်းနဲ့နှစ်နိုင် ငံသဘောတူညီမှုရရင်တော့ ခရီး သွားလုပ်ငန်းက အခုထက်ပိုပြီး တိုးတက်လာမယ်””ဟု ပြောသည်။

လက်ရှိ တွင် မြန်မာနိုင်ငံ ၌ ဗီဇာအမျိုးအစားလေးမျိုး ရှိပြီး နိုင်ငံပေါင်း ၅၁နိုင်ငံကို သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိသည်။

သန်းနိုင်ဦး
Yangon Media Group

No comments: