Saturday, January 18, 2014

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင် ဦးသန်းဦးမှ ကျွန်တော်၏ဇနီးဖြစ်သူ ဒေါ်မြသန္တာထွေးအား ရာထူး၊သြဇာ၊အရှိန်အ၀ါသုံးကာ ကိုယ်ထိလက်ရောက်ဖြားယောင်းသွေးဆောင်မှုအပေါ်တွင် တရားမျှတမှုရှာဖွေရန် ခြေလှမ်းနံပါတ်(၁).......



ဖြစ်စဉ်(၁) ..........

သို့
မြို့တော်ဝန်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ။

ရက်စွဲ ၊ 2013 ခုနှစ် ၊ ဒီဇင်ဘာလ (5) ရက်။

အကြောင်းအရာ။ ။ ရာထူး ၊ သြဇာ ၊ အရှိန်အ၀ါကိုသုံးရ်ျ ကိုယ်ထိလက်ရောက် ဖြားယောင်းသွေးဆောင်မှုအား အရေးယူပေးပါရန် တိုင်ကြားခြင်း။

၁။ ကျွန်မသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) MICC-2 တွင် အငယ်တန်းအင်ဂျင်နီယာ-၂ ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော မမြသန္တာထွေးဖြစ်ပါသည်။ ကျွန်မတိုင်ကြားလိုသူ၏အမည်မှာ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ၊ ကော်မတီဝင် ဦးသန်းဦးဖြစ်ပါသည်။

၂။ ကျွန်မသည် (10-10-2013)ရက်နေ့မှစ၇်ျ နေပြည်တော် CATV ထုတ်လွှင့်မှုလုပ်ငန်းများအတွက် ရုံးပိုင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင်ဦးသန်းဦး၏ရုံးခန်း (၀န်ထမ်းများအလုပ်လုပ်သောနေရာ)တွင် ခေတ္တ တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ထိုသို့တာဝန်ထမ်းဆောင်ခဲ့ရာ (15-11-2013)ရက်နေ့တွင် ကော်မတီဝင်ဦးသန်းဦးသည် ၄င်း၏သီးသန့်ရုံးခန်းအတွင်း ကျွန်မအား လုပ်ငန်းနှင့်သက်ဆိုင်သော တယ်လီဖုန်းခေါ်ဆိုခိုင်းသဖြင့် ခေါ်ဆိုပေးခဲ့ပါသည်။ တယ်လီဖုန်းပြောဆိုနေစဉ်အတွင်း ကျွန်မ၏ဘယ်ဘက်လက်မောင်းသားများအား ပွတ်သပ်နေခဲ့ပါသည်။ ကျွန်မသည် အထက်အရာရှိအားပြန်မပြောဝံ့သဖြင့် ငြိမ်ခံနေခဲ့ရပါသည်။ နောက်ရက်များတွင် ယင်းကဲ့သို့အပြုအမူမျိုး သုံးကြိမ်မျှပြုလုပ်ပြီးနောက် (20-11-2013)ရက်နေ့တွင် ၄င်း၏ ရုံးခန်းအတွင်းသို့ခေါ်ယူ၇်ျ အနားသို့လာစေကာ လုပ်ငန်းကိစ္စပြောဆိုနေရင်းဖြင့် ကျွန်မ၏ ဘယ်ဘက်တင်ပါးသားအား ဖျစ်ညှစ်ခဲ့ပါသည်။ ကျွန်မသည် အိမ်ထောင်ရှိသူ ကလေးတစ်ယောက်အမေဖြစ်ပါသည်။ ထိုကဲ့သို့အပြုအမူမျိုးကို စိတ်လှုပ်ရှားခြင်းအလျင်းမရှိပါ။ ၄င်း၏ရုံးခန်းအတွင်းသို့ ကျွန်မခေတ္တလာရောက်တာဝန် ထမ်းဆောင်ချိန်တွင် သည်းခံရ်ျ အဆင်ပြေအောင်နေ မည်ဟုတွေးတောကာ မည်သို့မျှ မတုံ့ပြန်ဘဲ နေခဲ့မိပါသည်။ နောက်ရက်များတွင် ထိုကဲ့သို့ ဆက်လက်ပြုမူခဲ့ပြီး ထိုမှတဆင့်တက်ရ်ျ (28-11-2013) ရက်နေ့တွင် ၄င်း၏ အနားသို့ခေါ်ဆောင်ရ်ျ လုပ်ငန်းကိစ္စပြောဆိုနေရင်းဖြင့် ကျွန်မ၏ ဘယ်ဘက်ရင်သား ထိပ်ကို တို့ထိခဲ့ပါသည်။ (2-12-2013)ရက်နေ့တွင်လည်း ထိုသို့ပြုလုပ်ခဲ့ပြီး အတင့်ရဲလာကာ (3-12-2013)ရက်နေ့တွင် ကျွန်မ၏ဘယ်ဘက်ရင်သားထိပ်ကို ဖျစ်ညှစ်ခဲ့ပြီး ကျွန်မ၏ဘယ်ဘက်ပါးကို နမ်းခဲ့ပါသည်။ ၄င်းနောက်တွင် ကျွန်မအား ကျွန်မ၏ မူလ လုပ်ငန်းဌာနဖြစ်သော MICC(2) သို့ မပြန်စေတော့ဘဲ ၄င်း၏ရုံးခန်းတွင်ပင် အလုပ်လုပ်စေတော့မည်ဟုလည်း ဆိုလာပါသည်။ ထို့အပြင် ရုံးဆင်းချိန်များတွင်လည်း အိမ်သို့မပြန်စေဘဲ ၄င်း၏ကားဖြင့် MICC(2) သို့ လုပ်ငန်းကိစ္စ အကြောင်းပြကာ အဖော်တစ်ယောက်နှင့်အတူ လိုက်ပါစေပါသည်။ MICC(2)တွင် ခေတ္တခဏ ကြည်ရှု့စကားပြောဆိုပြီး ကျွန်မကို အိမ်ပြန်ပို့ပေးပါသည်။ ပထမနှစ်ရက်သုံးရက်တွင် မိန်းကလေးအဖော်ပါလာသော်လည်း (3-12-2013) ရက်နေ့တွင် ယောကျာ်းလေးအဖော်သာ လိုက်ပါလာပါတော့သည်။ ၄င်းသည် ကျွန်မအားဖြားယောင်းသော အကြည့်များဖြင့်လည်း မကြာခဏ ကြည့်ရှုပါသည်။ ထို့ကြောင့် ကျွန်မသည် အဖော်မပါဘဲ MICC(2)သို့ ခေါ်မည်ကို အလွန်စိုးရိမ်မိပါသည်။ ထိုသို့သောအကြောင်းများကြောင့် ကျွန်မသည် ၄င်း၏အနားတွင် အလုပ်လုပ်ရမည်ကို ကြောက်လန့်သဖြင့် (4-12-2013)မှ စတင်ရ်ျ ရှောင်တခင်ခွင့်(၃) ရက် ယူထားပါသည်။ သက်ဆိုင်ရာအကြီးအကဲများကိုလည်း တိုင်ကြားထားပြီးဖြစ်ပါ သည်။ ကျွန်မအနေဖြင့် ၄င်းနှင့်အတူ ဆက်လက်ရ်ျ အလုပ်လုပ်ရမည်ဆိုလျှင် အလုပ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ထားပါသည်။

၃။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင်ဦးသန်းဦးသည် အမျိုးသမီးဝန်ထမ်းများအား ထိုသို့ဆက်ဆံလေ့ရှိကြောင်းလည်း အတွင်းသတင်းများ အရ ကျွန်မ သိရှိထားပါသည်။ ထို့ကြောင့် နောက်နောင်တွင် ကျွန်မကဲ့သို့သော အမျိုးသမီးဝန်ထမ်းများအား ၄င်း၏ ရာထူး၊သြဇာ၊အရှိန်အ၀ါကိုအသုံးပြုရ်ျ ကျွန်မကဲ့သို့သောအခြေအနေ ၊ ကျွန်မထက်ဆိုးသောအခြေအနေများဖြင့် ဖြားယောင်းသွေးဆောင်ခြင်းမခံရစေရေး အတွက် အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်

မြသန္တာထွေး
အငယ်တန်းအင်ဂျင်နီယာ-၂
အင်ဂျင်နီယာဌာန(အဆောက်အအုံ)
နေပြည်တော်စည်ပင်သာယာရေးကော်မတီ

မိတ္တူကို
- ဒုတိယမြို့တော်ဝန် ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ။
- အတွင်းရေးမှူး ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ။
- တွဲဖက်အတွင်းရေးမှူး ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ။
- လက်ခံ

အထက်ပါစာမှာ ကျွန်တော့်အမျိုးသမီး ၊ ဒေါ်မြသန္တာထွေးမှ မြို့တော်ဝန်အား အားကိုးတကြီးဖြင့် တိုင်ကြားခဲ့သော တိုင်စာဖြစ်ပါသည်။

ဖြစ်စဉ် (၂) ........

၎င်းတိုင်စာတင်ပြီး နောက်ရက်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊
ကော်မတီဝင်ဦးသန်းဦးမှ ကျွန်တော်တို့ ဇနီးမောင်နှံအား ၄င်း၏ရုံးခန်းအတွင်းသို့ခေါ်ရ်ျ ညှိနှိုင်းပါသည်။ ၄င်းနှင့် ကျွန်တော်တို့ဇနီးမောင်နှံ တို့ မိနစ်(30)ခန့် အချီအချ စကားပြောဆိုနေမှုများကို အသံသွင်းယူထားခဲ့ပါသည်။ စာလေးမည်စိုးပါသဖြင့် အစပိုင်းလောက်သာ ဖော်ပြလိုက်ပါသည်။

ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ တင်ပြခဲ့သော ဦးသန်းဦး၏ ၀န်ခံချက်အသံဖိုင်

ဦးသန်းဦး - သမီး .... ဦးမျိုးအောင်ကတဆင့် ၀န်ကြီးဆီ လှမ်းတိုင်ထားတယ်လို့ ငါသိထားတယ်။

မြသန္တာထွေး - ဟုတ်ကဲ့ပါအဘ။

ဦးသန်းဦး - အဲဒီလောက်ထိတော့ ... ငါလည်း ... ဟို ... ၀န်ကြီးထိဆိုတာတော့ ငါလည်းစိတ်မကောင်းဘူး။ ရည်ရွယ်ချက်ကတော့ အဲဒီလောက်အထိ မဟုတ်ပါဘူး....
သမီးရယ်။ ဟို ... သမီးတို့ ဒီမှာ အလုပ်လုပ်ရတာ ပင်ပန်းနေတယ်ဆိုတာ ငါသိပါတယ်။
ဒါပေမယ့်... သမီး မကျေနပ်လို့ဘာဖြစ်ချင်နေသလဲဆိုတာကို ... ပြောတဲ့ဟာကို ငါလိုက်လုပ်ပေးမယ်။ ဟိုဟာတော့မဟုတ်ပါဘူး.. သမီးတို့ကို ဟိုဟာမျိုးတော့ မဟုတ်ဘူး။ သမီးဖြစ်စေချင်တာကို ပြောပြပေးပါ။ သမီးကို လိုက်ပို့တယ်ဆိုတာက တစ်ခါတစ်လေကျရင် မိုးချုပ်လို့ ... ဟို သမီးကို စော်ကားချင်တဲ့သဘောမျိုးဘာမျိုး မဟုတ်ဘူး။ ကဲ ဖြစ်ချင်တာပြော.....။

မြသန္တာထွေး - အဘ... သမီးတင်ထားတဲ့စာထဲမှာ လိုက်ပို့တာတစ်ခုတည်းမဟုတ်ပါ ဘူး။အဘ။

ဦးသန်းဦး - သိတယ်... သိတယ်... ငါသိပါတယ်။

မြသန္တာထွေး - အဘ... သမီးကို .... သမီးချင်းမစာနာဘဲနဲ့အဘ ကိုယ်ထိလက်ရောက် ကျူးလွန်းခဲ့တဲ့အမှုတွေ ပါပါတယ်အဘ။

ဦးသန်းဦး - သိတယ်... သိတယ်... ငါသိတယ်။

မြသန္တာထွေး - အဲဒါကို အဘ... မဟုတ်ဘူးလို့တော့ မငြင်းပါနဲ့အဘ။

ဦးသန်းဦး - မဟုတ်ဘူးလို့တော့ မငြင်းပါဘူး.... ကဲပြောပါ.... ဘာဖြစ်ချင်သလဲပြောပါ... ဘာလိုချင်သလဲပြောပါ..... (နောက်ထပ် 28 မိနစ်ခန့် စကားပြောပုံများကို လိုအပ်လျင် ဖော်ပြပါဦးမည်)

ဖြစ်စဉ် (၃).............

စုံခုံဖွဲ့ပြီးစတင်စစ်ပါသည်။ ကျွန်တော်၏အမျိုးသမီးဒေါ်မြသန္တာထွေး၏ အကျင့်စာရိတ္တနှင့်ပတ်သက်ရ်ျ MICC-2 မှ ညွှန်ကြားရေးမှူးဖြစ်သူဦးထွန်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ထွန်းတို့အား ခေါ်ယူမေးမြန်းပါသည်။ MICC-2 မှလုပ်ဖော်ကိုင်ဘက် နှစ်ဦးကိုလည်း ခေါ်ယူမေးမြန်းပါသည်။ ဒေါ်မြသန္တာထွေးနှင့် ဖြစ်စဉ်တူ ကြုံတွေ့ရသော ယခင်ဦးသန်းဦးလက်အောက်မှ ၀န်ထမ်း(၂)ဦး ၊ လက်ရှိ ဦးသန်းဦးလက်အောက်မှ ၀န်ထမ်း(၂)ဦးကိုလည်း ခေါ်ယူမေးမြန်းပါသည်။

စစ်ဆေးအပြီးတွင် ဒုတိယမြို့တော်ဝန်နှင့် လာရောက်တွေ့ဆုံရန်ကိစ္စ အတွက် (2013)ခုနှစ် ၊ ဒီဇင်ဘာလ (27)ရက် ရက်စွဲပါ
စာအမှတ်၊ ၇၇၅၁/၀၃-အင်/ယာ(အဆောက်အအုံ)/နပတ(ကော်မတီ) ဖြင့် လာရောက်တွေ့ဆုံရန် အကြောင်းကြားပါသည်။ သွားရောက်တွေ့ဆုံရာတွင် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့မှ အောက်ပါအတိုင်းပြောပါသည်။
၎င်းတို့အနေဖြင့် ယခုအမှုကိစ္စကို တည်ဆောက်ရ်ျ ဒက္ခိဏခရိုင်ဥပဒေရုံးသို့ ပေးပို့အကြံတောင်းထားပါကြောင်း။ ဥပဒေရုံးမှ ပြန်လည်အကြံ ပေးပို့ရာတွင် ယခုကိစ္စသည် မျက်မြင်သက်သေ / ထောက်ခံထွက်ဆိုပေးမည့်သက်သေ မရှိခြင်းကြောင့် အမှန်/အမှား ဆုံးဖြတ်ရန်မသင့်သောအမှုဖြစ်ကြောင်း ၊ တရားရုံးသို့ ဦးတိုက်လျှောက်ထားရ်ျ တရားနိုင်မှသာ မိမိတို့အနေဖြင့် အပြစ်ပေးအရေးယူနိုင်မည်ဖြစ်ပါကြောင်း။ လက်ရှိအနေဖြင့် စီမံခန့်ခွဲမှုအားနည်းချက်အနေဖြင့်သာ အရေးယူပေးနိုင်မည်ဖြစ်ပါကြောင်း အကြောင်းကြားလာပါသည်။

ဖြစ်စဉ် (၄) ......
အထက်ပါဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိခြင်းကြောင့် မြို့တော်ဝန်ထံ နောက်ဆုံး အယူခံစာတစ်စောင် ထပ်မံဝင်ရောက်ခဲ့ပါသည်။ (နောက်ဆုံး အယူခံလွှာအား လိုအပ်လျှင် ဖော်ပြပါဦးမည်။) မြို့တော်ဝန်မှ အရေးယူခဲ့သည်မှာ.......
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင် ဦးသန်းဦးအား လက်ရှိတာဝန်ယူစီမံခန့်ခွဲနေသော (အဆောက်အအုံဌာန) မှ (ရေ/သန့်)ဌာနသို့ ပြောင်းလဲ ကိုင်တွယ်ရန် အမိန့်ချမှတ်ပါသည်။ အမိန့်စာဖြင့်ထွက်သည်ဟု သိရပါသည်။ (ကြုံကြိုက်သဖြင့်ရှင်းပြရလျှင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်ရာထူးသည် ဌာနမှူးရာထူးထက် တစ်ဆင့်မြင့်ပါသည်။ ကော်မတီဝင်တစ်ဦးသည် ဌာန(၂)ခု (၃)ခုခန့်အား ကိုင်တွယ်ရသည်လည်း ရှိပါသည်။) ဒေါ်မြသန္တာထွေးအားလည်း (အဆောက်အအုံဌာန) မှ (ညှိနှိုင်းဆောင်ရွက်ရေးဌာန)သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန့်ချမှတ်ပါသည်။ (အမိန့်စာမိတ္တူ လက်ဝယ်တွင်ရှိပါသည်။)

ဇာတ်လမ်းစပါပြီ။ ယခုလောက်ဆိုလျှင် စာဖတ်သူများ ဇာတ်ရေလည်လောက်ပြီဟု ထင်ပါသည်။ ကျွန်တော်တို့ ဇနီးမောင်နှံတာဝန်ကျေခဲ့ပါသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဂုဏ်သိက္ခာမကျစေရန်အလို့ငှာ တရားမျှတမှုကို ဌာနတွင်းမှာ အဆုံးထိ အယူခံတင်ခဲ့ပါသည်။ ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပါသည်။ ၄င်းအမှုသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမှန်တရားကိုချစ်မြတ်နိုးသော ၀န်ထမ်းအသိုင်းအ၀ိုင်း(သို့မဟုတ်) ဦးသန်းဦး၏ ယခင်ဝန်ထမ်းများအား ဆောင်ရွက်ခဲ့ပုံအတိတ်သမိုင်းကြောင်း နှင့် ကျွန်တော့်ဇနီး၏ စာရိတ္တကို သိရှိသူ မည်သူ့ကိုမဆို မေးမြန်းခဲ့သည်ရှိသော် အမှန်/အမှား ဆုံးဖြတ်နိုင်စွမ်း ရှိကြသူချည်းသာဖြစ်ပါလျက် ဘာကြောင့် အမှန်တရား ၊ တရားမျှတမှု ပျောက်ဆုံးနေရပါသလဲဟု ကျွန်တော် မေးခွန်းထုတ်ချင်ပါသည်။
ဇနီးဖြစ်သူ၏ သစ္စာတရားကို (100) ရာခိုင်နှုန်းအကြွင်းမဲ့ယုံကြည်သည့်အတွက် ကျွန်တော် စတင်ဆောင်ရွက်ပါတော့မည်။ တရားမျှတမှုကို ရရှိရန်အတွက် ဥပဒေဘောင်အတွင်းမှ နည်းလမ်းပေါင်းစုံသုံးပါတော့မည်။ အနှီပုဂ္ဂိုလ်အား ကမ္ဘာကြေ သော်လည်း ဥဒါန်း မကြေ နိုင်ပါကြောင်း.....

ကျော်သီဟ
B.E(Chemical)
သန်လျင်နည်းပညာတက္ကသိုလ်
(အကြောက်တရားနှင့် ကွာရှင်းလိုက်သူ)

No comments: