Thursday, February 14, 2013

ငါတို့ဗမာပြည်က ကံခေလွန်းသည် . .

ယခင် ရန်ကုန် တိုင်း ဒုတိုင်းမှု နှင့် မြန်မာနိုင်ငံ ရဲတပ် ဖွဲ့  ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်း အား တာဝန်မှ အနားပေး လိုက်သည် ဟု FNG
မှ သိရှိရသည်။ ယခင် နေ ပြည်တော် တိုင်းမှုး နှင့် ယခု စစ်ထောက်ချုပ် ဗိုလ်
ချုပ်ဝေလွင် ကို လည်း လာဘ်စား မှု များ အတွက် စုံစမ်းစစ်ဆေးမှု ပြု ရန် 
တာဝန် မှ ခေတ္တချထား သည်။ 

ဗိုလ်ချုပ် ဝေလွင် သည် စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
အားထား ရသူ တစ်ယောက် ဖြစ်သည်။  ရဲချုပ် ကျော်ကျော်ထွန်း အား မည်
သည့် အတွက် ကြောင့် လက်ရှိ တာဝန်မှ အနားပေး ရသည် ကို မသိရှိရသေး
ပါ။ 

နိုဝင်ဘာလ ၃၀ ရက်နေ့  လက်ပံတန်းတောင် သပိတ်စခန်း ဖြိုခွဲ မှု တွင်
ကျော်ကျော်ထွန်း သည် တိုက် ရိုက် တာဝန်ရှိသည် ဟု နိုင်ငံ ရေး လှုပ်ရှား
တက်ကြွ သူများ က ပြောသည်။

လက်ရှိကာချုပ်မင်းအောင်လှိုင်သည် ခိုင်းတာပဲလုပ်တတ်ပြီး ထူးခြားသိသာသော အရည်အချင်းများမရှိဟု ဆို

လက်ရှိကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်သည် ခိုင်းတာပဲလုပ်တတ်ပြီး စစ်ရေးစွမ်းရည် နှင့် အုပ်ချုပ်ရေးစွမ်းရည်တို့တွင် သိသာထူးခြားသော အရည်အချင်းများမရှိဟု ယခင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုအသိုင်းအဝန်းနှင့်နီးစပ်သူများမှ တီးတိုးမှတ်ချက်ချသည့်ပုံစံမျိုးနှင့် သတင်းထွက်ပေါ်လာသည် .  .  .

အမှန်တွင်လည်း သန်းရွှေသည် သူတီထွင်ထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆိုသည့်ရာထူးအတွက် ဗိုလ်ချုပ်ကြီးသူရရွှေမန်းအား နေရာချထားပေးမည်ဟု မက်လုံးများပေးကာ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် အားပြိုင်စဉ်ကာလက သန်းရွှေဖက်အလေးသာရန် ဆွဲဆောင်စည်းရုံးမှုများရှိခဲ့သည်  .  .  .  

တကယ်တော့ သန်းရွှေ မယုံကြည်ဆုံးသူက ရွှေမန်းသာဖြစ်တော့သည်  .  . .  ကတိစကားများကို နှစ်သိမ့်ရန်အတွက် ငါတို့က အသက်ကြီးပါပြီ  .  . နောက်လူတွေကို နေရာပေးလိုက်တာပဲ ကောင်းပါတယ်  .  .  . မင်းက ကာကွယ်ရေးဦးစီးချုပ်နေရာထက်စာရင် နိုင်ငံတော်သမ္မတနေရာကသာ မင်းနဲ့ထိုက်တန်ပါတယ်  .  .  လို့ သန်းရွှေက ရွှေမန်းကို ယူနီဖောင်းချွတ်ဖို့ စည်းရုံးသည်  .  .

ကာကွယ်ရေးဦးစီးချုပ်နေရာကို အပတ်စဉ် ၁၈ ဆင်း သူရမြင့်အောင် နှင့် ဒုချုပ်နေရာကို ကိုကို တို့ကို တပ်တွင်းအမိန့်ဖြင့်လျာထားသည်  .  .

သူရမြင့်အောင်က လူမှန် လို့ တပ်ထဲမှာ အပြောများသည်  .  . မြင့်အောင်နေရာကို ဝေဖန်စောကြောမည့်သူမရှိ ရွှေမန်းကိုယ်တိုင်ကလည်းထောက်ခံသည်  .  .

သို့နှင့် အနားယူတော့မည်ဟု လေသံပေးနေသော သန်းရွှေက သူအနားမယူခင် သူ့နေရာကို ကိုင်လှုပ်နိုင်သူများကို အရင် အနားပေးလိုက်သည်  .  .  .

တရုတ်ပြည်သို့ သန်းရွှေခေတ္တသွားပြီးအပြန် တရုတ်နှင့်လျှို့ဝှက်လက်ဝါးချင်းရိုက်ခဲ့သောကိစ္စများရှိလာသည်  .  .

ကာကွယ်ရေးဦးစီးချုပ်နေရာအတွက် လျာထားထားသော သူရမြင့်အောင်နှင့်ကိုကို အတွဲ နေရာတွင် မင်းအောင်လှိုင်နှင့်စိုးဝင်း အတွဲဖြင့် နေရာအစားထိုးရန် ဖြစ်သည်  .  .

မင်းအောင်လှိုင်မှာ အပတ်စဉ် ၁၉ ဆင်းဖြစ်သည်  .   . 

တပ်တွင်းလျာထားစာရင်း ထုတ်ထားသော သူရမြင့်အောင်နှင့်ကိုကို အတွဲနေရာတွင် မင်းအောင်လှိုင်နှင့်စိုးဝင်းအတွဲဖြင့်အစားထိုးမည်ဟု နှုတ်မိန့်ထွက်လာသည်  .  .

မြင့်အောင်ကို ကာကွယ်ရေးဝန်ကြီးနေရာ နှင့် ကိုကို ကို ပြည်ထဲရေးဝန်ကြီးနေရာ လျာထားသည်  .  .

သန်းရွှေနှုတ်မိန့်ကို နားမထောင်နှိုင်ဟု အကြောင်းပြန်သော မြင့်အောင်ကို ရာထူးမှချကာ ထိန်းသိမ်းလိုက်သည်  .  .  ဒီနည်းနဲ့ တပ်ကို မလှုပ်ရဲအောင် သန်းရွှေက ပညာပြလိုက်သည်  .  .

မင်းအောင်လှိုင်တစ်ယောက် ကာချုပ်ရာထူးရလာသည်  .  . စိုးဝင်း ဒုချုပ်ဖြစ်လာသည်  .  .

သမ္မတဖြစ်ရစေ့မယ်လို့ အာမခံချက်ရထားသော ရွှေမန်းကိုလည်း သမ္မတနေရာမပေးပဲ လွှတ်တော်သို့ပို့လိုက်သည်  .  . 

အာဏာလက်မလွှတ်ချင်တဲ့ သန်းရွှေကြီးရဲ့ အာဏာစွန့်ခါနီး နောက်ဆုံးရွှေ့တဲ့အကွက်လို့ အားလုံးနားလည်လိုက်သည်  .  . 

သန်းရွှေက ဗမာ့တပ်မတော်ကို အပိုင်စီထားပြီး ဖြစ်သည်  .  .  သူ့ကိုယ်ပိုင်အိတ်ဆောင်တပ်လို သဘောထားကာ လုပ်ချင်ရာလုပ်နိုင်သည်  .  .

တပ်ထဲက စစ်ဗိုလ်တွေကို နေရာတကာ ငါတို့မပါရင် မပြီး ငါတို့ကသာ ဗမာပြည်မှာ အတော်ဆုံးအတတ်ဆုံးဖြစ်သည်ဟု မတန်မရာ မာန်တက်အောင် မြှောက်ပေးထားသော်လည်း သန်းရွှေရှေ့ရောက်ရင် တုတ်တုတ်မလှုပ်ရဲအောင်လည်း ခြောက်ထားသည်  .  .

မြှောက်စား ခြောက်စားပညာများဖြင့် အလွန်တော်ပေစွ သန်းရွှေ  .  .

အခုလည်း သန်းရွှေ ငါမအိုသေးဟု ကြွေးကြော်နေသည်  .  . စစ်တပ်ကို ကိုင်လှုပ်နိုင်သော အာဏာသည် သန်းရွှေလက်ထဲတွင်သာရှိသည်ဟု အားလုံးသဘောပေါက်ထားသည်  .  .

သန်းရွှေဘာကြံနေသလဲ ဘာအကွက်ရွှေ့မလဲမသိ .  .  .  မင်းအောင်လှိုင်အပေါ်ဖိအားပေးချင်တာလား တကယ် လုပ်တော့မှာလားမသိ  .  . ကောလဟာလတွေထွက်လာသည်  .  .

မင်းအောင်လှိုင်မှာ အရည်အချင်းတွေ ထင်သလောက်မရှိ ဟု နောက်ကွယ်က တီးတိုးစကားများထွက်လားသည်  .  .  .

ငါတို့ဗမာပြည်က ကံခေလွန်းသည်  .  .
လက်ရှိကာချုပ်မင်းအောင်လှိုင်သည် ခိုင်းတာပဲလုပ်တတ်ပြီး ထူးခြားသိသာသော အရည်အချင်းများမရှိဟု ဆို
လက်ရှိကာကွယ်ရေးဦးစီးချုပ်မင်း
အောင်လှိုင်သည် ခိုင်းတာပဲလုပ်တတ်ပြီး စစ်ရေးစွမ်းရည် နှင့် အုပ်ချုပ်ရေးစွမ်းရည်တို့တွင် သိသာထူးခြားသော အရည်အချင်းများမရှိဟု ယခင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုအသိုင်းအဝန်းနှင့်နီးစပ်သူများမှ တီးတိုးမှတ်ချက်ချသည့်ပုံစံမျိုးနှင့် သတင်းထွက်ပေါ်လာသည် . . .

No comments: