Tuesday, January 21, 2014

မိုးကုတ်မြိုမှာလက်နက်ကိုင်တစုက ၀င်ရောက် ဓါးမြတိုက်

မိုးကုတ်မြိုမှာ ဒီနေ့ ဇန်န၀ါရီ ၂၁ ရက်နေ.လည်ပိုင်းက အောင်ချမ်းသာဈေးမှာရှိတဲ့ နဂါးနဲ့ မီလျှံရွှေဆိုင်ကို အင်အား၆ယောက်သေနတ် ၂လက်ပါတဲ့ လက်နက်ကိုင်တစုက ၀င်ရောက် ဓါးမြတိုက်ခဲ့လို့ ရွှေ ၄ပိဿာလောက် ပါသွားခဲ့ပါတယ်။ အားလုံးငြိမ်ငြိမ်နေလို့ ဓါးမြတွေကအမိန့်ပေးထားချိန်မှာ မျက်စောင်းထိုးမှန်ဆိုင်က အသက် ၅၃ နှစ်အရွယ် ဂေါ်ရခါး အမျိုးသားတဦးက ထကြည့်တဲ့အတွက် သေနတ်နဲ့ပစ်လိုက်တာကြောင့် အဆိုပါ အမျိုးသားမှာ ဘယ်ဘက်ရင်အုံထိမှန်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ မိုးကုတ်ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။ ဓါးမြအဖွဲ့ကို လက်ရမဖမ်းဆီးနိုင်သေးပေမယ့် ပတ်ဝန်းကျင် မျက်မြင်တွေအပြောအရ ဓါးမြအချင်းချင်းသုံးနုန်းတဲ့ ဘာသာစကားဟာ လီရှောတိုင်းရင်းသား
ဘာသာစကားဖြစ်တယ်လို့သိရတဲ့အတွက် ရဲစခန်းက ဆက်လက်စုံစမ်းဖေါ်ထုတ်နေတယ်လို့ ပြောပါတယ်။


 မိုးကုတ်မြို့ပတ္တမြားဈေးတွင်လုယက်မှုဖြစ်ပွားသည့် နောက်ဆက်တွဲသတင်း
===============
မိုးကုတ် ဇန်န၀ါရီ ၂၁

ယနေ့နေ့လည် (၁၃း၄၅) အချိန်ခန့်တွင် မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့အားလုယက်မှု တစ်ချိန် တည်းဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာဓါးပြ (၇) ခန့်က သေနတ် (၂)လက်ဖြင့် လည်းကောင်းရွှေဆိုင် (၂) ဆိုင် အားတစ်ပြိုင်နက် တည်း ၀င်ရောက်လုယက်ခဲ့သည်။





 


ထိုသို့ဖြစ်ပွာစဉ် သေနတ်ဖြင့် ပစ်ခတ်ရာဦးဒမ်းဗဟာဒူုး (၅၃) နှစ် နှင့် မောင်ပြည့်ကျော် (၂၆) နှစ်တို့ မှာဒဏ်ရာများရရှိခဲ့ပြီးဦးဒမ်းဗဟာဒူး သည် ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သည်။ နဂါးရွှေဆိုင်မှ ရွှေပိဿာချိန် (၄)ပိဿာနှင့် အပေါင် ခံပစ္စည်းသိန်း (၅၀၀)ဖိုး၊ မီလျံရွှေဆိုင်မှ ရွှေ (၂)ပိဿာတို့ကိုလုယက်ပြီး CZI ဆိုင်ကယ် (၃) စီးဖြင့် သေနတ်ပြစ်ဖောက်ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

No comments: