Friday, January 17, 2014

ဘန်ကောက် ဆန္ဒပြပွဲအနီး လက်နက်တွေရှာဖွေတွေ့ ရှိ……


(17/1/2014)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆန္ဒပြပွဲ ဘန်းထပ်ထောင်း
ဗဟိုသပိတ်စခန်း အနီးက တိုက်အိုတိုက်ပျက် တတိယ
အထပ်မှာ လက်နက်နဲ့ စကားပြောစက် 4 လုံးအပါအ၀င်
ရဲအသုံးအဆောင်ပစ္စည်းတချို့ ကို စစ်တပ်တာဝန်ရှိသူတွေနဲ့ 
ဆန္ဒပြလုံခြုံရေးတာဝန်ရှိသူတွေ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
ပိုင်ရှင်ကိုတော့ ဖမ်းဆီးရမိခြင်းမရှိပါဘူး။
ဘန်းထပ်ထောင်း ဗဟိုသပိတ်စခန်းအနီးမှာ ဒီကနေ့ မွန်တည့်
12 နာရီလောက်က လက်ပစ်ဗုံးနဲ့ ပစ်ပေါက်လို့  ဆန္ဒပြလုံခြုံရေး 28 ဦး
ဒဏ်ရာရရှိသွားပါတယ်။ လက်ပစ်ဗုံးဟာ တိုက်အိုတိုက်ပျက်ပေါ်က
ပစ်လာတာဖြစ်တယ်လို့ ဆန္ဒပြလုံခြုံရေးတွေက ယုံကြည်ကြပြီး
တိုက်ပေါ်တက်ရှာဖွေရာမှာ စကားပြောစက် 4 လုံးကို အရင်တွေ့ တယ်။
အဲ့ဒီနောက်မှာ အနီးနားမှာလုံခြုံရေးယူနေတဲ့ စစ်တပ်တာဝန်ရှိသူတွေကို
အကြောင်းကြားပြီးရှာဖွေရာမှာ အခန်းတခုမှာ တစဆီဖြုတ်ထားတဲ့
လက်နက်တွေ တွေ့ ရှိတယ်။ အ၀တ်အစားနဲ့  ရေချိုးခန်းသုံးပစ္စည်းတွေ
တွေ့ ရှိတာကြောင့် အချိန်ကြာကြနေထိုင်းပြီး တစ်ယောက်ထက် မက ဖြစ်နိုင်
တယ်လို့ တာဝန်ရှိသူတွေက သုံးသတ်ပါတယ်။
အခုဖြစ်ရပ်ကို စစ်တပ်က ကိုင်တွယ်စစ်ဆေးနေတာကြောင့် ရဲတပ်ဖွဲ့ က
တစုံတရာ မသိရသေးဘူးလို့ ရဲချုပ်က ပြောပါတယ်။
အခုဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ ကို
အယုံအကြည်မရှိပဲ စစ်တပ်ကို အားကိုးတဲ့အနေအထားတွေ့ နေရပါတယ်။

No comments: