Saturday, January 18, 2014

အဖြူနဲ့  အစိမ်းကို ညစ်ညမ်းစေသော ကြံ့ ဖွတ်များ။



အဖြူနဲ့ အစိမ်းဆိုတာ မူလတန်းကျောင်းကနေ အထက်တန်းကျောင်းအဆင့်ထိ တူညီဝတ်စုံ ၀တ်ခဲ့ကြရတဲ့ ကျောင်းသူကျောင်းသားကလေးတွေရဲ့  ကျောင်းဝတ်စုံဖြစ်ခဲ့တယ်ဆိုတာ ၁၉၈၈ ခုနှစ်အချိန်ကာလအရှေ့ ပိုင်းတွေကို မှီခဲ့ကြသူတွေ သိရှိကြပါတယ်။ ကျောင်းဆရာဆရာမတွေကိုယ်တိုင်လည်း အစိမ်းရောင် လုံချည် အစိမ်းရောင်ထမီများနဲ့  အင်္ကျီအဖြူရောင်များ ၀တ်ဆင်ခဲ့ကြပါတယ်။

ကျောင်းဝတ်စုံအဖြူအစိမ်းတွေနဲ့  ကျောင်းတက်နေကြတဲ့ နုပျိုလန်းဆန်းနေကြတဲ့ ကျောင်းသူကျောင်းသားငယ်လေးတွေနဲ့  ဂုဏ်သိက္ခာမြင့်မားကြတဲ့ အနန္တော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဆရာဆရာများရဲ့  ကျက်သရေရှိမှုကို ဒီအဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ အတူ မြန်မာနိုင်ငံတစ်ဝှမ်းက ကျောင်းပေါင်းစုံမှာ မြင်တွေ့ ခဲ့ကြရပါတယ်။

အဖြူရောင်ဆိုတဲ့ ရိုးသားသန့် ရှင်းစင်ကြယ်ခြင်း အစိမ်းရောင်ဆိုတဲ့ နုပျိုလန်းဆန်းရှင်သန်ခြင်းဆိုတဲ့ အရောင်ဂုဏ်စွမ်းပကား သတ်မှတ်ချက်တွေနဲ့  အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသားငယ်လေးတွေဟာ စစ်အာဏာရှင်ရဲ့  ယုတ်မာရမ်းကားမှုအောက်မှာ သွေးစွန်းခဲ့ကြရပြီး အသက်တွေ ပေးဆပ်ခဲ့ကြရတယ်ဆိုတာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး ပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာ သမိုင်းမှတ်တမ်း တည်ရှိခဲ့ကြပါတယ်။

ဒီ အဖြူအစိမ်းဆင်တူဝတ်စုံကို အသုံးချယူဆောင်ကာ ဂုဏ်သိက္ခာကို ကျဆင်းစေလိုက်တာကတော့ ယခု ကြံ့ ဖွတ်အသင်းပါတီရဲ့  ၀တ်စုံအဖြစ် သတ်မှတ်လိုက်တာဘဲ ဖြစ်ပါတော့တယ်။ ရိုးသားမှု သန့် ရှင်းမှု စင်ကြယ်မှု နုပျိုမှု လန်းဆန်းမှု ရှင်သန်မှုတွေဟာ ကြံ့ ဖွတ်အသင်းပါတီကြီးရဲ့ လုပ်ရပ်များအောက်မှာ ပျောက်ကွယ်ပျက်ဆီးသွားရပါပြီ။

တစ်ချိန်တုန်းက ကျောင်းသူကျောင်းသားလေးများရဲ့  အဖြူအစိမ်းကျောင်းဝတ်စုံဟာ ကောက်ကျစ်စဉ်းလဲ လိမ်ညာလှည့်ဖြားကြတဲ့ ကြံ့ ဖွတ်များရဲ့  ၀တ်စုံဖြစ်သွားလို့  အဖြူအစိမ်းလေးတွေ အရောင်ဆိုးခံလိုက်ရပါပြီ။

ကြံ့ ဖွတ် လဲ့လဲ့ဝင်းဆွေတို့  တစ်တွေရဲ့  ကြံ့ ဖွတ်ဝတ်စုံနဲ့  အဖြူအစိမ်းဟာ ဘယ်လိုမှ လိုက်ဖက်မှုမရှိတဲ့အပြင် လိမ်လည်ရိုင်းစိုင်းမှုတွေကို အဖြူ အစိမ်းနဲ့  အကာအကွယ်ယူပြီး ဟန်ဆောင်ဖုံးကွယ်နေကြတာပါ။ ယုတ်မာကောက်ကျစ်သော လုပ်ရပ်များနဲ့  ရင့်ထော်နေတဲ့ လူသတ်ကောင် ဗိုလ်ချူပ်ကြီးဟောင်းတွေရဲ့ ကြမ်းတမ်းမှုရုပ်ရည်ကို နုပျိုလန်းဆန်းသည့်အရွယ်ပမာနဲ့  ဖုံးအုပ်ထားနေကြတာဘဲ ဖြစ်ပါတယ်။

အဖြူ အစိမ်းကို အရောင်ဆိုးညစ်ညမ်းစေသူတွေကတော့ အာဏာရှင်ကြီးများနဲ့  လက်ကိုင်တုတ် ကြံ့ ဖွတ်တွေဘဲ ဖြစ်ပါတော့တယ်။

No comments: