Saturday, January 18, 2014

ကျွန်မတို့ မြိတ် ၂၀၁၄ မှာ

ကျွန်မတို့ မြိတ် ၂၀၁၄ မှာ
သိသိသာသာပြောင်းလဲသွားတာ တစ်ခုရှိပါတယ် အဲဒါက နှစ်ပေါင်းများစွာ မိမိရဲ့  နှလုံးသား ဝတ်ရုံပေါ်မှာ ခွပ်ဒေါင်းတံဆိပ်ကို ရေးထိုး အဖိနှိပ်ခံကာလတွေမှာ အနွံတာခံပြီး NLD ကို ဖက်တွယ်။အမေစု မှ အမေစု ဆိုပြီး ပါးစပ်ဖျားမှ မချ သဲလှုပ်လှုပ် ဖြစ်နေခဲ့သူတို့  အနွံတာခံခဲ့သူတို့  ကာလတစ်ခုလဲကြာရော ခွပ်ဒေါင်းအရေကို ခွါချ ဦးသုဝေ ကိုဆရာတင်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ကျွန်းစုမြို့ နယ် ) နေရာမှာ ဒီမိုကရစ်တက်ပါတီ ( မြန်မာ)ဆိုင်းဘုတ်တွေ အစားထိုးပြောင်းလဲ။ဝါဒ တွေကြများဗျာမများပါနဲ့ "ခွပ်ဒေါင်းက မွှတ်ဒေါင်းဖြစ်ကြစတမ်းဆိုရင် ကြံဖွတ်က ကြံမွှတ် ဖြစ်မှာပေါ့ရှင်"
နိုင်ငံရေးလုပ်တယ်ဆိုတာ မိမိယုံကြည်ချက် မိမိခံယူချက် ကို လေးစားရမယ် သစ္စာရှိရမယ်။

ကျွန်မတို့ မြို့ မှာလည်း အခုမှ ပဲ နိုင်ငံတော်အလံပီသတယ်။အဝါ ရောင် ကဒီမိုကရစ်တစ်ပါတီ(မြန်မာ)အနီရောင်က(NLD)အစီမ်းရောင်က
(USDP) ကျန်တဲ့ တစည ပါတီကိုဘေးချိတ်။ထားဝယ်လို့ 
တော့ယောင်ပြီး မြိတ်တိုင်းရင်းသားများပါတီလို့ 
ထပ်မထောင်နဲ့ ။မြိတ်၈၈ ထဲကလည်း တစ်သီးပုဂ္ဂိလမဝင်ပြိုင်ဘူးလို့ ဘယ်သူမှ အတတ်မပြောနိုင်ဘူး။
ကျွန်မ ကြားနေကြ စကားလေးတစ်ခွန်း ပြန်ပြောမယ် နွားကွဲရင် ကျားဆွဲမယ်တဲ့
အရေးကြီးရင် သွေးစည်းပါစေ။မလိုမုန်းထားစိတ်နဲ့ တိုက်ခိုက်တာမဟုတ်ဘူးဝေဖန် တာ နိုင်ငံရေးဆိုတာ လက်ဖက်ဆိုင်ထဲမှာ ဘေးထိုင်ပြောလောက် လူတိုင်းရတယ်။ပေါ်ပြူလာဖြစ်ချင်ရုံ ဓာတ်ပုံတွဲရုံမဟုတ်ဘူးရှင့် နင်လား ငါလား ဆိုပြီး ထဲထဲဝင်ဝင် လုပ့် ကြည့်တော့ မှပဲ မလွယ်ရေးချ မလွယ်တဲ့ အလုပ်ပဲရှင့်

No comments: