Monday, July 29, 2013

သဲချောင်းတွင် ဘင်္ဂလီ မူဆလင်သီးသန့်သုံး ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်စီစဉ်



စစ်တွေ၊ ၃၀ ဇူလိုင်လ ၂၀၁၃။ Rakhine News Group

စစ်တွေမြို့ သဲချောင်းမူဆလင်များစခန်းတွင် ရန်ကုန်နှင့် အိမ်နီးချင်းနိုင်ငံများသို့သွားလာနိုင်သည့် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်ခုကို နိုင်ငံခြားအဖွဲ့အစည်း တစ်ခုအကူအညီဖြင့် အစိုးရကတည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ဇွန်လကဖြစ်ပေါ်ခဲ့သော ဘင်္ဂလီ-ရခိုင်ပဋိပက္ခ များအပြီး တွင် သဲချောင်းနှင့် အနီးအနားကျေးရွာများသည် မူဆလင်သီးသန့်ဒေသ များဖြစ်လာကာ အစိုးရ အဖွဲ့အစည်းများပင် လုံခြုံရေးမပါလျှင် သွား၍မရလောက်အောင် သီးသန့်နေရာများဖြစ်လာသည်။

ပြည်နယ်အဆင့်ရုံးမျာဖြစ်ကြသော စက်မှုလယ်ယာဦးစီးဌာန ၊နှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန တို့မှာ ၄င်းမူဆလင်သီးသန့်အပိုင်းတွင်ရှိနေရာ မူလနေရာတွင် ရုံးဖွင့်နိုင်ဘဲ

ရေအရင်းအမြစ်ရုံးသည် မင်းဂံဆင်းရဲသားရပ်ကွက် အိမ်ငယ်တစ်လုံးကိုငှား၍ လည်းကောင်း စက်မှုလယ်ယာရုံးသည် ဘူတာရုံဘေး မြေကွက်လပ်တွင် တဲထိုးကာ ရုံးဖွင့်နေရကြောင်းသိရသည်။

ထို့အပြင် သိန်းပေါင်းများစွာအကုန်ခံကာ ဖေါက်လုပ်ထားသော စစ်တွေ-မင်းဘူးရထားလမ်း၏ ပထမပိုင်းဖြစ်သော စစ်တွေ ရေချမ်းပြင် လမ်းအပိုင်းမှာသဲချောင်း မူဆလင် နေရာများကိုဖြတ်သန်းသွားရသဖြင့် ရထားကိုပြေးဆွဲခြင်း မပြုနိုင်သည်မှာ တနှစ်နီးပါးရှိနေပြီး ရထားလမ်းဇလီဖားတုံများကို ဘင်္ဂလီကုလားများက ခိုးယူသွားသဖြင့် ရထားလမ်းလည်းပျက်စီးသွားပြီဖြစ်သည်။

မြို့၏သချိုင်းဖြစ်သော မှန်စီသချိုင်းမှာလည်း ၄င်းမူဆလင်ဒေသ မှာပင်ရှိနေရာ နာရေးကြုံလာပါက ယခုအမှိုက်ပုံလုပ်ထားသော ယခင်သချိုင်းဟောင်း၌သာ ဖြစ်သလိုသဂြိုလ်နေရသည်။

ယခုကဲ့သို့ ဘင်္ဂလီမူဆလင်များသီးသန့်ဒေသဖြစ်နေပြီး အစိုးရ၏အုပ်ချုပ်ချပ်ရေး ယန္တယား ကောင်းစွာမလည်ပတ် နိုင်သော သဲချောင်း မူဆလင် နေရာများတွင် နိုင်ငံတကာ ဆိမ်ခံတံတားတစ်ခု ကိုတည်ဆောက်မည်ဆိုသောအခါ ဒေသခံတိုင်ရင်းသားများ အထူးစိုးရိမ်လာကြသည်။

ဘင်္ဂလာဒေရှ်နိုင်ငံနှင့် စက်လှေဖြင့် သွားလျင် ၆နာရီသာသွားရသဖြင့် သဲချောင်း စခန်းများအတွက် ကုန်စိမ်းများကိုပင် တဘက် ဘင်္ဂလားဒေရှ့် နိုင်ငံမှဝယ်ယူတင်သွင်းကြသည်။ထို့ကြောင့်သင်္ဘောများ လျင်မြန်စွာသွာလာကုန်တင်ကုန်ချနိုင်သလို မည်သည့်ပစ္စည်းပါလာသည်ကို စစ်ဆေးနိုင်မည်မဟုတ်ပေ။

လေ့လာသုံးသပ်သူတစ်ဦးက “ အခုဟာက အစ္စရေး-ပါလစတိုင်း က ဂါဇာလိုဖြစ်လာပြီ၊ ဂါဇာက ဒုံးကျဉ်နဲ့လှမ်းထုသလိုခံရလာနိုင်တယ်၊ဒါပေမဲ့ ငါတို့အစိုးရက အစ္စရေးလို တုံပြန်မှာမဟုတ်ဘူး” ဟုစိုးရိမ်စွာဖြင့် သုံးသပ်ပြောကြားသည်။

ဘင်္ဂလီစခန်းများသို့ ပြည်နယ်အစိုးရမှ လူဦးရေစာရင်း ကောက် ယူရန်သွားသောအခါ “ ရိုဟင်ဂျာ လွတ်မြောက်နယ်မြေ” ဟု ပေါ်ပေါ်ထင်ထင် ဆိုင်းဘိုးတပ်လျက် အစိုးရ ၀န်ထမ်း၊ လုံခြုံရေးဝန်ထမ်းများကို အကြမ်းဖက်တိုက်ခိုက်ကြသည်။

ဘင်္ဂလီများကို လူဦးရေစာရင်း ကောက်ယူမှုကိုအစိုးရအနေဖြင့် မကောက်ယူနိုင်တော့သဖြင့် ကြားခံ တတိယလူအဖြစ် .နိုင်ငံခြား NGO များကိုအကူအညီတောင်းဆိုနေရသော အစိုးရသည် နိုင်ငံခြားNGO များ၏စာရင်းများကိုသာ အတည်ယူရတော့မည်ဖြစ်သည်။

၁၉၈၂ နိုင်ငံသားဥပဒေအရ ဘင်္ဂလီများကိုနိုင်ငံသားစီစစ်မည် ဟု ပြောဆိုနေသော အစိုးရတွင် နိုင်ငံသား မဖြစ်သူများကို မည်သို့စီရင်မည်ဟု အဖြေမရှိပေ။ နိုင်ငံသားမဖြစ်သော ဘင်္ဂလီများအဖို့ သဲချောင်းဒေသသည်ပင် ၄င်းတို့အတွက် သီးသန့်ဆိပ်ကမ်း၊ ဈေး အဆောက်အဦများနှင့် လွပ်လပ်သော မူဆလင်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသများဖြစ်လာမည်မှာ သေချာလေသည်။

ဓါတ်ပုံ၊ ၂၀၁၂ ဇူလိုင်လ အတွင်းက ဘင်္ဂလီကုလားများအတွက် နေရာစီမံကိန်းများကို အစိုးရက သံတမန်များအားပြသသည့် စီမံကိန်းပုံစံ

Posted From ပြည်ထောင်မြန်မာနိုင်ငံ အတွင်း RAKHINE NEWS GROUP

No comments: