
စာဖတ်သူများ ဖြေးဖြေးလေး ဖတ်စေချင်ပါသည်။ စာက မရှည်ပါ ….ကောက်ကြောင်းကရှည်၏..
လမ်းမှန်ကို ရွေးချယ်ဖို့ရာမှာ ယနေ့ ကျုပ်တို့တိုင်းပြည်မှာ ကြီးကြီးမားမား ဖြစ်နေတဲ့ပြသနာက သီလ ဗျသနလို့ခေါ်တဲ့ Dissolution of probity စောင့်ထိန်းတည့်မတ်ရမယ့် ကိုယ်ကျင့်တရားတွေ ပျက်စီးနေမှုကြောင့် အနာဂတ်မှာ မသေခြာမရေရာတဲ့ ဘ၀မျိုးတွေနဲ့ ဆက်လက်ရှင်သန်ကြသူတွေရှိနေကြရလိ
ပြီးတော့နောက်တခုက Dissolution of noble concepts လို့ခေါ်တဲ့ ဒိဌဗျသန ( အဖြေကတော့ ရှင်းပါတယ်) သူတော်ကောင်းတရားနဲ့ အတွေးခေါ်တွေ ပျက်စီးပြီး သူယုတ်မာတွေရဲ့ အယူဆပိုပိုပြီး လွှမ်းမိုးတွင်ကြယ် ကြီးမားလာပါတယ် ...
..ဖေါ်ကပါ တရားနှစ်ပါး ပျက်သုံဉ်းပါမှ တိုင်းပြည်ပဲဖြစ်ဖြစ် လူမျိုးပဲဖြစ်ဖြစ် ဘာသာပဲဖြစ်ဖြစ် တည်ဆောက်ခြင်း ပြန်လည် တည်ဆောက်ခြင်း (သို့မဟုတ်) ပြုပြင်ပြောင်းလဲရေး လုပ်ခြင်းကို တည့်တည့်မတ်မတ် အနှောက်ယှက်ကင်းရှင်းစွာနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး သေခြာ ခိုင်မာပြီး တဦးချင်း အာမခံခိုင်မာလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်.....
သို့သော် အထက်က ဖေါ်ပြခဲ့တဲ့ တရား(၂)မျိုးဟာ တွင်ကြယ်ကြီးမားနေမယ်ဆိုရင်တော့
ဖေါ်ပြပါကိုးကားချက်သည် အဘိဓမ္မာ တရားစစ်စစ်ဖြစ်ပြီး လူသားထုတရပ်လုံးအတွက် ကြီးမားသော သီလ ကိုယ်ကျင့်တရားတွေဖြစ်ပါတယ်။
ဘယ်လိုဘာသာဝင်မျိုးပဲ ဖြစ်နေပါစေ ဘာသာ အယူဆတွေ မတူပဲဖြစ်နေကြပါစေ မိမိတို့၏ ကိုယ်ကျင့်တရားက မှန်ကန်မှုမရှိပဲ အဂတိတရား(၄)ပါး ကို လိုက်စားနေမယ် သို့မဟုတ် လူ့သားဖြစ်နေပါလျက်နှင့် လူသားတို့၏ ရှိရမည်ဖြစ်သော လူ့တန်ဘိုးနှင့် ကိုက်ညီသည့် စောင့်ထိန်းမှုများ ကျိုးပေါက် ယိုယွင်းနေပါလျင်…..
ဘယ်လို ပါတီ အသင်းဖွဲ့ဝင်များဖြစ်နေစေကာမူ လူသားများအတွက် ထားရှိထားအပ်သော သစ္စာနှင့် ဖြောက်မတ်သော သူတော်ကောင်းတရားတို့အား မျက်ကွယ်ပြုလျက် အမှန်ကို အမှားမြင် အမှားကို အမှန်ထင်ကာ ချီတက်နေသော အသင်းဖွဲ့ ပါတီ အစိုးရ စနစ် တို့သည် လူသားထုအတွက် ကြီးမားစွာ ဘေးဒုက္ခပေးနေသော သူများ စနစ်များ ဖြစ်နေပါကြောင်း……….
ဂိုလ်ရှယ်လေး
ကျေးဇူးတင်ပါသည်
ကြိုက်လျှင် ကြိုက်သလောက် ရှယ်သွားနိုင်ပါသည်။
No comments:
Post a Comment