နာရေးပင်ဖြစ်သော်ငြားလည်း မိမိအနေဖြင့် ဖိတ်စာရမှခြေကြွမည်ဆိုသည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်
------------------------------ -
ဒေါ်စု၏ ပြည်ထောင်စုနေ့မိန့်ခွန်းကို ကချင်ငြိမ်းချမ်းရေးအဖွဲ့တုံ့ပြ န်
13 Feb, 2013
(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးဖော်ဆောင် ရာတွင် မည်သည့်တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်နှင့် မဟုတ်ပဲ မိမိဆန္ဒအတိုင်း ပါဝင်သင့်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သ ည့် ဦးအင်ရှန်ဆန်အောင်က တုန့်ပြန်ပြောကြားခဲ့သည်။
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင်ပြုလုပ်သော ပြည်ထောင်စုနေ့ အခမ်းအနားပွဲတွင် ဗီဒီယိုဖိုင်ပေးပို့၍ တရားဝင် ပြောကြားခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင်ပြည်တွင်းငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ပါဝင်လိုသော်လည်း ကာယကံရှင်များမှ
လိုလားမှုမရှိသောကြောင့် ပါဝင်နိုင်ခြင်း မရှိသေးဟု ပြောကြားခဲ့ခြင်း
ဖြစ်သည်။
“ တရုတ်တောင် နှစ်ဖက် တွေ့ဆုံဖို့ ကမကထ လုပ်လိုက်တာပဲ။ ဘယ်သူက ဝင်လုပ်ပါ။ ပါဝင်ပါလို့ ပြောစရာမလိုဘူး။ ဘယ်သူမဆို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လို့ရတယ်” ဟု ဦးအင်ရှန်ဆန်အောင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင် “ကျွန်မဟာဆိုရင်အခု ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ မပါဝင်ဘူးလားဆိုပြီးတော့ မေးကြ၊ ဝေဖန်ကြတဲ့ သူတွေရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မပါဝင်ချင်တယ်။ လိုလားလို့ရှိရင် ကျွန်မ ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်လို့ တရားဝင်ထုတ်ဖော်ပြောခဲ့တာကြာပြါ ပီ။
ဒီတော့ ဘာဖြစ်လို့မပါလည်း ဆိုတော့ တကယ်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ
အောင်အောင်မြင်မြင် ပါဝင်နိုင်ဖို့ဆိုတာဟာ ကာယကံရှင်တွေက လိုလားမှ
ဖြစ်မှာပါ။ ကာယကံရှင်တွေရဲ့ လိုလားမှု့၊ တောင်းဆိုမှုမရှိပဲနဲ့
ဝင်ပြီးတော့လုပ်လို့ ငြိမ်းချမ်းရေးရမယ် ဆိုတာ ကိုယ်ကိုကိုယ်လည်း
အထင်ကြီးရာရောက်ပါတယ်။ အဲ့ဒါကြောင့်မို့ ကျွန်မကိုလိုလားတယ်၊ လုပ်ပေးစေ
ချင်တယ် ဆိုရင်အချိန်မရွေး လုပ်ပေးပါမယ်ဆိုတာ တရားဝင် ဒီနေ့ (၆၆)
နှစ်မြောက် ပြည်ထောင်စုနေ့မှာ ပြောပါရစေ။” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ငြိမ်းချမ်းရေးစင်တာတွင်ပြုလုပ် ခဲ့သော
ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများနှင့် တွေဆုံဆွေးနွေး ပွဲတွင်
ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ဒေါ်အောင်ဆန်း စုကြည် အနေနှင့် ပြည်တွင်းငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် ၀င်ရောက်ကူညီပေးရန် မိမိတို့အနေနှင့် ဖိတ်ခေါ်ထား
ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား ကူညီနိုင်သည့် အခန်းကဏ္ဍမှ ကူညီ၍ရပါကြောင်း၊ ၎င်းအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာမည်ဆိုပါက ၀မ်းသာရမည် ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ပြောကြားခဲ့သောစကားများနှင့် ပတ်သတ်၍ တစ်စုံတစ်ခု နားလည်မှု လွဲးမှာနေခြင်းဖြစ်ကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက မှတ်ချက်ပေးပြောသွားသည်။
“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ကာယကံရှင်ဆိုတာ အစိုးရကို ဆိုလိုတာပါ။ ဆိုတော့ အစိုးရနဲ့ ညှိပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှု မှာ ဝင်လာသင့်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဦးအောင်မင်းတို့နဲ့ ညှိနှိုင်းသင့် ပါတယ်” ဟု ဦးအင်ရှန်ဆန်အောင်က သုံးသပ်ပြောဆိုသည်။
ထို့အပြင် ငြိမ်းချမ်းရေးကိုလိုလားသော ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ပါဝင်စေလိုကြပြီး ဖိတ်ခေါ်မှုမပြုပဲနှင့်လည်း ပါဝင်သင့်သည်ဟု ပြောဆိုနေကြသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ (၇) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဖိတ်ခေါ်ခြင်းမရှိပဲ နှစ်ဘက်ကြားဝင်ရောက်မည် မဟုတ်ကြောင်းပြောကြားခဲ့ဖူးပြီး ယခု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။
ယခုလ (၄) ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့ပြီး အပြစ်အခက်ရပ်စဲရေးအား အပြီးသတ်ဆွေးနွေးမှု မပြုလုပ်ရသေးသောကြောင့် နေပြည်တော်တွင် ကျင်းပသော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ခြင်း မရှိကြောင်းသိရသည်။
“ခု အေအိုင်အို ဘက်က စစ်တပ်တွေလည်း နောက်ဆုတ်နေတယ်။ အစိုးရဘက်ကလည်း နောက်ဆုတ်နေတယ်ဆိုတာ ကြားရတယ်။ နှစ်ဖက်က စစ်တပ်အင်အားလျှော့နေတယ်ဆိုတော့ အခြေအနေက အကောင်းဆုံးဖြစ်လာမှာပါ။” ဟု ဦးအင်ရှန်ဆန်အောင်က လက်ရှိ စစ်ရေးအခြေအနေကို ပြောသည်။
( မိုးမြင့်ကျော် )
------------------------------
ဒေါ်စု၏ ပြည်ထောင်စုနေ့မိန့်ခွန်းကို ကချင်ငြိမ်းချမ်းရေးအဖွဲ့တုံ့ပြ
13 Feb, 2013
(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးဖော်ဆောင် ရာတွင် မည်သည့်တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်နှင့် မဟုတ်ပဲ မိမိဆန္ဒအတိုင်း ပါဝင်သင့်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သ
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင်ပြုလုပ်သော ပြည်ထောင်စုနေ့ အခမ်းအနားပွဲတွင် ဗီဒီယိုဖိုင်ပေးပို့၍ တရားဝင် ပြောကြားခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင်ပြည်တွင်းငြိမ်းခ
“ တရုတ်တောင် နှစ်ဖက် တွေ့ဆုံဖို့ ကမကထ လုပ်လိုက်တာပဲ။ ဘယ်သူက ဝင်လုပ်ပါ။ ပါဝင်ပါလို့ ပြောစရာမလိုဘူး။ ဘယ်သူမဆို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လို့ရတယ်” ဟု ဦးအင်ရှန်ဆန်အောင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင် “ကျွန်မဟာဆိုရင်အခု ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ မပါဝင်ဘူးလားဆိုပြီးတော့ မေးကြ၊ ဝေဖန်ကြတဲ့ သူတွေရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မပါဝင်ချင်တယ်။ လိုလားလို့ရှိရင် ကျွန်မ ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်လို့ တရားဝင်ထုတ်ဖော်ပြောခဲ့တာကြာပြါ
ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ငြိမ်းချမ်းရေးစင်တာတွင်ပြုလုပ်
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား ကူညီနိုင်သည့် အခန်းကဏ္ဍမှ ကူညီ၍ရပါကြောင်း၊ ၎င်းအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာမည်ဆိုပါက ၀မ်းသာရမည် ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ပြောကြားခဲ့သောစကားများနှင့် ပတ်သတ်၍ တစ်စုံတစ်ခု နားလည်မှု လွဲးမှာနေခြင်းဖြစ်ကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက မှတ်ချက်ပေးပြောသွားသည်။
“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ကာယကံရှင်ဆိုတာ အစိုးရကို ဆိုလိုတာပါ။ ဆိုတော့ အစိုးရနဲ့ ညှိပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှု မှာ ဝင်လာသင့်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဦးအောင်မင်းတို့နဲ့ ညှိနှိုင်းသင့် ပါတယ်” ဟု ဦးအင်ရှန်ဆန်အောင်က သုံးသပ်ပြောဆိုသည်။
ထို့အပြင် ငြိမ်းချမ်းရေးကိုလိုလားသော ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ပါဝင်စေလိုကြပြီး ဖိတ်ခေါ်မှုမပြုပဲနှင့်လည်း ပါဝင်သင့်သည်ဟု ပြောဆိုနေကြသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ (၇) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဖိတ်ခေါ်ခြင်းမရှိပဲ နှစ်ဘက်ကြားဝင်ရောက်မည် မဟုတ်ကြောင်းပြောကြားခဲ့ဖူးပြီး
ယခုလ (၄) ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့ပြီး အပြစ်အခက်ရပ်စဲရေးအား အပြီးသတ်ဆွေးနွေးမှု မပြုလုပ်ရသေးသောကြောင့် နေပြည်တော်တွင် ကျင်းပသော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ခြင်း မရှိကြောင်းသိရသည်။
“ခု အေအိုင်အို ဘက်က စစ်တပ်တွေလည်း နောက်ဆုတ်နေတယ်။ အစိုးရဘက်ကလည်း နောက်ဆုတ်နေတယ်ဆိုတာ ကြားရတယ်။ နှစ်ဖက်က စစ်တပ်အင်အားလျှော့နေတယ်ဆိုတော့
( မိုးမြင့်ကျော် )
No comments:
Post a Comment