မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
ဆယ်တန်းစာမေးပွဲ သင်္ချာမေးခွန်းမှားသဖြင့် ပြင်းထန်စွာ သတိပေးထားသည်ဟုဆို
 
 ယုဝေ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၀၇ မိနစ်
 
 လွန်ခဲ့သည့် လေးလကျော်က ဖြေဆိုခဲ့သည့် ဆယ်တန်းစာမေးပွဲတွင် 
ပညာရေးဝန်ကြီးဌာနက ပဲခူးတိုင်း အနောက်ပိုင်းအတွက် ထုတ်သည့် သင်္ချာမေးခွန်း၌ 
ပုစ္ဆာတစ်ခု မပြည့်စုံသဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စွမ်းဆောင်ရည် 
အကဲဖြတ်အဖွဲ့က မေးခွန်းထုတ်သူကို ပြင်းထန်စွာ သတိပေးထားကြောင်း ဇူလိုင်၃၀ 
ရက်တွင် ထုတ်ပြန်သည်။
 
 ငါးမှတ်တန်
 သင်္ချာပုစ္ဆာ မေးခွန်းနံပါတ်၁၂(ခ)သည် ပုစ္ဆာမပြည့်စုံသဖြင့် ယင်းကိစ္စကို 
အဆိုပါအဖွဲ့ထံ ပြည်သူအချို့က တိုင်ကြားကြသဖြင့် ဇူလိုင် ၃၀ရက်တွင် 
နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ယခုလို ဖြေရှင်းလိုက်ခြင်းလည်း ဖြစ်သည်။
 
 ထိုကိစ္စကို “အမှတ်ပေးစည်းမျဉ်း ရေးဆွဲစဉ်ကတည်းက စစ်ဆေးတွေ့ရှိခဲ့ပြီး 
ဖြစ်ပါသည်” ဟုလည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ 
စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။
 
 ယင်းပုစ္ဆာဖြေဆိုသူတိုင်းကို ငါးမှတ်အပြည့် ပေးခဲ့ကြောင်းလည်း ထိုအဖွဲ့က ထုတ်ပြန်ချက်တွင် ထည့်ရေးထားသေးသည်။
 
 ပြည်သူ့ဝန်ဆောင်မှုများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သည် ၀န်ကြီးဌာနများနှင့် 
ပတ်သက်၍ မကျေလည်သည်များကို ပြည်သူများ မေးမြန်းစုံစမ်းနိုင်ရန် 
ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး ယခုကိစ္စကို မကျေလည်သေးပါကလည်း ၎င်းတို့ကို 
ထပ်မံမေးမြန်းရန် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
 
 သို့သော် ယခု 
သင်္ချာမေးခွန်းမှားယွင်းမှုနှင့် ပတ်သက်၍ မည်သည့်ပုဂ်္ဂိုလ်ကို ပြင်းထန်စွာ 
သတိပေးထားခြင်းဖြစ်ပြီး နောင် ထိုအမှားမျိုးကျူးလွန်လျှင် မည်သို့ 
အပြစ်ပေးမည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။
 
 
ပြင်ဦးလွင်မြို့ရှိ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် 
ဦးကြည်သော်က “ဒီလိုမျိုး မေးခွန်းမှားတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ 
တိုင်းနဲ့ပြည်နယ်အလိုက် မေးခွန်းတွေ အများကြီးထုတ်လို့ ဖြစ်တာပါ။ 
အဲဒီလိုမျိုးတွေ မဖြစ်ပေါ်စေဖို့အတွက် တစ်နိုင်ငံလုံးမှာ 
မေးခွန်းတစ်စုံပဲထုတ်ပြီး သေချာ စစ်ဆေးစေချင်ပါတယ်”ဟု သုံးသပ်ပြောကြားသည်။
 
 ထို့ပြင် သင်္ချာမေးခွန်းသည် စာတစ်လုံးမှားသည်နှင့် ကျောင်းသားအတွက် 
အခက်အခဲများ ဖြစ်ပေါ်စေနိုင်ပြီး စိတ်ရှုပ်ထွေးစေကာ 
နောက်ပိုင်းမေးခွန်းများအတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟုလည်း သူက 
ဆက်လက်ပြောကြားသည်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment