မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
တရုတ်နိုင်ငံသားတစ်ဦးအား သေနတ်(၁)လက်နှင့်ဖမ်းဆီးရမိ
 ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
 30.7.2013
 
 ၂၉-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ၁၀၅ မိုင်နယ်စပ် ကုန်သွယ်ရေးစခန်း၊ ငွေဆင်ဂိတ်လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့
 သွားရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့၊ လောင်ခမ်းရွာနေ 
အိုက်ဟွမ်(၃၃)နှစ် မောင်းနှင် လာသည့် တရုတ်နံပါတ် NA-၆၉၇၈ ပါ 
အနက်ရောင်ဆလွန်းယာဉ်အား မသင်္ကာသဖြင့် သက်သေများ ရှေ့တွင်ရှာဖွေစစ်ဆေးခဲ့သည်။
 ထိုသို့ရှာဖွေစစ်ဆေးရာ ကျည်ဘောက်မပါသည့် အရှည်(၁၃.၅) လက်မခန့်ရှိ 
အနက်ရောင် တရုတ်နိုင်ငံလုပ် JD-၀၀၇၈၅ တံဆိပ်ပါ ကိုယ်ထည်အမှတ် ၂-၁၃၅၂၉၈ ၊ 
ဘောစေ့ဖြင့်ပစ်ရသောသေနတ် ၁ လက်၊ တစ်ဗူးလျှင် ၉၀ တောင့်ပါ 
ရွှေရောင်ကျည်ဆံ(Power loads )တံဆိပ်ပါ ၃ ဗူး၊ ဘောစေ့ ၂၂ လုံးပါ ဘောအိမ် ၁ 
ခု၊ နံပါတ် ၅၃၃၁၀၂၁၉၇၇၀၁၃၀၂၁၃ X ပါ တရုတ်နိုင်ငံသားကဒ်(၁)ခု၊ VIN ၀၀၀၉၂၁၆ 
Engine ၀၆၁၃၄၅၁ ပါ လိုင်စင်ကဒ် ၁ ခု၊ နံပါတ် F ၀၁၀၄၄၅၀၁ စိုင်းအောင်အမည်ပါ 
နိုင်ငံကူးလက်မှတ်အညိုရောင် ၁ ခု၊ ICBC စာတန်းပါ ၆၂၁၂၂၆၂၅၁၁၀၀၀၁၄၆၀၂၃ 
နံပါတ်ပါရှိသော ဘဏ်ကဒ်အပြာရောင် ၁ ခု၊ICBC စာတန်းပါ ၆၂၈၂၈၈၀၀၁၂၉၀၁၀၂၀ 
နံပါတ်ပါရှိသော ဘဏ်ကဒ်အပြာရောင် ၁ ခု၊POLO တံဆိပ်ပါ အညိုရောင်ပိုက်ဆံအိတ် ၁
 လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ဟွမ်အား မူဆယ်မြု့မရဲစခန်း 
(ပ)၁၆၀/၂၀၁၃၊ ရှမ်းလက်နက်ဥပဒေ ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း 
သတင်းရရှိသည်။
 
 Credit to  >> ရဲဇာနည် <<
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment