





ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘားအံမြို့ ဟောပြောပွဲ
*************************************
ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ ဒေသခံပြည်သူတွေကို ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြတ်ပြတ်သားသား၇ပ်တည်ကြဖို့ တိုက်တွန်းပြောခဲ့ပါတယ်။
ဒါ့အပြင် မြို့နယ်အလိုက် မိမိတို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကိုလည်း ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဘယ်ဘက်က ရပ်တည်မလဲဆိုတာ မေးရဲတဲ့ သတ္တိရှိရမယ်လို့လည်း ပြောခဲ့ပါတယ်။
Credit : RFA
ဘယ်ပုဒ်မကို ပြင်မှ လူကောင်း ၊
ဘယ်ပုဒ်မကို မပြင်ရင်လူဆိုးလို့
ကျမမပြောလိုပါဖူး ။
ဒါပေမဲ့ဘယ်ပုဒ်မကို မပြင်ချင်ဖူးဆိုတဲ့ သူတွေဟာ
ဘာကြောင့် မပြင်ချင်ဖူးဆိုတာကို
ပြည်သူတွေကို ရှင်းရှင်းလင်းလင်းပြောပြပါ လို့ ကျမတောင်းဆိုပါတယ်။
အဲဒါဆိုရင် ပြည်သူတွေက
ဘယ်သူဟာလူကောင်း ဘယ်သူဟာလူဆိုးလို့
ဆုံးဖြတ်ကြပါလိမ့်မယ် ။
အဲဒီလိုဆုံးဖြတ်ခွင့်လဲ ပြည်သူတွေမှာရှိတယ်။
ဒီဖွဲ့စည်းပုံကို မပြင်ချင်တဲ့သူတွေမှာ
တစ်ခုခုကို စိုးရိမ်နေသလားလို့ ကျမထင်မိတယ် ။
အဲဒီလို စိုးရိမ်မှုတွေ ရှိနေရင် ကျမတို့နဲ့ဆွေးနွေးစေချင်ပါတယ်
။
ကျမက ကျမတို့တိုင်းပြည်ထဲက ဘယ်သူဘယ်ဝါကိုမှ စိုးရိမ်စိတ်နဲ့ ရှင်သန်နေရတာမျိုးမဖြစ်စေချင်ဖူး ။
ဘယ်သူ့ဘယ်သူကိုမှ မဖြစ်စေချင်တာ ။
ဒေါ်အောင်ဆန်းစုကြည်
ဘားအံ - ၁၈-၁-၂၀၁၄
No comments:
Post a Comment