Saturday, January 18, 2014

တာမွေမြို့နယ်တွင် ဓါးပြ၍ခြိမ်းခြောက်ကာ လက်ကိုင်ဖုန်းများ ယူဆောင်သွားသူအားအရေးယူ


ရန်ကုန်၊ ဇန်န၀ါရီ ၁၈
၁၈.၁.၂၀၁၄ရက်နေ့ ၁၂၁၅အချိန်ခန့်တွင်

တာမွေမြို့နယ်နေ ဒေါ်ဟန်စုကျော်သည် နေအိမ်၌ရှိနေစဉ်
တူဖြစ်သူ မောင်ရှင်းသန့်အောင်မှာ သူငယ်ချင်းများဖြစ်သော မောင်ကျော်ဇင်ဟိန်း၊
မောင်ဟိန်းထက်ဇော် တို့နှင့်အတူရောက်ရှိလာပြီး ၎င်းတို့(၃)ဦးမှာ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ သမိန်ပရမ်းလမ်းရှိ YKKOကြေးအိုး ဆိုင်ဘေးလမ်းကြား၌ ဖုန်းပြောနေစဉ်

အမည်မသိအမျိုးသား(၁)ဦး
ရောက်ရှိလာပြီး အဆိုပါအမျိုးသားမှ
၎င်း၏သူငယ်ချင်းများမသိအောင် ကွယ်၍ လိုက်ပေးရန်ပြောကာ မောင်ရှင်းသန့်အောင်ပါ(၃)ဦးအား လူရှင်းသောမွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်ရှေ့လမ်းကြားသို့ခေါ်သွား
ခဲ့ကြောင်း၊

အဆိုပါနေရာအရောက်တွင် အမည်မသိအမျိုးသားမှ ဓါးမြှောင်(၁)ချောင်းထုတ်ပြ၍ မောင်ရှင်းသန့်အောင် ကိုင်ဆောင်ထား
သော ဆင်းကဒ်ပါ HUAWEI 8825 အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ တန်ဘိုးငွေကျပ်(၁၁၀၀၀၀)နှင့် မောင်ကျော်ဇင်ဟိန်းကိုင်ဆောင်
ထားသော ဆင်းကဒ်ပါHUAWEI8813အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊

တန်ဘိုးငွေကျပ်(၁၃၀၀၀၀)တို့အား ယူဆောင်သွားခဲ့ကြောင်းတို့ကို
ပြောပြသိရှိရသဖြင့် အဆိုပါအမည်မသိ အမျိုးသား(စုံစမ်းဆဲ)အား အရေးယူပေးရန် ဒေါ်ဟန်စုကျော်မှတိုင်တန်းခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၄၀/၂၀၁၄၊ပုဒ်မ၃၈၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments: