Tuesday, July 30, 2013

မြန်မာ နိုင်ငံချမ်းသာလာမည့်အချိန်တွင် လူအများစု အသက်ကြီးကုန်မည်



အိမ်နီးနားချင်းနိုင်ငံများထက်နှိုင်းယှဉ်လျှင်
မြန်မာနိုင်ငံသည် မကြာခင်မှာ အသက်ကြီးသူများ များပြားလာပြီး အလုပ်လုပ်နိုင်သော လူငယ်အရွယ် နည်းပါးလာမည်ဖြစ်သည့်အတွက် မြန်မာခေါင်းဆောင်များအတွက် စီးပွားရေးတိုးတက်လာမည့် စီမံကိန်းများကို အလျှင်အမြန်အကောင်အထည်ဖော်ရန် လိုအပ်လာနေပြီဖြစ်ကြောင်း OECD ခေါ် စီးပွားရေးနှင့်ဖွံဖြိုးတိုးတက်ရေးအဖွဲ့ က ပြောကြားလိုက်သည်

လာမည့်အနှစ်နှစ်ဆယ်အတွင်း သန်း၆၀ နီးပါးရှိ မြန်မာသည် လူဦးရေ ပုံစံသည် လွန်ခဲ့ သည့် ၂၀၀၀ခုနှစ်က တရုတ်နိုင်ငံဖြစ်ခဲ့သလို အလုပ်လုပ်နိုင်သည့် အသက်အရွယ်လူဦးရေ ကျဆင်းလာမည်ဟု OED အစီရင်ခံစာကဆိုသည်။သို့ သော်လည်းအိမ်နီးနားချင်းနိုင်ငံများဖြစ်သည့်  ကမ္ဘောဒီးယားနှင့်လာအိုတွင် အလုပ်သမားလူဦးရေ ဆက်လက်မြင့်တက်လာမည်ဟုဆိုသည်။

‘အခုမြန်မာက ငယ်ရွယ်သေးတဲ့ လူတွေဟာ နောက်အနှစ်နှစ်ဆယ်ဆိုရင်အသက်ကြီးလာတော့မှာ တိုင်းပြည်ပွင့်လင်းလာမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့  နိုင်ငံတိုးတက်နိုင်အောင် ဖန်တီးမယ့် အရှိန်ကို အခုနေမှာ မယူနိုင်ဘူးဆိုရင် တိုင်းပြည်ချမ်းသာလာမယ့် အချိန်မှာ လူတွေက အိုနေပြီ”

စစ်အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးယခုအချိန်မှာ စီးပွားရေးနှင့်နိုင်ငံရေးလွတ်လပ်ခွင့်များပေးခြင်းဖြင့်မြန်မာနိုင်ငံမှာ အလုပ်အကိုင်ပေါများလာအောင်သမ္မတဦးသိန်းစိန်က ကြိုးပမ်းနေပါသည်။
မဖွံဖြိုးသေးသည့်ဈေးကွက်နှင့်အလုပ်သမားဈေးချိုမှုကြောင့် ကိုကာကိုလာ ကုမ္ပဏီ ၊ဗီဇာကုမ္ပဏီများကဲ သို့  ကုမ္ပဏီများကို မြန်မာမှာလုပ်ငန်းလုပ်ကိုင်ရန် စွဲဆောင်ထားနိုင်သည်ဟုဂျပန် ပြည်ပကုန်သွယ်ရေး အဖွဲ့ က ပြောကြားသည်။

သို့ သော်လည်းလက်ရှိပုံစံကို မပြောင်းလဲပါက မြန်မာ၏ စီးပွားရေးသည် ၂၀၁၅ ခုနစ်တွင် အစိုးရမျှော်မှန်းထားသော၇.၇ ရာခိုင်နှုန်းထက်အောက်လျှော့နည်းကာ ၂၀၁၃ မှ ၂၀၁၇ခုနှစ်ထိ ပျဉ်းမျှ၆.ရ ရာခိုင်နှုန်းသာ တိုးတက်နိုင်သည်ဟု OECDက ခန့်မှန်းထားပါသည်။

နိုင်ငံခြားရင်းနှီးမြုပ်မှုများကို ပိုရအောင်ကြိုးပမ်းခြင်း၊ အထူးစီးပွားရေးဇုန်များတိုးချဲ့ခြင်း၊ အများပိုင်စီးပွားရေးလုပ်ငန်းများဖြစ်လာအောင်ပံပိုးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများကို ကူညီခြင်းစသည်များကို မြန်မာနိုင်ငံအနေဖြင့် အလေးထားလုပ်ဆောင်ရမည်ဟု OED ကအကြံပြုထားပါသည်။ မြန်မာ၏ တဦးချင်းဝင်ငွေမှာ ကမ္ဘောဒီးယားနိုင်ငံထက် ၁၃ရာခိုင်နှုန်း လာအိုထက် ၂၄ရာခိုင်နှူန်း နိမ့်ကျနေသည်ဟု သိရပါသည်

ထားထားမြင့်

No comments: