


၂၈၊ ၁၊၂၀၁၄ နေ့တွင်မူ သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဆင့်ခေါ်စာရောက်ရှိလာခဲ့ပါသည်။ ထို့ကြေင့် ၂၉၊ ၁၊၂၀၁၄နေ့တွင် ဆင့်ခေါ်ခြင်းခံရသည့် ရွာသားများနှင့်အတူ လက်နက်ခဲယမ်းတပ်(CAD) သို့ သွားသည့်အခါ တာဝန်ကျတပ်ကြပ်ကြီး ခင်မောင်ကြည်က တပ်အတွင်းသို့ အ၀င်မခံဘဲ၊ တပ်ရင်းမှူးမရှိဘူးဟူ၍ လိမ်ညာပြောဆိုကာ နှင်ထုတ်ဖို့ကြိုးစားခဲ့ပါသည်။ အဆိုပါတပ်ရင်းမှ ဗိုလ်ကြီးဝေဖြိုးအောင်ကလည်း ဘယ်ကလဲ၊ ဘာလာလုပ်တာလဲ စသဖြင့် ရင့်ရင့်သီးသီး ပြောဆိုဆက်ဆံခဲ့ပါသည်။ ဆင့်ခေါ်စာထုတ်ပြ၍ အကြိမ်ကြိမ်ရှင်းပြပြီးနောက်မှသာ တပ်ထဲသို့ ၀င်ခွင့်ပေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရန်အတွက်ဟုဆိုကာ ဆင့်ခေါ်စာပေးပို့ခဲ့သော်လည်း တပ်ရင်းမှူးနှင့်တွေ့သည့်အခါတွင် အသိပေးပြောဆိုခြင်း၊ အမိန့်ပေးခြင်းသာ ဖြစ်နေပါသည်။ တပ်ရင်းမှူးက ပြောဆိုသည်မှာ " အုတ်ရိုးကာ၊ခြံစည်းရိုးခတ်ခြင်းမှာ အထက်အမိန့်အရ လုပ်ခြင်းဖြစ်ကြောင်း၊ စည်းရိုးအတွင်းပါသောအိမ်များကို ဆက်လက်နေထိုင်ခွင့်ပေးမည့်အကြောင်း၊ လယ်ယာကိုလည်း ဆက်လက်လုပ်ကိုင်ခွင့်ပေးမည့်အကြောင်း၊ သို့သော် လယ်ယာမြေပိုင်ဆိုင်ခွင့်တော့ ပေးမည်မဟုတ်ကြောင်း၊ ရွာသူရွာသားတွေ အနေနဲ့ ဒါကိုလက်မခံဘဲ ဟိုတိုင်၊ဒီတိုင် ဆက်လုပ်နေမည်ဆိုပါက တစ်ရွာလုံးကို မောင်းထုတ်ပစ်မည်ဖြစ်ကြောင်း " ခြိမ်းခြောက်ပြောဆို အမိန့်ပေးခဲ့ပါသည် …
No comments:
Post a Comment