Wednesday, January 15, 2014

ရခိုင့်အသံ သတင်းဂျာနယ်

ရခိုင့်အသံ သတင်းဂျာနယ် အမှတ်(၄)ထွက်ပြီ။
ယခုအကြိမ်မှစ၍ မျက်နှာဖုံးဒီဇိုင်းကို မပြောင်းလဲဘဲထုတ်ဝေသွားပါမည်။

ဂျာနယ်မှာလိုသူများ၊ ကြော်ငြာထည့်လိုသူများ ဆက်သွယ်နိုင်ပါပြီ။ ကိုယ်စားလှယ်ဈေးနှုန်း၂၅၀ကျပ်နှုန်းပေးပါသည်။ရောင်းဈေးမှာ ၃၀၀ ကျပ် ထက်ပိုမရောင်းရပါ။ ပြည်သူလူထုဈေးနှုန်းချိုသာစွာဖတ်ရှုနိုင်ရန်ဖြစ်ပါသည်။

ယခုအပတ်ဂျာနယ်အမှတ်(၄)တွင်

အထူးအစီအစဉ်အဖြစ်

(၁)ဆရာဦးကျော်ထွန်းအောင်၏ဘ၀ဇာတ်ကြောင်း၊
(၂)ပြည်တွင်းပြည်ပ ရခိုင်ပြည်ကျဆုံးနေ့အခမ်းအနားမြင်ကွင်းများ။

တွေ့ဆုံမေးမြန်းခန်းများမှာ-
(၁)ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့်အင်တာဗျုး။
(၂)ရခိုင်သမိုင်းသုတေသီ ဆရာမောင်ဗသိန်းနှင့် အင်တာဗျူး။
(၃)ရခိုင်ဂန္ထ၀င်အဆိုတော် ဦးမောင်သိန်းနှင့်အင်တာဗျူး။
စသည့် အင်တာဗျူး သုံးခုပါရှိသည်။

ဆောင်ပါးများမှာ-
(၁) ရခိုင်ပြည်နယ် သတင်းဂျာနယ်အယ်ဒီတာချုပ် ဆရာကျွန်းသားငမန်း၏လက်ရာ။
(၂)ရခိုင်ပြည်နယ်ပြဿနာ ဒုတိယပိုင်း။
(၃)ခိုင်လင်း(မေဃ၀တီ)၏ ရခိုင်ပြည်ကျဆုံးနေ့ဆိုင်ရာ။
(၄)ဆရာကျော်ဝင်းခိုင်၏ ချမ်းသာအောင်လုပ်နည်း။

စာအုပ်စင်ကဏ္ဍမှာ-
(၁)ဆရာ ဦးဝေစိန်အောင်၏ ပါတီနိုင်ငံရေး ခရီးအစ၀ယ်။
(၂) ဝေဟင်အောင်၏ သွေးနှင့်ရေးသည့်မြေ။

အနုပညာကဏ္ဍတွင်-
(၁)နေတိုး၏ နောက်ဆုံးရိုက်ဇာတ်ကား။
(၂) ဟောလီးဝုဒ်၏၂၀၁၄ အကောင်းဆုံးရုပ်၇ှင်ကား(12 Years A Slave)/
တို့နှင့်အတူ

ပညာရေး၊စီးပွားရေး၊ကျန်းမာရေး၊အားကစား၊သိပ္ပံနှင့်နည်းပညာဆိုင်ရာ သတင်းများ။

ပြည်တွင်း၊ဒေသတွင်း၊နိုင်ငံတကာတွင် လတ်တလောဖြစ်ပျက်နေသော သတင်းများစွာပါဝင်သည်။

By - Thein Hlaing အယ်ဒီတာချုပ်(ရခိုင့်အသံ သတင်းဂျာနယ်)

No comments: