ကိုင်ရို၊ ဇူလိုင် ၃၀
 
 စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်ချခံ  
လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော 
အီဂျစ်နိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများ အဆမတန် မြင့်တက်လျက်ရှိရာ 
နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများလည်း 
ကြီးထွားလျက်ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင်
 ရေးသားဖော်ပြသည်။
 
 အီဂျစ်တွင် 
စစ်တပ်အာဏာသိမ်း ပိုက်လိုက်ကာ ကြားဖြတ်အစိုးရ တင်မြှောက်လိုက်သည့် 
အချိန်မှစ၍ သမ္မတဟောင်း မော်စီနှင့် မွတ်ဆလင်ညီနောင်များ အဖွဲ့ ကို 
ထောက်ခံသူများနှင့် ဆန့်ကျင်သူများအ ကြား ပဋိပက္ခများနှင့် 
အကြမ်းဖက်တိုက်ခိုက် မှုများ အဆမတန် များပြားလာသောကြောင့် နိုင်ငံသားများ၏ 
စိုးရိမ်ပူပန်မှုမှာ လွန်စွာ ကြီးထွားလျက်ရှိသည်ဟု ယင်းကဏ္ဍတွင် ဖော်ပြထားသည်။
 
 လက်ရှိအနေအထားတွင် မော်စီကို ထောက်ခံသူများက ၄င်းအာဏာပြန်လည် မရရှိသရွေ့  
ကိုင်ရိုမြို့ တော်အရှေ့ ဘက်၌ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြမှုများကို 
စွန့်လွှတ်မည်မဟုတ်ကြောင်း တောင်းဆို ထားသည်။
 
 တစ်ချိန်တည်းမှာပင် 
မော်စီကိုဆန့် ကျင်ပြီး စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူ အင်အားစုများကလည်း 
ဆန္ဒပြမှုများ ပြုလုပ်ကြရာ နှစ်ဖက်ထိပ်တိုက် တွေ့ဆုံကာ  
ပဋိပက္ခများဖြစ်ပွားသလို အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှုများလည်း 
ဖြစ်ပွားလျက် ရှိသည်။
 
 နေစဉ်ရက်ဆက်နီးပါး ပေါ်ထွက်နေ သည့် 
အဆိုပါဖြစ်စဉ်များကြောင့် ကိုင်ရိုမြို့ တစ်မြို့ တည်းတွင်ပင် လူပေါင်း 
ဒါဇင်နှင့်ချီ ၍သေဆုံးခဲ့ပြီး ရာပေါင်းများစွာဒဏ်ရာရရှိ ခဲ့ကြသည်။
 
 အီဂျစ်အစိုးရကလည်း မော်စီကို ထောက်ခံသူများအနေနှင့် ဆန္ဒပြမှုများကို 
အမြန်ဆုံးအဆုံးသတ်ရန် သတိပေးကြေ ညာထားရာ ဆူပူအကြမ်းဖက်မှုများပိုမိုဖြစ် 
ပေါ်မည့် အလားအလာများရှိနေသည်။
 
 ယခုတစ်ပတ် တနင်္လာနေ့က CNN 
သတင်းဌာနနှင့် ပြုလုပ်သောအင်တာဗျူး တွင် အီဂျစ်ကြားဖြတ် ဝန်ကြီးချုပ် ဟာဇန်
 အယ်လ်ဘက်လာဝီက "ဟုတ်ပါတယ်၊ အခြေအနေတွေက တင်းမာနေပါတယ်။ ကျွန်တော်တို့မှာ 
အင်မတန်ခက်ခဲတဲ့အခြေအနေ မျိုးဖြစ်နေတယ်ဆိုတာကို ဘယ်သူမှငြင်းနိုင် မှာ 
မဟုတ်ပါဘူး" ဟု ပြောကြားသည်။
  
 ကြောက်မက်ဖွယ်ရာ ကောင်းသော 
ဆန္ဒပြမှုများ တစ်လနီးပါးခန့် ဖြစ်ပွားခဲ့သော် လည်း အစိုးရအနေနှင့် 
အခြေအနေများ မူလအနေအထားအတိုင်း ပြန်လည်ရရှိနိုင် ရေးအတွက် အနည်းအကျဉ်းမျှသာ
 ကြိုးစား လုပ်ဆောင်နိုင်ကြောင်း ၄င်းကပြောကြား သည်။
 
 လက်ရှိ အီဂျစ်နိုင်ငံ၏ အခြေအနေ မှာ ထိန်းမနိုင်သိမ်းမရပုံစံမျိုးဖြ င့်
 ဖရိုဖရဲဖြစ် လျက်ရှိပြီး ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ် အာဏာရှင်သမ္မတ 
ဟိုစနီမူဘာရက်အစိုးရ ကိုဖြုတ်ချသည့် လူထုဆန္ဒပြမှုကြီးနောက်ပိုင်း 
အဆိုးရွားဆုံးဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူများကဆိုသည်။
 
 
အမေရိကန်ပြည်ထောင်စုကမူ အီ ဂျစ်နိုင်ငံသည် ချောက်ထဲကျလုဆဲဆဲ အခြေ 
အနေသို့ရောက်ရှိနေပြီး ယင်းအခြေအနေမှ  အမြန်ဆုံး ပြန်လည်ဆုတ်ခွာရန် 
တိုက်တွန်း ပြောဆိုထားသည်။
ကိုင်ရို၊ ဇူလိုင် ၃၀
စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်ချခံ လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများ အဆမတန် မြင့်တက်လျက်ရှိရာ နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများလည်း ကြီးထွားလျက်ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင် ရေးသားဖော်ပြသည်။
အီဂျစ်တွင် စစ်တပ်အာဏာသိမ်း ပိုက်လိုက်ကာ ကြားဖြတ်အစိုးရ တင်မြှောက်လိုက်သည့် အချိန်မှစ၍ သမ္မတဟောင်း မော်စီနှင့် မွတ်ဆလင်ညီနောင်များ အဖွဲ့ ကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအ ကြား ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက် မှုများ အဆမတန် များပြားလာသောကြောင့် နိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုမှာ လွန်စွာ ကြီးထွားလျက်ရှိသည်ဟု ယင်းကဏ္ဍတွင် ဖော်ပြထားသည်။
လက်ရှိအနေအထားတွင် မော်စီကို ထောက်ခံသူများက ၄င်းအာဏာပြန်လည် မရရှိသရွေ့ ကိုင်ရိုမြို့ တော်အရှေ့ ဘက်၌ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြမှုများကို စွန့်လွှတ်မည်မဟုတ်ကြောင်း တောင်းဆို ထားသည်။
တစ်ချိန်တည်းမှာပင် မော်စီကိုဆန့် ကျင်ပြီး စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူ အင်အားစုများကလည်း ဆန္ဒပြမှုများ ပြုလုပ်ကြရာ နှစ်ဖက်ထိပ်တိုက် တွေ့ဆုံကာ ပဋိပက္ခများဖြစ်ပွားသလို အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ပွားလျက် ရှိသည်။
နေစဉ်ရက်ဆက်နီးပါး ပေါ်ထွက်နေ သည့် အဆိုပါဖြစ်စဉ်များကြောင့် ကိုင်ရိုမြို့ တစ်မြို့ တည်းတွင်ပင် လူပေါင်း ဒါဇင်နှင့်ချီ ၍သေဆုံးခဲ့ပြီး ရာပေါင်းများစွာဒဏ်ရာရရှိ ခဲ့ကြသည်။
အီဂျစ်အစိုးရကလည်း မော်စီကို ထောက်ခံသူများအနေနှင့် ဆန္ဒပြမှုများကို အမြန်ဆုံးအဆုံးသတ်ရန် သတိပေးကြေ ညာထားရာ ဆူပူအကြမ်းဖက်မှုများပိုမိုဖြစ် ပေါ်မည့် အလားအလာများရှိနေသည်။
ယခုတစ်ပတ် တနင်္လာနေ့က CNN သတင်းဌာနနှင့် ပြုလုပ်သောအင်တာဗျူး တွင် အီဂျစ်ကြားဖြတ် ဝန်ကြီးချုပ် ဟာဇန် အယ်လ်ဘက်လာဝီက "ဟုတ်ပါတယ်၊ အခြေအနေတွေက တင်းမာနေပါတယ်။ ကျွန်တော်တို့မှာ အင်မတန်ခက်ခဲတဲ့အခြေအနေ မျိုးဖြစ်နေတယ်ဆိုတာကို ဘယ်သူမှငြင်းနိုင် မှာ မဟုတ်ပါဘူး" ဟု ပြောကြားသည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဆန္ဒပြမှုများ တစ်လနီးပါးခန့် ဖြစ်ပွားခဲ့သော် လည်း အစိုးရအနေနှင့် အခြေအနေများ မူလအနေအထားအတိုင်း ပြန်လည်ရရှိနိုင် ရေးအတွက် အနည်းအကျဉ်းမျှသာ ကြိုးစား လုပ်ဆောင်နိုင်ကြောင်း ၄င်းကပြောကြား သည်။
လက်ရှိ အီဂျစ်နိုင်ငံ၏ အခြေအနေ မှာ ထိန်းမနိုင်သိမ်းမရပုံစံမျိုးဖြ
အမေရိကန်ပြည်ထောင်စုကမူ အီ ဂျစ်နိုင်ငံသည် ချောက်ထဲကျလုဆဲဆဲ အခြေ အနေသို့ရောက်ရှိနေပြီး ယင်းအခြေအနေမှ အမြန်ဆုံး ပြန်လည်ဆုတ်ခွာရန် တိုက်တွန်း ပြောဆိုထားသည်။

No comments:
Post a Comment