Tuesday, July 30, 2013

ငါအခုမှလွတ်လပ်ပြီ့




လုပ်သက်တစ်ဆယ့်ခွန်
အပြင်လမ်းထွက်ရင်
နောက်ကလိုက်
ခွေးအစောင့်တွေ
မေးသမျှငါဖြေရတာ
နေ့ဓူဝ
ကျောင်းကအပြန်အိမ်အရောက်
အမောမှမပြေ
သမီးရေ
နိင်ငံရေးလုပ်သေးလားတဲ့
ငါအပြုံးနဲ့
အမေ့မျက်ရည်
လွန်ဆွဲနေတဲ့ကာလအိုမှာ
အမေရယ်ဖြေသာစမ်းပါ
မှန်တာလေးတော့ပြောပါရစေ
အုပ်ချုပ်သူရာအိမ်မှူးက
အထက်တန်းမှမအေါင်
အလယ်တန်းမတက်
ငါအဖြေသူနားမလည်
အပွင့်နဲ့ကြယ်တွေ
မေးလိုက်တာအဆက်မပြတ်
လုပ်သေးလားနိင်ငံရေး
ကျမအဖြေသေချာစေချင်ရင်
ကျမအမေနှလုံးသွေးရပ်ရင်
လူသတ်မှု့တရား
ခင်များတို့ကိုတရားစွဲမယ်

ငါနင်သူ
လူတွေက
ကိုယ့်ရေမြေကိုနင်း
ကိုယ့်အချင်းချင်းမသတ်ပါ်
တကယ်သတ် သူ
အရေးယူပါ
လျောက်လွှဲချက် မလိုတဲ့
အပြစ်စကားကတော့
ငါအစဉ်ကြားနေရတာ
ငြိမ်းချမ်းရေး
ပွင့်လင်းစွာတိုင်းပြည်အကျိုးပြုတွေ
ကိုယ်သမိုင်းကလိပ်ပြာလုံတယ်
လူတွေဘဝနင်းချေရမှ
ထမင်းစားသူများ
ပြည်သူ့ဘဏ္ဍာဝှက်ယူပါမှ
ထမင်းစားရမည့်သူများ
မမြဲအာဏာခဏတာအတွက်
ကျားကွက်ရွေ့ဘာသာရေး
မှိုင်းတိုက်သူများ
အပြစ်မရှိတရားမွေ့သံဃာတော်မြတ်များ
များကို
စစ်ဘီးလူတွေနင်းခြေ
သက်သေကရွှေဝါရောင်ဟေ့
တိုင်းပြည်ကိုမွဲပြာ
သံဃာတွေဥပဒေထုတ်
လူညံ့တွေရဲ့ရာဇာပလ္လင်
ငရဲမကြောက်တဲ့
မိစ္ဆာတွေပျော်စံရာ

မြေ
ရေ
လေ
ဘေးကင်းပါစေဆုမွန်ချွေ
ငါတို့ချစ်တဲ့အမိမြေ
ငါအခုမှလွတ်လပ်ပြီ့

No comments: