Tuesday, July 30, 2013

ပုဂံယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားဝန်းကျင်တွင် နိုင်ငံခြားသားများအား ညစာဖြင့် တည်ခင်းဧည့်ခံနေခြင်းကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းမှ ကန့်ကွက်သွားမည်



ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း နိုင်ငံခြားသားများအား ညစာစားပွဲ တည်ခင်းဧည့်ခံနေစဉ်

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားများ ၀န်းကျင်တွင် နိုင်ငံခြားသားများအား TEMPLE DINNER ခေါ် ညစာစားပွဲများဖြင့် တည်ခင်းဧည့်ခံနေခြင်းကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဝင်းချိုက ပြောကြားသည်။

နိုင်ငံခြားသားများအား ညစာဖြင့် တည်ခင်းဧည့်ခံ လိုပါက စည်းကမ်းချက် (၁၄) ချက်နှင့်အညီ ကျွေးမွေးနိုင်ကြောင်း ပုဂံရှေးဟောင်း သုတေသနဌာနမှ ထုတ်ပြန်ထားပြီး ရွှေနန်းယဉ်တော်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် အိုးထိန်းကုန်းဝန်းကျင်တွင် ကျင်းပခွင့် ပြုထား . . . . .

"ဘုရားဝန်းကျင်တွေမှာ ဖြစ်နေတော့ ဘာသာရေးအရ မဆီလျော်ဘူးပေါ့။ နေရာသုံးနေရာ ခွင့်ပြုထားတာ ရှိတယ်။ ဒါကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းကလည်း ကန့်ကွက်ကြောင်း စာပို့ထားပါတယ်။

ဝန်ကြီးဌာနကိုလည်း ဒါကိုတင်ပြထားပါတယ်" ဟု မြန်မာနိုင်ငံ ဧည်လမ်းညွှန်များ အသင်းဥက္ကဌ ဦးဇော်ဝင်းချိုက ပြောကြားခဲ့သည်။

ရှေးဟောင်းဘုရား ပရ၀ဏ် တံတိုင်းအပြင်ဘက်တွင် နိုင်ငံခြားသားများအား ညစာဖြင့် တည်ခင်းဧည့်ခံ လိုပါက စည်းကမ်းချက် (၁၄) ချက်နှင့်အညီ ကျွေးမွေးနိုင်ကြောင်း ပုဂံရှေးဟောင်း သုတေသနဌာနမှ ထုတ်ပြန်ထားပြီး ရွှေနန်းယဉ်တော်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် အိုးထိန်းကုန်းဝန်းကျင်တွင် ကျင်းပခွင့် ပြုထားကြောင်း သိရသည်။

ယင်းသို့ တည်ခင်းဧည့်ခွင့် ပြုထားခြင်းသည် ယဉ်ကျေးမှုနှင့်လည်း ဆီလျော်ခြင်း မရှိ၊ ရေရှည်တွင် မလိုလားအပ်သည်များ ဖြစ်လာနိုင်ကြောင်း၊ အသင်းအနေဖြင့် မကျင်းပစေလိုကြောင်း ဇူလိုင် ၂၉ ရက်တွင်

ညောင်ဦးမြို့နယ်၊ အနော်ရထာခန်းမ၌ ပြုလုပ်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရပ်ဘက် အဖွဲ့အစည်း များ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက တရားဝင် တင်ပြခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

No comments: