Wednesday, January 15, 2014

~ပင်နီ~


Thursday, January 16, 2014

ပင်နီဆိုတာ ချည်ဖြူကို ဆေးဆိုးထားတာမဟုတ်ဘူး ။ပင်ကိုနီပါ ။
ဝါပင်ကိုက သီးပြီး ပွင့်လာတော့ (၀ါနီ)ကလေးတွေ ပွင့်လာတာ ။

ပင်နီဖျင်စ ရက်ချင်ရင် (၀ါနီ)ကလေးတွေကို ချည်ငင်ပြီး ရက်ရတယ် ။
မလှိုင်နယ်က ၀ါတောင်သူက ၀ါစိုက်တဲ့အခါ ပန်းအိုင်ပွဲတော်သုံးစာ ဆိုပြီး
(၀ါနီ)စေ့ကလေးတွေကိုလည်း (၀ါဖြူ) ခင်းင်းထဲမှာ နည်းနည်းရောစွက်ပြီး ကြဲထား သတဲ့ ။ (၀ါနီ)က သူ့ချည်းသတ်သတ် တစ်ခင်း ကြဲပြီး စိုက်ရင် ရှက်လို့တဲ့ ။ မပေါက်ဘူးတဲ့ ။ ၀ါအဖြူခင်းထဲမှာ ရောစိုက်မှ ပေါက်တာ ။
ဝါဖြူ ၊ ၀ါနီရောစိုက်ပြီးတော့မှ ၀ါသီးမှည့်လို့ ၀ါကောက်ချိန်ရောက်မှ ၀ါနီ
ကလေးတွေကို သီးခြားခွဲပြီး ကောက်ခဲ့တယ် ။

ဝါနီဟာ အပင်က ကောက်ခါစမှာ အခု ပင်နီအက်ျီလို အရောင်မရင်သေးဘူး ။ အ၀ါ ဖျော့ဖျော့ရယ် ။သီတင်းကျွတ် ၊ တန်ဆောင်မုန်းမှာဝါကောက်ပြီး မြေအိုးကလေးထဲ ၀ါပေါက်ကလေးတွေကို သိပ်ပြီး နှပ်ထား လိုက်ရသတဲ့ ။ တပို့တွဲ ၊ တပေါင်းကျတော့ အိုးထဲကထုတ်ပြီး ၀ါကြိတ်ရင် အရောင်ကလေးက ရင့်နေပြီ ။

ကြိတ်ပြီရင် ထုံးစံအတိုင်း ၀ါဖန့် ၊ချည်ငင် စတင် ရက်တာပေါ့လေ ။
အဲကနေ (ပင်နီ ဖျင်အုပ်) ကလေးတွေဖြစ်လာတာပေါ့ ။

_ ၁၂ ပွဲဈေးသည်နင့်ကျွန်မတို့ အညာ(ရေး)လူထု ဒေါ်အမာ
မှတ်ချက် ။ ။ Photo model တိုက်ပုံသည် (ပင်နီ အတု) ဖြစ်သည် ။

By Thuraswe
နှင်းဆီဖူးလေးများ-Love BUDS

No comments: