Friday, January 17, 2014

မွန်းတည့်နေ ဂျာနယ် အား ပြည်သူတစ်ဦးအနေနဲ့  တောင်းဆိုခြင်း.

 
 
သို့  
 မွန်းတည့်နေ ဂျာနယ် အား ပြည်သူတစ်ဦးအနေနဲ့  တောင်းဆိုခြင်း......... ဒီနေ့ မွန်းတည့်နေ ဂျာနယ်ရဲ့  လုပ်ရပ်ဟာ သံဃာထု ရဲ့  ညီညွတ်မှု့ ကို ထိခိုက်အောင် လုပ်တဲ့ အနေအထားတစ်ခုပါ..။ မွန်းတည့်နေ ဂျာနယ် အနေနဲ့  တာဝန်ယူမှု့ နဲ့  တာဝန်ခံမှု့ ကို ပြသပေးပါ..။အမှားအမှန်ဖြစ်စဉ် အစုံအလင်နှင့်အတူ သေချာစွာ ရှင်းလင်း တင်ပြစေလိုပါတယ်..။ ဂျာနယ်မှာ ဖော်ပြထားသောပုံမှာ သီတဂူ ဆရာတော်ဘုရားပုံ ဖြစ်ပြီး.၊ ရှေ့ မျက်နှာဖုံးတင်စာသားတွေဟာ အရှင် ၀ီရသူ စာသားတွေ ဖြစ်နေပါတယ်...။ သီတဂူဆရာတော်ကြီး ပြောတာတွေရော ၊ မပြောတာတွေရော အကုန် လျှောက်ပြီး လုံးကြိတ်တာကတော့....သံဃာကို စော်ကားရာ ရောက်သလို ၊ အမျိုးသားရေးကို ပြိုကွဲစေရန်လဲ ဖြစ်စေပါတယ်...။ အဲတော့ အခု ဖြစ်ရပ်နဲ့  ပတ်သတ်ပြီး သီတဂူ ဆရာတော်ဘုရားကြီး မပြောတာကို ပြောသလို ဖြစ်အောင် ဖော်ပြပေးသော ၊ သတင်းပေးသော ၊ သတင်းရေးသော သူများအားလုံး သေချာစွာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကာ ဖြေရှင်းပေးစေလို ပါကြောင်း တင်ပြလိုက်ပါတယ်..။ ဂျာနယ်တိုက် တစ်ခုရဲ့  မိမိရဲ့  ဂျာနယ် အပေါ် တာဝန်ယူ မှု့  နှင့် တာဝန်ခံမှု့ တို့ ကို ရှင်းလင်းပြတ်သားစွာ ချပြပေးရန်..နှင့် မှားရင်လဲ မှားယွင်းသူအနေနဲ့  မိမိ မှားယွင်းကြောင်း ၀န်ခံတောင်းပန် ဖော်ထုတ်ရှင်းလင်းပေးပါရန် တောင်းဆိုလိုက်ပါရစေ..။ အမျိုး ၊ဘာသာ ၊သာသနာ ဆိုတဲ့ အထဲမှာ သံဃာကို သင်းကွဲအောင် မလုပ်သင့်သလို ၊ သံဃာထုနဲ့  ပတ်သက်ပြီး မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့  သံဃာရဲ့  ညီညွတ်မှု့ ကို လဲ တစ်လွဲ အသုံးချကာ.အထင်လွဲစေပြီး .သံဃာထုကို အကြည်ညိုပျက်အောင် မလုပ်သင့် ပါဘူး..။ သံဃာထုကို ပြိုကွဲအောင် လုပ်တဲ့သူဟာ တကယ်တော့ အမျိုးသားရေး ဘုံရန်သူပါ...။ ဒီလို လုပ်ရပ်တွေဟာ သံဃာထုရဲ့  ညီညွတ်မှု့ ကို ပျက်စီးစေသလို .... အမျိုးသားရေးကို အချိန်မရွေး သစ္စာဖောက်နိုင်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်..။ သို့ ပါသောကြောင့် ဒီဖြစ်ရပ်ကို လက်ခံနိုင်တဲ့ အတိုင်းအတာအထိ ဖြေရှင်းချက်ပေးပါရန် တင်ပြအပ်ပါတယ်..။ တတိယ လူငယ် မျိုးချစ် အင်အားစု ဘစည်(စင်ကာပူ) 17.1.2014

No comments: