မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Wednesday, January 15, 2014

မရှိတော့တဲ့အမေ့အတွက်

မရှိတော့တဲ့အမေ့အတွက် အမေဆိုတာခေါ်စရာရှိနေသေးတဲ့ သားသမီးတွေကအမျိုးမျိုးသော စီရင်ထုံးဖွဲ.မှုတွေကို မြင်ရတော့ ကျနော်အားငယ်နေမိတယ်အမေ.. ရှိနေစဉ်တုံးကလဲ ကျနော့အနေနဲ.အမေ့ကျေးဇူးကို နှမ်းတစေ့လောက်တောင်မှ မဆပ်ခဲ့ဖူးဘူး၊ အမေကသာ ယောင်္ကျားကြီးတယောက်လို ပင်လယ်ကို မြေပြင်သဖွယ် သဘောထားပီး သွားလာလှုပ်ရှား ပီး ကျနော်တို.ညီအစ်ကိုမောင်နှစ်မတွေကို လူတန်းစေ့နေနိုင်အောင် ရှာဖွေကျွေးမွေးပြုစုခဲ့တယ်။ ကျနော် သူပုန်ကျောင်းသားတယောက်ဖြစ်နေတဲ့အချိန်မှာလဲ ကျနော်ရှိနိုင်မဲ့နေရာတွေကို စုံစမ်းပီးလိုက်လာခဲ့ပေမယ့် ကံဆိုးချင်တော့ ကျနော်တို.တွေ တကြိမ်ဘဲ့တွေ.ခဲ့ရပီး ထိုင်းမှာရှိနေတဲ့အချိန်မှာလဲ တိုင်းတပါးမှာ ဆွေမျိုးအရင်းအခြာမရှိ ပညာမပါဘဲ ဘယ်လိုရုန်းကန်နေသလဲ ဆိုပီး ရနောင်းမြို.မှာ တွေ.စဉ်ခဏ မနားစတမ်း မေးနေလိုက်တာ အမေရယ်.. ကျနော့ဘဝမှာ အမေက ခရီးသွားစီပွါးရှာနေသူဖြစ်တဲ့အတွက် ကျနော့ကိုမွေးပီး ၄၅ ရက်စေ့တဲ့အထိတောင် အမေနို.ချိုမတိုက်ကျွေးနိုင်ခဲ့ဘူးလို. အစ်မကြီးတွေက ပြောပြလို.သိခဲ့ရတယ် ကျနော်အသက် ၁၆ နှစ်ပြည့်တဲ့အချိန် ၈၈ အရေးတော်ပုံကြီးဖြစ်အပြီး တောခိုခဲ့စဉ်ကလဲ အမေကအိမ်မှာရှိမနေတော့ မတွေ.ခဲ့ရဘူးး အမေနှင့်ကျနော့အကြား အမှတ်ရစရာဆိုလို. အမေ့ရဲ့ လူတိုင်းအပေါ် ကောင်းစေချင်တဲ့စိတ်ဓါတ်၊ ပါတ်ဝန်းကျင်ကိုအဆင်ပြေအောင် စီစဉ်ပေးတတ်တဲ့ အမေ့ရဲ့မေတ္တာတွေ လှုပ်ရှားမှုတွေနှင့် ကျနော်တောထဲမှာရှိနေစဉ်က အမေ့အတွက်ရည်ရွယ်ပီး အမေအကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ သဇင်ပန်း တွေကို တောထဲက သစ်ပင်တွေအပေါ် ကိုယ်တိုင်တက် ခွါယူပီး လုပ်ပေးခဲ့ဖူးတဲ့ သဇင်ပန်းတိုင်လေး တခုဘဲ့ ရှိနေခဲ့ပါတယ်အမေ။ အမေ့ကို ကျေးဇူးဆပ်တဲ့အနေနဲ. လူတိုင်းအပေါ်တတ်နိုင်တဲ့ဖက်ကနေ အကောင်းဆုံးအကြိုးပြုနိုင်သူတယောက်ဖြစ်အောင် ကျနော်ကြိုးစားနေပါတယ် အမေရေ.... အမေကောင်းရာသုဂတိ လားပါစေ....

No comments: