ဇူလိုင်လ (၁၉) ရက်နေ့၌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ 
ဗိုလ်ချုပ် အောင်ဆန်းတက်ရောက်ပညာ သင်ကြားခဲ့ဖူးသော ရေနံချောင်း  အမှတ် (၁) 
အခြေခံပညာအထက်
 
 တန်းကျောင်းသို့သွားရောက်ခဲ့စဉ်  အတွင်း ကျောင်း၌သိမ်းဆည်းထား  သော ဗိုလ်ချုပ်အောင်ဆန်းလက် ရေးမူဆိုသည့်စာအုပ်ကို ကျောင်းအုပ်ဆရာမကြီး၏လှူဒါန်း  ချက်အရလက်ခံခဲ့ပြီး 
 
 အဆိုပါ စာအုပ်မှာ ဗိုလ်ချုပ်၏လက်ရေး မူအစစ်ဟုတ်ခြင်းမဟုတ်ခြင်းအ တွက် မူ 
မိမိအနေဖြင့် တစ်စုံတစ်ရာ သော အာမခံချက် မပေးနိုင်ကြောင်း  
ပြည်ထောင်စုလွှတ်တော်၌
  ဒေါ်အောင်ဆန်းစုကြည်မှ Hot News  ၏မေးမြန်းချက်အားဖြေ ကြားသည်။
 
 “ဒီကိစ္စအမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ တွေ့တုန်းကလည်း ကျွန်မပြောခဲ့ပါတယ်။
 အဓိကက တော့စစ်တယ်။ မစစ်ဘူးပေါ့နော်။ ကျွန်မမှာလည်း ဖေဖေရဲ့လက်ရေး မူတွေ 
သိမ်းထားတာရှိပါတယ်။ 
 
 ဒီရေနံချောင်းက စာအုပ်ကဘာလို့  စစ်တယ်၊ 
မစစ်ဘူး။ အာမမခံနိုင် ရသလဲဆိုတော့ လက်ရေးဆိုတာ က အပြောင်းအလဲရှိလာတတ် တယ်။ 
ဒီတော့ ကျွန်မမှာရှိတဲ့ ဖေဖေ့လက်ရေးမူတွေနဲ့ တိုက်စစ် မယ်။ 
 
 
အဲသလိုတိုက်ဆိုင်စစ်ဆေး  ကြည့်လို့စစ်တယ်ဆိုရင် နိုင်ငံခြား  
ကပညာရှင်တွေကို အကူအညီ တောင်းပြီးတော့ သူတို့ဆီမှာရှိတဲ့ 
စက္ကူထိန်းသိမ်းရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ 
ထိန်းသိမ်းရမယ်။
 
  သေသေချာချာ  ထိန်းသိမ်းပြီဆိုမှ Scan ပွားပြီး 
လုပ်လို့ရပြီပေါ့နော်။ ဒါပေမဲ့ စစ်ဆေးမှုတွေတော့လုပ်ရဦးမယ်။ ခုဟာနဲ့ပတ် 
သက်ပြီးတော့ ဖေဖေ့ လက်ရေးမူအစစ်ဟုတ်တယ်၊ မဟုတ်ဘူးကျွန်မကမမခံနိုင်သေး 
ပါဘူး”ဟုဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားခဲ့သည်။
 
 
အင်တာနက်စာမျက်နှာများ ၌ အဆိုပါစာအုပ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ၏သဘော 
ထားအချို့အားဖော်ပြထားရာ၌ ဗိုလ်ချုပ်လက်ရေးမူစစ်မှန်ပါက 
ဗိုလ်ချုပ်တက်ရောက်ပညာသင် ကြားခဲ့သော 
 
 ရန်ကုန်တက္ကသိုလ် တွင် 
သမိုင်းဝင်အထိမ်းအမှတ်တစ်  ခုအနေဖြင့် ထားရှိစေလိုကြောင်း နှင့် 
မစစ်မှန်ပါကလည်းမူလ ယူ ဆောင်ခဲ့ သည်ရေနံချောင်းအထက (၁) ၌သာပြန်လည်ထားရှိစေ 
လို ကြောင်းဖော်ပြထားပါသော်လည်း  
 
 အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးခင်အောင်မြင့်ကမူ နိုင်ငံတော် အဆင့်ဝင်သမိုင်းပစ္စည်းတစ်ခုဖြစ်  သည်နှင့် အညီနိုင်ငံတော်မှ ထိန်းသိမ်းပါက ပိုမိုသင့်လျော်မည်  ဖြစ်ကြောင်းပြောကြားခဲ့သည်။
 
 
 ခန့်ခန့်(ဒဿနိက)
 Hotnews Journal
ဇူလိုင်လ (၁၉) ရက်နေ့၌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ဗိုလ်ချုပ် အောင်ဆန်းတက်ရောက်ပညာ သင်ကြားခဲ့ဖူးသော ရေနံချောင်း အမှတ် (၁) အခြေခံပညာအထက်
တန်းကျောင်းသို့သွားရောက်ခဲ့စဉ်
အဆိုပါ စာအုပ်မှာ ဗိုလ်ချုပ်၏လက်ရေး မူအစစ်ဟုတ်ခြင်းမဟုတ်ခြင်းအ တွက် မူ မိမိအနေဖြင့် တစ်စုံတစ်ရာ သော အာမခံချက် မပေးနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်၌
ဒေါ်အောင်ဆန်းစုကြည်မှ Hot News ၏မေးမြန်းချက်အားဖြေ ကြားသည်။
“ဒီကိစ္စအမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ တွေ့တုန်းကလည်း ကျွန်မပြောခဲ့ပါတယ်။ အဓိကက တော့စစ်တယ်။ မစစ်ဘူးပေါ့နော်။ ကျွန်မမှာလည်း ဖေဖေရဲ့လက်ရေး မူတွေ သိမ်းထားတာရှိပါတယ်။
ဒီရေနံချောင်းက စာအုပ်ကဘာလို့ စစ်တယ်၊ မစစ်ဘူး။ အာမမခံနိုင် ရသလဲဆိုတော့ လက်ရေးဆိုတာ က အပြောင်းအလဲရှိလာတတ် တယ်။ ဒီတော့ ကျွန်မမှာရှိတဲ့ ဖေဖေ့လက်ရေးမူတွေနဲ့ တိုက်စစ် မယ်။
အဲသလိုတိုက်ဆိုင်စစ်ဆေး ကြည့်လို့စစ်တယ်ဆိုရင် နိုင်ငံခြား ကပညာရှင်တွေကို အကူအညီ တောင်းပြီးတော့ သူတို့ဆီမှာရှိတဲ့ စက္ကူထိန်းသိမ်းရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ ထိန်းသိမ်းရမယ်။
သေသေချာချာ ထိန်းသိမ်းပြီဆိုမှ Scan ပွားပြီး လုပ်လို့ရပြီပေါ့နော်။ ဒါပေမဲ့ စစ်ဆေးမှုတွေတော့လုပ်ရဦးမယ်။ ခုဟာနဲ့ပတ် သက်ပြီးတော့ ဖေဖေ့ လက်ရေးမူအစစ်ဟုတ်တယ်၊ မဟုတ်ဘူးကျွန်မကမမခံနိုင်သေး ပါဘူး”ဟုဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားခဲ့သည်။
အင်တာနက်စာမျက်နှာများ ၌ အဆိုပါစာအုပ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ၏သဘော ထားအချို့အားဖော်ပြထားရာ၌ ဗိုလ်ချုပ်လက်ရေးမူစစ်မှန်ပါက ဗိုလ်ချုပ်တက်ရောက်ပညာသင် ကြားခဲ့သော
ရန်ကုန်တက္ကသိုလ် တွင် သမိုင်းဝင်အထိမ်းအမှတ်တစ် ခုအနေဖြင့် ထားရှိစေလိုကြောင်း နှင့် မစစ်မှန်ပါကလည်းမူလ ယူ ဆောင်ခဲ့ သည်ရေနံချောင်းအထက (၁) ၌သာပြန်လည်ထားရှိစေ လို ကြောင်းဖော်ပြထားပါသော်လည်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးခင်အောင်မြင့်ကမူ နိုင်ငံတော် အဆင့်ဝင်သမိုင်းပစ္စည်းတစ်ခုဖြစ်
ခန့်ခန့်(ဒဿနိက)
Hotnews Journal

No comments:
Post a Comment