မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, January 28, 2014

အထက်ကတာဝန်ရှိသူတွေမသိတာလား၊မဖြေရှင်းတာလား

ကျွန်မမြန်မာပြည်ပြန်ရောက်တော့အကြီးအကျယ်မျော်လင့်ထားတာတခုရှိခဲ့ပါတယ်။အဲဒါကကျန်နေရာတွေမတိုးတက်ရင်နေဦး၊နှစ်အတိုင်းအတာအရအချက်အချာကျတဲ့ရန်ကုန်မြို့ကိုတော့သန့်ရှင်းလှပပြီးစည်းစနစ်တကျဖြစ်နေတော့မယ်လိုအနည်းဆုံးထင်မိပါတယ်။ပထမဆုံးအကြီးအကျယ်ပြသနာတက်တာကကားလမ်းကူးတာပါ၊ဆယ့်ငါးမိနစ်၊မိနစ်ငှစ်ဆယ်ကြာပါတယ်။ဘယ်ကားက
မှလူကူးတာကိုရပ်မပေးပါဘူး။အနည်းဆုံးအရှိန်လျှော့မပေးပါဘူး။လူတွေကကားလမ်းကိုကူးဖို့မျဉ်းကျားသွားတော့လဲရပ်မပေးပါဘူး။ဒါနဲ့ဟိုဘက်ကြည့်ဒီဘက်ကြည့်ပြေးကူးရပါတယ်။အဲဒီမှာလူတရောက်ရဲ့အသက်တန်ဖိုး safety ကာကွယ်မှူမရှိတာရယ်၊ဥပဒေတရပ်မရှိတာရယ်ကိုပထမဆုံးမြန်မာပြည်ကိုခြေချသူတွေရဲ့ first impression ဖြစ်သွားစေခဲ့ပါတယ်။လူကူးဖို့မျဉ်းကျားကလဲလုံလောက်စွာမရှိတဲ့အပြင်တခုနဲ့တခုကအဝေးကြီးမှာရှိနေပါတယ်။လူတွေကလဲတွေ့တဲ့နေရာကဖြတ်ကူးတာပါ။အဲဒီမှာနေ့စဉ်ယဉ်တိုက်မှူဘယ်လောက်ဖြစ်နိုင်သလဲကိုခန့်မှန်းလို့ရပါတယ်။

ဒါတင်လားဆိုတော့မဟုတ်သေးပါဘူး။ကားမောင်းသူတွေဘက်ကကြည့်ရင်လဲတော်တော်ခက်ခက်ခဲခဲမောင်းရပါတယ်။ကားတခါမောင်းပြီးရင် stress ဘယ်လောက်ရမလဲမသိပါဘူး။အဆိုးဆုံးတိုင်းပြည်ရဲ့ပုံရိပ်ကိုထင်ဟပ်နေသလိုဖြစ်နေပါတယ်။စနစ်တကျမရှိပဲဥပဒေမဲ့သလိုဖြစ်နေပါတယ်။နောက်ဒီထက်ဆိုးတာကယဉ်ကြောပိတ်ဆို့မှူဒဏ်ပါ။ယဉ်ကြောပိတ်ဆို့မှူကြောင့် လိုက်လာတာကတော့စိတ်တိုစိတ်ပျက်ခြင်းနဲ့စိတ်ကိုနေတိုင်းဒဏ်ခတ်သလိုပြည်သူတွေကခံစားနေရပါတယ်။မကျေနပ်မှူတွေကဖြစ်နေတဲ့အနေအထားပေါ်မှာကနေအားလုံးကဆက်စပ်နေပါတယ်။ဒါကအရေးတကြီးဖြေရှင်းပေးရမဲ့နေ့စဉ်ဝဋ်ဒုက္ခတမျိုးပါ။

ဒါတွေကိုအထက်ကတာဝန်ရှိသူတွေမသိတာလား၊မဖြေရှင်းတာလားမသိပါ။သေချာတာတခုကလူကြီးလမ်းကြောင်းရှင်းပေးတာတွေရှိနေပါတယ်တဲ့၊ကျွန်မစဉ်းစားမိပါတယ်၊ဒီလမ်းကြောင်းအရှင်းခံရသူတွေပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲကိုသိပါ့မလားဆိုတာပါ။သိချင်ရင်တကယ်ကလွယ်လွယ်လေးပါ။တခေါက်လောက်သာမန်ပြည်သူလိုဆင်းနေကြည့်လိုက်ဖို့ပါပဲ။အဲဒါဆိုပြည်သူတွေစိတ်ခံစားမှူဘာကြောင့်ဖြစ်နေတာလဲဆိုတာကိုရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။တကယ်ကိုအရေးတကြီးဖြေရှင်းရမဲ့အထဲမှာယဉ်ကြောပိတ်ဆို့မှူပါပါတယ်။ ပြည်သူကိုအကျိုးသက်ရောက်မှူတိုက်ရိုက်ရရှိစေပြီးအပြောင်းအလဲကိုခံစားစေနိုင်တဲ့အတွက်ပါ။

No comments: