မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
ထိုက်တန်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဆိုတာ
၃ နှစ် ရှိသွားပြီ။ 
 
 လူက ရေးထားတာပဲ ပြင်လို့ ရမှာပေါ့ ဆိုတဲ့ အခြေခံ ဥပဒေ ... ၃ နှစ်ရှိတဲ့အခါ
 ရောက်မှ .. ပြင်ဆင်ဖို့ အချက်တွေကိ လေ့လာဖို့ အဖွဲ့ဘဲ ဖွဲ့ရသေးတဲ့ အဖြစ်။
 
 အခြားအချက်တွေလည်း ပြန်ကြည့်လိုက် ...
 
 ၁။ စစ်တပ်ကနေ မတရား ရယူထားတဲ့ အကျိုးစီးပွား ကိစ္စတွေ တစ်ခုမှ အလျော့မပေး။ 
 ၂။ ဦးပိုင်ကို မထိရ။
 ၃။ ၂၅ % ထိဖို့ မပြော။
 ၄။ စစ်တပ် အသုံးစရိတ် အများဆုံး ကိစ္စ ပြင်မရ။
 ၅။ တပ်ချုပ်ရဲ့ အာဏာက သမ္မတထက် ပိုများတာ ပြင်လို့ ရမယ့်ပုံ မရှိ။
 ၆။ တပ်ချုပ်က လွှတ်လိုက်တဲ့ စစ်သား သမ္မတကိစ္စ ဖယ်ရှားဖို့ အသံတောင် မဟသေး။
 ၇။ စစ်တပ်က သဘောမတူတဲ့ မီဒီယာဥပဒေ ကိစ္စ အလျော့ပေးဖို့ လမ်းမရှိသေး။
 ၈။ အစိုးရဌာန ဝန်ကြီး ဆိုသူတွေနဲ့ ဌာနဆိုင်ရာ အရာရှိတွေမှာ စစ်တပ်ထွက်တွေကြီးစိုးနေတုန်း
 
 အခု နောက်ဆုံး မင်းတို့ကိုသနားလို့ လွှတ်ပေးလိုက်တာ။ အချိန်မရွေး 
ပြန်ဖမ်းပြီး ထောင်ချလို့ ရတယ် ဘာမှတ်သလဲ ဆိုပြီး လွှတ်တော်မှာ 
ခြိမ်းခြောက်သလိုမျိုး အဆိုကို တမတ်သား ကိုယ်စားလှယ်တွေက တင်သွင်း။ 
 
 ဒါလားဟဲ့ ... ဒီမိုကရေစီ အပြောင်းအလဲ လုပ်ငန်းစဉ်များ။
 
 အနှစ်ချုပ်လိုက်ရင် ... စစ်တပ်က အရင်လို စစ်ယူနီဖေါင်း တကားကားနဲ့ 
လူအမြင်ကတ်မယ့် အလုပ် မလုပ်တော့ဘဲ ... ယူနီဖေါင်းချွတ်တွေကို 
အကာအကွယ်ယူပြီး နောက်ကွယ်က ခိုင်းစေနေတဲ့ စနစ်ဆိုတာ တဖြည်းဖြည်းနဲ့ 
ရုပ်လုံး ပေါ်လာပြီ။
 
 သမ္မတဟာ အဝေးက စက်ခလုတ်နဲ့ ခိုင်းသမျှ လိုက်လုပ်နေရတဲ့ ရုပ်သေးရုပ် သက်သက်ပဲဆိုတာ အထင်အရှားပါပဲ။
 
 အခုအထိ ထိုက်တန်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဆိုတာ ဘာမှ မမြင်ရသေးဘူး။
 
 (ကိုထိုက်)
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment