၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင်
 လှေလှော်ပြိုင်ပွဲများ ကျင်းပမည့် နေပြည် တော်၊ ငလိုက်ဆည်မှာ 
လက်ရှိအချိန်တွင် သတ်မှတ်ထားသည့် ရေစံနှုန်းမပြည့်မီသေးကြောင်း မြန်မာ 
နိုင်ငံ လှေလှော်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမြတ်ကျော်က မဇ္ဈိမသို့ 
ပြောသည်။
 
 ငလိုက်ဆည်သည် နွေရာသီ၌ ငလိုက်ဆည်အနီးတစ်ဝိုက်ရှိ 
စိုက်ပျိုးလယ်များသို့ ရေများပေးဝေခဲ့ရ သဖြင့် လက်ရှိအချိန်တွင် 
ဆည်အတွင်းရှိ ရေပမာဏမှာ လျော့နည်းနေခြင်း ဖြစ်သည်။
 
  မြန်မာနိုင်ငံ လှေ လှော် အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမြတ်ကျော်က 
“လောလောဆယ် သတ်မှတ်ထားတဲ့ ရေစံနှုန်း မပြည့်သေးတာပါ။ 
ပြိုင်ပွဲလုပ်မယ့်အချိန်နီးလေလေ  တဖြည်းဖြည်း တက်လာမှာပါ။
 
  ဒါက ခါတိုင်းနှစ် တွေကို လေ့လာချက်အရပေါ့။ နေပြည်တော်မှာ မိုးရွာတာ 
ကျဲနေပါသေးတယ်။ ၁၄၊ ၁၅ ရက်လောက် ရွာလိုက်မယ်ဆို ရင် တောင်ကျ ရေတွေကနေ 
တဖြည်းဖြည်း ပြည့်လာ မှာပါ”ဟု ပြောကြား သည်။
 
 လက်ရှိအချိန်တွင် 
လက်ရွေးစင် လှေလှော်အားကစားသမား ၄၂ ဦးသည် တရုတ်နိုင်ငံ၌ သွားရောက်ပူး တွဲ 
လေ့ကျင့်လျက်ရှိပြီး စက်တင်ဘာ ၉ ရက်တွင် မြန်မာနိုင်ငံသို့ 
ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
 
 ဆက်လက်၍ ဦးမြတ်ကျော်က 
“ဒီလကုန်မှာ တရုတ်က၀ယ်ထားတဲ့ ရှစ်တက်လေခုနှစ်စီး ထပ်ရောက်ဖို့ ရှိပါတယ်။ 
ရိုးရာလှေ ငါးတက် ၁၆ စီးနဲ့ ကျန်တဲ့လှေတွေအားလုံး အဆင်သင့် ဖြစ်နေပါပြီ။ 
အခုလက်ရှိ လက်ရွေးစင် ကစားသမား ၄၂ ဦးက တရုတ်မှာ 
သွားပြီးပူးတွဲလေ့ကျင့်နေပါတယ်။  
 
 သူတို့ ပြန်ရောက်တာ နဲ့ လက်ရွေးစင်ကစားသမား အားလုံးခေါ်ပြီး နေပြည်တော်မှာသွားလေ့ကျင့်မှာပါ ”ဟု ပြောကြားခဲ့သည်။
 
 
 မြန်မာ့ရိုးရာလှေလှော် အားကစား အဖွဲ့သည် ပြီးခဲ့သည့် ၂၆ ကြိမ်မြောက် 
အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၀ ခု၊ 
ငွေတံဆိပ်ခြောက်ခုနှင့် ကြေးတံဆိပ်သုံးခု ရယူပေးခဲ့ပြီး ဆုတံဆိပ် အများ 
ဆုံး ရယူပေးခဲ့သည့် အားကစားအဖွဲ့ ဖြစ်သည်။
 
 သောကြာ
 Mizzima - News in Burmese
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
ငလိုက်ဆည်သည် နွေရာသီ၌ ငလိုက်ဆည်အနီးတစ်ဝိုက်ရှိ စိုက်ပျိုးလယ်များသို့ ရေများပေးဝေခဲ့ရ သဖြင့် လက်ရှိအချိန်တွင် ဆည်အတွင်းရှိ ရေပမာဏမှာ လျော့နည်းနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ လှေ လှော် အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမြတ်ကျော်က “လောလောဆယ် သတ်မှတ်ထားတဲ့ ရေစံနှုန်း မပြည့်သေးတာပါ။ ပြိုင်ပွဲလုပ်မယ့်အချိန်နီးလေလေ
ဒါက ခါတိုင်းနှစ် တွေကို လေ့လာချက်အရပေါ့။ နေပြည်တော်မှာ မိုးရွာတာ ကျဲနေပါသေးတယ်။ ၁၄၊ ၁၅ ရက်လောက် ရွာလိုက်မယ်ဆို ရင် တောင်ကျ ရေတွေကနေ တဖြည်းဖြည်း ပြည့်လာ မှာပါ”ဟု ပြောကြား သည်။
လက်ရှိအချိန်တွင် လက်ရွေးစင် လှေလှော်အားကစားသမား ၄၂ ဦးသည် တရုတ်နိုင်ငံ၌ သွားရောက်ပူး တွဲ လေ့ကျင့်လျက်ရှိပြီး စက်တင်ဘာ ၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
ဆက်လက်၍ ဦးမြတ်ကျော်က “ဒီလကုန်မှာ တရုတ်က၀ယ်ထားတဲ့ ရှစ်တက်လေခုနှစ်စီး ထပ်ရောက်ဖို့ ရှိပါတယ်။ ရိုးရာလှေ ငါးတက် ၁၆ စီးနဲ့ ကျန်တဲ့လှေတွေအားလုံး အဆင်သင့် ဖြစ်နေပါပြီ။ အခုလက်ရှိ လက်ရွေးစင် ကစားသမား ၄၂ ဦးက တရုတ်မှာ သွားပြီးပူးတွဲလေ့ကျင့်နေပါတယ်။
သူတို့ ပြန်ရောက်တာ နဲ့ လက်ရွေးစင်ကစားသမား အားလုံးခေါ်ပြီး နေပြည်တော်မှာသွားလေ့ကျင့်မှာပါ
မြန်မာ့ရိုးရာလှေလှော် အားကစား အဖွဲ့သည် ပြီးခဲ့သည့် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ်ခြောက်ခုနှင့် ကြေးတံဆိပ်သုံးခု ရယူပေးခဲ့ပြီး ဆုတံဆိပ် အများ ဆုံး ရယူပေးခဲ့သည့် အားကစားအဖွဲ့ ဖြစ်သည်။
သောကြာ
Mizzima - News in Burmese

No comments:
Post a Comment