မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
လွှတ်တော် အမတ်များကို မြို့နယ် အာဏာပိုင်များ အသိအမှတ်မပြုမှု လွှတ်တော်တွင် ဆွေးနွေး
 
 ရန်ကုန်၊ ဇူလိုင် ၂၉
 
 ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင် 
အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ် တာဝန် ထမ်းဆောင်နေသူများ ကို ပြည်နယ်နှင့်
 တိုင်းဒေသကြီးများမှ မြို့နယ် အာဏာပိုင် အချို့က အသိအမှတ် မပြုမှုနှင့် 
စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးခဲ့ကြောင်း လွှတ်တော် 
ကိုယ်စားလှယ်များက ပြောကြားသည်။
 
 
ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် 
အစည်းအဝေး တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အာဏာပိုင် အချို့သည် 
လွှတ်တော် ကိုယ်စားလှယ်များကို အသိအမှတ် မပြုကြောင်း၊ ယင်းကြောင့် 
ပြည်ထောင်စု အစိုးရက မြို့နယ် အာဏာပိုင်များ ကို မည်သို့ ညွှန်ကြားထားသည်ကို
 သိရှိလိုပါကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက 
မေးမြန်းခဲ့ခြင်း ဖြစ်သည်။
 
 ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ 
အုပ်ချုပ်ရေး တာဝန်ရှိသူ အချို့သည် သက်ဆိုင်ရာ မြို့နယ် လွှတ်တော် 
ကိုယ်စားလှယ်များကို အသိအမှတ်ပြုခြင်း မရှိသည့်အပြင် ပူးပေါင်း 
ဆောင်ရွက်မှုလည်း မရှိကြောင်း၊ အခြား မြို့နယ်များ၊ ပြည်နယ်များတွင်လည်း 
ယင်းကဲ့သို့ ပြုမူနေကြောင်း ဒေါက်တာ သန်းဝင်းက ဆိုသည်။
 
 
အများပြည်သူနှင့် သက်ဆိုင်သည့် အခမ်းအနားများတွင် လွှတ်တော် 
ကိုယ်စားလှယ်များကို အသိအမှတ်ပြု ဖိတ်ကြားခြင်းမရှိဘဲ ဖိတ်ကြားလျှင်လည်း 
လေးစားစွာ မဆက်ဆံသဖြင့် ပြည်သူများ၏ အမြင်တွင် လွှတ်တော် ကိုယ်စားလှယ်များ၏ 
ပုံရိပ် ကျဆင်းစေကြောင်း ဒေါက်တာသန်းဝင်းက ဆက်လက် ပြောကြားသည်။
 
 
ယင်းသို့ မြို့နယ် အာဏာပိုင်များ၏ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသည့် အပေါ် 
ပြည်ထဲရေး ဝန်ကြီးဌာနက မည်သို့ ညွှန်ကြားထားသည်ကို သိရှိလိုကြောင်း ၎င်းက 
ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။ 
 
 “လွှတ်တော် ကိုယ်စားလှယ်တွေက
 အများပြည်သူနဲ့ ဆိုင်တဲ့ အစည်းအဝေးတွေကို အများနည်းတူ တက်ရောက်နိုင်ခွင့် 
ရှိပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေကို ပြည်ထောင်စု အစိုးရရဲ့ 
ညွန်ကြားချက်နဲ့ ပူးပေါင်းဖို့ ညွှန်ကြားထားပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာန 
ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ယင်းမေးခွန်းကို ပြန်လည် 
ဖြေကြားထားသည်။
 
 သက်ဆိုင်ရာ နယ်မြေဒေသဆိုင်ရာ အရေးကိစ္စများကို 
လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်သို့ တိတိကျကျ တင်ပြနိုင်ရန် 
သက်ဆိုင်ရာ ဒေသများမှ ဝန်ကြီးဌာနများက တာဝန်ယူ ဆောင်ရွက်ရန် ရှိသည်များကို 
အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ရုံနှင့် မပြီးဘဲ လွှတ်တော် 
ကိုယ်စားလှယ်များကို ရှင်းပြရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ 
သူရဦးရွှေမန်းက ပြောကြားသည်။
 
 ထို့အပြင် ပြည်ထဲရေး ဝန်ကြီးဌာန 
ဒုတိယ ဝန်ကြီး၏ ပြန်လည် ဖြေကြားချက် တွင် လွှတ်တော် ကိုယ်စားလှယ်များကို 
အများနည်းတူဟု သုံးနှုန်းခြင်းအပေါ် အလေးအနက်ထား စဉ်းစားရန် လိုကြောင်း၊ 
လွှတ်တော် ကိုယ်စားလှယ်များ မှာ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်၍ အများနည်းတူ
 ဆက်ဆံ၍ မရကြောင်း သူရဦးရွှေမန်းက ပြည်ထဲရေး ဒုတိယဝန်ကြီးကို ပြောကြားသည်။ 
 
 တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်၊ ရပ်ကွက်နှင့် 
ကျေးရွာအုပ်စု ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီများကို 
သက်ဆိုင်ရာ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ 
အမှုဆောင် အရာရှိ အပါအဝင် အဖွဲ့ဝင် အများဆုံး ကိုးဦးအထိ ပါဝင် 
ဖွဲ့စည်းရန်နှင့် ယင်းကော်မတီများက လွှတ်တော် ကိုယ်စားလှယ်များထံမှ အကြံဉာဏ်
 ရယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီလအတွင်း 
အမိန့် ထုတ်ပြန်ထားသည်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment