မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Saturday, January 18, 2014

ဗစ်တိုးရီးယားကုန်တိုက် ခိုက်ရန်ဖြစ်ပွားမှု တရုတ်နိုင်ငံသား နှစ်ဦး ဒဏ်ရာရ


ရန်ကုန်၊ ဇန်နဝါရီ ၁၇

လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် နဝဒေးလမ်းရှိ ဗစ်တိုးရီးယား ကုန်တိုက်တွင် ဈေးလာဝယ်သူ တရုတ်နိုင်ငံသား နှစ်ဦးနှင့် ရွှေလင်ဗန်းကျေး
ရွာနေသူ အမျိုးသား နှစ်ဦးတို့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီခန့်က စကားများ ရန်ဖြစ်ရာက တရုတ်နိုင်ငံသား နှစ်ဦး၏ မျက်နှာနှင့် ဦးခေါင်းတို့တွင် ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

စက်မှုဇုန် (၄) ရှိ နယူးဝေးဖိနပ် စက်ရုံမှ ဖိနပ် ထုတ်လုပ်ရေး ကျွမ်းကျင်သူများဖြစ်သည့် တရုတ်နိုင်ငံသား Mr.Gong Young Quan နှင့် Mr. Liyi Wen တို့နှစ်ဦးမှာ အဆိုပါ ကုန်တိုက်သို့ ဈေး လာဝယ်စဉ် ရွှေလင်ဗန်းကျေးရွာ ဂရိတ်ဝေါ စက်ရုံဝင်းတွင်း နေထိုင်သူ အသက် ၂၉ နှစ် အရွယ်ရှိ ကိုလှိုင်ဝင်းထွန်း အပါအဝင် အမျိုးသားနှစ်ဦးတို့နှင့် မတော်တဆ ဝင်တိုက်မိရာမှ စကားများကာ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဈေးဝယ်ရင်း တစ်ယောက်နဲ့ တစ်ယောက် တိုက်မိရာက ပစ္စည်းတွေ ပြုတ်ကျ ကုန်တာကို နှစ်ဖက်လုံးက သည်းမခံနိုင်ကြလို့ ဒီလို ထိုးကြိတ်တဲ့ အဆင့်ထိ ရောက်ခဲ့ကြတာ။ တရုတ်လူမျိုး နှစ်ဦးက အထိုးခံရတဲ့ အကြောင်း လာတိုင်ပေမယ့် အမှုတော့ မဖွင့်ထားဘူး။ အမှု မဖွင့်ပေမယ့် နှစ်ဖက်က လူတွေ အစုံအလင် ခေါ်ပြီး နောက်တစ်ကြိမ် ထပ်မံ မဖြစ်ပွားအောင် စခန်းမှာ ဝန်ခံကတိ လက်မှတ်တော့ ထိုးခိုင်းဖို့ စီစဉ်နေပါတယ်” ဟု လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသား Mr.Gong Young Quan နှင့် Mr.Liyi Wen တို့နှစ်ဦး၏ ဦးခေါင်းနှင့် မျက်နှာတို့တွင် ဖူးရောင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့ကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments: