Tuesday, July 30, 2013

စစ်ရေယာဉ် အောင်ဇေယျ



စစ်ရေယာဉ် အောင်ဇေယျ F-11 အား အပေါ်စီးမှ တွေ့မြင်ရပုံ ဖြစ်ပါသည်။ Sensor (Radar / Sonar) များမှာ သင့်တင့် အားရဖွယ်တပ်ဆင်ထားပြီး လိုက်လျောညီထွေသော CIWS ၊ ECM ၊ ESM နှင့် Surface Weapon များဖြင့် ဝန်းရံထားသည်။ Integrated Combat Control System ကြောင့် သာ၍ ပြည့်စုံသည်ဟု ဆိုနိုင်သည်။ မကြာသော အနာဂတ်တွင် Torpedo အပါအဝင် ASW Weapon များ အဆင့်မြှင့်တင်ခြင်း၊AA အတွက် SAM များ တပ်ဆင်ခြင်း၊ Missile အလုံးရေနှင့် Main Gun အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်၍ Integrated System နှင့် ပို၍ အချိတ်အဆက်မိပါက အတိုင်းထက်အလွန်ပင် ဖြစ်ပါမည်။

နောက်ဆုံးအနေဖြင့် Heli Deck တွင် Heli Grid တပ်ဆင်၍ ASW ရဟတ်တစ်စီး တင်လိုက်ပါက ....... Bay of Bengal နှင့် Adman Sea အတွင်း အလံတလူလူ လွှင့်နေရုံသာ။

ထို့အတူ ထပ်မံပွဲထွက်လာမည့် F-12 / F-13 / 773 တို့သည်လည်း သာ၍ ကောင်းမွန်သည်ဟု ဆိုပါက ..... Surface Role တွင် Diplomacy is the first line of Defence ကို နတ်မြစ်ဝအလယ်တွင် ဘေးနိုင်ငံအတွက် လက်ဆောင်အဖြစ် မြှုပ်နှံထားရုံသာ ရှိတော့မည် ။

ဆရာဆောင်

( ဓါတ်ပုံပေးပို့သော ကို Zaw Naing အား ကျေးဇူးတင်ပါသည် )

No comments: