မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
တကောက်ကောက်လိုက်နေတဲ့ မြန်မာ့ထောက်လှမ်းရေး
 Tuesday, July 30, 2013
 
  မြန်မာပြည်မှာ ထောက်လှမ်းရေးတွေ ဘယ်လောက် လှုပ်ရှားနေသလဲ။ လောလောဆယ်တော့ အဖွဲ့ ၂ ခု ရှိနေပါတယ်။
  စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ ပြီးတော့ .... SB လို့ ခေါ်တဲ့ နာမည်ကြီး ရဲထောက်လှမ်းရေးအဖွဲ့။
 
 
 ဒါက ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖော်ပြထားတဲ့ http://www.irrawaddy.org/archives/40886
 In Burma, Internal Spy Network Lives On ဆောင်းပါးမှာ ရေးထားပါတယ်။
 
 သိပ်မကြာသေးခင်  AP သတင်းသမားတွေ မိတ္ထီလာ သွားတုန်းကတော့ 
စောင့်ကြည့်ထောက်လှမ်းသူတွေက နေရာတကာမှာ ရှိနေတယ်၊ နောက်ကနေလည်း 
ဆိုင်ကယ်နဲ့ လိုက်တာ ခံရပါတယ်။
 
 သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်ကတော့ - SB တွေက စာနယ်ဇင်းသမားတွေကို   စောင့်ကြည့်တာတွေ မလုပ်တော့ပါဘူး တဲ့။
 
 သို့သော်လည်း စောင့်ကြည့်တာတွေကတော့ သေချာပေါက် ရှိနေတာပါ။
 ဒီနှစ်ဆန်းပိုင်း AP သတင်းအဖွဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းကို သွားတော့လည်း စောင့်ကြည့်ပါတယ် -
 ဘာကြောင့် စောင့်ကြည့်တာလဲ ဆိုတဲ့ မေးခွန်းကို ရဲဗိုလ်မှူး ဇော်မင်းဦးက အခုလို ဖြေပါတယ်...
 "ခင်ဗျားတို့ ဘာလုပ်တယ်၊ ဘယ်သူနဲ့ တွေ့တယ်၊ ဘာစားတယ် ဆိုတာ မှတ်တမ်းတင်ဖို့ လိုတယ်။ ခင်ဗျားတို့က ကျနော်တို့ရဲ့ ဧည့်သည်တွေပဲ" တဲ့။
 
 မူရင်းဆောင်းပါးကို  http://www.irrawaddy.org/archives/40886 မှာ ဖတ်နိုင်ပါတယ်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment