မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
ယာဉ်နောက်လိုက်၏ ဦးခေါင်း (၃၉) အထူးယာဉ် ကြိတ်
 ရန်ကုန်၊ ဇူလိုင် ၂၉
 
 ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းဆုံ 
မီးပွိုင့်တွင် ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မ.ထ.သ (၃၉) 
အထူးယာဉ်မှ အသက် ၂၅ နှစ်ခန့်ရှိ ယာဉ် နောက်လိုက် တစ်ဦး ယာဉ်ပေါ်သို့ 
ခုန်တက်စဉ် ခြေချော်ကျကာ ၎င်း၏ ဦးခေါင်းကို အဆိုပါယာဉ် ၏ နောက်ဘီးဖြင့် 
ကြိတ်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လှိုင်မြို့နယ် 
ယာဉ်ထိန်းတပ်ဖွဲ့စု (၁၆) ရုံးမှ ယာဉ်ထိန်း အရာရှိ တစ်ဦးက The Voice သို့ 
ပြောကြားသည်။
 
 ဒဂုံမြို့သစ် 
(တောင်ပိုင်း) မြို့နယ်မှ လှိုင်သာယာ မြို့နယ်သို့ ပြေးဆွဲသော မ.ထ.သ (၃၉) 
အထူးယာဉ် သည် ပါရမီလမ်းသို့ ကွေ့ကြောမှ ကွေ့ဝင်ကာ ယာဉ်ကို ဂငယ်ကွေ့ ကွေ့၍ 
ဘုရင့်နောင်လမ်းမ ပေါ်သို့ ပြန်အတက် ယာဉ်နောက်လိုက်က ယာဉ်ပေါ် ခုန်တက်ရာ 
ခြေချော် ပြုတ်ကျပြီး ဦးခေါင်း ကို ကြိတ်မိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 
 
 ဘုရင့်နောင် လမ်းမကြီးနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် မ.ထ.သ (၃၉) 
အထူးယာဉ် အများစုသည် မီးပွိုင့်မိပါက ပါရမီလမ်းအတွင်းသို့ ကွေ့ဝင်ကာ 
ပါရမီလမ်းအတွင်း ရောက်ပါက ဂငယ်ကွေ့ ပြန်ကွေ့ကာ ဘုရင့်နောင် လမ်းပေါ်သို့ 
ပြန်လည် ဝင်ရောက်လေ့ရှိကြောင်း အဆိုပါ မီးပွိုင့် တာဝန်ကျ ယာဉ်ထိန်းရဲ 
တစ်ဦးက ပြောကြားသည်။
 
 ယာဉ်နောက်လိုက်သည် မောင်းဟု အော်ပြီး 
ယာဉ်ပေါ်သို့ ခုန်တက် စဉ် ဘောင်းဘီနှင့် တံခါး ငြိကာ တလိမ့်ခေါက်ကွေး 
ပြုတ်ကျပြီး တက်ကြိတ်ခံ ရခြင်း ဖြစ်ကြောင်း အဆိုပါ အနီးရှိ ကုန်တင် 
ယာဉ်မောင်း တစ်ဦးက ပြော ကြားသည်။
 
 (၃၉) အထူးယာဉ်လိုင်းမှ 
ယာဉ်မောင်းသည် ယာဉ်ကို ထားကာ ထွက်ပြေး ခဲ့ပြီး ညနေ ၄ နာရီတွင် 
လှိုင်မြို့နယ် ပိတောက်ချောင်း ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း 
အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
 
 KHN
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment