Tuesday, January 21, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နဲ့ အနီးမြို့ တချို့ ကို အစိုးရက အရေးပေါ်ကြေညာချက်ဥပဒေထုတ်ပြန်………

(21/1/2014)
အစိုးရကို ဆန့် ကျင် ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ နဲ့  အနီးအနားမြို့ တချို့ ကို အရေးပေါ်ကြေညာချက်ထုတ်ပြန်ဖို့  ထိုင်းအိမ်စောင့်အစိုးရ၀န်ကြီးများ အစည်းအဝေးဆုံးဖြတ်ခဲ့ပါတယ်။ အရေးပေါ်ကြေညာချက်က မနက်ဖြန် (22/1/2014) ရက်နေ့ မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။

အရေးပေါ်ကြေညာချက်အရ ဆန္ဒပြသူတွေကို လူစုခွဲတာ ဖမ်းဆီးနှိမ်နင်းတာတွေကို လုပ်နိုင်မှာဖြစ်ပြီး ၀န်ကြီးချုပ်က ရဲနဲ့ စစ်တပ်ကို တာဝန်အပြည့်ပေးလို့ ရသွားပြီဖြစ်တယ်။
အစိုးရအကြောင်းပြတာက ဆန့် ကျင်ဆန္ဒသူတွေကို ဥပဒေအရ တားမြစ်ဖို့ နဲ့ အရေးယူနိုင်ဖို့ အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရအတွက် အကျဉ်းအကြပ်တွေ့ နေတဲ့အချက်တွေက ဆန္ဒပြပွဲတွေ အရိုန်မြင့်လာတာ ၃ လနီးပါးဖြစ်လာပြီး ရပ်ဆိုင်းမယ့်အနေအထားမရှိသေးပဲ အစိုးရကို ပိုမိုဖိအားပေးဆန္ဒပြနေတယ်။ လယ်သမားတွေလည်းဆန္ဒပြနေတယ်။ ဆန္ဒပြတဲ့ လယ်သမားတွေထဲမှာအစိုးရကိုထောက်ခံတဲ့ လယ်သမားတွေလည်းပါလာတယ်။ လယ်သမားတွေဆန္ဒပြနေတာက အစိုးရက စပါးအပေါင်လက်ခံ ထားပြီး လယ်သမားတွေကို စပါးဖိုးမပေးနိုင်သေးဘူး။ ဘတ်ငွေ သန်းပေါင်း 1 သိန်း 3 သောင်း ပေးရမှာဖြစ်ပေမယ့် အစိုးရမှာပေးဖို့ ငွေမရှိဘူး။ အိမ်စောင့်အစိုးရဖြစ်နေချိန်မှာ ငွေချေးငှါးပြီး ပေးခွင့်လည်းမရှိဘူး။ စပါးဖိုးမရတဲ့ လယ်သမားတချို့ က အစိုးရကိုဆန့် ကျင်ဆန္ဒပြသူတွေနဲ့ ပူးပေါင်း လာတာလည်းရှိလာတယ်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲမှာ ဆန္ဒပြပိတ်ဆို့ မှုတွေဖြစ်လာမယ်။ သွေးထွက်သံယိုတွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်းရှိနေတယ်။ လာမယ့် 26 ရက်နေ့ ကြိုတင်မဲပေးပွဲမှာကို ဆန္ဒပြသူတွေက ပိတ်ဆို့ ဖို့ ပြင်ဆင်နေတာတွေရှိနေတယ်။ ဒီလိုအချက်တွေက အစိုးရကို အကြပ်အတည်း တွေ့ စေတဲ့အချက်တွေဖြစ်လို့  အရေးပေါ်ကြေညာချက်ထုတ်ပြန်တာဖြစ်နိုင်ပါတယ်။

အခုရေးပေါ်ကြေညာချက်ထုတ်ပြန်တာကို စစ်တပ် သဘောမတွေ့ ဘူးလို့ ပြောဆိုတယ်။ ဆန္ဒပြသူတွေကလည်း ရပ်ဆိုင်းဖို့ မရှိဘူးလို့ အခိုင်အမာပြောနေပါတယ်။

No comments: