ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲကိုဝင်ပြီးကော်ဖီနှစ်ခွက်မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိတဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်... စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ
 ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး 
ကော်ဖီမှာပါတယ်...မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ 
သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ.. ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်..သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်.. ကျွန်တော့်သူငယ်ချင်းကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေကဘာလုပ်တာလဲဆိုတော့...သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်းဘာမှဆက်မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာကိုစဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက်မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်...နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ်...ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က
 ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး 
ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ...ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ??? အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက်သွားတဲ့လူတွေကို ကြည့်နေမိတယ်...အဲ့ဒီအချိန်မှာပဲ
 အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် 
ဆိုင်ထဲဝင်လာတယ်...မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended 
Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ..တဲ့...ကျွန်တော်ကောင်းကောင်းသဘောပေါက်သွား တယ်...ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..လူတွေက
 သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက်
 coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် 
ငွေကြိုရှင်းခဲ့ကြတာပါ...
 
 ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့နေပါပြီ..တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...
 
 ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်..သူတို့ရဲ့
 လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို 
ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး 
တင်ပေးလိုက်ပါတယ်.. ကျွန်တော်တို့ဗုဒ္ဒဘာသာမြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်... ညှိုးနွမ်းနေတဲ့မျက်နှာတွေနဲ့ ကလေးငယ်တွေ..သက်ကြီးရွယ်အိုတွေ
 ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ လမ်းဘေးမှာ အော်ဟစ် 
ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့
 ထမင်း တစ်ထုတ်လောက်ရှိမလားဆိုပြီး တောင်းခံ ရတာ 
ပိုပြီးသိက္ခာရှိမယ်ထင်တယ်...
 ပြောနေတာကြာတယ်..လက်ထဲမှာ 
ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ 
ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ 
သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ 
အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...
 ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက်စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့...အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...
 
 ဒီPost လေးကို Like လုပ်ပါ..Share ပါ...ဒီအလေ့အထလေးကို မြန်မာနိုင်ငံမှာဖြစ်မြောက်လာအောင် တစ်ယောက်တစ်အား ၂၀၀-၃၀၀ ကစလို့ ၀ိုင်းဝန်း ကူညီကြပါလို့ပြောချင်ပါတယ်...
 
 Facts:
 • This story has been circulating over the internet
 recently with unknown origin.
 • No accounts for how long or widespread the
 Italian tradition of "suspended coffee" or "caffè
 sospeso" might be.
 • A March 2013 report from Agence France Presse
 about it also described the practice as an old Italian
 tradition that had since taken root in Bulgaria.
 • The image commonly used to accompany the
 "suspended coffee" tradition posted on social media
 sites is an unrelated photo by Washington Post last
 March 2012 featuring a homeless man named Cal
 Walker sipping a coffee at a diner.
 • The latest example of embracing this Italian
 tradition is Bulgaria with more than 150 coffee
 shops across the country devoted to helping the
 poor ones.
 
 Steven Linn
 
No comments:
Post a Comment