Monday, July 29, 2013

မြန်မာနိုင်ငံမှာ ရေဖုံးလွှမ်းခံရနှိုင်မှုအန္တရာယ် ဒေသတွေ တိုးလာနေပါတယ်။

Weather News Update
29th July, 2013


မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေမှာ မိုးရွာသွန်းစေနိုင်တဲ့ဖြစ်စဉ် (Rain Bearing Systems) သုံးမျိုးရှိနေပါတယ်။ (၁) ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံ အားကောင်းနေလို့ မုတ်သုံမိုးတွေ ရနေပါတယ်။ (၂) မုတ်သုံလေဦး ဟာ မြန်မာနိုင်ငံမြောက်ပိုငးကို ဖြတ်သန်းတည်ရှိနေပါတယ်။ (၃) ထိုင်းနိုင်ငံ ဖက်မှ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ မြန်မာနိုင်ငံအရှေ့ပိုင်းကို ၀င်ရောက်ပြီး မိုးပေးနေပါတယ်။

(၂၉-၇-၂၀၁၃)ရက်နေ့ ညပိုင်းအထိ တွေ့ရှိချက်တွေအနေနဲ့ကတော့

(က) ဗီယက်နမ်နိုင်ငံဖက်မှ ရွေ့လျှားလာနေသော လေဖိအားနည်းရပ်ဝန်းကြောင့် (၃၀-၇-၂၀၁၃)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နောက်(၂၄)နာရီအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းကို မိုးရွာစေနိုင်ပါတယ်။ နောက်(၄၈)နာရီ အကြာ မှာတော့ မြန်မာနိုင်ငံအရှေ့မြောက်ပိုငး နဲ့ မြောက်ပိုင်း ဒေသများကို မိုးပေးလိမ့် မယ်လို့ ခန့်မှန်းရပါတယ်။

(ခ) (၂၉-၇-၂၀၁၃)ရက်နေ့တွင် ရွာသွန်းခဲ့သော မိုးရေချိန်ပမာဏများ ကို ကောင်းကင်ဂြိုဟ်တုမှ တိုင်းယူရရှိပုံအရ မိုးမရွာခဲ့သောဒေသမှာ ချင်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း နဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း အနောက်ခြမ်း ဒေသများဖြစ်ကြောင်းတွေ့ရပါတယ်။ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်တို့မှာ မိုးအများဆုံး ရရှိသောဒေသများဖြစ်ကြပါတယ်။

(ဂ) (၂၉-၇-၂၀၁၃)ရက်နေ့ နေ့(၁၂)နာရီခွဲအချိန်အထိ (၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ (၁.၄လက်မ) နှင့်အထက်မိုးရွာသွန်းခဲ့သော ဒေသများမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုငးအနောက်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ကယားပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း)၊ကချင်ပြည်နယ် များဖြစ်ကြောင်း နာဆာဂြိုဟ်တုမှ တာဝေးထောက်လှမ်းမှုအရ တွေ့ရှိခဲ့ရပါ တယ်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံများ ဖက်မှ ရွေ့လျှားလာသော လေဖိအားနည်းရပ်ဝန်းကြောင့် မိုးပိုမိုရရှိနေပါတယ်။
ရခိုင်ပြည်နယ်၊မွန်ပြည်နယ် ကရင်ပြည်နယ် တို့တွင် မိုးရွာသွန်းမှု
ပြင်းထန်နေတာကိုရက်ဆက်တိုက်တွေ့နေခဲ့ရပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ကရင်ပြည်နယ် မွန်ပြည်နယ်၊ဒေသအချို့တွင်
ရေလွှမ်းမိုးမှု ကြုံတွေ့နေခဲ့ရပါတယ်။ သံလွင်မြစ်ရေဟာလည် စိုးရိမ်ရေအမှတ် ကို ကျော်လွန်လာခဲ့ပါတယ်။

(ဃ) (၂၉-၇-၂၀၁၃)ရက်နေ့ နေ့(၁၂)နာရီခွဲအချိန်အထိ နာဆာဂြိုဟ်တုမှာ တာဝေးထောက်လှမ်းမှုအရ ရေဖုံ့းလွှမ်းနှိုင်မှု အလားအလာမြင့်မားနေတဲ့ ဒေသတွေ ပိုများလာတာကိုတွေ့ရပါတယ်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်းတောင်ဖက်ခြမ်း၊ ဧရာဝတိတိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ပဲခူးတိုငးတောင်ပိုင်း၊ ကရင်ပြည် နယ် တောင်ပိုင်း၊ မွန်ပြည်နယ် နဲ့ တနင်္သာရိတိုငးမြောက်ပိုင်း နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့မှာ ရေဖုံးလွှမ်းခံရနှို်င်မှု အလားအလာ အမြင့်မားဆုံး ဖြစ်နေတာ ကိုတွေ့ရပါတယ်။

ဒေါကတာထွန်းလွင်

No comments: