Saturday, January 18, 2014

စစ်မြေပြင်သုံး ခမောက်လေး တစ်လုံး အကြောင်း

 

လက်ရာကောင်းကောင်းနဲ. ဆွဲထားတဲ့ ငြိမ်းချမ်းရေး ချိုးငှက်လေး

  

ဗီယက်နမ် စစ်ပြန် အမေရိကန် စစ်သားတွေက တရိုတသေ ယူလာကြတာ

  

လေးလေးစားစား လက်ခံခဲ့ရတဲ့ သမိုင်းဝင် ဦးထုပ်လေး

စစ်မြေပြင်သုံး ခမောက်လေး တစ်လုံး အကြောင်းပါ။ အင်တာနက်ပေါ် ဟိုလှန် ဒီလှော လုပ်ရင်း ဖတ်မိတာ။ ဒီခမောက်လေးရဲ. မူလပိုင်ရှင်က ဗီယက်ကောင်း ကွန်မြူနစ် စစ်သား တစ်ယောက်ပါ။ ဗီယက်နမ် တောင်နဲ.မြောက် ကွဲပြီး အမေရိကန်တွေ ၀င်လာတော့ သူက အမေရိကန်တွေနဲ. တိုက်ရတယ်။ တိုက်ပွဲတစ်ပွဲမှာ သူကျသွားခဲ့တယ်။ သူကျသွားတဲ့ တိုက်ပွဲ စစ်မြေပြင်မှာ တဖက် အမေရိကန် တပ်က လက်နက်ကောက် စာရွက်စာတမ်းရှာ အလောင်းစု ရှင်းလင်းရေး လုပ်တဲ့အခါ အမေရိကန် စစ်သားတစ်ယောက်က ဒီစစ်ခမောက်ကို အမှတ်တရ အနေနဲ. ကောက်ယူခဲ့ ပါတယ်။ ဒါဟာ ၁၉၆၈ ခုနှစ်မှာပါ။ သူဟာ ဗီယက်နမ် စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်စဉ် ကာလ တလျှောက်လုံးမှာ ဒီခမောက်ကို ကျောပိုးအိတ်မှာ ချိတ်ပြီး လွယ်ထားခဲ့တယ်။ တာဝန်ပြီးဆုံးလို. အိမ်ကို ပြန်ရတဲ့ အခါမှာလဲ ဒီခမောက်ကို စစ်ပြန် အမှတ်တရ အနေနဲ. ပြန်သယ်သွားခဲ့တယ်။ ၄၆ နှစ်တိတိ သူ.အိမ်မှာ သိမ်းဆည်းထားခဲ့တယ်။ ဘာ့ကြောင့်ပါလဲ...??? အသေအပျောက် များပြားလှတဲ့ ဗီယက်နမ် စစ်မြေပြင်မှာ တိုက်ပွဲမှာ ကျသွားသူတွေရဲ. အသုံးအဆောင်တို. ခမောက်တို.ဟာ ရှားရှားပါးပါး လိုက်ရှာရမယ့် ပစ္စည်းမျိုး မဟုတ်ပါ။ ဒါပေမယ့် ငြိမ်းချမ်းရေး ချိုးငှက်ပုံလေးကို ဓားနဲ.ခြစ်ပြီး ရေးထားတဲ့ ခမောက်ဟာ ဒီတစ်ခုတည်း ရှိမှာပါ။ ကျဆုံးသွားတဲ့ ဗီယက်ကောင်း စစ်သားလေးရဲ. လက်ရာပါ။ လက်ရာက ကောင်းတယ် ဆိုတာထက် အသေအကြေ တိုက်ခဲ့ရတဲ့ တိုက်ပွဲတစ်ခုက တဖက်စစ်သားရဲ. ရင်ထဲက ငြိမ်းချမ်းရေး ဆန္ဒကို စစ်သားချင်း မြင်သွားတာပါ။ ဒီခမောက်လေးက သူ.ကို ဗီယက်ကောင်းတွေ အပေါ် ထားတဲ့ သဘောထားကို အများကြီး ပြောင်းသွားစေခဲ့တယ်လို. ဒီအမေရိကန် စစ်သားက ပြောတယ်။ တစ်ရက်မှာ စစ်မှုထမ်းဟောင်း အဖွဲ.တစ်ခုက သူ.ကို ဆက်သွယ်လာပြီး မေးခွန်း တစ်ခု မေးတယ်။ မင်းသိမ်းထားတဲ့ ဗီယက်နမ်ခမောက် ပိုင်ရှင် စစ်သားလေးရဲ. မိသားစုကို ငါတို. ရှာတွေ.ထားတယ်။ မင်းခမောက်ကို သူတို.ဆီ ပြန်ပေးချင်သလား တဲ့။ သူဘာပြန်ပြောသလဲ။ ဒီခမောက်ကို မြင်လို. သူတို. ပိုပြီး စိတ်ထိခိုက်တာမျိုး မဖြစ်စေဘူးဆိုရင် ငါပြန်ပေးချင်ပါတယ် တဲ့။ ခုတော့ ပုံထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။ တလေးတစား အခမ်းအနားနဲ. ခမောက်ကို မိသားစု လက်ထဲ ပြန်ထည့်ပေးခဲ့ပါတယ်။ တောထဲမှာ ကျသွားတဲ့ ဒီစစ်သားလေးရဲ. ရုပ်အလောင်းကို ဘယ်တော့မှ ပြန်ရှာ မတွေ.တော့တဲ့အတွက် ဒီခမောက်ကလေးဟာ ကျန်ရစ်သူ မိသားစုရဲ. တစ်ခုတည်းသော အလွမ်းဖြေ စရာ အမှတ်တရလေးပါ။ ဒီစစ်ခမောက်လေးက ကျွန်တော့်ကို တော်တော် တွေးစရာ ပေးပါတယ် ခင်ဗျာ။ ပြည်တွင်းစစ်မီး မငြိမ်းသေးတဲ့ ကျွန်တော်တို. နိုင်ငံမှာ နှစ်ဖက် ရင်ဆိုင် တိုက်ခိုက်နေကြသူတွေထဲ သိမ်းထားကြတဲ့ စစ်ခမောက်နဲ. တခြား အမှတ်တရလေးတွေ ဘယ်လောက်များ များနေကြမလဲဗျာ။

No comments: