မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, January 21, 2014

ကျောက်မီးသွေး စက်ရုံမလိုရခြင်း အကြောင်းရင်း

ကျောက်မီးသွေး စက်ရုံမလိုရခြင်း အကြောင်းရင်း Dawei Watch တနင်္သာရီတိုင်းကဲ့သို့ စိုစွတ်သော ဒေသတွင် ကျောက်မီးသွေး စက်ရုံဆောက်လုပ်ခြင်းဖြင့် ယင်းမှ ထွက်ရှိသော အညစ်အကြေးများ ရေတွင် ပျော်ဝင်ပြီး မြေထု၊ လေထု ပျက်စီးကာ အက်စစ်မိုးများ ရွာသွန်းလာနိုင်ကြောင်း ဒေသတွင်း ကျောက်မီးသွေးစက်ရုံ၏ ဆိုးကျိုးများကို လှည့်လည်ဟောပြောနေသော မြိတ် ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဦးအောင်နိုင်ဦးကပြောကြားသည်။ စက်ရုံနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ ထိခိုက်နိုင်ချေ စစ်တမ်း (SIA/EIA) တို့ကို အစိုးရမဟုတ်သော အဖွဲ့တစ်ခုက ကောက်ယူပြီးဖြစ်ဖြစ်ကြောင်း ပြောဆိုနေသော်လည်း ကုမ္ပဏီက ပြည်သူသူလူထု ထံ တင်ပြခြင်း မရှိကြောင်း ဦးအောင်နိုင်ဦးကဆိုသည်။ တနင်္သာရီ ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို အခြားဒေသများသို့ ရောင်းချနေသော်လည်း ဒေသတွင်း ယင်းမှ လျှပ်စစ်မီးလုံးဝမရရှိကြောင်း ၄င်းကပြောသည်။ "အဲဒါ အပြင်ကို ဒီမှာ ကျောက်မီးသွေး စက်ရုံလာဆောက်သေးတယ်။ ဒါကို လုံးဝ လက်မခံနိုင်ဘူး။ ဂတ်စ်ရောင်းထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားမှန်းလည်း မသိဘူး"ဟု ဦးအောင်နိုင်ဦးကဆိုသည်။ ကော့သောင်းမြို့တွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးပါက တစ်ယူနစ်လျှင် ကျပ် ၂၀၀ ဖြင့် ရောင်းချမည်ဟု ဂတိပြုခဲ့သော်လည်း အမှန်တကယ် ရောင်းချချိန်တွင် တစ်ယူနစ် ကျပ် ၃၇၀ ဖြင့်ရောင်းချခဲ့သည်။ မြိတ်ကျောက်မီးသွေး စက်ရုံတည်ဆောက်ပြီး ချိန်တွင် တစ်ယူနစ် ကျပ် ၂၀၀ ဖြင့် ပေးမည်ဟု ပြောဆိုသော်လည်း ဒေသခံများက ယုံကြည်မှု မရှိတော့ကြောင်း ဦးအောင်နိုင်ဦးကဆိုသည်။ ကော့သောင်းကျောက်မီးသွေး စက်ရုံကိုလည်း သန်းဖြိုးသူ ကုမ္ပဏီက ပင် တည်ဆောက်ခဲ့သည်။ တနင်္သာရီတိုင်းအတွင်းရှိ အဓိက မြို့များဖြစ်သော ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် လျှပ်စစ် တစ်ယူနစ် ကျပ် ၄၅၀ မှ ၅၀၀ ကြားပေးဆောင် အသုံးပြုနေရသည်။

No comments: